ဓာတ္ခြဲခန္းမ်ားသို႔ေပးပို႕ျပီး သတ္မွတ္စံခ်ိန္စံညႊန္းႏွင့္ကိုက္ညီမွသာ ေဈးကြက္အတြင္းျဖန႔္ျဖဴး

ဓာတ္ခြဲခန္းမ်ားသို႔ေပးပို႕ျပီး သတ္မွတ္စံခ်ိန္စံညႊန္းႏွင့္ကိုက္ညီမွသာ ေဈးကြက္အတြင္းျဖန႔္ျဖဴး - Property News in Myanmar from iMyanmarHouse.com
7 Oct 2019 11:28 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္တိုင္းအတြင္း တင္သြင္းၿပီး အေရာင္းအဝယ္ျပဳလုပ္ေနေသာ ကုန္ပစၥည္းမ်ားႏွင့္သြင္းကုန္လုပ္ငန္းမ်ားအတြက္ ဓာတ္ခြဲခန္းမ်ားသို႔ေပးပို႔ၿပီး သတ္မွတ္စံခ်ိန္စံညႊန္းႏွင့္ကိုက္ညီမွသာ ေဈးကြက္အတြင္းျဖန႔္ျဖဴးေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဦးျမေသာင္းက ေျပာၾကားသည္။

အင္းစိန္ ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး ၁၁ ရက္ေျမာက္ေန႔တြင္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းသို႔တင္သြင္းၿပီး အေရာင္းအဝယ္ျပဳလုပ္ေနေသာ ကုန္ပစၥည္းမ်ား၏ အရည္အေသြး စံခ်ိန္စံညႊန္းျပည့္မီျခင္း ရွိ/မရွိကို မည္သည့္အဖြဲ႕အစည္းမ်ားက ႀကီးၾကပ္စီမံ ေဆာင္ရြက္ေနပါသနည္း၊ မမွန္မကန္တင္သြင္းေရာင္းခ်ေနသူမ်ားအား မည္ကဲ့သို႔အေရးယူ ေဆာင္ရြက္ပါမည္နည္းဟူေသာေမးခြန္းႏွင့္ သြင္းကုန္လုပ္ငန္းမ်ားအတြက္ အရည္အေသြးစစ္ေဆးေရးအဖြဲ႕မ်ား ဖြဲ႕စည္းတာဝန္ေပးထားျခင္းရွိပါသလား၊ မရွိေသးပါက ဖြဲ႕စည္းတာဝန္ေပးရန္ အစီအစဥ္ ရွိ/မရွိႏွင့္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ မကိုက္ညီပါက မည္ကဲ့သို႔ အေရးယူေဆာင္ရြက္မည္ကို သိရွိလိုပါေၾကာင္းေမးသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ ျပည္ပမွကုန္ပစၥည္းမ်ား ျပည္တြင္းသို႔ တင္သြင္းခြင့္ျပဳရာတြင္ အရည္အေသြးစံခ်ိန္စံညႊန္း သတ္မွတ္ထားသည့္ ကုန္စည္မ်ားအတြက္ သြင္းကုန္လိုင္စင္ခြင့္ျပဳရာ၌ ကုန္ပစၥည္းတင္သြင္းျခင္းမျပဳမီ သက္ဆိုင္ရာဌာနအလိုက္ Import Recommendation ယူရေၾကာင္း ေျပာသည္။

သြင္းကုန္အတည္ျပဳေထာက္ခံခ်က္ရယူရာတြင္ စားေသာက္ကုန္၊ေဆးဝါး၊အလွကုန္၊ က်န္းမာေရးသုံးပစၥည္းမ်ားအတြက္ FDA မွလည္းေကာင္း၊ လယ္ယာထြက္ကုန္၊ ဓာတ္ေျမဩဇာ၊ပိုးသတ္ေဆးပစၥည္းမ်ားအတြက္ စိုက္ပ်ိဳးေရးဦးစီးဌာနမွလည္းေကာင္း ေရထြက္ကုန္ပစၥည္းမ်ားႏွင့္အစားအစာမ်ားအတြက္ ငါးလုပ္ငန္းဦး စီးဌာနလည္းေကာင္း၊ေအးခဲအသား၊ ေမြးျမဴေရး အစားအစာမ်ား၊ေဆးဝါးမ်ားအတြက္ ေမြးျမဴေရးႏွင့္ကုသေရး ဦးစီးဌာနမွ အတည္ျပဳခ်က္ရယူရေၾကာင္းေျပာထားသည္။ ဓာတုပစၥည္းမ်ားအတြက္ စက္မႈဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနကလည္းေကာင္း၊ဓာတ္ဆီ၊ ဒီဇယ္၊ ေအာက္တိန္း၊အင္ဂ်င္ဝိုင္ အစရွိသည့္ပစၥည္းမ်ားအတြက္ ေရနံထြက္ပစၥည္းျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္း တို႔မွတင္သြင္းခြင့္ေထာက္ခံခ်က္) ပါရွိမွသာ သြင္းကုန္လိုင္စင္ခြင့္ျပဳေပးလ်က္ရွိေၾကာင္းေျပာထားသည္။

