အမေရိကန်ပြည်ထောင်စု၏ အကြီးမြတ်ဆုံး ဗိသုကာပညာရှင်ဟု သတ်မှတ်ခံထားရသော ဖရန့် လွိုက်ဒ် ရိုက်ထ် နောက်ဆုံး ဒီဇိုင်းရေးဆွဲပေးသွားသည့် စံအိမ်ကြီးကို အောက်တိုဘာလ ၁၆ ရက်တွင် လေလံတင်ရောင်းချမည်
အမေရိကန်ပြည်ထောင်စု၏ အကြီးမြတ်ဆုံး ဗိသုကာပညာရှင်ဟု သတ်မှတ်ခံထားရသော ဖရန့် လွိုက်ဒ် ရိုက်ထ် နောက်ဆုံး ဒီဇိုင်းရေးဆွဲပေးသွားသည့် စံအိမ်ကြီးကို အောက်တိုဘာလ ၁၆ ရက်တွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Sep 2019 11:08 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဖရန့် လွိုက်ဒ် ရိုက်ထ်သည် အမေရိကန် ဗိသုကာပညာရှင်၊ အိမ်တွင်း ဒီဇိုင်နာ၊ စာရေးဆရာ၊ ဗိသုကာပညာပို့ချသူတစ်ဦးဖြစ်ပြီး ၁၈၆၇ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် မွေးဖွားကာ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ကွယ်လွန်သည်။
သူ၏ ဘဝတစ်လျှောက် အဆောက်အအုံပေါင်း ၁၀၀၀ ကျော် ဒီဇိုင်းရေးဆွဲပေးခဲ့ကာ ယင်းအနက် ၅၃၂ လုံးမှာ ဆောက်လုပ်ပြီးစီးခဲ့သည်။
မစ္စတာရိုက်ထ်သည် ရုံးခန်းအဆောက်အအုံများ၊ ဘုရားကျောင်းများ၊ မိုးမျှော်တိုက်ကြီးများ၊ ဟိုတယ်များ၊ ပြတိုက်များ အပါအဝင် အခြား အဆောက်အအုံများစွာ ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
မစ္စတာ ရိုက်ထ်သည် စာအုပ်ပေါင်း ၂၀ နှင့် ဆောင်းပါးပေါင်း များစွာလည်းရေးသားခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင် နာမည်ကျော် lecturer တစ်ဦးဖြစ်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် အမေရိကန်ဗိသုကာအသင်းကြီးက ဖရန့် လွိုက်ဒ် ရိုက်ထ်ကို “သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ဗိသုကာပညာရှင်ကြီး” အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် သူ၏ လက်ရာအချို့ကို “ဖရန့် လွိုက်ဒ် ရိုက်ထ်၏ ၂၀ ရာစု ဗိသုကာလက်ရာ”ဟူ၍ ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ဖရန့် လွိုက်ဒ် ရိုက်ထ် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သော်လည်း သူ၏ ဗိသုကာအမွေအနှစ်များမှာမူ ရှင်သန်နေဆဲ ဖြစ်သည်။
အရီဇိုးနားပြည်နယ်၏ မြို့တော်ဖြစ်သော ဖီးနစ်မြို့မှ Circular Sun House ဟူသောစံအိမ်သည် မစ္စတာရိုက်ထ် နောက်ဆုံး ဒီဇိုင်းရေးဆွဲ ပေးသွားသော စံအိမ်ကြီး ဖြစ်သည်။
ယခုအခါ အဆိုပါစံအိမ်ကြီးကို Heritage Auctions လေလံအဖွဲ့က လာမည့် အောက်တိုဘာလ ၁၆ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
ဝန်းကျင် တောင်တန်းများ၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားပြီး အကျယ်အဝန်း ၃၀၉၅ စတုရန်းပေ ကျယ်ဝန်းသည့် စံအိမ်ကို Norman Lykes House ဟုလည်း လူသိများကာ အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။
၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မစ္စတာ ရိုက်ထ်၏ တပည့်ဖြစ်သူ ဂျွန် ရက်တန်ဘူရီက ၁၉၉၄ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။
စိတ်အာရုံကို ဖမ်းစားနိုင်သည့် ဧည့်ခန်းဆောင် မီးလင်းဖိုမှသည် နံရံမြှုပ် ကုန်လှောင်နေရာ အစရှိသည်တို့အပါအဝင် ရိုက်ထ်၏ အထိမ်းအမှတ် ဒီဇိုင်းလက်ရာများစွာကို တွေ့ရမည် ဖြစ်သည်။
စံအိမ်အကျယ်အဝန်းမှာ ၃၀၉၅ စတုရန်းပေရှိပြီး ခြံအကျယ်မှာ ၁ ဒသမ ၃ ဧက ရှိသည်။
စက်ဝန်းကွေးသဏ္ဍာန်ဆောက်လုပ်ထားသော ဧည့်ခန်းမှတဆင့် မြို့၏ သာယာလှပသော ရှုမျှော်ခင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။
စံအိမ်တွင်းရှိ ရုံးခန်းမှာ ဖိလစ်ပိုင်ထွက် မဟော်ဂနီသားများဖြင့် ပြုလုပ်ထားသော အသေတပ်ဆင် ထည့်သွင်းပေးထားသည့် ပရိဘောဂ များ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service