ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ဒလၿမိဳ႕ သစ္စီမံကိန္းကို ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရးဒလတံတားၿပီးမွဆိုလွ်င္ အရမ္းေနာက္က်ေနမွာ ျဖစ္ေၾကာင္း ဒလေဒသဖြံ႔ၿဖိဳးတိုးတက္ေရး အလုပ္ရုံေဆြးေႏြးပြဲတြင္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏုိင္ငံ သံအမတ္ႀကီး H.E Mr. Lee Sang Hwa ကေျပာထားသည္။
စက္တင္ဘာ ၂၅ ရက္က တိုင္းေဒႀကီးအစိုးရ အဖြဲ႔ရုံး၊ မဂၤလာခန္းမ၌ ျပဳလုပ္ေသာ ျပည္ေထာင္စုေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႔ႏွင့္ Korea Land and Housing Corporation (LH) တို႔ ပူးေပါင္းေဆာင္ရြက္ေသာ ဒလေဒသဖြံ႔ၿဖိဳးတိုးတက္ေရး အလုပ္ရုံေဆြးေႏြးပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းသည္ တက္ေရာက္ခဲ့သည္။
ဝန္ႀကီးခ်ဳပ္က အဆိုပါေဆြးေႏြးပြဲတြင္ ရန္ကုန္ၿမိဳ့ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ အေရးႀကီးသည့္ အလုပ္႐ုံေဆြးေႏြးပြဲတစ္ခု ျဖစ္ေၾကာင္း၊ မိမိတို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေနျဖင့္ ရန္ကုန္ၿမိဳ့ျပဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ရန္ကုန္ျမစ္၏ အေနာက္ဘက္ကမ္း ဖြံ႕ျဖိဳးတိုးတက္ေရးကို ဦးတည္ေဆာက္႐ြက္ေနတာ ျဖစ္ေၾကာင္း၊ ယခု ျပင္ဆင္ေနေသာ ရန္ကုန္ျမစ္၏ အေနာက္ဘက္ကမ္း ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရး ဒလတံတားသည္ ဒလၿမိဳ႕နယ္၏ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ အေရးႀကီးသလို ရန္ကုန္ၿမိဳ႕လယ္ေခါင္ဧရိယာ၏ အနီးစပ္ဆုံးဧရိယာတြင္တည္ ရွိေနေသာ ၿမိဳ႕သစ္တစ္ခုအျဖစ္ ဆက္လက္တည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္း၊ဒလၿမိဳ႕နယ္မွ ဧရာဝတီတိုင္းဘက္သို႔ ထြက္ခြာသြားႏိုင္သည့္ အေဝးေျပးကားဝင္းတစ္ခုကို တည္ေဆာက္ရန္ေမွ်ာ္လင့္ထားေၾကာင္း၊ဒလဘက္ျခမ္းတြင္ အေဝးေျပးကားဝင္းတစ္ခု တည္ေဆာက္ႏိုင္ၿပီဆိုပါက ရန္ကုန္ၿမိဳ႕ထဲမွ ဧရာဝတီတိုင္းကို လြယ္ကူစြာထြက္ခြာႏိုင္သည့္ ကားဝင္းတစ္ခု ေပၚထြန္းလာမွာျဖစ္ေၾကာင္း၊ ဒလဘက္တြင္ ေရအခက္အခဲရွိသည့္အတြက္ တြံ႔ေတးတူးေျမာင္း၏ (၂၂) မိုင္ ထိပ္မွ ေရျဖန႔္ခ်ိေရး စီမံကိန္းတစ္ခုကို ေဆာင္႐ြက္ရန္ တိုင္းေဒသႀကီး အစိုး ရအဖြဲ႔က ျပင္ဆင္ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါေဆြးေႏြးပြဲတြင္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏုိင္ငံ သံအမတ္ႀကီး H.E Mr. Lee Sang Hwa က ခ်စ္ၾကည္ေရးတံတားႀကီး တည္ေဆာက္ၿပီးစီးသည့္ အခ်ိန္မွ ဒလၿမိဳ႕သစ္စီမံကိန္းကို စတင္မည္ဆိုလွ်င္ အရမ္းေနာက္က်ေနၿပီဟု မိမိထပ္တူထပ္မွ်ခံစားရေၾကာင္း၊ ဒါေၾကာင့္ အခုခ်ိန္ကစၿပီးဒလၿမိဳ႕သစ္စီမံကိန္းအတြက္ ႀကိဳး ပမ္းေဆာင္ရြက္သြားရမွာျဖစ္ပါေၾကာင္းေျပာၾကားထားသည္။
ထို႔အျပင္ ကိုရီးယားသမၼတ မြန္ေဂ်အင္း၏ စက္တင္ဘာ ၅ ရက္ေန႔မွ ၉ ရက္ေန႔အထိ ခ်စ္ၾကည္ေရးခရီးစဥ္တြင္ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲမ်ားသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးျမင့္ရာမွာ သမိုင္းဝင္သည့္ မ႑ိဳင္တစ္ခုျဖစ္ေၾကာင္း၊ ယခုရန္ကုန္မွာေဆြးေႏြးသည့္ ကိုရီးယား- ျမန္မာႏွစ္ႏိုင္ငံစီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ စီမံကိန္းမ်ား ေအာင္ျမင္လာဖိုု႔ အတြက္ကိုလည္း ေမွ်ာ္လင့္ပါေၾကာင္း ကိုရီးယားသံအမတ္ၾကီးကေျပာၾကားခဲ့သည္။
