အမေရိကန်ပြည်တွင်းစစ်တွင် တောင်ပိုင်းမဟာမိတ်တပ်များကို ကွပ်ကဲခဲ့သူ ဗိုလ်ချုပ်ကြီး ရောဘတ် အီး-လီ၏ ကလေးဘဝနေအိမ် ဝယ်လက်မရှိဘဲဖြစ်နေ
အမေရိကန်ပြည်တွင်းစစ်တွင် တောင်ပိုင်းမဟာမိတ်တပ်များကို ကွပ်ကဲခဲ့သူ ဗိုလ်ချုပ်ကြီး ရောဘတ် အီး-လီ၏ ကလေးဘဝနေအိမ် ဝယ်လက်မရှိဘဲဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
3 Oct 2019 11:55 am တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ရောဘတ်အီး-လီ၏ မိသားစု မနေထိုင်မီက အဆိုပါစံအိမ်တွင် အမေရိကန်သမ္မတ ဂျော့ခ်ျ ဝါရှင်တန်လည်း နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
### Unicode Version ###
ရောဘတ်အီး-လီသည် အမေရိကန်မြောက်ပိုင်းနှင့် တောင်ပိုင်း ပြည်တွင်းစစ်ကြီးဖြစ်ပွားချိန်တွင် တောင်ပိုင်းမဟာမိတ်တပ်များကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၁၈၆၂ ခုနှစ်မှ လက်နက်ချအညံ့ခံချိန် ၁၈၆၅ ခုနှစ်အထိ ကွပ်ကဲခဲ့သည်။
ရောဘတ် အီး-လီ၏ ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ်မှာ ဝယ်ယူမည့်သူမရှိသောကြောင့် ယခုအခါ ဈေးလျှော့ကာ ဈေးကွက်ပြန်တင်လာသည်။
၁၇၉၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သမိုင်းဝင်ဖြစ်နေသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၆ သန်းဖြင့် ဈေးလျှော့ကာ ဈေးကွက်ပြန်တင်လာခြင်းဖြစ်သည်။ ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်းကမူ ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းအထိ ဈေးခေါ်ခဲ့သည်။
စံအိမ်တည်နေရာမှာ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်းဒရီးယားမြို့တွင်ဖြစ်သည်။
ယခုအခါ ခေါ်ဈေးကို ၃၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလိုက်သည်ဆိုစေကာမူ အလက်ဇန်းဒရီးယား၏ ပျှမ်းမျှအိမ်ခြံမြေ ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၅၄၉၉၀၀ ထက် များစွာ မြင့်မားလျက်ရှိနေသေးပြီး ယင်းမြို့ကလေးတွင် ဈေးအကြီးဆုံး စံအိမ်အဖြစ် ရပ်တည်နေသည်။
အလက်ဇန်းဒရီးယား၏ ဒုတိယမြောက်ဈေးအကြီးဆုံးစံအိမ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းဖြစ်ပြီး ရောဘတ်အီး-လီ၏ စံအိမ်နှင့် အကျယ်အဝန်းချင်း တူညီသည်။ ရောဘတ် အီး-လီသည် ယခုစံအိမ်တွင် အသက် ၅ နှစ်သား အရွယ်မှစတင်ကာ ၁၈၂၅ ခုနှစ်အတွင်း West Point စစ်တက္ကသိုလ်သို့ တက်ရောက်ချိန်အထိ နေထိုင်ခဲ့သည်။
ရောဘတ်အီး-လီ၏ မိသားစု မနေထိုင်မီက အဆိုပါစံအိမ်တွင် အမေရိကန်သမ္မတ ဂျော့ချ် ဝါရှင်တန်လည်း နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
မာ့ခ်နှင့် အန်း ကင်းတန်ဟူသော စုံတွဲက ရောဘတ် အီး-လီ၏ စံအိမ်ကို ၂၀၀၀ ပြည့်နှစ်တွင် Lee-Jackson ဖောင်ဒေးရှင်းထံမှ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။
ရောဘတ်အီး-လီ၏ စံအိမ်သည် ပြတိုက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့်အဖွဲ့အစည်းကမျှ ထိန်းသိမ်းစရိတ် မတတ်နိုင်တော့ချေ။
မာ့ခ်နှင့် အန်း ကင်းတန်စုံတွဲသည် ၃ နှစ်တာ အချိန်ယူကာ ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ မွမ်းမံခဲ့ပြီးနောက် ကလေးများနှင့်အတူ နေထိုင်ခဲ့ကြသည်။ ပြန်လည်မွမ်းမံဆောက်လုပ်မှုများတွင် မီးဖိုဆောင်သစ်တစ်ခု၊ ရေချိုးခန်းများနှင့် အမိုးသစ်တစ်ခုတို့ ပါဝင်သည်။
မူရင်း ပြတင်းများမှာ ပြန်လည်ပြုပြင်ခြင်း (သို့မဟုတ်) အစားထိုးခြင်းများ ပြုလုပ်ခဲ့ပြီး ဆေးသုတ်ရာတွင် ဆေးအလွှာပေါင်း ၄၃ ထပ်အထိ ဖယ်ရှားခဲ့ရသည်ဟု ဆိုသည်။
ဖက်ဒရယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါစံအိမ်သည် ဒေသတွင်း ရှေးအကျဆုံး စံအိမ်များတွင် တစ်လုံး အပါအဝင်ဖြစ်ပြီး နှစ်ထပ်အဆောက်အအုံ၊ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၄ ဒသမ ၅ ခန်း ပါဝင်သည်။
စံအိမ်အတွင်းရှိ မျက်နှာကြက်များမှာ မြင့်မားလှပြီး နားနေရန် နေရာ အများအပြား ပါဝင်ကာ ညစာစားခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့် ပြတင်းများ တပ်ဆင်ထားသည်။
ကျယ်ဝန်းသော master bedroom တွင် နားနေနေရာနှင့် မီးလင်းဖိုတို့ ပါဝင်သည်။
စံအိမ်အတွင်း ရုံးခန်းတစ်ခု၊ ဧည့်ခန်းတစ်ခု၊ မိသားစုနားနေခန်းနှင့် ဖျော်ဖြေရေးခန်းမတစ်ခုတို့လည်း ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service