ကမ္ဘာကျော် Rockstar အားဖြည့်အချိုရည် ထုတ်လုပ်သူ သူဌေးကြီး ရပ်ဆဲလ် ဝီနာက ဖလော်ရီဒါရှိ နေအိမ်များကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းဈေးကွက်တင်
ကမ္ဘာကျော် Rockstar အားဖြည့်အချိုရည် ထုတ်လုပ်သူ သူဌေးကြီး ရပ်ဆဲလ် ဝီနာက ဖလော်ရီဒါရှိ နေအိမ်များကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
27 Sep 2019 11:34 am တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
Rockstar အားဖြည့်အချိုရည်ကို အမေရိကန်သူဌေးကြီး ရပ်ဆဲလ် ဝီနာက ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ROCKST★R ဟု စာလုံးဒီဇိုင်းဖြင့် ရေးသားဖော်ပြသည်။
၂၀၀၉ ခုနှစ်တွင် အမေရိကန် အားဖြည့်အချိုရည်ဈေးကွက်၏ ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်း ရရှိထားခဲ့သည်။
နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်မြို့တွင် အခြေစိုက်ထုတ်လုပ်ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ အချက်အလက်များအရ Rockstar အားဖြည့်အချိုရည်ကို အရသာပေါင်း ၂၀ ကျော်ဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။
Rockstar ထုတ်လုပ်သူ သူဌေးကြီး ရပ်ဆဲလ် ဝီနာသည် ဖော့ဘ်မဂ္ဂဇင်းကြီးက ထုတ်ပြန်ခဲ့သော ၂၀၁၆ ခုနှစ် အချမ်းသာဆုံး အမေရိကန် သူဌေးကြီး ၅၀၀ စာရင်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဖြင့် ထည့်သွင်းဖော်ပြခံရပြီး ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင်မူ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံခန့် ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။
ယခုအခါ သူဌေးကြီး ရပ်ဆဲလ် ဝီနာက ဖလော်ရီဒါရှိ နေအိမ်များကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။
ရပ်ဆဲလ်ဝီနာသည် မီယာမီကမ်းခြေနှင့် ဒဲလ်ရေးကမ်းခြေတို့ရှိ စံအိမ် ၂ လုံးကို ကန်ဒေါ်လာ ၃၅ သန်းစီဖြင့် ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။
ယခုစံအိမ်များမှာ မစ္စတာဝီနာ စုဆောင်းဝယ်ယူထားသော စံအိမ်များအနက် ၂ လုံး ဖြစ်သည်။
အသက် ၄၉ နှစ်သာရှိသေးသော မစ္စတာ ဝီနာသည် အချိုရည်ကုမ္ပဏီ အောင်မြင်မှုရရှိပြီးနောက် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဖလော်ရီဒါနှင့် ကယ်လီဖိုးနီးယားပြည်နယ်များရှိ အိမ်ခြံမြေလောကတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
မစ္စတာ ဝီနာက မီယာမီကမ်းခြေရှိ စံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀ ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မြေအကျယ် တစ်ဧကကျော် ကျယ်ဝန်းပြီး Biscayne Bay မျက်နှာစာတွင် ကိုယ်ပိုင်သီးသန့်ဆိပ်ကမ်းတစ်ခု ပိုင်ဆိုင်ထားသည်။
စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ ကျော်ရှိပြီး အိပ်ခန်း ၆ ခန်း၊ ဝိုင်သိုလှောင်ခန်း၊ အမိုးပေါ် လသာဆောင်၊ ရေကူးကန်နှင့် ရေစိမ်ကန်တို့ ပါဝင်သည်။
ဆိပ်ကမ်းမှာ အလျား ပေ ၁၅၀ နှင့်အထက်ရှိသော ရွက်လှေတစ်စင်း ဆိုက်ကမ်နိုင်ပြီး လှေနှင့် jet ski များ ထားရှိသည့် lifts များလည်း ပါဝင်သည်။
ဈေးကွက်တင်သွင်းပေးသည့် Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင်ဘရက်ထ် ဟာရစ်က ပြောကြားရာတွင် မစ္စတာ ဝီနာသည် ယခုစံအိမ်ကြီးတွင် ပြုပြင်မွမ်းမံမှုများ အကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း၊ အသံစနစ်အသစ်များ၊ ခြံဝန်းအတွင်း မီးများထည့်သွင်းခြင်း အပါအဝင် ဆိပ်ခံကို အဆင့်မြှင့်တင်ခြင်းများ ပါဝင်သည်ဟု ဆိုသည်။
ဈေးကွက်တင်လာသည့် ဒုတိယမြောက်နေအိမ်မှာ ဒဲလ်ရေးကမ်းခြေ၏ မြောက်ဘက် တစ်နာရီခရီးခန့် ဝေးကွာသည့် ကမ်းခြေနေရာတွင် တည်ရှိသည်။
အဆိုပါနေအိမ်တွင် တင်းနစ်ကွင်း၊ ကား ၁၂ စင်းဆန့် ကားဂိုဒေါင်၊ ရေလွှာလျှောထည့်သွင်းပေးထားသည့် ရေကူးကန်နှင့် spa တို့ ပါဝင်ကြောင်း Corcoran Group မှ အကျိုးဆောင် ကန်ဒေ့စ် ဖရစ်က ပြောကြားသည်။
အဆိုပါစံအိမ်တွင် အိပ်ခန်း ၆ ခန်း ပါဝင်ပြီး မစ္စတာ ဝီနာက ၂၀၀၉ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service