ဒလေဒသဖြံ႔ၿဖိဳးတိုးတက္ေရး အလုပ္ရုံေဆြးေႏြးပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏုိင္ငံ သံအမတ္ႀကီး H.E Mr. Lee Sang Hwa၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ ရခိုင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ တိုင္းေဒသႀကီးဥပေဒခ်ဳပ္ ေဒၚခင္မ်ိဳးၾကည္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ အတြင္းေရးမွဴး ဦးမ်ိဳးေအာင္ေဌးႏွင့္ ကိုးရီးယားႏိုင္ငံ ကုမၸဏီမ်ားမွ တာ၀န္ရွိသူမ်ား၊ ေဆာက္လုပ္ေရး၀န္ၾကီးဌာန မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႔မွသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဒလမြို့ သစ်စီမံကိန်းကို ကိုရီးယား-မြန်မာချစ်ကြည်ရေးဒလတံတားပြီးမှဆိုလျှင် အရမ်းနောက်ကျနေမှာ ဖြစ်ကြောင်း ဒလဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa ကပြောထားသည်။
စက်တင်ဘာ ၂၅ ရက်က တိုင်းဒေကြီးအစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သော ပြည်ထောင်စုဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation (LH) တို့ ပူးပေါင်းဆောင်ရွက်သော ဒလဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ်က အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောက်ရွက်နေတာ ဖြစ်ကြောင်း၊ ယခု ပြင်ဆင်နေသော ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်း ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားသည် ဒလမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသလို ရန်ကုန်မြို့လယ်ခေါင်ဧရိယာ၏ အနီးစပ်ဆုံးဧရိယာတွင်တည် ရှိနေသော မြို့သစ်တစ်ခုအဖြစ် ဆက်လက်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း၊ဒလမြို့နယ်မှ ဧရာဝတီတိုင်းဘက်သို့ ထွက်ခွာသွားနိုင်သည့် အဝေးပြေးကားဝင်းတစ်ခုကို တည်ဆောက်ရန်မျှော်လင့်ထားကြောင်း၊ဒလဘက်ခြမ်းတွင် အဝေးပြေးကားဝင်းတစ်ခု တည်ဆောက်နိုင်ပြီဆိုပါက ရန်ကုန်မြို့ထဲမှ ဧရာဝတီတိုင်းကို လွယ်ကူစွာထွက်ခွာနိုင်သည့် ကားဝင်းတစ်ခု ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ ဒလဘက်တွင် ရေအခက်အခဲရှိသည့်အတွက် တွံ့တေးတူးမြောင်း၏ (၂၂) မိုင် ထိပ်မှ ရေဖြန့်ချိရေး စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုး ရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa က ချစ်ကြည်ရေးတံတားကြီး တည်ဆောက်ပြီးစီးသည့် အချိန်မှ ဒလမြို့သစ်စီမံကိန်းကို စတင်မည်ဆိုလျှင် အရမ်းနောက်ကျနေပြီဟု မိမိထပ်တူထပ်မျှခံစားရကြောင်း၊ ဒါကြောင့် အခုချိန်ကစပြီးဒလမြို့သစ်စီမံကိန်းအတွက် ကြိုး ပမ်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းပြောကြားထားသည်။
ထို့အပြင် ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ စက်တင်ဘာ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ်တွင် နေပြည်တော်နှင့် ရန်ကုန်မြို့မှာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရာမှာ သမိုင်းဝင်သည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ယခုရန်ကုန်မှာဆွေးနွေးသည့် ကိုရီးယား- မြန်မာနှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အောင်မြင်လာဖို့ အတွက်ကိုလည်း မျှော်လင့်ပါကြောင်း ကိုရီးယားသံအမတ်ကြီးကပြောကြားခဲ့သည်။
ဒလဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang Hwa၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ကိုးရီးယားနိုင်ငံ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com