ယင္းပစၥည္းမ်ား ဆိပ္ကမ္းသို႔ ေရာက္ရွိခ်ိန္တြင္ သက္ဆိုင္ရာဌာနမ်ားသို႔ အေကာက္ခြန္ဦးစီးဌာနမွတစ္ဆင့္ ကိုယ္စားျပဳနမူနာေပးပို႔၍ ဓာတ္ခြဲစစ္ေဆးၿပီး ခြင့္ျပဳခ်က္မ်ားရရွိမွသာ ေဈးကြက္အတြင္းျဖန႔္ျဖဴးခြင့္ျပဳသည့္နည္းစနစ္မ်ားျဖင့္ အရည္အေသြး စံခ်ိန္စံညႊန္းျပည့္မီေစေရးၾကပ္မတ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း စီမံကိန္း ႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမေသာင္းက ေျဖၾကားသည္။ စီးပြား/ကူးသန္းဌာနက တာဝန္ယူ ေဆာင္ရြက္လ်က္ရွိသည့္ စားသုံးသူကာကြယ္ေရး ဥပေဒပုဒ္မ ၁၃ ၊ ပုဒ္မခြဲ (က) ၊ ပုဒ္မခြဲငယ္ (၄) အရ စားသုံးသူကာကြယ္ေရးဆိုင္ရာ တိုင္ၾကားလာမႈမ်ားႏွင့္ စပ္လ်ဥ္း၍ စုံစမ္းစစ္ ေဆးရန္ႏွင့္ ေဈးကြက္အတြင္းရွိ ေဘးအႏၲရာယ္ရွိသည္ဟု ထင္ျမင္ယူဆရေသာကုန္စည္ သို႔မဟုတ္ဝန္ေဆာင္မႈမ်ားကို ေစာင့္ၾကည့္စစ္ေဆးနိုင္ရန္ႏွင့္ ေဈးကြက္အတြင္းမွ ပေပ်ာက္ေစရန္အလို႔ငွာ ကုန္စည္ႏွင့္ဝန္ေဆာင္မႈစစ္ေဆးေရး လုပ္ငန္းမ်ားေဆာင္ရြက္ရန္ စစ္ေဆးေရးအရာရွိမ်ားကို တိုင္းေဒသႀကီး/ျပည္နယ္ႏွင့္ခရိုင္၊ၿမိဳ႕နယ္မ်ား တြင္ ခန႔္အပ္တာဝန္ေပးၿပီးေဆာင္ရြက္လၽွက္ရွိရာ ရန္ကုန္တိုင္းေဒသႀကီးတြင္လည္း စစ္ေဆးေရးအရာရွိမ်ားခန႔္ထားၿပီး ေဈးကြက္မ်ားအတြင္း ၾကပ္မတ္ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ ကုန္စည္အမ်ိဳးအစားအလိုက္ကုန္အညႊန္းအမွတ္အသားေဖာ္ျပျခင္းဆိုင္ရာ ကိစၥရပ္မ်ားကို စားသုံးသူကာကြယ္ေရးဥပေဒထုတ္ျပန္ၿပီး တစ္ႏွစ္ျပည့္ ၂၀၂၀ ျပည့္ႏွစ္ မတ္လ ၁၆ ေန႔ရက္တြင္ စတင္အာဏာတည္မည္ျဖစ္ၿပီး ကုန္စည္အမ်ိဳးအစားအလိုက္ ဥပေဒအရ သတ္မွတ္ထားသည့္ ကုန္အညြန္းအမွတ္အသားမ်ားကို ျမန္မာဘာသာျဖင့္ ျဖစ္ေစ၊ ျမန္မာဘာသာႏွင့္အျခားဘာသာတစ္ခု သို႔မဟုတ္ တစ္ခုထက္ပို၍ တြဲလ်က္ျဖစ္ေစေဖာ္ျပနိုင္ရန္အတြက္ အမ်ားျပည္သူထံသေဘာထားရယူေဆြးေႏြးသည့္ အလုပ္႐ုံေဆြးေႏြးပြဲ (Publice Consulation Workshop) မ်ား ျပဳလုပ္၍ အသိေပးေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ ဝန္ႀကီးကေျပာသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်တိုင်းအတွင်း တင်သွင်းပြီး အရောင်းအဝယ်ပြုလုပ်နေသော ကုန်ပစ္စည်းများနှင့်သွင်းကုန်လုပ်ငန်းများအတွက် ဓာတ်ခွဲခန်းများသို့ပေးပို့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှသာ ဈေးကွက်အတွင်းဖြန့်ဖြူးကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြသောင်းက ပြောကြားသည်။ အင်းစိန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့တင်သွင်းပြီး အရောင်းအဝယ်ပြုလုပ်နေသော ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်း ရှိ/မရှိကို မည်သည့်အဖွဲ့အစည်းများက ကြီးကြပ်စီမံ ဆောင်ရွက်နေပါသနည်း၊ မမှန်မကန်တင်သွင်းရောင်းချနေသူများအား မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပါမည်နည်းဟူသောမေးခွန်းနှင့် သွင်းကုန်လုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးထားခြင်းရှိပါသလား၊ မရှိသေးပါက ဖွဲ့စည်းတာဝန်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှကုန်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုရာတွင် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ထားသည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင်ခွင့်ပြုရာ၌ ကုန်ပစ္စည်းတင်သွင်းခြင်းမပြုမီ သက်ဆိုင်ရာဌာနအလိုက် Import Recommendation ယူရကြောင်း ပြောသည်။ သွင်းကုန်အတည်ပြုထောက်ခံချက်ရယူရာတွင် စားသောက်ကုန်၊ဆေးဝါး၊အလှကုန်၊ ကျန်းမာရေးသုံးပစ္စည်းများအတွက် FDA မှလည်းကောင်း၊ လယ်ယာထွက်ကုန်၊ ဓာတ်မြေဩဇာ၊ပိုးသတ်ဆေးပစ္စည်းများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှလည်းကောင်း ရေထွက်ကုန်ပစ္စည်းများနှင့်အစားအစာများအတွက် ငါးလုပ်ငန်းဦး စီးဌာနလည်းကောင်း၊အေးခဲအသား၊ မွေးမြူရေး အစားအစာများ၊ဆေးဝါးများအတွက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ အတည်ပြုချက်ရယူရကြောင်းပြောထားသည်။ ဓာတုပစ္စည်းများအတွက် စက်မှုဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနကလည်းကောင်း၊ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်း၊အင်ဂျင်ဝိုင် အစရှိသည့်ပစ္စည်းများအတွက် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်း တို့မှတင်သွင်းခွင့်ထောက်ခံချက်) ပါရှိမှသာ သွင်းကုန်လိုင်စင်ခွင့်ပြုပေးလျက်ရှိကြောင်းပြောထားသည်။ ယင်းပစ္စည်းများ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာဌာနများသို့ အကောက်ခွန်ဦးစီးဌာနမှတစ်ဆင့် ကိုယ်စားပြုနမူနာပေးပို့၍ ဓာတ်ခွဲစစ်ဆေးပြီး ခွင့်ပြုချက်များရရှိမှသာ ဈေးကွက်အတွင်းဖြန့်ဖြူးခွင့်ပြုသည့်နည်းစနစ်များဖြင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြသောင်းက ဖြေကြားသည်။ စီးပွား/ကူးသန်းဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၁၃ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၄) အရ စားသုံးသူကာကွယ်ရေးဆိုင်ရာ တိုင်ကြားလာမှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးရန်နှင့် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် သို့မဟုတ်ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ကုန်စည်နှင့်ဝန်ဆောင်မှုစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရန် စစ်ဆေးရေးအရာရှိများကို တိုင်းဒေသကြီး/ပြည်နယ်နှင့်ခရိုင်၊မြို့နယ်များ တွင် ခန့်အပ်တာဝန်ပေးပြီးဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း စစ်ဆေးရေးအရာရှိများခန့်ထားပြီး ဈေးကွက်များအတွင်း ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်စည်အမျိုး အစားအလိုက် ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များကို စားသုံးသူကာကွယ်ရေးဥပဒေထုတ်ပြန်ပြီး တစ်နှစ်ပြည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ နေ့ရက်တွင် စတင်အာဏာတည်မည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် ဥပဒေအရ သတ်မှတ်ထားသည့် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြနိုင်ရန်အတွက် အများပြည်သူထံသဘောထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Publice Consulation Workshop) များ ပြုလုပ်၍ အသိပေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်တွင် ဝန်ကြီးကပြောသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service