လှည်းကူးနှင့်ထန်းတပင်စက်မှုဇုန်စီမံကိန်းများသာ လွှတ်တော်ကအတည်ပြုခဲ့ပြီး ရန်ကုန်တိုင်းရှိ ကျန်စီမံကိန်းများ မှတ်တမ်းအဖြစ်သာထားရန် အကြံပြု

လှည်းကူးနှင့်ထန်းတပင်စက်မှုဇုန်စီမံကိန်းများသာ လွှတ်တော်ကအတည်ပြုခဲ့ပြီး ရန်ကုန်တိုင်းရှိ ကျန်စီမံကိန်းများ မှတ်တမ်းအဖြစ်သာထားရန် အကြံပြု - Property News in Myanmar from iMyanmarHouse.com
30 Sep 2019 10:32 am တွင် တင်ခဲ့သည်
5722 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###








 

### Unicode Version ###

စက်တင်ဘာ ၂၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊သတ္တမနေ့ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းအတွင်းဖော်ဆောင်မည့် စီမံကိန်း ၁၄၉ ခုမှ လှည်းကူးမြို့နယ်နှင့်ထန်းတပင် မြို့နယ်အတွင်းဆောင်ရွက်မည့် စက်မှုဇုန်စီမံကိန်းနှစ်ခုသာ လွှတ်တော်ကအတည်ပြုခဲ့ပြီး အသေးစိတ်အချက် အလက်မသိရှိရသေးသည့် ကျန်စီမံကိန်းများကိုမှတ်တမ်းအဖြစ်သာထားရှိရန် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ ဆွေးနွေးချက် အစီရင်ခံစာအား ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ဖတ်ကြားရာ၌ ထည့်သွင်း အကြံပြုသွားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသ၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း အခန်း ၃ တွင် ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းကြီးများသည် ဖြစ်မြောက်နိုင်စွမ်း ရှိမရှိ၊ စီးပွားရေး တွက်ခြေကိုက်မှု ရှိမရှိ၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုမပြုနဲ့ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ စသည့်အချက်များကို စီမံကိန်းတစ်ခုချင်းအလိုက်သက် ဆိုင်ရာဌာနက ဆောင်ရွက်ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ ဆန်းစစ်တွေ့ရှိချက်တွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ စီမံကိန်းတစ်ခုချင်းအလိုက် အသေးစိတ် ပြန်လည်တင်ပြသင့်ပါတယ်။အခန်း ၃ ပါ စီမံကိန်းများ ကို မှတ်တမ်းအဖြစ်သာထားရှိသင့်ပြီးတော့ စီမံကိန်းများအပေါ် ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ နဲ့လျော်ညီစွာ ဆက်လက်ဆောင်ရွက်သင့်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ထို့အပြင် ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲ ၃ တွင် ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် စီမံကိန်းပေါင်း ၈၂ ခုနှင့် လုပ်ငန်းကော်မတီ ခုနစ်ခုမှ လျာထားခဲ့သည့် စီမံကိန်းလုပ်ငန်း ခြောက်ခု ဖော်ပြထားပြီး လုပ်ငန်းအမျိုး အစား စီမံကိန်း စုစုပေါင်း ၁၄၉ ခုရှိကြောင်း၊စီမံကိန်းပေါင်း ၈၂ ခုအနက်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ကာလအတွင်း အကောင်အထည်ဖော် စတင်ဆောင်ရွက်နိုင်မည့် ဖြစ်နိုင်ခြေရှိသော စီမံကိန်းများသည် ဒလမြို့ နယ်ရှိ မြေဧ က ၁၄၅ ပေါ်တွင် ဆောင်ရွက်မည့် Dala City Centre Development စီမံကိန်း၊ မင်္ဂလာဒုံမြို့နယ်၊ အ မှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ မြေဧက ၆၄၂ ပေါ်တွင် ဆောင်ရွက်မည့် ကျပ် ၁၉၁ ဒသမ ၂၉၆ ဘီလီယံ လျာထားသည့် စမ်းကြီးဝ ပို့ဆောင်ရေး ဗဟိုစီမံကိန်း၊ ရန်ကုန်မြို့အနောက်ဘက်ခြမ်း မြေဧက ၂၂၂၄၀ ပေါ်တွင် ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ လျာထားသည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒဂုံမြို့ သစ်အရှေ့ပိုင်းမြေဧ က ၉၄၀၅ ပေါ်တွင် ဆောင်ရွက်မည့် ခေတ်မီစက်မှုဇုန်နှင့် အထောက်အကူပြု အိမ်ရာစီမံကိန်း၊ ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့နယ်ကြားရှိ မြေဧက ၁၀၅၃ ပေါ်တွင် ဆောင်ရွက်မည့် ရန်ကုန်အပြည်ပြည်ဆိုင် ရာ ဘက်စုံသုံးဆိပ်ကမ်း စီမံကိန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြေဧက ၁၈၃ ပေါ်တွင် ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၃ သန်းလျာထားသည့် နိုင်ငံဝန်ထမ်းအတွက်အငှားနှင့် အရောင်းအိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်အနီး မြေဧက ၂၄၄ ပေါ်တွင် ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိ ကန်ဒေါ်လာ ၉၅ သန်း လျာထားသည့် ငွေပင်လယ်ကုန်းတွင်း ဆိပ်ကမ်းစီမံကိန်းတို့ဖြစ်ကြောင်း၊လှည်းကူးမြို့နယ် မြေဧက ၁၄၅၃ ပေါ်တွင် ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလီယံလျာထားသည့် Eco Green City စီမံကိန်း၊ ဝေဇယန္တာလမ်းအတိုင်း မြောက်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တောင်ပိုင်းရှိ သီလဝါ စက်မှုဇုန်သို့ ချိတ်ဆက်ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈၇၃ သန်းလျာထားသည့် ရန်ကုန်အတွင်းပတ်လမ်း မိုးပျံနှစ်ထပ် အမြန်လမ်းမကြီး စီမံကိန်း၊ မြန်မာ့မီးရထားမှ ဆောင်ရွက်မည့် ကြည့်မြင်တိုင်ဘူတာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ လှည်းကူးမြို့နယ် မြေဧက ၁ဝဝဝပေါ်တွင် ဆောင်ရွက်မည့် စက်မှုဇုန်စီမံကိန်း၊ ထန်းတပင်မြို့နယ် မြေဧက ၁၆၀၀ ပေါ်တွင် ဆောင်ရွက်မည့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ လျာ ထားသည့် စက်မှုဇုန်စီမံကိန်း၊ အိမ်ရာစီမံကိန်းများနှင့် ဈေးစီမံကိန်းများဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောထားသည်။

စီမံကိန်းများသည်နာမည်သာရှိ၍ ဆောင်ရွက်မည့်သူ၊ဘဏ္ဍာငွေအရင်းအမြစ်ရရှိမှုနှင့်စီမံ ကိန်းခန့်မှန်း ကုန်ကျငွေ စသည်များပါမလာကြောင်း၊အချို့စီမံကိန်းများသည် ၂၀၁၈ တွင်စပြီး ၂၀၂၁ မှာပြီးမည်ဟုတွက်ထား သော်လည်း ဘာသတင်းမှအတိအကျမရကြောင်း ၎င်းကပြောဆိုထားသည်။

လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service