ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး Guns N' Roses မွ လိဒ္ဂစ္တာသမား Richard Fortus ၏ နယူးေယာက္ လူေနခန္း ကန္ေဒၚလာ တစ္သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး Guns N' Roses မွ လိဒ္ဂစ္တာသမား Richard Fortus ၏ နယူးေယာက္ လူေနခန္း ကန္ေဒၚလာ တစ္သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
16 Oct 2019 11:43 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Guns N' Roses သည္ အေမရိကန္ hard rock ေတးဂီတအဖြဲ႔ၾကီးျဖစ္ျပီး ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိတြင္ ၁၉၈၅ ခုႏွစ္၌ ဖြဲ႔စည္းခဲ့သည္။

စတင္ဖြဲ႔စည္းခ်ိန္က ပါဝင္ခဲ့သူမ်ားမွာ အဆိုေတာ္- Axl Rose ၊ လိဒ္ဂစ္တာ- Slash ၊ ရစ္သမ္ဂစ္တာ- Izzy Stradlin ၊ ေဘ့စ္ဂစ္တာ- Duff McKagan ႏွင့္ ဒရမ္- Steven Adler တို႔ ပါဝင္ခဲ့သည္။

လက္ရွိအားျဖင့္ ပါဝင္ဖြဲ႔စည္းထားသည္မွာ Axl Rose၊ Slash ၊ McKagan အစရွိသည့္ လူေဟာင္းမ်ားအျပင္ ကီးဘုတ္- Dizzy Reed ၊ လိဒ္ဂစ္တာ- Richard Fortus၊ ဒရမ္- Frank Ferrer ႏွင့္ ကီးဘုတ္- Melissa Reese တို႔ ပါဝင္လာသည္။ Richard Fortus သည္ အေမရိကန္ ဂစ္တာသမားျဖစ္ျပီး ၁၉၆၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၇ ရက္တြင္ ေမြးဖြားကာ Guns N' Roses အဖြ႔ဲၾကီးတြင္ ၂၀၀၂ ခုႏွစ္၌ စတင္ပါဝင္တီးခတ္ခဲ့ကာ ေတးအယ္လ္ဘမ္တစ္ခု လက္တြဲတီးခတ္ထားသည္။

Richard Fortus သည္ Guns N' Roses အျပင္ The Psychedelic Furs အဖြဲ႔တြင္လည္း ပါဝင္တီးခတ္လ်က္ရွိသည္။Guns N' Roses သည္ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီး ယင္းအနက္ ၄၅ သန္းမွာ အေမရိကန္ျပည္ေထာင္စုတြင္ ေရာင္းခ်ခဲ့ရျခင္း ျဖစ္သည္။

ယခုအခါ Guns N' Roses မွ ဂစ္တာသမား Richard Fortus ၏ နယူးေယာက္ျမိဳ႕ လူေနခန္း ေစ်းႏႈန္းသက္သာစြာျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

နယူးေယာက္ျမိဳ႕၊ ဂရင္းလမ္း၊ အမွတ္ ၄၁၇ အေဆာက္အအံုတြင္ တည္ရွိျပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းပါဝင္ကာ ကန္ေဒၚလာ ၁ ဒသမ ၁၉ သန္း ေစ်းေခၚထားသည္။

Richard Fortus က ၂၀၀၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃၅၀၀၀၀ ျဖင့္ ဝယ္ယူထားခဲ့ျခင္းျဖစ္ျပီး ၎ဘဝတြင္ ပထမဆံုး ဝယ္ယူပိုင္ဆိုင္ခဲ့ေသာ ေနအိမ္လည္း ျဖစ္သည္။

Richard Fortus သည္ ယခုအခ်ိန္တြင္ မစ္ဇူရီျပည္နယ္၊ စိန္႔လူးဝစ္ျမိဳ႕တြင္ ဇနီးျဖစ္သူ ေရွ႕ေန စတက္ဖနီ ေဟာင္းလက္ထ္၊ ရင္ေသြး ၂ ဦးႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

နယူးေယာက္အခန္းကို Richard Fortus က တစ္လလွ်င္ ကန္ေဒၚလာ ၅၀၀၀ ျဖင့္ အငွားေစ်းကြက္တင္ခဲ့ဖူးေသးသည္။

တတိယထပ္တြင္ တည္ရွိျပီး သီးသန္႔လသာေဆာင္တစ္ခုပါဝင္ကာ မီးဖိုေဆာင္တြင္ ကုန္ပစၥည္းသိုေလွာင္ရန္ ေနရာက်ယ္က်ယ္ဝန္းဝန္း ပါဝင္ျပီး Wolf အမ်ိဳးအစားမီးဖို၊ Bosch အမ်ဳိးအစား ေဘစင္တို႔ ပါဝင္သည္။

အိပ္ခန္း ၂ ခန္းလံုးတြင္ အဝတ္ဗီရိုေနရာမ်ား ပါဝင္ျပီး ေရခ်ဳိးခန္းတြင္မူ ၾကီးမားေသာ ေရစိမ္ကန္ၾကီးတစ္ခု ထည့္သြင္းေပးထားသည္။

