ကမၻာ့ဘဏ္က ထုတ္ျပန္ေသာ စီးပြားေရးလုပ္ရန္ အလြယ္ကူဆံုး ကမၻာ့ထိပ္တန္း ႏိုင္ငံ ၂၀ စာရင္းတြင္ ျမန္မာႏိုင္ငံ ပါဝင္လာ

ကမၻာ့ဘဏ္က ထုတ္ျပန္ေသာ စီးပြားေရးလုပ္ရန္ အလြယ္ကူဆံုး ကမၻာ့ထိပ္တန္း ႏိုင္ငံ ၂၀ စာရင္းတြင္ ျမန္မာႏိုင္ငံ ပါဝင္လာ - Property News in Myanmar from iMyanmarHouse.com
4 Oct 2019 11:45 am တွင် တင်ခဲ့သည်
11199 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာ့ဘဏ္က ထုတ္ျပန္လိုက္ေသာ ၂၀၂၀ ျပည့္ႏွစ္ စီးပြားေရးလုပ္ရန္ အလြယ္ကူဆံုး ကမၻာ့ထိပ္တန္း ႏိုင္ငံ ၂၀ စာရင္းတြင္ ျမန္မာႏိုင္ငံ ပါဝင္လာသည္။

အဆိုပါစာရင္းတြင္ ျမန္မာႏိုင္ငံႏွင့္အတူ အိမ္နီးခ်င္းမ်ားျဖစ္ေသာ တရုတ္၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏိၵယႏိုင္ငံတို႔လည္း ပါဝင္လာသည္။

လုပ္ငန္း နယ္ပယ္ ၁၀ ခုတြင္ ၃ ခုႏွင့္အထက္ စီးပြားေရးလုပ္ကိုင္ရန္ လြယ္ကူလာေသာ ႏိုင္ငံမ်ားကို စာရင္းျပဳစုထားျခင္းျဖစ္သည္။

“ျမန္မာႏိုင္ငံသည္ စီးပြားေရးလုပ္ငန္းနယ္ပယ္ တိုးတက္ေစမည့္ ေျခလွမ္း ၅ ရပ္ အေကာင္အထည္ေဖာ္ခဲ့သည္”ဟု ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါ ေျခလွမ္းမ်ားတြင္ အစည္းအေဝးမ်ား မလိုအပ္ေတာ့ဘဲ အြန္လိုင္းမွတဆင့္ ကုမၸဏီမ်ား မွတ္ပံုတင္ႏိုင္ရန္ ေဆာင္ရြက္ေပးလာျခင္းလည္း ပါဝင္သည္ဟု ဆိုသည္။

“ရန္ကုန္ျမိဳ႕ေတာ္သည္ ဗိသုကာမ်ားႏွင့္ အင္ဂ်င္နီယာမ်ားအတြက္ အရည္အေသြးပိုင္းဆိုင္ရာ တင္းက်ပ္မႈမ်ား ထိန္းခ်ဳပ္လာျခင္းအားျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္း၏ အရည္အေသြးထိန္းသိမ္းမႈကို ခိုင္မာေစခဲ့သည့္အျပင္ ေရႏွင့္ သန္႔ရွင္းေရးဆိုင္ရာ အေျခခံအေဆာက္အအံုမ်ားတြင္ ရင္းႏွီျမွဳပ္ႏွံမႈမ်ားလည္း ျပဳလုပ္ခဲ့သည္။”ဟု ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“တစ္ႏိုင္ငံလံုးအတိုင္းအတာအားျဖင့္ ျမန္မာႏိုင္ငံသည္ အြန္လိုင္းကုမၸဏီ မွတ္ပံုတင္စနစ္ အေကာင္အထည္ေဖာ္ခဲ့ျပီး လုပ္ထံုးလုပ္နည္းမ်ားစြာကို ေပါင္းစပ္ေပးလိုက္ကာ လူပုဂၢိဳလ္အားျဖင့္ ေတြ႔ဆံုရန္ လိုအပ္ခ်က္ကို ေလွ်ာ့ခ်ေပးလိုက္သည္။

ထိေရာက္လြယ္ကူေခ်ာေမြ႔ေသာ မွတ္ပံုတင္စနစ္၊ တန္ဖိုးျဖတ္စနစ္တို႔ျဖင့္ အိမ္ျခံေျမမွတ္ပံုတင္ျခင္းကို ပိုမိုလ်င္ျမန္လာေအာင္လည္း ျမန္မာႏိုင္ငံတြင္ ေဖာ္ေဆာင္ႏိုင္ခဲ့သည္။

