မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ ေပါလ္အယ္လင္ (ကြယ္လြန္) ပိုင္ဆိုင္ေသာ ဧကေပါင္း ၁၂၀ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးကို ကန္ေဒၚလာ သန္း ၁၁၀ ျဖင့္ အေရာင္းေစ်းကြက္တင္

မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ ေပါလ္အယ္လင္ (ကြယ္လြန္) ပိုင္ဆိုင္ေသာ ဧကေပါင္း ၁၂၀ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးကို ကန္ေဒၚလာ သန္း ၁၁၀ ျဖင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
7 Oct 2019 12:02 pm တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ၊ Seattle Seahawks ေဘာလံုးအသင္းပိုင္ရွင္ ေပါလ္အယ္လင္ (ကြယ္လြန္) ပိုင္ဆိုင္ေသာ ဧကေပါင္း ၁၂၀ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးကို ကန္ေဒၚလာ သန္း ၁၁၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ေပါလ္အယ္လင္၏ ျခံဝန္းၾကီးမွာ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ တည္ရွိျပီး ၁၉၉၇ ခုႏွစ္တြင္ ဝယ္ယူပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

ေျမကြက္တည္ေနရာမွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကမၻာေက်ာ္ၾကယ္ပြင့္မ်ား အေျခခ်ရာ ဘီဗာလီေဟးလ္အရပ္တြင္ တည္ရွိျပီးမည္သည့္အေဆာက္အအံုမွ် မေဆာက္လုပ္ရေသးေသာ ေျမကြက္ၾကီးျဖစ္သည္။

ယခုေျမကြက္ၾကီးကို The Enchanted Hill ဟု အမည္ေပးထားျပီး ပုပ္ရဟန္းမင္းၾကီး၏ ဗာတီကန္ျမိဳ႕ေတာ္ႏွင့္ တူညီေသာအက်ယ္အဝန္းရွိသည္။

ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္း အေရာင္းေစ်းကြက္သို႔ စတင္ဝင္ေရာက္ခဲ့ျပီး ထိုစဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ သန္း ၁၅၀ ျဖစ္သည္။

ေပါလ္အယ္လင္သည္ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလက ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၅ ႏွစ္သာ ရွိေသးသည္။

ေပါလ္အယ္လင္က The Enchanted Hill ျခံၾကီးကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဝယ္ယူခ်ိန္က ပါဝင္ခဲ့ေသာ ေနအိမ္ အေဆာက္အအံုကို ျဖိဳခ်ဖ်က္သိမ္းခဲ့သည္ဟု ေဝါစထရိဂ်ာနယ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ယခုအခါ အဆိုပါျခံဝန္းကို ေပါလ္အယ္လင္၏ ညီမျဖစ္သူ ဂ်ဳိဒီပိုင္ဆိုင္ေသာ ကုမၸဏီက ထိန္းခ်ဳပ္ထားေၾကာင္း PropertyShark တြင္ ေဖာ္ျပသည္။

ပိုင္ရွင္အေနျဖင့္ ဧည့္ေဂဟာမ်ားစြာႏွင့္ ပင္မစံအိမ္တို႔ ပါဝင္သည့္ ျခံဝန္းအျဖစ္လည္းေကာင္း၊ ေျမကြက္မ်ား ပိုင္းျခားကာ အိမ္ရာဝန္းတစ္ခုအျဖစ္လည္းေကာင္း ေျပာင္းလည္း ေဆာက္လုပ္ႏိုင္ေၾကာင္း ေစ်းကြက္တင္ေပးသည့္ Hilton & Hyland မွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ၊ Seattle Seahawks ဘောလုံးအသင်းပိုင်ရှင် ပေါလ်အယ်လင် (ကွယ်လွန်) ပိုင်ဆိုင်သော ဧကပေါင်း ၁၂၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

ပေါလ်အယ်လင်၏ ခြံဝန်းကြီးမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်တွင် ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

မြေကွက်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချရာ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး မည်သည့်အဆောက်အအုံမျှ မဆောက်လုပ်ရသေးသော မြေကွက်ကြီးဖြစ်သည်။

ယခုမြေကွက်ကြီးကို The Enchanted Hill ဟု အမည်ပေးထားပြီး ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်မြို့တော်နှင့် တူညီသော အကျယ်အဝန်းရှိသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်သည်။

ပေါလ်အယ်လင်သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်သာ ရှိသေးသည်။

ပေါလ်အယ်လင်က The Enchanted Hill ခြံကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူချိန်က ပါဝင်ခဲ့သော နေအိမ် အဆောက်အအုံကို ဖြိုချဖျက်သိမ်းခဲ့သည်ဟု ဝေါစထရိဂျာနယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုအခါ အဆိုပါခြံဝန်းကို ပေါလ်အယ်လင်၏ ညီမဖြစ်သူ ဂျိုဒီပိုင်ဆိုင်သော ကုမ္ပဏီက ထိန်းချုပ်ထားကြောင်း PropertyShark တွင် ဖော်ပြသည်။

ပိုင်ရှင်အနေဖြင့် ဧည့်ဂေဟာများစွာနှင့် ပင်မစံအိမ်တို့ ပါဝင်သည့် ခြံဝန်းအဖြစ်လည်းကောင်း၊ မြေကွက်များ ပိုင်းခြားကာ အိမ်ရာဝန်းတစ်ခုအဖြစ်လည်းကောင်း ပြောင်းလည်း ဆောက်လုပ်နိုင်ကြောင်း ဈေးကွက်တင်ပေးသည့် Hilton & Hyland မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service