ဗီယက္နမ္ရွိ တန္ဖိုးနည္းအိမ္ၿခံေျမမ်ားက ေဟာင္ေကာင္ႏွင့္တ႐ုတ္တို႔၏ အာ႐ံုကိုဖမ္းစားလာ

ဗီယက္နမ္ရွိ တန္ဖိုးနည္းအိမ္ၿခံေျမမ်ားက ေဟာင္ေကာင္ႏွင့္တ႐ုတ္တို႔၏ အာ႐ံုကိုဖမ္းစားလာ - Property News in Myanmar from iMyanmarHouse.com
18 Oct 2019 10:38 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တ႐ုတ္ျပည္မႀကီးႏွင့္ေဟာင္ေကာင္တို႔တြင္ အိမ္ေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းက ၎ေဒသတို႔ရွိရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား အျခားေနရာမ်ားကို ရွာေဖြလာေစရန္ အားေပးအားေျမႇာက္ျပဳရာေရာက္လာေၾကာင္း၊ ဗီယက္နမ္တြင္ အိမ္ေဈးႏႈန္းအေတာ္ေလးနည္းပါးျခင္းက ယင္းႏိုင္ငံအား အာရွတြင္ ေနာက္ဆံုးေပၚရင္းႏွီးျမႇဳပ္ႏွံမႈအိမ္ေနရာျဖစ္လာေစေၾကာင္း South China Morning Post သတင္းစာက အစီရင္ခံခဲ့သည္။

CBRE Vietnam က ထုတ္ျပန္သည့္ အခ်က္အလက္တစ္ရပ္က အေရွ႕ေတာင္အာရွတြင္ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားမွ ျပဳလုပ္ခဲ့ေသာ စုစုေပါင္းအေရာင္းအဝယ္မ်ား၏ ၂၅ ရာခိုင္ႏႈန္းကို တ႐ုတ္ျပည္မႀကီး၊ ေဟာင္ေကာင္ႏွင့္ ထိုင္ဝမ္တို႔မွ ဝယ္လက္မ်ားက ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ညႊန္ျပခဲ့သည္။

ျပည္ပကန္႔သတ္အိမ္ၿခံေျမမ်ားျဖင့္ ဝယ္လက္မ်ားသည္ လ်င္ျမန္စြာဖြံ႕ၿဖိဳးေနေသာေဈးကြက္တစ္ခုရွိ အိမ္ၿခံေျမမ်ားကို ဝယ္ယူႏိုင္ၿပီး ၎တို႔၏ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို တစ္ခုတည္းမကေအာင္ ျပဳလုပ္ႏုိင္ၾကသည္ဟု Juwai.com ၏ အမႈေဆာင္အရာရွိခ်ဳပ္ ကယ္ရီေလာက ေျပာၾကားခဲ့သည္။

ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ၾသစေၾတးလ် သို႔မဟုတ္ တ႐ုတ္တြင္ ပံုမွန္အားျဖင့္ တ႐ုတ္ယြမ္ ၅ သန္း (အေမရိကန္ေဒၚလာ ၇၀၃,၆၅၀) သံုးမွသာ အိမ္တစ္အိမ္ရႏုိင္စဥ္ ဗီယက္နမ္တြင္ တ႐ုတ္ယြမ္ ၇၀၀,၀၀၀ (အေမရိကန္ေဒၚလာ ၁၀၉,၇၈၁) သံုး႐ံုျဖင့္ အိမ္တစ္အိမ္ဝယ္ယူႏုိင္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ပထမသံုးလပတ္အတြင္း တ႐ုတ္ဝယ္လက္မ်ား၏ ဗီယက္နမ္အိမ္ဝယ္လိုအားသည္ ၂၀၁၇ ခုႏွစ္ ပထမသံုးလပတ္တုန္းကထက္ရာခိုင္ႏႈန္း ၃၀၀ ေက်ာ္ ပိုမိုမ်ားျပားခဲ့ေၾကာင္းလည္း ေလာက ရွင္းလင္းေျပာၾကားခဲ့သည္။

CapitaLand Vietnam အိမ္ၿခံေျမကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ ခ်န္လ်န္ပန္က ေဟာင္ေကာင္သည္ သူတို႔ကုမၸဏီလုပ္ငန္းစတင္ခဲ့စဥ္ ၂၀၁၆ ခုႏွစ္ကတည္းက ကုမၸဏီ၏ အႀကီးဆံုးႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူရင္းျမစ္ ျဖစ္ေနဆဲျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အိမ္ခန္း ၃၀၀ ထက္မနည္း ေရာင္းခ်ခဲ့ရေၾကာင္း ေျပာျပခဲ့သည္။

