“ ပဥၥမအၾကိမ္ေျမာက္ PropertyGuru ျမန္မာ့အိမ္ျခံေျမဆုေပးပြဲ ၂၀၁၉” အတြက္ ဇကာတင္စာရင္း ထုတ္ျပန္ေၾကညာ

“ ပဥၥမအၾကိမ္ေျမာက္ PropertyGuru ျမန္မာ့အိမ္ျခံေျမဆုေပးပြဲ ၂၀၁၉” အတြက္ ဇကာတင္စာရင္း ထုတ္ျပန္ေၾကညာ - Property News in Myanmar from iMyanmarHouse.com
18 Oct 2019 5:06 pm တွင် တင်ခဲ့သည်
1530 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေရွ႕ေတာင္အာရွ၏ အႀကီးမားဆံုးေသာ အြန္လိုင္း အိမ္ျခံေျမလုပ္ငန္းစုျဖစ္သည့္ PropertyGuru က ကမကထျပဳကာ က်င္းပမည္ျဖစ္ေသာ “ပဥၥမအၾကိမ္ေျမာက္ PropertyGuru ျမန္မာ့အိမ္ျခံေျမဆုေပးပြဲ ၂၀၁၉”အတြက္ ဇကာတင္စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ျပီ ျဖစ္သည္။

အဆိုပါ ဇကာတင္စာရင္းမွ အျပီးသတ္ေရြးခ်ယ္ခံရမည့္ ကုမၸဏီ ၁၇ ခုကို ေအာက္တိုဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႕တြင္ ရန္ကုန္ျမိဳ႕၊ ဆူးေလ ရွန္ဂရီလာဟိုတယ္၌ က်င္းပမည့္ black-tie gala dinner ဟု ေခၚဆိုအပ္ေသာ formal ညစာစားပြဲၾကီးတြင္ ေပးအပ္သြားရန္ စီစဥ္ထားသည္။

ယခုႏွစ္ ျမန္မာ့အိမ္ျခံေျမဆုေပးပြဲၾကီးတြင္ ျမန္မာႏိုင္ငံအတြင္းရွိ အေကာင္းဆံုးေသာ ကုမၸဏီမ်ား၊ ေဆာက္လုပ္ေရးစီမံကိန္းမ်ားႏွင့္ developer မ်ားကို ကၽြမ္းက်င္ပညာရွင္ ဒိုင္လူၾကီးမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ လြတ္လပ္ေသာ ဒိုင္အဖြဲ႔က ေရြးခ်ယ္ေပးျခင္းလည္း ျဖစ္သည္။

ယခုႏွစ္အတြက္ ေရွ႕ဆံုးမွ နာမည္ေက်ာ္ေနသည္မွာ Living Square ျဖစ္ျပီး အေကာင္းဆံုး Boutique Developer ၊ အေကာင္းဆံုး ကြန္ဒို စီမံကိန္း၊ အေကာင္းဆံုးဘက္စံုသံုးစီမံကိန္းႏွင့္ အေကာင္းဆံုး Wellness Development ဆုမ်ားျဖင့္ ဇကာတင္ စာရင္းဝင္ေနသည္။

New Starlight ေဆာက္လုပ္ေရးကုမၸဏီ လိမိတက္သည္လည္း တာဝန္ယူမႈ ၊ တာဝန္ခံမႈဆိုင္ရာ Corporate Social Responsibility (CSR) ႏွင့္ စပ္လ်ဥ္းျပီး အထူးအသိအမွတ္ျပဳျခင္း အပါအဝင္ အျခားဆုမ်ား စာရင္းခ်ိတ္ေနသည္။

ထို႔အျပင္ အဆိုပါဆုေပးပြဲတြင္ သီလဝါအထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီ၏ ဥကၠဌျဖစ္ေသာ ဦးဝင္းေအာင္အား ဂုဏ္ျပဳသည့္ အစီအစဥ္လည္းပါဝင္မည္ ျဖစ္သည္။

