အဂၤလန္ႏိုင္ငံတစ္ဝန္းရွိ အပန္းေျဖစခန္း ၁၀ ေနရာကို သင္၏ ေခြးကေလးႏွင့္အတူ ခရီးထြက္ကာ သံုးသပ္ခ်က္ reviews မ်ား ေရးသားေပးမည္ဆိုပါက ခရီးစရိတ္အားလံုး က်ခံေပးမည့္အျပင္ ေပါင္ ၃၀၀၀ (ျမန္မာေငြ ၅၆ သိန္းေက်ာ္) ရရွိမည္

အဂၤလန္ႏိုင္ငံတစ္ဝန္းရွိ အပန္းေျဖစခန္း ၁၀ ေနရာကို သင္၏ ေခြးကေလးႏွင့္အတူ ခရီးထြက္ကာ သံုးသပ္ခ်က္ reviews မ်ား ေရးသားေပးမည္ဆိုပါက ခရီးစရိတ္အားလံုး က်ခံေပးမည့္အျပင္ ေပါင္ ၃၀၀၀ (ျမန္မာေငြ ၅၆ သိန္းေက်ာ္) ရရွိမည္ - Property News in Myanmar from iMyanmarHouse.com
2 Oct 2019 11:33 am တွင် တင်ခဲ့သည်
1258 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မိမိတို႔၏ အိမ္ေမြးေခြးကေလးမ်ားႏွင့္အတူ ခရီးထြက္ရန္ စီစဥ္ဖူးသူတိုင္း ရင္ဆိုင္ရသည့္အခက္အခဲမ်ားကို ေခြးပိုင္ရွင္မ်ား သိၾကမည္ ျဖစ္သည္။ သို႔ရာတြင္ ယခုအခါ ခရီးသြားကုမၸဏီတစ္ခုက အဆိုပါအခက္အခဲမ်ားကို လြယ္ကူေအာင္ ေျဖရွင္းေပးလိုက္သည့္အျပင္ အဆိုပါ ခရီးစဥ္အတြက္ သင့္ကို ကုန္က်စရိတ္မ်ားပင္ ျပန္လည္ေပးအပ္မည္ဟု ဆိုသည္။

အားလပ္ရက္ အပန္းေျဖေနရာ ငွားရမ္းမႈမ်ား ျပဳလုပ္ေပးသည့္ ဝက္ဘ္ဆိုက္ျဖစ္ေသာ Snaptrip က ၎တို႔၏ အပန္းေျဖေနရာမ်ား ေၾကာ္ျငာေပးမည့္ ေခြး ၂ ေကာင္ ရွာေဖြလ်က္ရွိေနျပီး Furrfluencers ဟု အမည္ေပးထားသည္။

ျဗိတိန္ႏိုင္ငံတစ္ဝန္းရွိ အားလပ္ရက္အပန္းေျဖေနရာ ၁၀ ခုကို သံုးသပ္ခ်က္မ်ား ေရးသားေပးပါက သင္၏ေခြးကို ေပါင္ ၃၀၀၀ (ျမန္မာေငြ ၅၆ သိန္းေက်ာ္) ေပးအပ္သြားမည္ဟု ဆိုသည္။

အပန္းေျဖေနရာမ်ားမွာ ေတာအုပ္အတြင္းမွ သစ္လံုးအိမ္ကေလးမ်ားမွသည္ ပင္လယ္ကမ္းေျခစံအိမ္မ်ား၊ ေက်းလက္ေဒသရွိ စံအိမ္ၾကီးမ်ားအထိ ပါဝင္သည္။ အားလပ္ရက္တြင္ ေခြးကေလးမ်ား မည္သို႔အပန္းေျဖႏိုင္ၾကသည္ကို သံုးသပ္ေရးသားေပးရမည္ ျဖစ္သည္။

