ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
မၾကာေသးမီကာလမ်ားအတြင္း ထိုင္းဘတ္ေငြ တန္ဖုိးခိုင္မာလာရာ ထိုင္းႏိုင္ငံတြင္ ကြန္ဒိုခန္း ပိုင္ဆိုင္ထားသည့္ တရုတ္လူမ်ဳိးမ်ားမွာ ေငြရွာရန္ အခြင့္အလမ္းတစ္ခုျဖစ္လာသည္။
တရုတ္လူမ်ဴိးမ်ားသည္ ထိုင္းရွိ ကြန္ဒိုခန္းမ်ားကို ေရာင္းထုတ္ကာ ရလာသည့္ဘတ္ေငြမ်ားကို ယြမ္ေငြအျဖစ္ ျပန္လည္ေျပာင္းလဲကာ အျမတ္အစြန္း ရွာလာၾကရာ ထိုင္းအိမ္ျခံေျမေစ်းကြက္တြင္ ကြန္ဒိုခန္းမ်ား စုပံုလာလ်က္ရွိေနသည္။
တရုတ္ဝယ္လက္မ်ား က်ဆင္းလာေနမႈေၾကာင့္ ထိုင္းအိမ္ျခံေျမ developer တို႔သည္ ၎တို႔၏ စီမံကိန္းမဟာဗ်ဴဟာမ်ားကို ျပန္လည္သံုးသပ္လာေနၾကရသည္။
၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္ကာလအတြင္း လူေနအိမ္ျခံေျမက႑မွာ ႏွစ္အလိုက္အခ်က္အလက္မ်ား ႏႈိင္းယွဥ္ၾကည့္လွ်င္ ၁၃ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားသည္။
“ကၽြန္မတို႔ဟာ ရည္မွန္းခ်က္ျမင့္မားျပီး ေအာင္ျမင္လိုစိတ္ၾကီးမားတဲ့၊ ယွဥ္ျပိဳင္ႏႈိင္စြမ္းရွိတဲ့ ကုမၸဏီျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔ ပိုျပီးသတိထားဖို႔ လိုပါတယ္”ဟု Singha Estate ကုမၸဏီမွ ဘ႑ာေရးအၾကီးအကဲ သီတီမာ ရုန္ကြမ္စီရီေရာ့ဂ်္က ေျပာၾကားသည္။
Singha Estate ကုမၸဏီသည္ ထိုင္းစေတာ့အိတ္ခ်ိန္း (SET) စာရင္းဝင္ကုမၸဏီတစ္ခုျဖစ္ျပီး ဘန္ေကာက္ရွိ ကြန္ဒိုမီနီယံစီမံကိန္းတစ္ခုကို မၾကာေသးမီကပင္ ဆိုင္းငံ့ထားလိုက္သည္။
အဆိုပါစီမံကိန္းကို လာမည့္ ေအာက္တိုဘာလတြင္ စတင္ေရာင္းခ်ရန္ မူလက စီစဥ္ထားျခင္းျဖစ္ျပီး ယခုအခါအတြင္းကား ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလအထိ ဆိုင္းငံ့ထားလိုက္သည္။
ယခုကဲ့သို႔ ေရႊ႕ဆိုင္းလိုက္ရျခင္းမွာ ေစ်းကြက္ဝယ္လိုအား ေႏွးေကြးေနေသာေၾကာင့္ျဖစ္ေၾကာင္း သီတီမာက ဝန္ခံေျပာၾကားသည္။
“စီမံကိန္းသစ္တစ္ခုရဲ႕ ေရာင္းခ်ရမႈပမာဏဟာ တရားဝင္ေရာင္းခ်မႈမတိုင္မီ ၾကိဳပြိဳင့္ကာလကတည္းက ၃၀ ရာခိုင္ႏႈန္းရွိသင့္ျပီး ပမာဏ ဆက္လက္ျမင့္တက္ေနသင့္တယ္။ ဒီလိုမွ မဟုတ္ရင္ တရားဝင္စတင္ေရာင္းခ်မႈကို ဆိုင္းငံ့ထားသင့္တယ္”ဟု သီတီမာက ေျပာၾကားသည္။
