အင်္ဂလန်တွင် ၃၄ ဧက ကျယ်ဝန်းသော ခြံဝန်း၊ ၂၃ ဧက ကျယ်သော ရေကန်ကြီးနှင့် အပန်းဖြေအိမ် ၈ လုံးပါဝင်ကာ ငှားရမ်းခ နှစ်စဉ် ပေါင် ၅၀၀၀၀၀ ကျော် ဝင်ငွေရှိသော ခြံကြီးကို ပေါင် ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ
အင်္ဂလန်တွင် ၃၄ ဧက ကျယ်ဝန်းသော ခြံဝန်း၊ ၂၃ ဧက ကျယ်သော ရေကန်ကြီးနှင့် အပန်းဖြေအိမ် ၈ လုံးပါဝင်ကာ ငှားရမ်းခ နှစ်စဉ် ပေါင် ၅၀၀၀၀၀ ကျော် ဝင်ငွေရှိသော ခြံကြီးကို ပေါင် ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
2 Oct 2019 12:37 pm တွင် တင်ခဲ့သည်
1269 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
လူများစွာတို့သည် မြို့ပြ၏မွန်းကြပ်ကျဉ်းမြောင်းလှသော လူနေမှုဘဝများမှ ရုန်းထွက်ကာ ကျေးလက်ဒေသများတွင် နေထိုင်ရန် စိတ်ကူးအိပ်မက်လာကြသည်။
ယခုအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်သော ရောဂျာ ဘန်းဆိုက်ဒ်ဆိုသူသည် အင်္ဂလန်အနောက်မြောက်ပိုင်း ၊ လန်ကက်စ်ရှိုင်းယားခရိုင်တွင် ဂျာမန်ခေတ်မီနေအိမ်တစ်မျိုးဖြစ်သော Huf Haus အမျိုးအစားနေအိမ်တစ်လုံး ဆောက်လုပ်ကာ နေထိုင်ခဲ့သည်။
အဆိုပါစံအိမ်ကို ၂၃ ဧကခန့် ကျယ်ဝန်းသော ရေကန်ကြီး၏ ကမ်းစပ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ အားလပ်ရက် အပန်းဖြေလုပ်ငန်းအတွက် အငှားချထားနိုင်မည့် စီးပွားရေးလုပ်ငန်းမျိုးအဖြစ် ဘန်းဆိုက်ဒ်က ပြောင်းလဲခဲ့သည်။
ယခုအခါ ပင်မနေအိမ်၊ အားလပ်ရက် အပန်းဖြေနေအိမ် ၈ လုံးနှင့် ၃၄ ဧက ကျယ်ဝန်းသော ခြံဝန်းကြီးကို ပေါင် ၃ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်လာသည်။ အပန်းဖြေအိမ်ငှားလုပ်ငန်းသည် ပြီးခဲ့သောနှစ်က ပေါင် ၅၀၀၀၀၀ ကျော် ဝင်ငွေရခဲ့သည်ဟု ဆိုသည်။
လန်ကက်ရှိုင်းယားရှိ ယခုနေရာကို ရောဂျာက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရောဂျာက သူ၏နေအိမ်ဟောင်းနှင့် အိမ်တွင်းဒီဇိုင်းလုပ်ငန်းကို ရောင်းချပြီးလျှင် ယခုခြံဝန်းကြီး၌ ဘဝကို ဖြတ်သန်းကုန်ဆုံးသွားရန် ရည်ရွယ်ခဲ့သည်။ လှပသာယာလှသော Wyre Valley ရှိ Cleveleymere ဟုခေါ်သော ယခုနေရာကို တွေ့ရှိချိန်တွင် အပန်းဖြေအိမ်ငယ်များ ငှားရမ်းသည့်လုပ်ငန်းရှိနေခဲ့ပြီး ထိုစဉ်ကမူ အမြတ်အစွန်းမရသည့် လုပ်ငန်းအဖြစ်သာ ရှိနေခဲ့သည်။