ထို႔အျပင္ ျမန္မာတရားရံုးမ်ားသည္လည္း လုပ္ငန္းအေကာင္အထည္ေဖာ္ပံု သံုးသပ္သည့္ အစီရင္ခံစာ ထုတ္ျပန္ျခင္းမ်ား ျပဳလုပ္လာေနျပီ ျဖစ္သည္။

သက္ဆိုင္ရာ အဖြဲ႔မ်ားအၾကား ေရာင္းဝယ္မႈမ်ားကို ပိုမိုထုတ္ေဖာ္ခ်ျပရန္ လမ္းညႊန္ထားျခင္းအားျဖင့္ အနည္းစုရင္းႏွီးျမွဳပ္ႏွံသူမ်ားအေပၚ အကာအကြယ္ေပးသည့္ ကုမၸဏီ ဥပေဒသစ္တစ္ခုလည္း ေရးဆြဲထားခဲ့သည္။

အဆိုပါဥပေဒတြင္ ဒါရိုက္တာတို႔၏ တာဝန္ကို တိုးျမွင့္လိုက္ျပီး ပိုမိုပြင့္လင္းမႈသာမႈရွိေစရန္ သတ္မွတ္ခ်က္မ်ား ျပဌာန္းလာသည္။”ဟု ကမၻာ့ဘဏ္၏ သံုးသပ္ခ်က္တြင္ ေဖာ္ျပထားသည္။

ဧရာဝတီသတင္းဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္တစ္ရပ္အရ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ျပည္ပစီးပြားေရးဆက္ဆံမႈ ဝန္ၾကီးဌာန အျမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာၾကားရာတြင္ ျမန္မာႏိုင္ငံသည္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္မႈ လြယ္ကူသည့္အဆင့္ ျမင့္မားလာေစရန္ အဖြဲ႔တစ္ခု ဖြဲ႔စည္းခဲ့ေၾကာင္း ေျပာၾကားခဲ့သည္ဟု ဆိုသည္။

thuraswiss ဝက္ဘ္ဆိုက္သတင္းတစ္ရပ္တြင္ ေဖာ္ျပခ်က္အရ ယခုကဲ့သို႔ေအာင္ျမင္မႈမ်ားသည္ ကူးသန္းေရာင္းဝယ္ေရး ဝန္ၾကီးဌာနက အေကာင္အထည္ေဖာ္ခဲ့ေသာ ေျခလွမ္းသစ္မ်ား၏ အသီးအပြင့္မ်ားျဖစ္ေၾကာင္း၊ ယင္းေျခလွမ္းမ်ားအနက္တစ္ခုမွာ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈ ျမွင့္တင္ေရးစီမံကိန္း (MIPP) ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ျပီး လာမည့္ ႏွစ္ ၂၀ အတြင္း ရင္းႏွီးျမွဳပ္ႏွံမႈ ကန္ေဒၚလာ ၂၀၀ ဘီလီယံ ဆြဲေဆာင္ႏိုင္ရန္ ရည္မွန္းထားသည္ဟု ဆိုသည္။

ကမၻာ့ဘဏ္က ထုတ္ျပန္ခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္ စီးပြားေရးလုပ္ရန္ အလြယ္ကူဆံုး ကမၻာ့ထိပ္တန္း ႏိုင္ငံ ၂၀ မွာ.........

(၁) အဇာဘိုင္ဂ်န္

(၂) ဘာရိန္း

(၃) ဘဂၤလားေဒ့ရွ္

(၄) တရုတ္

(၅) ဒီဂ်ီဘိုတီ

(၆) အိႏိၵယ

(၇) ေဂ်ာ္ဒန္

(၈) ကင္ညာ

(၉) ကိုဆိုဗို

(၁၀) ကူဝိတ္

(၁၁) ကာဇက္သမၼတႏိုင္ငံ

(၁၂) ျမန္မာ

(၁၃) ႏိုင္ဂ်ီးရီးယား

(၁၄) ပါကစၥတန္

(၁၅) ကာတာ

(၁၆) ေဆာ္ဒီအာေရးဘီးယား

(၁၇) တာဂ်စ္ကစၥတန္

(၁၈) တိုဂို

(၁၉) ဥဇဘက္ကစၥတန္

(၂၀) ဇင္ဘာေဘြ တို႔ျဖစ္ေၾကာင္း ကမၻာ့ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သော ၂၀၂၀ ပြည့်နှစ် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး ကမ္ဘာ့ထိပ်တန်း နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်။

အဆိုပါစာရင်းတွင် မြန်မာနိုင်ငံနှင့်အတူ အိမ်နီးချင်းများဖြစ်သော တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့လည်း ပါဝင်လာသည်။