လန္ဒန္အေျခစိုက္ အိမ္ျခံေျမကုမၸဏီၾကီး Knight Frank ၏ သုေတသန ဒါရိုက္တာ ရီဆင္နီ ဆာရီကား ပူၾတား၏ ေျပာၾကားခ်က္အရ အသစ္ေရာင္းခ်သည့္ ကြန္ဒိုခန္းအေရာင္းပမာဏမွာ ဇြန္လတြင္ အဆံုးသတ္သည့္ ၃ လပတ္ကာလအတြင္း သမိုင္းတေလွ်ာက္ အနိမ့္ဆံုးအျဖစ္ ၁၅ ဒသမ ၇ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ေျပာၾကားသည္။
၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ဘန္ေကာက္ျမိဳ႕၌ ေရာင္းမထြက္ေသာ ကြန္ဒိုခန္းေပါင္း ၈၉၇၆၅ ရွိခဲ့ရာမွ ဇြန္လကုန္တြင္ ၉၂၈၁၅ အထိ ရွိလာသည္။
အေရွ႕ေတာင္အာရွ အိမ္ျခံေျမေစ်းကြက္တြင္ စကၤာပူသည္ ပမာဏအရဆိုလွ်င္ ထိပ္ဆံုးတြင္ ဦးေဆာင္ေနေၾကာင္း MSCI က ထုတ္ျပန္ေသာ ညႊန္းကိန္းတြင္ ေဖာ္ျပသည္။
အဆိုပါ ညႊန္းကိန္းတြင္ မေလးရွားသည္ ဒုတိယေနရာတြင္ ရပ္တည္ေနျပီး ထိုင္းႏိုင္ငံမွာ တတိယေနရာတြင္ ရပ္တည္ေနသည္။
ထိုင္းႏိုင္ငံသည္ ျပီးခဲ့ေသာႏွစ္အထိ တရုတ္ရင္းႏွီးျမွဳပ္ႏွံသူတုိ႔ျဖင့္ ဖြံ႔ျဖိဳးထြန္းကားလာေနေသာ ေစ်းကြက္ျဖစ္ေနသည္။
တရုတ္ကမၻာလွည့္မ်ားအၾကား ဘန္ေကာက္မွာ နာမည္ေက်ာ္ ခရီးသြားေနရာတစ္ခုျဖစ္ခဲ့သည္။
ထိုင္းႏိုင္ငံရွိ လူေနအိမ္ျခံေျမေစ်းကြက္မွာ တရုတ္ရင္းႏွီးျမွဳပ္ႏွံသူတို႔၏ စိတ္ခံစားခ်က္အေပၚ မ်ားစြာမွီခိုေနရသည္။
၂၀၁၈ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံတြင္ ကြန္ဒိုခန္းမ်ား ဝယ္ရန္အတြက္ ျပည္ပမွ လႊဲေျပာင္းေပးပို႔လိုက္ေသာ ေငြပမာဏ ကန္ေဒၚလာ ၃ ဘီလီယံအထိ ရွိခဲ့ျပီး ယင္းအနက္ ၄၃ ရာခုိင္ႏႈန္းမွာ တရုတ္ျပည္မွ ျဖစ္သည္။
သို႔ရာတြင္ ယေန႔တြင္ တရုတ္တို႔၏ေငြမ်ားမွာ ထုိင္းမွ ျပန္လည္စီးထြက္ေနျပီ ျဖစ္သည္။
ယေန႔အခ်ိန္တြင္ တရုတ္ယြမ္ေငြ အားေပ်ာ့ေနျပီး ထိုင္းဘတ္ေငြ ေစ်းခိုင္ေနမႈေၾကာင့္ ထိုင္းႏိုင္ငံရွိ အိမ္ျခံေျမမ်ားမွာ တန္ဖိုးၾကီးမားသည့္ အေျခအေနသို႔ ဆိုက္ေရာက္ခဲ့သည္။
ထိုင္းဗဟိုဘဏ္၏ အခ်က္အလက္မ်ားအရ ယခုႏွစ္ ပထမႏွစ္ဝက္အတြင္း လစဥ္ ထိုင္းဘတ္ေငြအားျဖင့္ ၂ ဘီလီယံခန္႔ တရုတ္ျပည္မွ လႊဲေျပာင္းဝင္ေရာက္ေနေၾကာင္း ေဖာ္ျပသည္။