“ကၽြန္ေတာ္တို႔က ရင္းႏွီးျမႇဳပ္ႏွံတဲ့အေနနဲ႔ ဝယ္ယူခဲ့တာပါ။ ဆိုရွယ္လစ္အစိုးရရဲ႕ ႏုိင္ငံေရးတည္ၿငိမ္မႈကို ၾကည့္ၿပီးေျပာရရင္ေတာ့ ဗီယက္နမ္ဟာ တ႐ုတ္လိုပဲ ဖြံ႕ၿဖိဳးႏုိင္ေျခရွိေနတယ္လုိ႔ ကၽြန္ေတာ္တို႔ျမင္ပါတယ္” ဟု ဗီယက္နမ္တါင္ ၈၇ စတုရန္းမီတာအက်ယ္ရွိ တိုက္ခန္းတစ္ခန္းကို ဝယ္ယူခဲ့သည့္ ေဟာင္ေကာင္မွ ဘ႑ာေရးဝန္ထမ္းတစ္ဦးျဖစ္သူ အက္ဘ္ဟီနဗ္မဟီရွဝါရီက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်ပြည်မကြီးနှင့်ဟောင်ကောင်တို့တွင် အိမ်ဈေးနှုန်းများ မြင့်တက်လာခြင်းက ၎င်းဒေသတို့ရှိရင်းနှီးမြှုပ်နှံသူများအား အခြားနေရာများကို ရှာဖွေလာစေရန် အားပေးအားမြှောက်ပြုရာရောက်လာကြောင်း၊ ဗီယက်နမ်တွင် အိမ်ဈေးနှုန်းအတော်လေးနည်းပါးခြင်းက ယင်းနိုင်ငံအား အာရှတွင် နောက်ဆုံးပေါ်ရင်းနှီးမြှုပ်နှံမှုအိမ်နေရာဖြစ်လာစေကြောင်း South China Morning Post သတင်းစာက အစီရင်ခံခဲ့သည်။

CBRE Vietnam က ထုတ်ပြန်သည့် အချက်အလက်တစ်ရပ်က အရှေ့တောင်အာရှတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ ပြုလုပ်ခဲ့သော စုစုပေါင်းအရောင်းအဝယ်များ၏ ၂၅ ရာခိုင်နှုန်းကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ ဝယ်လက်များက ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ညွှန်ပြခဲ့သည်။

ပြည်ပကန့်သတ်အိမ်ခြံမြေများဖြင့် ဝယ်လက်များသည် လျင်မြန်စွာဖွံ့ဖြိုးနေသောဈေးကွက်တစ်ခုရှိ အိမ်ခြံမြေများကို ဝယ်ယူနိုင်ပြီး ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို တစ်ခုတည်းမကအောင် ပြုလုပ်နိုင်ကြသည်ဟု Juwai.com ၏ အမှုဆောင်အရာရှိချုပ် ကယ်ရီလောက ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် သြစတြေးလျ သို့မဟုတ် တရုတ်တွင် ပုံမှန်အားဖြင့် တရုတ်ယွမ် ၅ သန်း (အမေရိကန်ဒေါ်လာ ၇၀၃,၆၅၀) သုံးမှသာ အိမ်တစ်အိမ်ရနိုင်စဉ် ဗီယက်နမ်တွင် တရုတ်ယွမ် ၇၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၉,၇၈၁) သုံးရုံဖြင့် အိမ်တစ်အိမ်ဝယ်ယူနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်ဝယ်လက်များ၏ ဗီယက်နမ်အိမ်ဝယ်လိုအားသည် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်တုန်းကထက် ရာခိုင်နှုန်း ၃၀၀ ကျော် ပိုမိုများပြားခဲ့ကြောင်းလည်း လောက ရှင်းလင်းပြောကြားခဲ့သည်။

CapitaLand Vietnam အိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ချန်လျန်ပန်က ဟောင်ကောင်သည် သူတို့ကုမ္ပဏီလုပ်ငန်းစတင်ခဲ့စဉ် ၂၀၁၆ ခုနှစ်ကတည်းက ကုမ္ပဏီ၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူရင်းမြစ် ဖြစ်နေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခန်း ၃၀၀ ထက်မနည်း ရောင်းချခဲ့ရကြောင်း ပြောပြခဲ့သည်။

“ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဝယ်ယူခဲ့တာပါ။ ဆိုရှယ်လစ်အစိုးရရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ကြည့်ပြီးပြောရရင်တော့ ဗီယက်နမ်ဟာ တရုတ်လိုပဲ ဖွံ့ဖြိုးနိုင်ခြေရှိနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု ဗီယက်နမ်တါင် ၈၇ စတုရန်းမီတာအကျယ်ရှိ တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့သည့် ဟောင်ကောင်မှ ဘဏ္ဍာရေးဝန်ထမ်းတစ်ဦးဖြစ်သူ အက်ဘ်ဟီနဗ်မဟီရှဝါရီက ပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service