အေဆာက္အအံုတြင္ ၂၄ နာရီ တံခါးေစာင့္၊ စက္ဘီးထားသိုခန္းတို႔ ပါဝင္ျပီး အိမ္ေမြးတိရ စၦာန္မ်ားႏွင့္လည္း အဆင္ေျပမႈရွိေသာ အေဆာက္အအံုျဖစ္သည္။

ေစ်းကြက္တင္ေပးသူမွာ Corcoran အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ေအမလီယာ ဒက္စ္ကာလာကစ္ႏွင့္ ကားလ္ ျမဴးမန္တို႔ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Guns N' Roses သည် အမေရိကန် hard rock တေးဂီတအဖွဲ့ကြီးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိတွင် ၁၉၈၅ ခုနှစ်၌ ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့သူများမှာ အဆိုတော်- Axl Rose ၊ လိဒ်ဂစ်တာ- Slash ၊ ရစ်သမ်ဂစ်တာ- Izzy Stradlin ၊ ဘေ့စ်ဂစ်တာ- Duff McKagan နှင့် ဒရမ်- Steven Adler တို့ ပါဝင်ခဲ့သည်။

လက်ရှိအားဖြင့် ပါဝင်ဖွဲ့စည်းထားသည်မှာ Axl Rose၊ Slash ၊ McKagan အစရှိသည့် လူဟောင်းများအပြင် ကီးဘုတ်- Dizzy Reed ၊ လိဒ်ဂစ်တာ- Richard Fortus၊ ဒရမ်- Frank Ferrer နှင့် ကီးဘုတ်- Melissa Reese တို့ ပါဝင်လာသည်။ Richard Fortus သည် အမေရိကန် ဂစ်တာသမားဖြစ်ပြီး ၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မွေးဖွားကာ Guns N' Roses အဖွ့ဲကြီးတွင် ၂၀၀၂ ခုနှစ်၌ စတင်ပါဝင်တီးခတ်ခဲ့ကာ တေးအယ်လ်ဘမ်တစ်ခု လက်တွဲတီးခတ်ထားသည်။

Richard Fortus သည် Guns N' Roses အပြင် The Psychedelic Furs အဖွဲ့တွင်လည်း ပါဝင်တီးခတ်လျက်ရှိသည်။ Guns N' Roses သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီး ယင်းအနက် ၄၅ သန်းမှာ အမေရိကန်ပြည်ထောင်စုတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ Guns N' Roses မှ ဂစ်တာသမား Richard Fortus ၏ နယူးယောက်မြို့ လူနေခန်း ဈေးနှုန်းသက်သာစွာဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

နယူးယောက်မြို့၊ ဂရင်းလမ်း၊ အမှတ် ၄၁၇ အဆောက်အအုံတွင် တည်ရှိပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါဝင်ကာ ကန်ဒေါ်လာ ၁ ဒသမ ၁၉ သန်း ဈေးခေါ်ထားသည်။

Richard Fortus က ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၅၀၀၀၀ ဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ၎င်းဘဝတွင် ပထမဆုံး ဝယ်ယူပိုင်ဆိုင်ခဲ့သော နေအိမ်လည်း ဖြစ်သည်။

Richard Fortus သည် ယခုအချိန်တွင် မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့တွင် ဇနီးဖြစ်သူ ရှေ့နေ စတက်ဖနီ ဟောင်းလက်ထ်၊ ရင်သွေး ၂ ဦးနှင့်အတူ နေထိုင်လျက်ရှိသည်။

နယူးယောက်အခန်းကို Richard Fortus က တစ်လလျှင် ကန်ဒေါ်လာ ၅၀၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသေးသည်။ တတိယထပ်တွင် တည်ရှိပြီး သီးသန့်လသာဆောင်တစ်ခုပါဝင်ကာ မီးဖိုဆောင်တွင် ကုန်ပစ္စည်းသိုလှောင်ရန် နေရာကျယ်ကျယ်ဝန်းဝန်း ပါဝင်ပြီး Wolf အမျိုးအစားမီးဖို၊ Bosch အမျိုးအစား ဘေစင်တို့ ပါဝင်သည်။ အိပ်ခန်း ၂ ခန်းလုံးတွင် အဝတ်ဗီရိုနေရာများ ပါဝင်ပြီး ရေချိုးခန်းတွင်မူ ကြီးမားသော ရေစိမ်ကန်ကြီးတစ်ခု ထည့်သွင်းပေးထားသည်။

အဆောက်အအုံတွင် ၂၄ နာရီ တံခါးစောင့်၊ စက်ဘီးထားသိုခန်းတို့ ပါဝင်ပြီး အိမ်မွေးတိရ စ္ဆာန်များနှင့်လည်း အဆင်ပြေမှုရှိသော အဆောက်အအုံဖြစ်သည်။

ဈေးကွက်တင်ပေးသူမှာ Corcoran အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော အေမလီယာ ဒက်စ်ကာလာကစ်နှင့် ကားလ် မြူးမန်တို့ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service