G.I. Joe: The Rise of Cobra ဇာတ္ကားျဖင့္ လူသိမ်ားခဲ့ေသာ ရုပ္ရွင္မင္းသမီး ဆီယန္နာ ေမလာ အပန္းေျဖခဲ့သည့္ နယူးေယာက္ျမိဳ႕ ကမ္းေျခစံအိမ္ၾကီးတစ္လံုး အေရာင္းေစ်းကြက္ဝင္လာ

G.I. Joe: The Rise of Cobra ဇာတ္ကားျဖင့္ လူသိမ်ားခဲ့ေသာ ရုပ္ရွင္မင္းသမီး ဆီယန္နာ ေမလာ အပန္းေျဖခဲ့သည့္ နယူးေယာက္ျမိဳ႕ ကမ္းေျခစံအိမ္ၾကီးတစ္လံုး အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
26 Sep 2019 10:51 am တွင် တင်ခဲ့သည်
1075 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဆီယန္နာ ေမလာသည္ ျဗိတိသွ်- အေမရိကန္ ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး အမည္ရင္းမွာ ဆီယန္နာ ရို႕စ္ ဒိုင္ယာနာ ေမလာျဖစ္ကာ ၁၉၈၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ ေမြးဖြားသည္။

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕တြင္ ေမြးဖြားကာ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕တြင္ ၾကီးျပင္းခဲ့သည္။

တစ္ႏွစ္သမီးအရြယ္တြင္ မိဘမ်ားႏွင့္အတူ လန္ဒန္ျမိဳ႕ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္။

မိခင္ျဖစ္သူ ဂ်ဳိးဆက္ဖင္းမွာ ေတာင္အာဖရိကႏိုင္ငံဖြား ျဗိတိသွ်လူမ်ဳိး ေမာ္ဒယ္တစ္ဦးျဖစ္ျပီး ဖခင္ျဖစ္သူ အက္ဒ္ဝင္ ေမလာမွာ အေမရိကန္ဘဏ္လုပ္ငန္းရွင္တစ္ဦးျဖစ္ျပီးေနာက္ပိုင္းတြင္ တရုတ္အႏုပညာလက္ရာမ်ား အေရာင္းအဝယ္ျပဳလုပ္သူတစ္ဦး ျဖစ္လာသည္။

ျဗိတိသွ် ရုပ္ရွင္မ်ားတြင္ ဦးစြာပါဝင္သရုပ္ေဆာင္ခဲ့ျပီး ၂၀၀၄ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ မႈခင္းအေျခခံသည္းထိတ္ရင္ဖို ရုပ္ရွင္ကားတြင္ ဇာတ္ပို႔တစ္ဦးအျဖစ္ ပါဝင္ခဲ့ျပီး ၂၀၀၄ ခုႏွစ္အတြင္းတြင္ပင္ ထုတ္လုပ္ခဲ့သည့္ Alfie တြင္လည္း ပါဝင္သရုပ္ေဆာင္ထားသည္။

နယူးေယာက္ျမိဳ႕၊ ဟမ့္ပ္တန္အရပ္သို႔ ေႏြရာသီေရာက္ျပီဆိုသည္ႏွင့္ အေက်ာ္အေမာ္ပုဂၢိဳလ္မ်ား ေရာက္ရွိလာကာ အပန္းေျဖေလ့ရွိၾကရာ ဆီယန္နာ ေမလာလည္း အပါအဝင္ျဖစ္သည္။

လြန္ခဲ့ေသာ ရက္သတၱပတ္အတြင္း ေမလာသည္ အဆိုပါေဒသတြင္က်င္းပသည့္ Animal Haven ပရဟိတအဖြဲ႔၏ ပြဲတစ္ခုသို႔ တက္ေရာက္ခဲ့သည္။

Animal Haven သည္ အက်ဳိးအျမတ္အတြက္မဟုတ္သည့္ အဖြဲ႔အစည္းတစ္ခုျဖစ္ျပီး စြန္႔ပစ္ခံ ေခြး၊ ေၾကာင္ကေလးမ်ားအတြက္ ေနစရာ အိမ္မ်ား ရွာေဖြေပးသည့္ အဖြဲ႔တစ္ခုျဖစ္သည္။

ယခုအခါ ဟမ့္ပ္တန္အရပ္၊ Sag Harbor ေက်းရြာတြင္ ေမလာတည္းခိုေနထိုင္ခဲ့သည့္ စံအိမ္မွာ ကန္ေဒၚလာ ၁၁ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

တည္ေနရာမွာ နယူးေယာက္ျမိဳ႕၊ အေရွ႕ဟမ့္ပ္တန္၊ Hillside Drive East လမ္း၊ အမွတ္ ၁၁၀ တြင္ တည္ရွိျပီး ကမ္းေျခေနအိမ္တစ္လံုး ျဖစ္သည္။

ဗိသုကာပညာရွင္ ပီတာကြတ္ခ္ ခမ္းနားေသာလက္ရာႏွင့္ အိမ္တြင္းဒီဇိုင္းအဖြဲ႔ Stedila Design ႏွင့္ ေျမယာအလွျပဳျပင္မႈ အဓိကလုပ္ကိုင္သည့္ Buttercup Design တို႔၏ လက္ရာမ်ား ေပါင္းစပ္ထားသည္။

