အဲလိဇဘက္ ဘုရင္မၾကီး၏ ေျမးေတာ္ ျဗိတိန္ေတာ္ဝင္မင္းသမီး ဘီယယ္ထရစ္ႏွင့္ အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး ကေလးတစ္ေယာက္အေဖ အက္ဒြါးဒိုတို႔ ေစ့စပ္

အဲလိဇဘက္ ဘုရင္မၾကီး၏ ေျမးေတာ္ ျဗိတိန္ေတာ္ဝင္မင္းသမီး ဘီယယ္ထရစ္ႏွင့္ အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး ကေလးတစ္ေယာက္အေဖ အက္ဒြါးဒိုတို႔ ေစ့စပ္ - Property News in Myanmar from iMyanmarHouse.com
2 Oct 2019 12:00 pm တွင် တင်ခဲ့သည်
7983 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျဗိတိန္ေတာ္ဝင္မင္းသမီး ဘီယယ္ထရစ္ႏွင့္ အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး ကေလးတစ္ေယာက္အေဖ အက္ဒြါးဒို မာဖဲလီ ေမာ့ဇီတို႔ ေစ့စပ္လိုက္ၾကျပီျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

မင္းသမီး ဘီယယ္ထရစ္သည္ ျဗိတိန္ေတာ္ဝင္မိသားစုဝင္တစ္ဦးျဖစ္ျပီး ေယာ့ခ္ျမိဳ႕စား မင္းသားအင္ဒရူးႏွင့္ ၾကင္ယာေတာ္ ဆာရာတို႔၏ သမီးၾကီးျဖစ္ကာ ျဗိတိန္ထီးနန္းကို ဆက္ဆံရန္ နဝမေျမာက္ေနရာတြင္ ရွိသူတစ္ဦးျဖစ္သည္။ ၁၉၉၈ ၾသဂုတ္ ၈ ရက္တြင္ ေမြးဖြားျပီး အသက္ (၃၁)နွစ္ ရွိျပီျဖစ္သည္။

အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး အက္ဒြါးဒို မာဖဲလီ ေမာ့ဇီသည္ ဂုဏ္ျဒပ္အရ သူေဌးၾကီးဟုသာ ေခၚေဝၚရေသာ္လည္း သူ၏ အသက္မွာ ၃၅ ႏွစ္သာ ရွိေသးသည္။

အီတလီလူမ်ဳိးတစ္ဦးျဖစ္ျပီး ဖခင္ျဖစ္သူ အဲလက္စ္ မာဖဲလီ ေမာ့ဇီမွာ အီတလီတြင္ ျမိဳ႕စားၾကီးျဖစ္ျပီး ျဗိတိန္သို႔ ေျပာင္းေရႊ႕အေျခခ်ခ်ိန္တြင္မူ ျမိဳ႕စားဟူေသာ ဂုဏ္ပုဒ္ကို သံုးစြဲေတာ့ျခင္း မရွိေခ်။

အီဒင္ဘာ့ဂ်္တကၠသိုလ္ႏွင့္ ရက္ဒ္ေလေကာလိပ္တို႔တြင္ ပညာဆည္းပူးခဲ့သည္။

အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ျပီး ေဆာက္လုပ္ေရးႏွင့္ အိမ္တြင္းဒီဇိုင္းကုမၸဏီျဖစ္ေသာ Banda ၏ အမႈေဆာင္အရာရွိခ်ဳပ္တစ္ဦးျဖစ္သည္။

ထို႔အျပင္ အက္ဒြါးဒိုသည္ ကုမၸဏီအမ်ားအျပားတြင္ ဒါရိုက္တာေနရာမ်ား ရယူထားျပီး ယင္းအနက္အခ်ဳိ႕မွာ မိခင္ျဖစ္သူ နစ္ကီ ဝီလ်ံစ္ အဲလစ္၊ ေယာက္ဖျဖစ္သူ ေတာ့ဒ္ ယီယိုမန္းစ္တို႔ႏွင့္အတူ ပူးတြဲတည္ေထာင္ထားျခင္း ျဖစ္သည္။

အက္ဒြါးဒိုသည္ အေမရိကန္ဗိသုကာပညာရွင္ ဒါရာ ဟြမ္ႏွင့္ ေစ့စပ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္ လမ္းခြဲခဲ့ၾကသည္။

၎တို႔ႏွစ္ဦးမွ ခရစၥတိုဖာအမည္ရွိ သားတစ္ဦးထြန္းကားခဲ့ျပီး ၂၀၁၆ ခုႏွစ္တြင္ ေမြးဖြားခဲ့ျခင္း ျဖစ္သည္။

