အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၏ မြို့တော် လန်းဆင်းတွင် နေအိမ်တစ်လုံးကို တစ္ဆေတစ်ကောင်၏ ပုံရိပ်ပါနေသော ခြောက်ခြားဖွယ်ရာ ဓာတ်ပုံများဖြင့် အရောင်းဈေးကွက်တင်ရာ ၅ ရက်အတွင်း ကြော်ငြာကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၏ မြို့တော် လန်းဆင်းတွင် နေအိမ်တစ်လုံးကို တစ္ဆေတစ်ကောင်၏ ပုံရိပ်ပါနေသော ခြောက်ခြားဖွယ်ရာ ဓာတ်ပုံများဖြင့် အရောင်းဈေးကွက်တင်ရာ ၅ ရက်အတွင်း ကြော်ငြာကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
10 Oct 2019 1:23 pm တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၏ မြို့တော် လန်းဆင်းတွင် နေအိမ်တစ်လုံးကို ခြောက်ခြားဖွယ်ရာ ဓာတ်ပုံများဖြင့် အရောင်းဈေးကွက်တင်ရာ ၅ ရက်အတွင်း ကြော်ငြာကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လန်းဆင်းမြို့၊ မြောက်ပိုင်း ချက်စ်နပ်ထ်လမ်း၊ အမှတ် ၂၀၉ တွင် တည်ရှိသော နေအိမ်ကို ဈေးကွက်တင်သည့် ဓာတ်ပုံ ၂၅ ပုံမှာ ကြည့်လိုက်သည်နှင့် သမားရိုးကျမဟုတ်သော ဓာတ်ပုံများ ဖြစ်နေသည်။
မီးဖိုဆောင်တွင် လည်းကောင်း ၊ ဧည့်ခန်းရှိ လိုက်ကာနောက်တွင် ဓားတစ်ချောင်းကိုင်ကာ ပုန်းနေသော ၊ ညစာစားခန်း ကြမ်းပြင်ပေါ်သို့ ပြူထွက်နေသော ၊ အဝတ်အစားဗီရိုများတွင် ပုန်းအောင်းနေသော၊ ရေချိုးခန်းတွင်း ဝင်ရောက်နေသော သရဲတစ်ကောင်ကို ဈေးကွက်တင်ဓာတ်ပုံတွင် တွေ့ရပြီး ခြောက်ခြားဖွယ်အကောင်းဆုံးမှာ မြေအောက်ခန်းအတွင်း ထောင့်တစ်ထောင့်တွင် ပုန်းအောင်းနေသော တစ္ဆေပုံရိပ် ဖြစ်သည်။
အဆိုပါဓာတ်ပုံများ တင်ခဲ့သူမှာ Century 21 Looking Glass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဂျိမ်းစ် ဖိုင်းလ် ဖြစ်ပြီး Halloween တစ္ဆေပွဲတော်ကို နှစ်သက်စွဲလမ်းသူတစ်ဦးဖြစ်ခြင်းကြောင့် ၎င်းကိုယ်ပိုင်တစ္ဆေပုံသဏ္ဍာန် ဝတ်စားကာ ဈေးကွက်တင် ဓာတ်ပုံများ တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
နေအိမ်ပိုင်ရှင်မှာ ဂျိမ်းစ်ဖိုင်းလ်၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့သည့် သဲထိတ်ရင်ဖိုဇာတ်ကား “Scream” မှ ဇာတ်ဝင်ခန်းများအတိုင်း ၎င်း၏ နေအိမ်တွင် ဓာတ်ပုံရိုက်ကူးကာ အရောင်းဈေးကွက်တင်ရန် ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ဂျိမ်းစ်ဖိုင်းလ်၏ စိတ်ကူးမှန်ကန်ခဲ့ပြီး ပုံမှန်ဝင်ရောက် ကြည့်ရှုသူ ၁၀၀ ကျော်သာရှိသော ဝက်ဘ်ဆိုက်တွင် ၅ ရက်အတွင်း ကြည့်ရှုသူ တစ်သန်းကျော်သည်အထိ ကန်ဒေါ်လာ ၁၀၅၀၀၀ ဈေးခေါ်ထားသည့် နေအိမ်ကို ဝင်ရောက်ကြည့်ရှုမှု ရရှိခဲ့သည်။