ေခြးမ်ားသည္ ၎တို႔၏ ထင္ျမင္ခ်က္မ်ားကို လူတို႔၏ ဘာသာစကားျဖင့္ တင္ျပႏိုင္ျခင္းမရွိရာ ၎တို႔၏ ခရီးစဥ္တြင္ ပိုင္ရွင္မ်ားကိုပါ ေခၚေဆာင္သြားရမည္ ျဖစ္သည္။ အပန္းေျဖစခန္းေနရာမ်ားကို ေခြးကေလးက အကဲျဖတ္ရန္အတြက္ ေခြးသခင္မ်ားက ကူညီေပးရမည္ျဖစ္သည္။

ေခြးမ်ား၏ ေပ်ာ္ရႊင္မႈ၊ အပန္းေျဖေနရာမ်ားတြင္ ေခြးမ်ား၏ လက္ေတြ႔ၾကံဳေတြ႔ရသည့္ အေျခအေန၊ ဝန္းက်င္လမ္းမ်ားသို႔ သြားေရာက္ႏိုင္မႈ အေျခအေန၊ အရက္ဆိုင္မ်ားႏွင့္ ပန္းဥယ်ာဥ္မ်ားတြင္ ေခြးမ်ားႏွင့္ သဟဇာတရွိမည့္ အေျခအေန အစရွိသည့္ အေျခအေန အရပ္ရပ္အေပၚ အကဲျဖတ္ရမည္ ျဖစ္သည္။

ေခြးသခင္မ်ားသည္ အပန္းေျဖအေဆာက္အအံုေနရာမ်ားသို႔ ၎တို႔၏ ေခြးမ်ား လွည့္လည္ၾကည့္ရႈေနသည့္ စတိုင္က်ေသာ ဓာတ္ပံုမ်ားလည္း ရိုက္ကူးထားရမည္ျဖစ္ကာ သံုးသပ္ခ်က္မ်ား ေရးသားျဖစ္ရမည္ျဖစ္ျပီး SnapTrip က ၎တို႔၏ ဝက္ဘ္ဆိုက္တြင္ လႊင့္တင္ေပးမည္ ျဖစ္သည္။

အကယ္၍ သင္သည္ သင့္ေခြးကေလးကို မၾကာခဏ လွ်ပ္တျပက္ဓာတ္ပံုမ်ား ရိုက္ကူးတတ္ေလ့ရွိသူဆိုပါက ယခုခရီးစဥ္မ်ားအတြက္ ဝင္ေရာက္ယွဥ္ျပိဳင္ေလွ်ာက္ထားသင့္ေလသည္။

SnapTrip ကုမၸဏီက သင္၏ ခရီးသြားစရိတ္အားလံုးကိုလည္း က်ခံေပးမည္ ျဖစ္သည္။

SnapTrip က ယခုအစီအစဥ္အတြက္ Furrfluencer အျဖစ္ ေခြး ၂ ေကာင္ ေရြးခ်ယ္သြားမည္ဟု ဆိုသည္။

ဝင္ေရာက္ယွဥ္ျပိဳင္မည့္ ေခြးကေလးမ်ားသည္ ခရီးသြားျခင္းကို ႏွစ္သက္တတ္သူမ်ား ျဖစ္ရမည္ျဖစ္ျပီး အသက္ ၆ လမွ ၃ ႏွစ္ၾကား၊ (သို႔မဟုတ္) ၄ ႏွစ္မွ ၁၀ ႏွစ္ၾကားရွိရမည္ျဖစ္သည့္အျပင္ က်န္းမာေရးေကာင္းမြန္သူမ်ားျဖစ္ရမည္ျဖစ္ကာ ကင္မရာေရွ႕တြင္ သက္ေတာင့္သက္သာ ေနတတ္သူမ်ားလည္း ျဖစ္ရမည္ဟု သတ္မွတ္ထားသည္။