လုပ်ငန်း နယ်ပယ် ၁၀ ခုတွင် ၃ ခုနှင့်အထက် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူလာသော နိုင်ငံများကို စာရင်းပြုစုထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းနယ်ပယ် တိုးတက်စေမည့် ခြေလှမ်း ၅ ရပ် အကောင်အထည်ဖော်ခဲ့သည်”ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ခြေလှမ်းများတွင် အစည်းအဝေးများ မလိုအပ်တော့ဘဲ အွန်လိုင်းမှတဆင့် ကုမ္ပဏီများ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးလာခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။

“ရန်ကုန်မြို့တော်သည် ဗိသုကာများနှင့် အင်ဂျင်နီယာများအတွက် အရည်အသွေးပိုင်းဆိုင်ရာ တင်းကျပ်မှုများ ထိန်းချုပ်လာခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၏ အရည်အသွေးထိန်းသိမ်းမှုကို ခိုင်မာစေခဲ့သည့်အပြင် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီမြှုပ်နှံမှုများလည်း ပြုလုပ်ခဲ့သည်။”ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မြန်မာနိုင်ငံသည် အွန်လိုင်းကုမ္ပဏီ မှတ်ပုံတင်စနစ် အကောင်အထည်ဖော်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများစွာကို ပေါင်းစပ်ပေးလိုက်ကာ လူပုဂ္ဂိုလ်အားဖြင့် တွေ့ဆုံရန် လိုအပ်ချက်ကို လျှော့ချပေးလိုက်သည်။

ထိရောက်လွယ်ကူချောမွေ့သော မှတ်ပုံတင်စနစ်၊ တန်ဖိုးဖြတ်စနစ်တို့ဖြင့် အိမ်ခြံမြေမှတ်ပုံတင်ခြင်းကို ပိုမိုလျင်မြန်လာအောင်လည်း မြန်မာနိုင်ငံတွင် ဖော်ဆောင်နိုင်ခဲ့သည်။

ထို့အပြင် မြန်မာတရားရုံးများသည်လည်း လုပ်ငန်းအကောင်အထည်ဖော်ပုံ သုံးသပ်သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်းများ ပြုလုပ်လာနေပြီ ဖြစ်သည်။

သက်ဆိုင်ရာ အဖွဲ့များအကြား ရောင်းဝယ်မှုများကို ပိုမိုထုတ်ဖော်ချပြရန် လမ်းညွှန်ထားခြင်းအားဖြင့် အနည်းစုရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ်ပေးသည့် ကုမ္ပဏီ ဥပဒေသစ်တစ်ခုလည်း ရေးဆွဲထားခဲ့သည်။

အဆိုပါဥပဒေတွင် ဒါရိုက်တာတို့၏ တာဝန်ကို တိုးမြှင့်လိုက်ပြီး ပိုမိုပွင့်လင်းမှုသာမှုရှိစေရန် သတ်မှတ်ချက်များ ပြဌာန်းလာသည်။”ဟု ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်တစ်ရပ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေးဆက်ဆံမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မှု လွယ်ကူသည့်အဆင့် မြင့်မားလာစေရန် အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

thuraswiss ဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ယခုကဲ့သို့အောင်မြင်မှုများသည် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ခဲ့သော ခြေလှမ်းသစ်များ၏ အသီးအပွင့်များဖြစ်ကြောင်း၊ ယင်းခြေလှမ်းများအနက်တစ်ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ဆွဲဆောင်နိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး ကမ္ဘာ့ထိပ်တန်း နိုင်ငံ ၂၀ မှာ.........

(၁) အဇာဘိုင်ဂျန်

(၂) ဘာရိန်း

(၃) ဘင်္ဂလားဒေ့ရှ်

(၄) တရုတ်

(၅) ဒီဂျီဘိုတီ

(၆) အိန္ဒိယ

(၇) ဂျော်ဒန်

(၈) ကင်ညာ

(၉) ကိုဆိုဗို

(၁၀) ကူဝိတ်

(၁၁) ကာဇက်သမ္မတနိုင်ငံ

(၁၂) မြန်မာ

(၁၃) နိုင်ဂျီးရီးယား

(၁၄) ပါကစ္စတန်

(၁၅) ကာတာ

(၁၆) ဆော်ဒီအာရေးဘီးယား

(၁၇) တာဂျစ်ကစ္စတန်

(၁၈) တိုဂို

(၁၉) ဥဇဘက်ကစ္စတန်

(၂၀) ဇင်ဘာဘွေ တို့ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service