ရောဂျာက ဘဝကို အနားယူဖြတ်သန်းလိုသော်လည်း သူ၏အိပ်မက်နေအိမ်တွင် နေထိုင်နိုင်ရန်အတွက် အပန်းဖြေအိမ်ငှားရမ်းသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ရသည်။
ပြီးခဲ့သောနှစ်အတွင်း ရေကန်ကြီးဘေး အပန်းဖြေနေအိမ် ၈ လုံးမှ ငှားရမ်းခ ပေါင် ၅၀၆၆၀၄ ဝင်ငွေရခဲ့ပြီး နောက်ထပ် နေအိမ် ၇ လုံး ထပ်မံဆောက်လုပ်ရန်လည်း ခွင့်ပြုချက် တောင်းခံထားသည်ဟု ဆိုသည်။
အမှန်တကယ်အမြတ်အစွန်း မည်မျှရှိသည်ကို ထုတ်ဖော်ပြောကြားရန် မစ္စတာ ဘန်းဆိုက်ဒ်က ငြင်းပယ်ခဲ့သော်လည်း စိတ်ဝင်စားသည့် ဝယ်လက်များကိုမူ အသေးစိတ်ကိန်းဂဏန်းများ ထုတ်ဖော်ပြောကြားမည်ဟု ဆိုသည်။
“Cleveleymere ဟာ တခြားဘယ်မှာမူ မရှိနိုင်တဲ့ ကျေးလက်စံအိမ်ဝန်းကြီးဖြစ်ပြီး လှပတဲ့တည်နေရာမှာ တည်ရှိပါတယ်။ ပိုင်ရှင်က အလွယ်တကူ ကွပ်ကဲနိုင်မယ့် စီးပွားရေးလုပ်ငန်းကောင်းတစ်ခုလည်း ရှိနေတယ်။သဘာဝတရားနဲ့ ထိတွေ့နေပေမယ့် ခေတ်မီလူနေမှုဟန်မျိုးနဲ့ နေချင်တယ်၊ ဝင်ငွေလည်းရှိရမယ်ဆိုတာမျိုး ရှာဖွေနေသူတွေအတွက် ဝယ်ယူသင့်တဲ့ စံအိမ်ဖြစ်ပါတယ်”ဟု ဈေးကွက်တင်သွင်းပေးသော Jackson-Stops ကုမ္ပဏီက ပြောကြားသည်။
ပိုင်ရှင်နေထိုင်သည့် စံအိမ်ကို the Lake House ဟု အမည်ပေးထားပြီး ဂျာမန် Huf Haus စံအိမ်ဖြစ်ကာ မှန်၊ သစ်တို့ဖြင့် ဆောက်လုပ်ထားသည်။
double bedrooms ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အိပ်ခန်းတိုင်းတွင် ရေကန်ကြီး၏ ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်မည့် လသာဆောင်များ ပါဝင်သည်။
စံအိမ်ဝန်းကျင်တွင် ကွင်းပြင်များ၊ တောအုပ်များ၊ ကျောက်ဆောင်ထူသည့် ဖုန်းဆိုးမြေများနှင့် Wyre မြစ်တို့က ဝန်းပတ်ထားသည်။
လန်ကက်စ်တာမြို့၏ တောင်ဘက် ၇ ဒသမ ၅ မိုင်အကွာတွင် တည်ရှိသော အဆိုပါစံအိမ်ကို မစ္စတာ ဘန်းဆိုက်ဒ်က ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ခဲ့ရာ မီးဖိုဆောင်သစ်တစ်ခု၊ ရေအားသုံး နှိပ်စက်နှင့် ရေပန်းတို့ ပါဝင်သော ရေချိုးခန်းသစ်တစ်ခု၊ FM စတီရီယို အသံစနစ်၊ လူ ၂ ဦးဆန့် ရေပူစိမ်ကန်နှင့် LED မီးလုံးများ ပါဝင်သည်။
မစ္စတာ ဘန်းဆိုက်ဒ်က ပြောကြားရာတွင် ၎င်းအနေဖြင့် အနားယူလိုနေသောကြောင့် ယခုခြံဝန်းကြီးတစ်ခုလုံးကို ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
Central Shop House
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service