ယွဥ္ျပိဳင္မည့္ ေခြးကေလးမ်ားသည္ ဓာတ္ပုံစားသူ (ဓာတ္ပံုထဲတြင္ ခ်စ္စရာေကာင္းသူ) မ်ား ျဖစ္ရမည္ဟုလည္း သတ္မွတ္ထားသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ http://tiny.cc/tvkpdz အင္တာနက္လင့္ခ္မွ google ေလွ်ာက္လႊာပံုစံတြင္ အခ်က္အလက္မ်ား ျဖည့္စြက္ကာ ေလွ်ာက္ထားႏိုင္ပါသည္။

အဆိုပါ ေလွ်ာက္လႊာတြင္ ျဖည့္စြက္ရမည့္ အခ်က္မ်ားမွာ အီးေမးလ္ လိပ္စာ၊ ေခြးအမည္၊ သခင္အမည္၊ ေခြး၏ အသက္အရြယ္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္တို႔အျပင္ အဘယ္ေၾကာင့္ SnapTrip ၏ Furrfluencer ေခြးအျဖစ္ ေရြးခ်ယ္ခံရသင့္ေၾကာင္းကို ေခြးကေလး၏ အမူအက်င့္၊ ၾကိဳက္ႏွစ္သက္တတ္မႈတို႔ႏွင့္အတူ အက်ဥ္းေရးသားျဖည့္သြင္း ေလွ်ာက္ထားရမည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မိမိတို့၏ အိမ်မွေးခွေးကလေးများနှင့်အတူ ခရီးထွက်ရန် စီစဉ်ဖူးသူတိုင်း ရင်ဆိုင်ရသည့်အခက်အခဲများကို ခွေးပိုင်ရှင်များ သိကြမည် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ခရီးသွားကုမ္ပဏီတစ်ခုက အဆိုပါအခက်အခဲများကို လွယ်ကူအောင် ဖြေရှင်းပေးလိုက်သည့်အပြင် အဆိုပါ ခရီးစဉ်အတွက် သင့်ကို ကုန်ကျစရိတ်များပင် ပြန်လည်ပေးအပ်မည်ဟု ဆိုသည်။

အားလပ်ရက် အပန်းဖြေနေရာ ငှားရမ်းမှုများ ပြုလုပ်ပေးသည့် ဝက်ဘ်ဆိုက်ဖြစ်သော Snaptrip က ၎င်းတို့၏ အပန်းဖြေနေရာများ ကြော်ငြာပေးမည့် ခွေး ၂ ကောင် ရှာဖွေလျက်ရှိနေပြီး Furrfluencers ဟု အမည်ပေးထားသည်။

ဗြိတိန်နိုင်ငံတစ်ဝန်းရှိ အားလပ်ရက်အပန်းဖြေနေရာ ၁၀ ခုကို သုံးသပ်ချက်များ ရေးသားပေးပါက သင်၏ခွေးကို ပေါင် ၃၀၀၀ (မြန်မာငွေ ၅၆ သိန်းကျော်) ပေးအပ်သွားမည်ဟု ဆိုသည်။

အပန်းဖြေနေရာများမှာ တောအုပ်အတွင်းမှ သစ်လုံးအိမ်ကလေးများမှသည် ပင်လယ်ကမ်းခြေစံအိမ်များ၊ ကျေးလက်ဒေသရှိ စံအိမ်ကြီးများအထိ ပါဝင်သည်။ အားလပ်ရက်တွင် ခွေးကလေးများ မည်သို့အပန်းဖြေနိုင်ကြသည်ကို သုံးသပ်ရေးသားပေးရမည် ဖြစ်သည်။

ခွေးများသည် ၎င်းတို့၏ ထင်မြင်ချက်များကို လူတို့၏ ဘာသာစကားဖြင့် တင်ပြနိုင်ခြင်းမရှိရာ ၎င်းတို့၏ ခရီးစဉ်တွင် ပိုင်ရှင်များကိုပါ ခေါ်ဆောင်သွားရမည် ဖြစ်သည်။ အပန်းဖြေစခန်းနေရာများကို ခွေးကလေးက အကဲဖြတ်ရန်အတွက် ခွေးသခင်များက ကူညီပေးရမည်ဖြစ်သည်။

