စင်္ကာပူတွင် ဗီလာသီးသန့်ပထမဆုံးဟိုတယ်ကို ဆန်တိုဆာကျွန်း၌ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည်
စင်္ကာပူတွင် ဗီလာသီးသန့်ပထမဆုံးဟိုတယ်ကို ဆန်တိုဆာကျွန်း၌ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
26 Sep 2019 11:53 am တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူတွင် Raffles Hotel ကို Beach လမ်း၌ ၁၈၈၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြို့အရွယ်အစားရှိ ၎င်းနိုင်ငံတွင် ဒုတိယမြောက် Raffles Hotel ကို ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းဟိုတယ်၏ပိုင်ရှင် Accor Group က အိမ်ခြံမြေဆောက်လုပ်ရောင်းချရေး Royal Group နှင့်ပူးပေါင်း၍ ဆန်တိုဆာကျွန်းပေါ်တွင် Raffles Sentosa Resort & Spa Singapore ကို ဆောက်လုပ်မည်ဖြစ်ကြောင်း ဇွန် ၂၅ တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ဗီလာအိမ်ချည်း ပါဝင်မည့် ၎င်းအပန်းဖြေစခန်းတွင် တစ်လုံးစီတွင် ရေကူးကန်တစ်ကန်စီ ပါဝင်မည့် ဗီလာ ၆၁ လုံး ပါဝင်မည်ဖြစ်သည်။ အပန်းဖြေစခန်းသည် ဘောလုံးကွင်း ၁၇ ကွင်းခန့်နှင့်ညီမျှသော စတုရန်းပေ ၁ သန်း ကျယ်ဝန်းသည်။ SO Sofitel Singapore နှင့် Sofitel Singapore Sentosa Resort & Spa တို့၏ ပိုင်ရှင်လည်း ဖြစ်သည့် Royal Group က ထို Raffles အပန်းဖြေစခန်းသစ်ကို ဆန်တိုဆာကျွန်းပေါ်ရှိ လက်ရှိ Sofitel နှင့် ကပ်လျက်မြေပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။
၎င်းအပန်းဖြေစခန်းသည် စင်္ကာပူတွင် ဗီလာများသာပါဝင်သည့် ပထမဆုံးဟိုတယ်ဖြစ်လာမည်ဖြစ်ကြောင်း Royal Group ၏ managing director ပီတာဝီလ်ဒင်က ပြောကြားခဲ့သည်။
Four Seasons Toronto ၊ Four Seasons New York နှင့် St Regis Mexico City ဟိုတယ်များအပါအဝင် ဇိမ်ခံဟိုတယ်များအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့သည့် Yabu Pushelberg ဒီဇိုင်းစတူဒီယိုမှ ဥယျာဉ်ခင်းကျင်းမှု၊ ရှုခင်းပြုပြင်မှု၊ မီးများနှင့် အခန်းတွင်းအပြင်အဆင်အပါအဝင် ယင်းအပန်းဖြေစခန်းအတွက် ဒီဇိုင်းရေးဆွဲပေးမည်ဖြစ်သည်။ Yabu Pushelberg ဒီဇိုင်းစတူဒီယိုကို ကနေဒါဒီဇိုင်နာ George Yabu နှင့် Glenn Pushelberg တို့က တည်ထောင်ထားခြင်းဖြစ်သည်။
ဗီလာများသည် စတုရန်းပေ ၂,၈၀၀ ခန့်မှ ၄,၈၀၀ အကြား ကျယ်ဝန်းမည်ဖြစ်ကာ အိပ်ခန်းတစ်ခန်းမှ လေးခန်းအထိ ပါဝင်မည်ဖြစ်သည်။ ဗီလာတစ်လုံးစီတွင် ကန်နံဘေးထားရှိသော ကုတင်တစ်လုံးပါဝင်သည့် ရေကူးကန်နှင့် ကိုယ်ပိုင်ဝင်းတို့ ရှိမည်ဖြစ်သည်။
ဗီလာများတွင် တည်းခိုခဈေးနှုန်းများကို မသတ်မှတ်ရသေးပေ။ Raffles Hotel ရှိ suite တစ်ခန်းတွင် တစ်ညတာ တည်းခိုခမှာ ဒေါ်လာ ၁,၃၀၀ မှ ၁၂,၀၀၀ အကြား နှုန်းထားရှိသည်။
အပန်းဖြေစခန်းတွင် ဟိုတယ် facility များအနေဖြင့် ဘားတစ်ခု၊ စားသောက်ဆိုင်များ၊ fitness centre တစ်ခု ၊ ပွဲခန်းမတစ်ခုနှင့် အစည်းအဝေးခန်းမနှစ်ခုတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service