မာ့ခ် ဇပ်ကာဘာ့ဂ်ျ၏ Facebook သည် နယူးယောက်မြို့တွင် ရုံးခန်းဖွင့်ရန် နေရာတစ်ခုအတွက် Apple နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရလျက်ရှိ
မာ့ခ် ဇပ်ကာဘာ့ဂ်ျ၏ Facebook သည် နယူးယောက်မြို့တွင် ရုံးခန်းဖွင့်ရန် နေရာတစ်ခုအတွက် Apple နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Oct 2019 12:50 pm တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
မာ့ခ် ဇပ်ကာဘာ့ဂ်ျ၏ ဖေ့စ်ဘုတ် (Facebook )သည် နယူးယောက်မြို့တွင် ရုံးခန်းဖွင့်ရန် နေရာတစ်ခုအတွက် တင်မ်ကွတ်ခ်၏ Apple နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရလျက်ရှိသည်။
ဇပ်ကာဘာ့ဂ်ျ၏ ဖေ့စ်ဘုတ် (Facebook ) ကုမ္ပဏီသည် ဂျိမ်းစ်-အေ -ဖာလီ အမည်ရှိ စာတိုက်ဟောင်း အဆောက်အအုံအတွင်း ဖွဲ့စည်းထားသော စတုရန်းပေ ၇၄၀,၀၀၀ ရှိ ရုံးခန်းနေရာ အားလုံးကို လွှဲပြောင်းရယူရန် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
မာ့ခ် ဇပ်ကာဘာ့ဂ်ျ၏ Facebook အပြင် ယခုနှစ်အစောပိုင်းအတွင်း Apple ကလည်း စာတိုက်ဟောင်းကြီး ပြန်လည်ပြုပြင် မွမ်းမံနေပုံများကို ကြည့်ရှုခဲ့ပြီးနောက် Vornado Realty Trust က မွမ်းမံတည်ဆောက်နေသော ရုံးခန်းနေရာ အထပ် ၄ ထပ်လုံးကို ရယူရန် ဆုံးဖြတ်လိုက်ပြန်သည်။
### Unicode Version ###
မာ့ခ် ဇပ်ကာဘာ့ဂျ်၏ ဖေ့စ်ဘုတ် (Facebook )သည် နယူးယောက်မြို့တွင် ရုံးခန်းဖွင့်ရန် နေရာတစ်ခုအတွက် တင်မ်ကွတ်ခ်၏ Apple နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရလျက်ရှိသည်။
နယူးယောက်မြို့လယ်၊ မန်ဟက်တန်ရပ်ရှိ ယခင်က စာပို့တိုက် အဆောက်အအုံဟောင်းကြီးတစ်ခုတွင် လာမည့်နှစ်အတွင်း ရုံးခန်းဖွင့်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။
ဇပ်ကာဘာ့ဂျ်၏ ဖေ့စ်ဘုတ် (Facebook ) ကုမ္ပဏီသည် ဂျိမ်းစ်-အေ -ဖာလီ အမည်ရှိ စာတိုက်ဟောင်း အဆောက်အအုံအတွင်း ဖွဲ့စည်းထားသော စတုရန်းပေ ၇၄၀,၀၀၀ ရှိ ရုံးခန်းနေရာ အားလုံးကို လွှဲပြောင်းရယူရန် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ဂျိမ်းစ်-အေ -ဖာလီ စာတိုက်ဟောင်းသည် Madison Square ပန်းခြံနှင့် နီးကပ်စွာတည်ရှိသော အဖြူရောင် အဆောက်အအုံဖြစ်သည်။
မာ့ခ် ဇပ်ကာဘာ့ဂျ်၏ Facebook အပြင် ယခုနှစ်အစောပိုင်းအတွင်း Apple ကလည်း စာတိုက်ဟောင်းကြီး ပြန်လည်ပြုပြင် မွမ်းမံနေပုံများကို ကြည့်ရှုခဲ့ပြီးနောက် Vornado Realty Trust က မွမ်းမံတည်ဆောက်နေသော ရုံးခန်းနေရာ အထပ် ၄ ထပ်လုံးကို ရယူရန် ဆုံးဖြတ်လိုက်ပြန်သည်။
Apple က ရယူရန် စီစဉ်ထားသော နေရာများတွင် အမိုးပေါ်ရှိ အထပ်သစ်တစ်ခုလည်း ပါဝင်ပြီး အဆိုပါအထပ်တွင် ပန်းဥယျာဉ်များ ဝန်းပတ်ဆောက်လုပ်ထားသည်ဟု ဆိုသည်။
နည်းပညာကုမ္ပဏီကြီး ၂ ခု၏ တပြိုင်တည်းထပ်တူကျနေသော ကမ်းလှမ်းမှုများကြောင့် Vornado Realty Trust ၏ ဥက္ကဌ Steve Roth အကျပ်ဆိုက်လျက်ရှိနေသည်။
Steve Roth သည် နယူးယောက်မြို့၊ ဘရော့ဒ်ဝေးလမ်း၊ အမှတ် ၇၇၀ ရှိ စတုရန်းပေ ၇၅၈၀၀၀ ကျယ်ဝန်းသော နေရာကိုလည်း Facebook သို့ အငှားချထားပေးသည့် ပိုင်ရှင်လည်း ဖြစ်နေသည်။
Apple သည် ကန်ဒေါ်လာ ၁ ဒသမ ၀၆၉ ထရီလီယံ ဈေးကွက်အရင်းအနှီးကို ရရှိထားရာ Facebook ထက် ၂ ဆကျော် များပြားသည့် ပမာဏလည်း ဖြစ်သည်။
သတင်းရင်းမြစ်အချို့က ပြောကြားရာတွင် Apple ကုမ္ပဏီသည် ဈေးကွက်အရင်းအနှီး ကြီးမားသော်လည်း Steve Roth က Facebook ဖက်သို့ တိမ်းညွှတ်မှုရှိကြောင်း၊ ဘရော့ဒ်ဝေးလမ်း၊ အမှတ် ၇၇၀ တွင် Facebook က ရုံးခန်းဖွင့်လှစ်ခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ကြောင်း ပြောကြားသည်။
Apple က ဂျိမ်းစ်-အေ -ဖာလီ စာတိုက်နေရာတွင် ရုံးဖွင့်ရန် မအောင်မြင်ပါက မန်ဟက်တန်တွင် အခြားသော စာတိုက်ဟောင်း ပြန်လည်မွမ်းမံနေသည့် နေရာဖြစ်သော Morgan North ကိုလည်း ရည်မှန်းထားကြောင်း သတင်းရင်းမြစ်အချို့က ပြောကြားသည်။
ဂျိမ်းစ်-အေ -ဖာလီ စာတိုက်နေရာတွင် ရုံးဖွင့်ရန် ဂျပန်ကြော်ငြာကုမ္ပဏီ Dentsu က ရည်ရွယ်ခဲ့သော်လည်း Facebook က ပစ်မှတ်ထားလာပြီးနောက်ပိုင်း Dentsu ၏ ရည်မှန်းချက် ပျက်သွားခဲ့သည်။
Dentsu က ဂျိမ်းစ်-အေ -ဖာလီ စာတိုက်ဟောင်း၏ ၄ လွှာတွင် ရုံးခန်းဖွင့်ရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service