### Unicode Version ###
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၏ မြို့တော် လန်းဆင်းတွင် နေအိမ်တစ်လုံးကို ခြောက်ခြားဖွယ်ရာ ဓာတ်ပုံများဖြင့် အရောင်းစျေးကွက်တင်ရာ ၅ ရက်အတွင်း ကြော်ငြာကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နာမည်ကျော် အမေရိကန်အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဖြစ်သည့် Zillow တွင် ပုံမှန်အားဖြင့် အိမ်ခြံမြေ ကြော်ငြာတစ်ခုကို ဝင်ရောက် ကြည့်ရှုသည့်အကြိမ်ရေ ၁၀၀ မှ ၁၅၀ အတွင်းသာရှိပြီး ထိုပမာဏရရှိရန်ပင် ရက်သတ္တပတ်အတန်ကြာလေ့ရှိသည်ဟု ဆိုသည်။
ယခုကြော်ငြာမှာမူ ၅ ရက်အတွင်း ဝင်ရောက်ကြည့်ရှုသူ ၁ ဒသမ ၂ သန်းအထိ ရှိခဲ့ခြင်း ဖြစ်သည်။
ကြော်ငြာတင်ထားသည့် နေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၆၈ ရှိပြီး အိပ်ခန်း ၄ ခန်း ပါဝင်ကာ ခြောက်ခြားဖွယ်ရာ တစ္ဆေတစ်ကောင်လည်း ပါဝင်နေသည်။
လန်းဆင်းမြို့၊ မြောက်ပိုင်း ချက်စ်နပ်ထ်လမ်း၊ အမှတ် ၂၀၉ တွင် တည်ရှိသော နေအိမ်ကို စျေးကွက်တင်သည့် ဓာတ်ပုံ ၂၅ ပုံမှာ ကြည့်လိုက်သည်နှင့် သမားရိုးကျမဟုတ်သော ဓာတ်ပုံများ ဖြစ်နေသည်။
မီးဖိုဆောင်တွင် လည်းကောင်း ၊ ဧည့်ခန်းရှိ လိုက်ကာနောက်တွင် ဓားတစ်ချောင်းကိုင်ကာ ပုန်းနေသော ၊ ညစာစားခန်း ကြမ်းပြင်ပေါ်သို့ ပြူထွက်နေသော ၊ အဝတ်အစားဗီရိုများတွင် ပုန်းအောင်းနေသော၊ ရေချိုးခန်းတွင်း ဝင်ရောက်နေသော သရဲတစ်ကောင်ကို စျေးကွက်တင်ဓာတ်ပုံတွင် တွေ့ရပြီး ခြောက်ခြားဖွယ်အကောင်းဆုံးမှာ မြေအောက်ခန်းအတွင်း ထောင့်တစ်ထောင့်တွင် ပုန်းအောင်းနေသော တစ္ဆေပုံရိပ် ဖြစ်သည်။
အဆိုပါဓာတ်ပုံများ တင်ခဲ့သူမှာ Century 21 Looking Glass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဂျိမ်းစ် ဖိုင်းလ် ဖြစ်ပြီး Halloween တစ္ဆေပွဲတော်ကို နှစ်သက်စွဲလမ်းသူတစ်ဦးဖြစ်ခြင်းကြောင့် ၎င်းကိုယ်ပိုင်တစ္ဆေပုံသဏ္ဍာန် ဝတ်စားကာ စျေးကွက်တင် ဓာတ်ပုံများ တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“လာမယ့် အားလပ်ရက်ကာလအတွက် ရည်ရွယ်ပြီး ပျော်စရာတစ်ခုခု လုပ်ချင်ခဲ့တာပါ” ဟု အကျိုးဆောင် ဂျိမ်းစ်ဖိုင်းလ်က ပြောကြားသည်။
နေအိမ်ပိုင်ရှင်မှာ ဂျိမ်းစ်ဖိုင်းလ်၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့သည့် သဲထိတ်ရင်ဖိုဇာတ်ကား “Scream” မှ ဇာတ်ဝင်ခန်းများအတိုင်း ၎င်း၏ နေအိမ်တွင် ဓာတ်ပုံရိုက်ကူးကာ အရောင်းစျေးကွက်တင်ရန် ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ဂျိမ်းစ်ဖိုင်းလ်၏ စိတ်ကူးမှန်ကန်ခဲ့ပြီး ပုံမှန်ဝင်ရောက် ကြည့်ရှုသူ ၁၀၀ ကျော်သာရှိသော ဝက်ဘ်ဆိုက်တွင် ၅ ရက်အတွင်း ကြည့်ရှုသူ တစ်သန်းကျော်သည်အထိ ကန်ဒေါ်လာ ၁၀၅၀၀၀ စျေးခေါ်ထားသည့် နေအိမ်ကို ဝင်ရောက်ကြည့်ရှုမှု ရရှိခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
CarsDB
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service