သီတင္းကၽြတ္ကာလတြင္ ယာဥ္လိုင္းမ်ားရပ္နားမႈမရွိ ပုံမွန္ေျပးဆြဲေပးမည္

သီတင္းကၽြတ္ကာလတြင္ ယာဥ္လိုင္းမ်ားရပ္နားမႈမရွိ ပုံမွန္ေျပးဆြဲေပးမည္ - Property News in Myanmar from iMyanmarHouse.com
9 Oct 2019 11:13 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

သီတင္းကၽြတ္ကာလတြင္ ယာဥ္လိုင္းမ်ားရပ္နားမႈမရွိ ပုံမွန္ေျပးဆြဲေပးမွာျဖစ္ေၾကာင္း လၽွပ္စစ္၊စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ၂၀၁၉ ခုႏွစ္၊သီတင္းကၽြတ္ ႐ုံးပိတ္ရက္ကာလအတြင္းနယ္ ၿမိဳ႕အသီးသီးသို႔ ခရီးသြားလာသူလုပ္သား ျပည္သူမ်ားအတြက္ အစစအရာရာ အဆင္ေျပေခ်ာေမြ႕ေစေရးႏွင့္အေဝးေျပးကားဝင္းမ်ားအနီးယာဥ္ေၾကာၾကပ္တည္းမႈ ေလ်ာ့ပါးေစေရးအတြက္ ႀကိဳတင္စီမံေဆာင္ရြက္ထားမႈကို သိရွိလိုပါေၾကာင္း ဒဂုံၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ် က ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔တြင္ ေမးျမန္းသည္ကိုအထက္ပါအတိုင္း ေဒၚနီလာေက်ာ္ကေျပာသည္။

ဝန္ႀကီးက သီတင္းကၽြတ္ပြဲေတာ္ကာလ ခရီးသြားမ်ားအေနႏွင့္ မဟာသၾကၤန္ပြဲေတာ္ ကာလ ခရီးသြားမ်ားႏွင့္သြားလာမႈ အေျခအေနသည္မတူညီပါေၾကာင္း၊ ယာဥ္လိုင္းမ်ားသည္ သၾကၤန္ကာလကဲ့သို႔ ယာဥ္ရပ္နားျခင္းမရွိဘဲ ပုံမွန္ေျပးဆြဲေပးလ်က္ရွိပါေၾကာင္း၊ ယခုသီတင္းကၽြတ္ကာလတြင္ ယာဥ္လိုင္းမ်ား ရပ္နားမႈမရွိပါေၾကာင္း၊ပုံမွန္ေျပးဆြဲေပးေနျခင္းေၾကာင့္လည္းေကာင္း၊ ခရီးစဥ္အလိုက္ယာဥ္လမ္းေၾကာင္းအလိုက္ေျပးဆြဲေနျခင္းေၾကာင့္လည္းေကာင္း၊ စည္းကမ္းစနစ္တက်ေျပးဆြဲေရး ၾကပ္မတ္ေဆာင္ရြက္ခဲ့ရေသာ္လည္း ေမာ္ေတာ္ယာဥ္အားျဖည့္ ေျပးဆြဲျခင္းမ်ား ႏွစ္စဥ္ေဆာင္ရြက္ေပးရန္ မလိုပါေၾကာင္းေျပာထားသည္။ ၂၀၁၉ ခုႏွစ္ သီတင္းကၽြတ္ပြဲေတာ္ကာလတြင္ ခရီးသြားျပည္သူမ်ားသြားလာမႈအတြက္ လက္မွတ္မ်ားစနစ္တက် ေရာင္းခ်ေရး၊ ယာဥ္လိုင္းမရွိဘဲ လက္မွတ္ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ေရး၊ သတ္မွတ္ယာဥ္မ်ားစနစ္ တက်ေျပးဆြဲေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔အေဝး ေျပးဌာနခြဲမွ တာဝန္ရွိသူမ်ားက ၁၈.၉.၂၀၁၉ ရက္ေန႔တြင္ အေဝးေျပးယာဥ္လိုင္းတာဝန္ရွိသူမ်ားကို ေခၚယူအသိေပးခဲ့ၿပီး ျဖစ္ပါေၾကာင္းေျပာသည္။