ေဆာက္လုပ္ေပးခဲ့သည္မွာ Galvagni Building ကုမၸဏီမွ ျဖစ္သည္။

ရင္သပ္ရႈေမာဖြယ္ ေနအိမ္အတြင္းပိုင္းကို ဝင္ေရာက္သြားမည္ဆိုလွ်င္ အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၂ ခန္း ေတြ႔ရမည္ ျဖစ္သည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားသည့္ ျပတင္းမ်ား၊ အိမ္တြင္းရုပ္ရွင္ရံု၊ အပူခ်ိန္ထိန္းခ်ဳပ္စနစ္ပါဝင္သည့္ ဝိုင္သိုေလွာင္ခန္း၊ စက်င္ေက်ာက္ လက္ရာမ်ား၊ အီတလီ ဗီရိုအံဆြဲမ်ား၊ က်ယ္ဝန္းသည့္ လသာေဆာင္မ်ား၊ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္တို႔လည္း ပါဝင္ေသးသည္။

အက်ယ္အဝန္း ၆၇၆၀ စတုရန္းေပရွိေသာ ကမ္းေျခစံအိမ္ၾကီးကို အေရာင္းေစ်းကြက္တင္ေပးသည္မွာ Douglas Elliman အိမ္ျခံေျမ ကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ အီရီကာ ဂေရာ့စ္မန္း၊ ဂ်ပ္စတင္ အက္ဂ္နဲလိုႏွင့္ ဟာရာ ကန္တို႔ ျဖစ္ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဆီယန်နာ မေလာသည် ဗြိတိသျှ- အမေရိကန် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဆီယန်နာ ရို့စ် ဒိုင်ယာနာ မေလာဖြစ်ကာ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မွေးဖွားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မွေးဖွားကာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကြီးပြင်းခဲ့သည်။

တစ်နှစ်သမီးအရွယ်တွင် မိဘများနှင့်အတူ လန်ဒန်မြို့ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ ဂျိုးဆက်ဖင်းမှာ တောင်အာဖရိကနိုင်ငံဖွား ဗြိတိသျှလူမျိုး မော်ဒယ်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ အက်ဒ်ဝင် မေလာမှာ အမေရိကန်ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်အနုပညာလက်ရာများ အရောင်းအဝယ်ပြုလုပ်သူတစ်ဦး ဖြစ်လာသည်။

ဗြိတိသျှ ရုပ်ရှင်များတွင် ဦးစွာပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် မှုခင်းအခြေခံသည်းထိတ်ရင်ဖို ရုပ်ရှင်ကားတွင် ဇာတ်ပို့တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၄ ခုနှစ်အတွင်းတွင်ပင် ထုတ်လုပ်ခဲ့သည့် Alfie တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

နယူးယောက်မြို့၊ ဟမ့်ပ်တန်အရပ်သို့ နွေရာသီရောက်ပြီဆိုသည်နှင့် အကျော်အမော်ပုဂ္ဂိုလ်များ ရောက်ရှိလာကာ အပန်းဖြေလေ့ရှိကြရာ ဆီယန်နာ မေလာလည်း အပါအဝင်ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း မေလာသည် အဆိုပါဒေသတွင်ကျင်းပသည့် Animal Haven ပရဟိတအဖွဲ့၏ ပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်။

Animal Haven သည် အကျိုးအမြတ်အတွက်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စွန့်ပစ်ခံ ခွေး၊ ကြောင်ကလေးများအတွက် နေစရာ အိမ်များ ရှာဖွေပေးသည့် အဖွဲ့တစ်ခုဖြစ်သည်။

ယခုအခါ ဟမ့်ပ်တန်အရပ်၊ Sag Harbor ကျေးရွာတွင် မေလာတည်းခိုနေထိုင်ခဲ့သည့် စံအိမ်မှာ ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

တည်နေရာမှာ နယူးယောက်မြို့၊ အရှေ့ဟမ့်ပ်တန်၊ Hillside Drive East လမ်း၊ အမှတ် ၁၁၀ တွင် တည်ရှိပြီး ကမ်းခြေနေအိမ်တစ်လုံး ဖြစ်သည်။

ဗိသုကာပညာရှင် ပီတာကွတ်ခ် ခမ်းနားသောလက်ရာနှင့် အိမ်တွင်းဒီဇိုင်းအဖွဲ့ Stedila Design နှင့် မြေယာအလှပြုပြင်မှု အဓိကလုပ်ကိုင်သည့် Buttercup Design တို့၏ လက်ရာများ ပေါင်းစပ်ထားသည်။

ဆောက်လုပ်ပေးခဲ့သည်မှာ Galvagni Building ကုမ္ပဏီမှ ဖြစ်သည်။

ရင်သပ်ရှုမောဖွယ် နေအိမ်အတွင်းပိုင်းကို ဝင်ရောက်သွားမည်ဆိုလျှင် အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်း တွေ့ရမည် ဖြစ်သည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့် ပြတင်းများ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ အပူချိန်ထိန်းချုပ်စနစ်ပါဝင်သည့် ဝိုင်သိုလှောင်ခန်း၊ စကျင်ကျောက် လက်ရာများ၊ အီတလီ ဗီရိုအံဆွဲများ၊ ကျယ်ဝန်းသည့် လသာဆောင်များ၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့လည်း ပါဝင်သေးသည်။

အကျယ်အဝန်း ၆၇၆၀ စတုရန်းပေရှိသော ကမ်းခြေစံအိမ်ကြီးကို အရောင်းဈေးကွက်တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော အီရီကာ ဂရော့စ်မန်း၊ ဂျပ်စတင် အက်ဂ်နဲလိုနှင့် ဟာရာ ကန်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service