အဆိုပါပမာဏမွာ ၂၀၁၈ ခုႏွစ္ အလားတူကာလတြင္ ဘတ္ေငြ ၃ ဘီလီယံေက်ာ္ ေပးပို႔ခဲ့မႈႏွင့္ ႏႈိင္းယွဥ္လွ်င္ မ်ားစြာက်ဆင္းသြားခဲ့ျခင္း ျဖစ္သည္။
တရုတ္စီးပြားေရးေႏွးေကြးျခင္းႏွင့္ အေမရိကန္-တရုတ္ ကုန္သြယ္ေရးစစ္ပြဲတို႔ေၾကာင္း ယြမ္ေငြမွာ တန္ဖိုးက်သြားခဲ့သည္။
တခ်ိန္တည္းမွာပင္ ထိုင္းဘက္ကို ၾကည့္မည္ဆိုလွ်င္ ပိုေငြမ်ားစြာျပမႈေၾကာင့္ ထုိင္းဘတ္ေငြမွာ တန္ဖိုးတက္လာေနသည္။
တရုတ္- အေမရိကန္ကုန္သြယ္ေရးစစ္ပြဲ ေပၚေပါက္ျပီးေနာက္ပိုင္း အာရွရွိ ေငြေၾကးမ်ားမွ ထိုင္းဘတ္ေငြႏွင့္ ဖလွယ္မႈႏႈန္း က်ဆင္းမႈ အမ်ားဆံုးျဖစ္ျပီး ၁၃ ဒသမ ၉ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
မကြာသေးမီကာလများအတွင်း ထိုင်းဘတ်ငွေ တန်ဖိုးခိုင်မာလာရာ ထိုင်းနိုင်ငံတွင် ကွန်ဒိုခန်း ပိုင်ဆိုင်ထားသည့် တရုတ်လူမျိုးများမှာ ငွေရှာရန် အခွင့်အလမ်းတစ်ခုဖြစ်လာသည်။
တရုတ်လူမျိူးများသည် ထိုင်းရှိ ကွန်ဒိုခန်းများကို ရောင်းထုတ်ကာ ရလာသည့်ဘတ်ငွေများကို ယွမ်ငွေအဖြစ် ပြန်လည်ပြောင်းလဲကာ အမြတ်အစွန်း ရှာလာကြရာ ထိုင်းအိမ်ခြံမြေဈေးကွက်တွင် ကွန်ဒိုခန်းများ စုပုံလာလျက်ရှိနေသည်။
တရုတ်ဝယ်လက်များ ကျဆင်းလာနေမှုကြောင့် ထိုင်းအိမ်ခြံမြေ developer တို့သည် ၎င်းတို့၏ စီမံကိန်းမဟာဗျူဟာများကို ပြန်လည်သုံးသပ်လာနေကြရသည်။
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း လူနေအိမ်ခြံမြေကဏ္ဍမှာ နှစ်အလိုက်အချက်အလက်များ နှိုင်းယှဉ်ကြည့်လျှင် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
“ကျွန်မတို့ဟာ ရည်မှန်းချက်မြင့်မားပြီး အောင်မြင်လိုစိတ်ကြီးမားတဲ့၊ ယှဉ်ပြိုင်နှိုင်စွမ်းရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပိုပြီးသတိထားဖို့ လိုပါတယ်”ဟု Singha Estate ကုမ္ပဏီမှ ဘဏ္ဍာရေးအကြီးအကဲ သီတီမာ ရုန်ကွမ်စီရီရော့ဂျ်က ပြောကြားသည်။
Singha Estate ကုမ္ပဏီသည် ထိုင်းစတော့အိတ်ချိန်း (SET) စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဘန်ကောက်ရှိ ကွန်ဒိုမီနီယံစီမံကိန်းတစ်ခုကို မကြာသေးမီကပင် ဆိုင်းငံ့ထားလိုက်သည်။