ဟြမ္ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ လမ္းခြဲခဲ့ျပီးေနာက္ အက္ဒြါးဒိုသည္ ေတာ္ဝင္မင္းသမီး ဘီယယ္ထရစ္ႏွင့္ အခ်စ္ေရးဇာတ္လမ္းစတင္ခဲ့သည္။

အက္ဒြါးဒိုႏွင့္ ဘီယယ္ထရစ္တို႔သည္ ကေလးဘဝကတည္းက သိကၽြမ္းခဲ့သူမ်ားျဖစ္ျပီး အက္ဒြါးဒိုတို႔ မိသားစုသည္ ေယာ့ခ္ျမိဳ႕စား မင္းသား အင္ဒရူးတို႔ မိသားစုႏွင့္ အလြန္ရင္းႏွီးကၽြမ္းဝင္ေသာ မိတ္ေဆြမ်ား ျဖစ္ၾကသည္။

အက္ဒြါးဒိုက ေတာ္ဝင္မင္းသမီး ဘီယယ္ထရစ္ အီတလီသို႔ အပန္းေျဖလာေရာက္စဥ္ ခ်စ္ခြင့္ပန္ခဲ့ျခင္းျဖစ္ျပီး ေစ့စပ္ခဲ့ျပီးျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၆ ရက္တြင္ တရားဝင္ထုတ္ေဖာ္ေၾကညာခဲ့သည္။

အက္ဒြါးဒိုသည္ ေတာ္ဝင္မင္းသမီးႏွင့္ ေစ့စပ္လက္စြပ္ကို ၎ကိုယ္တိုင္ ဒီဇိုင္းေရးဆြဲကာ နာမည္ၾကီး ျဗိတိန္ပန္းထိမ္ဆရာ ေရွာင္လင္းထံတြင္ အပ္ႏွံခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“မၾကာေသးမီက ကၽြန္ေတာ္တို႔ ေစ့စပ္ခဲ့ၾကတဲ့သတင္းကို ထုတ္ျပန္ေပးရတာ ကၽြန္ေတာ္တို႔ အလြန္ဝမ္းေျမာက္မိပါတယ္” ၎တို႔စံုတြဲ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အက္ဒြါးဒိုက ၎တို႔စံုတြဲသည္ စက္တင္ဘာလအေစာပိုင္းကတည္းက ေစ့စပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။

“ဒီဘဝခရီးကို အတူတကြ စတင္ၾကဖုိ႕ကၽြန္ေတာ္တို႔ ႏွစ္ေယာက္လံုး စိတ္လႈပ္ရွားေနၾကျပီး လက္ထပ္ဖို႔ မေစာင့္ႏိုင္ေအာင္ ျဖစ္ရပါတယ္။ ကၽြန္ေတာ္တို႔ ႏွစ္ဦးမွာ တူညီတဲ့ စိတ္ဝင္စားမႈ၊ တန္ဖိုးထားမႈေတြ ရွိေနၾကတယ္။ ဒါေတြက အနာဂတ္မွာ ျဖတ္သန္းရမယ့္ ႏွစ္ကာလေတြအတြက္ ၾကီးမားတဲ့အေထာက္အကူတစ္ရပ္ျဖစ္ျပီး ခ်စ္ျခင္းေမတၱာေတြ၊ ေပ်ာ္ရႊင္မႈေတြအတိျဖစ္ေနလိမ့္မယ္လို႔ ကၽြန္ေတာ္တို႔ သိပါတယ္”

အက္ဒြါးဒို၏ မိဘမ်ားကြာရွင္းခဲ့ၾကျပီးေနာက္ မိခင္ျဖစ္သူ နစ္ကီ ဝီလ်ံစ္ အဲလစ္မွာ ျဗိတိန္ရွိ ကြန္ဆာေဗးတစ္ပါတီမွ လႊတ္ေတာ္အမတ္ ခရစၥတိုဖာ ေရွးလ္ႏွင့္ လက္ထပ္ခဲ့ေၾကာင္း ဘီဘီစီသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အက္ဒြါးဒို၏ ပေထြးျဖစ္လာသူ ခရစၥတိုဖာ ေရွးလ္သည္ ဘီယယ္ထရစ္၏ မိခင္ ဆာရာ ဖာဂီ ဖာဂူဆန္ကို သူ၏ကုမၸဏီတြင္ အတြင္းေရးမွဴးအျဖစ္ ခန္႔အပ္ခဲ့ဖူးသည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္းတြင္မွ ဖာဂူဆန္က ဘီယယ္ထရစ္၏ ဖခင္ ေတာ္ဝင္မင္းသား အင္ဒရူးႏွင့္ လက္ထပ္ခဲ့ျခင္းျဖစ္သည္။