ခွေးများ၏ ပျော်ရွှင်မှု၊ အပန်းဖြေနေရာများတွင် ခွေးများ၏ လက်တွေ့ကြုံတွေ့ရသည့် အခြေအနေ၊ ဝန်းကျင်လမ်းများသို့ သွားရောက်နိုင်မှု အခြေအနေ၊ အရက်ဆိုင်များနှင့် ပန်းဥယျာဉ်များတွင် ခွေးများနှင့် သဟဇာတရှိမည့် အခြေအနေ အစရှိသည့် အခြေအနေ အရပ်ရပ်အပေါ် အကဲဖြတ်ရမည် ဖြစ်သည်။

ခွေးသခင်များသည် အပန်းဖြေအဆောက်အအုံနေရာများသို့ ၎င်းတို့၏ ခွေးများ လှည့်လည်ကြည့်ရှုနေသည့် စတိုင်ကျသော ဓာတ်ပုံများလည်း ရိုက်ကူးထားရမည်ဖြစ်ကာ သုံးသပ်ချက်များ ရေးသားဖြစ်ရမည်ဖြစ်ပြီး SnapTrip က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးမည် ဖြစ်သည်။

အကယ်၍ သင်သည် သင့်ခွေးကလေးကို မကြာခဏ လျှပ်တပြက်ဓာတ်ပုံများ ရိုက်ကူးတတ်လေ့ရှိသူဆိုပါက ယခုခရီးစဉ်များအတွက် ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားသင့်လေသည်။

SnapTrip ကုမ္ပဏီက သင်၏ ခရီးသွားစရိတ်အားလုံးကိုလည်း ကျခံပေးမည် ဖြစ်သည်။

SnapTrip က ယခုအစီအစဉ်အတွက် Furrfluencer အဖြစ် ခွေး ၂ ကောင် ရွေးချယ်သွားမည်ဟု ဆိုသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ခွေးကလေးများသည် ခရီးသွားခြင်းကို နှစ်သက်တတ်သူများ ဖြစ်ရမည်ဖြစ်ပြီး အသက် ၆ လမှ ၃ နှစ်ကြား၊ (သို့မဟုတ်) ၄ နှစ်မှ ၁၀ နှစ်ကြားရှိရမည်ဖြစ်သည့်အပြင် ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်ဖြစ်ကာ ကင်မရာရှေ့တွင် သက်တောင့်သက်သာ နေတတ်သူများလည်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ယှဉ်ပြိုင်မည့် ခွေးကလေးများသည် ဓာတ်ပုံစားသူ (ဓာတ်ပုံထဲတွင် ချစ်စရာကောင်းသူ) များ ဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

လျှောက်ထားလိုသူများအနေဖြင့် http://tiny.cc/tvkpdz အင်တာနက်လင့်ခ်မှ google လျှောက်လွှာပုံစံတွင် အချက်အလက်များ ဖြည့်စွက်ကာ လျှောက်ထားနိုင်ပါသည်။

အဆိုပါ လျှောက်လွှာတွင် ဖြည့်စွက်ရမည့် အချက်များမှာ အီးမေးလ် လိပ်စာ၊ ခွေးအမည်၊ သခင်အမည်၊ ခွေး၏ အသက်အရွယ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့အပြင် အဘယ်ကြောင့် SnapTrip ၏ Furrfluencer ခွေးအဖြစ် ရွေးချယ်ခံရသင့်ကြောင်းကို ခွေးကလေး၏ အမူအကျင့်၊ ကြိုက်နှစ်သက်တတ်မှုတို့နှင့်အတူ အကျဉ်းရေးသားဖြည့်သွင်း လျှောက်ထားရမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service