ခရီးသြားျပည္သူမ်ား သြားလာမႈအေပၚ ေလ့လာခ်က္အရ စက္႐ုံအလုပ္႐ုံမ်ားမွ ဝန္ထမ္းမ်ား သြားလာမႈအတြက္ ေမာ္ေတာ္ယာဥ္မ်ားငွားရမ္းစီမံထားျခင္း၊ ေမာ္ေတာ္ယာဥ္အသင္းမ်ားမွလည္း ယာဥ္လက္မွတ္မ်ားကို Online မွ ေရာင္းခ်သည့္စနစ္ျဖင့္ ႀကိဳတင္ေရာင္းခ်ေပးျခင္း၊ လက္မွတ္ဝယ္ယူေရး အခက္အခဲရွိသူမ်ား အေန ႏွင့္ YRTA အေဝးေျပးဌာနခြဲ႐ုံးသို႔ ဆက္သြယ္လာပါက ကူညီေပးႏိုင္ရန္ေဆာင္ရြက္ထားရွိပါေၾကာင္း၊စက္႐ုံအလုပ္႐ုံမ်ားသာမက ႐ုံးအဖြဲ႕မ်ား၊ကုမၸဏီမ်ားမွလည္း မိမိတို႔ဝန္ထမ္းမ်ား၏ သြားလာေရးအတြက္ ေမာ္ေတာ္ယာဥ္မ်ား ငွားရမ္းစီမံေပးထားျခင္းမ်ား ေဆာင္ရြက္လ်က္ရွိပါေၾကာင္း လၽွပ္စစ္၊စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္ကေျပာသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

သီတင်းကျွတ်ကာလတွင် ယာဉ်လိုင်းများရပ်နားမှုမရှိ ပုံမှန်ပြေးဆွဲပေးမှာဖြစ်ကြောင်း လျှပ်စစ်၊စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ်၊သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်းနယ် မြို့အသီးသီးသို့ ခရီးသွားလာသူ လုပ်သား ပြည်သူများအတွက် အစစအရာရာ အဆင်ပြေချောမွေ့စေရေးနှင့်အဝေးပြေးကားဝင်းများအနီး ယာဉ်ကြောကြပ်တည်းမှု လျော့ပါးစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားမှုကို သိရှိလိုပါကြောင်း ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် မေးမြန်းသည်ကိုအထက်ပါအတိုင်း ဒေါ်နီလာကျော်ကပြောသည်။

ဝန်ကြီးက သီတင်းကျွတ်ပွဲတော်ကာလ ခရီးသွားများအနေနှင့် မဟာသြင်္ကန်ပွဲတော် ကာလ ခရီးသွား များနှင့်သွားလာမှု အခြေအနေသည်မတူညီပါကြောင်း၊ ယာဉ်လိုင်းများသည် သြင်္ကန်ကာလကဲ့သို့ ယာဉ်ရပ်နားခြင်း မရှိဘဲ ပုံမှန်ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ယခုသီတင်းကျွတ်ကာလတွင် ယာဉ်လိုင်းများ ရပ်နားမှုမရှိပါကြောင်း၊ပုံမှန်ပြေးဆွဲပေးနေခြင်းကြောင့်လည်းကောင်း၊ ခရီးစဉ်အလိုက်ယာဉ်လမ်းကြောင်းအလိုက်ပြေးဆွဲနေ ခြင်းကြောင့်လည်းကောင်း၊ စည်းကမ်းစနစ်တကျပြေးဆွဲရေး ကြပ်မတ်ဆောင်ရွက်ခဲ့ရသော်လည်း မော်တော် ယာဉ်အားဖြည့် ပြေးဆွဲခြင်းများ နှစ်စဉ်ဆောင်ရွက်ပေးရန် မလိုပါကြောင်းပြောထားသည်။ ၂၀၁၉ ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလတွင် ခရီးသွားပြည်သူများသွားလာမှုအတွက် လက်မှတ်များစနစ်တကျ ရောင်းချရေး၊ ယာဉ်လိုင်းမရှိဘဲ လက်မှတ်ရောင်းချခြင်းများ မပြုလုပ်ရေး၊ သတ်မှတ်ယာဉ်များစနစ် တကျပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အဝေး ပြေးဌာနခွဲမှ တာဝန်ရှိသူများက ၁၈.၉.၂၀၁၉ ရက်နေ့တွင် အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူများကို ခေါ်ယူအသိပေးခဲ့ပြီး ဖြစ်ပါကြောင်းပြောသည်။

ခရီးသွားပြည်သူများ သွားလာမှုအပေါ် လေ့လာချက်အရ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ သွားလာမှုအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ်အသင်းများမှလည်း ယာဉ်လက်မှတ်များကို Online မှ ရောင်းချသည့်စနစ်ဖြင့် ကြိုတင်ရောင်းချပေးခြင်း၊ လက်မှတ်ဝယ်ယူရေး အခက်အခဲရှိသူများ အနေ နှင့် YRTA အဝေးပြေးဌာနခွဲရုံးသို့ ဆက်သွယ်လာပါက ကူညီပေးနိုင်ရန်ဆောင်ရွက်ထားရှိပါကြောင်း၊စက်ရုံအလုပ် ရုံများသာမက ရုံးအဖွဲ့များ၊ကုမ္ပဏီများမှလည်း မိမိတို့ဝန်ထမ်းများ၏ သွားလာရေးအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံပေးထားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service