၂၀၁၁ ခုႏွစ္အတြင္း ခရစၥတိုဖာ ေရွးလ္ ကြယ္လြန္ခ်ိန္တြင္ ၎၏ စ်ာပနသို႔ ဘီယယ္ထရစ္ႏွင့္ မိဘမ်ား တက္ေရာက္ခဲ့ေၾကာင္း People မဂၢဇင္းၾကီးက ေဖာ္ျပခဲ့ဖူးသည္။

နယူးေယာက္တိုင္းမ္ သတင္းစာၾကီး၏ ေဖာ္ျပခ်က္အရ အက္ဒြါးဒိုသည္ လန္ဒန္အေျခစိုက္ အိမ္ျခံေျမေဆာက္လုပ္ေရးကုမၸဏီ Banda ကို ၂၀၀၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး ထိုအခ်ိန္က သူ၏အသက္မွာ ၂၃ ႏွစ္သာ ရွိေသးသည္ဟု ဆိုသည္။

LinkedIn ရွိ သူ၏ profile တြင္ ေဖာ္ျပထားခ်က္အရ Banda ၏ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ တာဝန္ယူထားေၾကာင္း ေဖာ္ျပသည္။

Banda ကုမၸဏီသည္ လန္ဒန္အိမ္ျခံေျမေလာကတြင္ စုစုေပါင္း စတုရန္းေပ ၄၀၀၀၀၀ ေက်ာ္ ေဆာက္လုပ္ေပးထားခဲ့ျပီးျဖစ္ကာ စုစုေပါင္း တန္ဖိုးအားျဖင့္ ေပါင္ သန္း ၇၀၀ နီးပါး (ကန္ေဒၚလာ ၈၆၅ သန္း) ခန္႔ရွိေၾကာင္း LinkedIn ရွိ သူ၏ profile တြင္ ေဖာ္ျပထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဗြိတိန်တော်ဝင်မင်းသမီး ဘီယယ်ထရစ်နှင့် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ကလေးတစ်ယောက်အဖေ အက်ဒွါးဒို မာဖဲလီ မော့ဇီတို့ စေ့စပ်လိုက်ကြပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

မင်းသမီး ဘီယယ်ထရစ်သည် ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပြီး ယော့ခ်မြို့စား မင်းသားအင်ဒရူးနှင့် ကြင်ယာတော် ဆာရာတို့၏ သမီးကြီးဖြစ်ကာ ဗြိတိန်ထီးနန်းကို ဆက်ဆံရန် နဝမမြောက်နေရာတွင် ရှိသူတစ်ဦးဖြစ်သည်။ ၁၉၉၈ သြဂုတ် ၈ ရက်တွင် မွေးဖွားပြီး အသက် (၃၁)နှစ် ရှိပြီဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး အက်ဒွါးဒို မာဖဲလီ မော့ဇီသည် ဂုဏ်ဒြပ်အရ သူဌေးကြီးဟုသာ ခေါ်ဝေါ်ရသော်လည်း သူ၏ အသက်မှာ ၃၅ နှစ်သာ ရှိသေးသည်။ အီတလီလူမျိုးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ အဲလက်စ် မာဖဲလီ မော့ဇီမှာ အီတလီတွင် မြို့စားကြီးဖြစ်ပြီး ဗြိတိန်သို့ ပြောင်းရွှေ့အခြေချချိန်တွင်မူ မြို့စားဟူသော ဂုဏ်ပုဒ်ကို သုံးစွဲတော့ခြင်း မရှိချေ။

အီဒင်ဘာ့ဂျ်တက္ကသိုလ်နှင့် ရက်ဒ်လေကောလိပ်တို့တွင် ပညာဆည်းပူးခဲ့သည်။

အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ဆောက်လုပ်ရေးနှင့် အိမ်တွင်းဒီဇိုင်းကုမ္ပဏီဖြစ်သော Banda ၏ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သည်။ ထို့အပြင် အက်ဒွါးဒိုသည် ကုမ္ပဏီအများအပြားတွင် ဒါရိုက်တာနေရာများ ရယူထားပြီး ယင်းအနက်အချို့မှာ မိခင်ဖြစ်သူ နစ်ကီ ဝီလျံစ် အဲလစ်၊ ယောက်ဖဖြစ်သူ တော့ဒ် ယီယိုမန်းစ်တို့နှင့်အတူ ပူးတွဲတည်ထောင်ထားခြင်း ဖြစ်သည်။

အက်ဒွါးဒိုသည် အမေရိကန်ဗိသုကာပညာရှင် ဒါရာ ဟွမ်နှင့် စေ့စပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။

၎င်းတို့နှစ်ဦးမှ ခရစ္စတိုဖာအမည်ရှိ သားတစ်ဦးထွန်းကားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ဟွမ်နှင့် ၂၀၁၈ ခုနှစ်တွင် လမ်းခွဲခဲ့ပြီးနောက် အက်ဒွါးဒိုသည် တော်ဝင်မင်းသမီး ဘီယယ်ထရစ်နှင့် အချစ်ရေးဇာတ်လမ်းစတင်ခဲ့သည်။