ဦးဝင္းေအာင္သည္ အမ်ားစု လိုခ်င္ၾကသည့္ ဆုတစ္ခုျဖစ္ေသာ “၂၀၁၉ ခုႏွစ္၊ တစ္ႏွစ္တာ ျမန္မာ့အိမ္ျခံေျမေလာက အေက်ာ္အေမာ္ပုဂၢိဳလ္”အျဖစ္ ယခုဆုမ်ားကို ေပးအပ္ခ်ီးျမွင့္သည့္ PropertyGuru Property Report မဂၢဇင္း အယ္ဒီတာမ်ားက ေရြးခ်ယ္ျခင္းခံရသည္။

ျမန္မာႏိုင္ငံကို စက္မႈက႑ေျပာင္းလဲေရး ကမကထျပဳ ၾကိဳးပမ္းျခင္း၊ စီးပြားေရးက႑ တီထြင္ဆန္းသစ္မႈမ်ားအတြက္ စြမ္းစြမ္းတမံၾကိဳးပမ္းခဲ့ျခင္းတို႔ေၾကာင့္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

သက္ဆိုင္ရာဆုမ်ားတြင္ ေရြးခ်ယ္ခံရသူမ်ားသည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕တြင္ က်င္းပမည့္ PropertyGuru ၏ အာရွအိမ္ျခံေျမ ဆုေပးပြဲ Grand Final ၾကီးသို႔ ဖိတ္ၾကားျခင္းခံရမည္ျဖစ္ျပီး အာရွ-ပစိဖိတ္ေဒသမွ ထိပ္တန္း အိမ္ျခံေျမေလာကဦးေဆာင္သူ ကုမၸဏီမ်ားႏွင့္ ဆက္လက္ယွဥ္ျပိဳင္ရမည္ ျဖစ္သည္။

PropertyGuru ျမန္မာ့အိမ္ျခံေျမဆုမ်ားကို ေရြးခ်ယ္ရာတြင္ ကြင္းဆင္းစစ္ေဆးၾကည့္ရႈျခင္းႏွင့္ ဇကာတင္စာရင္းေရြးခ်ယ္ျခင္းတို႔ကို ျမန္မာပလာဇာအေျခစိုက္အတိုင္ပင္ခံအဖြဲ႔အစည္းတစ္ခုျဖစ္ေသာ BDO ကုမၸဏီက ကြပ္ကဲခဲ့ျခင္း ျဖစ္သည္။

“ ျမန္မာႏိုင္ငံရဲ႕ ေရရွည္ ဖြံ႔ျဖိဳးတိုးတက္ဖို႔ အလားအလာေကာင္းေတြေၾကာင့္ တခ်ဳိ႕ assets ေတြဟာ ျမန္မာေစ်းကြက္ထဲကို ဝင္လာဖို႔ အလားအလာေကာင္းေတြ ေပးေနပါတယ္။ မၾကာမီက်င္းပေတာ့မယ့္ ၂၀၂၀ ေရြးေကာက္ပြဲေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူအခ်ဳိ႕ဟာ ေစာင့္ဆိုင္းေနတဲ့ အေနအထားမ်ဳိးရွိပါတယ္။ ”ဟု ဆုေရြးခ်ယ္ေရးဆိုင္ရာ ဥကၠဌ တိုနီ ပီကြန္က ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းစုဖြစ်သည့် PropertyGuru က ကမကထပြုကာ ကျင်းပမည်ဖြစ်သော “ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ၂၀၁၉”အတွက် ဇကာတင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဇကာတင်စာရင်းမှ အပြီးသတ်ရွေးချယ်ခံရမည့် ကုမ္ပဏီ ၁၇ ခုကို အောက်တိုဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပမည့် black-tie gala dinner ဟု ခေါ်ဆိုအပ်သော formal ညစာစားပွဲကြီးတွင် ပေးအပ်သွားရန် စီစဉ်ထားသည်။