အက်ဒွါးဒိုနှင့် ဘီယယ်ထရစ်တို့သည် ကလေးဘဝကတည်းက သိကျွမ်းခဲ့သူများဖြစ်ပြီး အက်ဒွါးဒိုတို့ မိသားစုသည် ယော့ခ်မြို့စား မင်းသား အင်ဒရူးတို့ မိသားစုနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ ဖြစ်ကြသည်။

အက်ဒွါးဒိုက တော်ဝင်မင်းသမီး ဘီယယ်ထရစ် အီတလီသို့ အပန်းဖြေလာရောက်စဉ် ချစ်ခွင့်ပန်ခဲ့ခြင်းဖြစ်ပြီး စေ့စပ်ခဲ့ပြီးဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

အက်ဒွါးဒိုသည် တော်ဝင်မင်းသမီးနှင့် စေ့စပ်လက်စွပ်ကို ၎င်းကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ နာမည်ကြီး ဗြိတိန်ပန်းထိမ်ဆရာ ရှောင်လင်းထံတွင် အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မကြာသေးမီက ကျွန်တော်တို့ စေ့စပ်ခဲ့ကြတဲ့သတင်းကို ထုတ်ပြန်ပေးရတာ ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်” ၎င်းတို့စုံတွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အက်ဒွါးဒိုက ၎င်းတို့စုံတွဲသည် စက်တင်ဘာလအစောပိုင်းကတည်းက စေ့စပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

“ဒီဘဝခရီးကို အတူတကွ စတင်ကြပြီး ကျွန်တော်တို့ နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြပြီး လက်ထပ်ဖို့ မစောင့်နိုင်အောင် ဖြစ်ရပါတယ်။ ကျွန်တော်တို့ နှစ်ဦးမှာ တူညီတဲ့ စိတ်ဝင်စားမှု၊ တန်ဖိုးထားမှုတွေ ရှိနေကြတယ်။ ဒါတွေက အနာဂတ်မှာ ဖြတ်သန်းရမယ့် နှစ်ကာလတွေအတွက် ကြီးမားတဲ့အထောက်အကူတစ်ရပ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာတွေ၊ ပျော်ရွှင်မှုတွေအတိဖြစ်နေလိမ့်မယ်လို့ ကျွန်တော်တို့ သိပါတယ်”

အက်ဒွါးဒို၏ မိဘများကွာရှင်းခဲ့ကြပြီးနောက် မိခင်ဖြစ်သူ နစ်ကီ ဝီလျံစ် အဲလစ်မှာ ဗြိတိန်ရှိ ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်အမတ် ခရစ္စတိုဖာ ရှေးလ်နှင့် လက်ထပ်ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အက်ဒွါးဒို၏ ပထွေးဖြစ်လာသူ ခရစ္စတိုဖာ ရှေးလ်သည် ဘီယယ်ထရစ်၏ မိခင် ဆာရာ ဖာဂီ ဖာဂူဆန်ကို သူ၏ကုမ္ပဏီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ဖူးသည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင်မှ ဖာဂူဆန်က ဘီယယ်ထရစ်၏ ဖခင် တော်ဝင်မင်းသား အင်ဒရူးနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်အတွင်း ခရစ္စတိုဖာ ရှေးလ် ကွယ်လွန်ချိန်တွင် ၎င်း၏ ဈာပနသို့ ဘီယယ်ထရစ်နှင့် မိဘများ တက်ရောက်ခဲ့ကြောင်း People မဂ္ဂဇင်းကြီးက ဖော်ပြခဲ့ဖူးသည်။

နယူးယောက်တိုင်းမ် သတင်းစာကြီး၏ ဖော်ပြချက်အရ အက်ဒွါးဒိုသည် လန်ဒန်အခြေစိုက် အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Banda ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်က သူ၏အသက်မှာ ၂၃ နှစ်သာ ရှိသေးသည်ဟု ဆိုသည်။

LinkedIn ရှိ သူ၏ profile တွင် ဖော်ပြထားချက်အရ Banda ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားကြောင်း ဖော်ပြသည်။

Banda ကုမ္ပဏီသည် လန်ဒန်အိမ်ခြံမြေလောကတွင် စုစုပေါင်း စတုရန်းပေ ၄၀၀၀၀၀ ကျော် ဆောက်လုပ်ပေးထားခဲ့ပြီးဖြစ်ကာ စုစုပေါင်း တန်ဖိုးအားဖြင့် ပေါင် သန်း ၇၀၀ နီးပါး (ကန်ဒေါ်လာ ၈၆၅ သန်း) ခန့်ရှိကြောင်း LinkedIn ရှိ သူ၏ profile တွင် ဖော်ပြထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service