ယခုနှစ် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကြီးတွင် မြန်မာနိုင်ငံအတွင်းရှိ အကောင်းဆုံးသော ကုမ္ပဏီများ၊ ဆောက်လုပ်ရေးစီမံကိန်းများနှင့် developer များကို ကျွမ်းကျင်ပညာရှင် ဒိုင်လူကြီးများဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော ဒိုင်အဖွဲ့က ရွေးချယ်ပေးခြင်းလည်း ဖြစ်သည်။

ယခုနှစ်အတွက် ရှေ့ဆုံးမှ နာမည်ကျော်နေသည်မှာ Living Square ဖြစ်ပြီး အကောင်းဆုံး Boutique Developer ၊ အကောင်းဆုံး ကွန်ဒို စီမံကိန်း၊ အကောင်းဆုံးဘက်စုံသုံးစီမံကိန်းနှင့် အကောင်းဆုံး Wellness Development ဆုများဖြင့် ဇကာတင် စာရင်းဝင်နေသည်။

New Starlight ဆောက်လုပ်ရေးကုမ္ပဏီ လိမိတက်သည်လည်း တာဝန်ယူမှု ၊ တာဝန်ခံမှုဆိုင်ရာ Corporate Social Responsibility (CSR) နှင့် စပ်လျဉ်းပြီး အထူးအသိအမှတ်ပြုခြင်း အပါအဝင် အခြားဆုများ စာရင်းချိတ်နေသည်။

ထို့အပြင် အဆိုပါဆုပေးပွဲတွင် သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ၏ ဥက္ကဌဖြစ်သော ဦးဝင်းအောင်အား ဂုဏ်ပြုသည့် အစီအစဉ်လည်းပါဝင်မည် ဖြစ်သည်။

ဦးဝင်းအောင်သည် အများစု လိုချင်ကြသည့် ဆုတစ်ခုဖြစ်သော “၂၀၁၉ ခုနှစ်၊ တစ်နှစ်တာ မြန်မာ့အိမ်ခြံမြေလောက အကျော်အမော်ပုဂ္ဂိုလ်”အဖြစ် ယခုဆုများကို ပေးအပ်ချီးမြှင့်သည့် PropertyGuru Property Report မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်ခြင်းခံရသည်။

မြန်မာနိုင်ငံကို စက်မှုကဏ္ဍပြောင်းလဲရေး ကမကထပြု ကြိုးပမ်းခြင်း၊ စီးပွားရေးကဏ္ဍ တီထွင်ဆန်းသစ်မှုများအတွက် စွမ်းစွမ်းတမံကြိုးပမ်းခဲ့ခြင်းတို့ကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သက်ဆိုင်ရာဆုများတွင် ရွေးချယ်ခံရသူများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် PropertyGuru ၏ အာရှအိမ်ခြံမြေ ဆုပေးပွဲ Grand Final ကြီးသို့ ဖိတ်ကြားခြင်းခံရမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသမှ ထိပ်တန်း အိမ်ခြံမြေလောကဦးဆောင်သူ ကုမ္ပဏီများနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

PropertyGuru မြန်မာ့အိမ်ခြံမြေဆုများကို ရွေးချယ်ရာတွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းနှင့် ဇကာတင်စာရင်းရွေးချယ်ခြင်းတို့ကို မြန်မာပလာဇာအခြေစိုက်အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော BDO ကုမ္ပဏီက ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေကြောင့် တချို့ assets တွေဟာ မြန်မာဈေးကွက်ထဲကို ဝင်လာဖို့ အလားအလာကောင်းတွေ ပေးနေပါတယ်။ မကြာမီကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအချို့ဟာ စောင့်ဆိုင်းနေတဲ့ အနေအထားမျိုးရှိပါတယ်။ ”ဟု ဆုရွေးချယ်ရေးဆိုင်ရာ ဥက္ကဌ တိုနီ ပီကွန်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service