အဆိုပါစီမံကိန်းကို လာမည့် အောက်တိုဘာလတွင် စတင်ရောင်းချရန် မူလက စီစဉ်ထားခြင်းဖြစ်ပြီး ယခုအခါအတွင်းကား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအထိ ဆိုင်းငံ့ထားလိုက်သည်။
ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ဈေးကွက်ဝယ်လိုအား နှေးကွေးနေသောကြောင့်ဖြစ်ကြောင်း သီတီမာက ဝန်ခံပြောကြားသည်။
“စီမံကိန်းသစ်တစ်ခုရဲ့ ရောင်းချရမှုပမာဏဟာ တရားဝင်ရောင်းချမှုမတိုင်မီ ကြိုပွိုင့်ကာလကတည်းက ၃၀ ရာခိုင်နှုန်းရှိသင့်ပြီး ပမာဏ ဆက်လက်မြင့်တက်နေသင့်တယ်။ ဒီလိုမှ မဟုတ်ရင် တရားဝင်စတင်ရောင်းချမှုကို ဆိုင်းငံ့ထားသင့်တယ်”ဟု သီတီမာက ပြောကြားသည်။
လန်ဒန်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီကြီး Knight Frank ၏ သုတေသန ဒါရိုက်တာ ရီဆင်နီ ဆာရီကား ပူတြား၏ ပြောကြားချက်အရ အသစ်ရောင်းချသည့် ကွန်ဒိုခန်းအရောင်းပမာဏမှာ ဇွန်လတွင် အဆုံးသတ်သည့် ၃ လပတ်ကာလအတွင်း သမိုင်းတလျှောက် အနိမ့်ဆုံးအဖြစ် ၁၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ပြောကြားသည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘန်ကောက်မြို့၌ ရောင်းမထွက်သော ကွန်ဒိုခန်းပေါင်း ၈၉၇၆၅ ရှိခဲ့ရာမှ ဇွန်လကုန်တွင် ၉၂၈၁၅ အထိ ရှိလာသည်။
အရှေ့တောင်အာရှ အိမ်ခြံမြေဈေးကွက်တွင် စင်္ကာပူသည် ပမာဏအရဆိုလျှင် ထိပ်ဆုံးတွင် ဦးဆောင်နေကြောင်း MSCI က ထုတ်ပြန်သော ညွှန်းကိန်းတွင် ဖော်ပြသည်။
အဆိုပါ ညွှန်းကိန်းတွင် မလေးရှားသည် ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိုင်းနိုင်ငံမှာ တတိယနေရာတွင် ရပ်တည်နေသည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သောနှစ်အထိ တရုတ်ရင်းနှီးမြှုပ်နှံသူတို့ဖြင့် ဖွံ့ဖြိုးထွန်းကားလာနေသော ဈေးကွက်ဖြစ်နေသည်။
တရုတ်ကမ္ဘာလှည့်များအကြား ဘန်ကောက်မှာ နာမည်ကျော် ခရီးသွားနေရာတစ်ခုဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံရှိ လူနေအိမ်ခြံမြေဈေးကွက်မှာ တရုတ်ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ခံစားချက်အပေါ် များစွာမှီခိုနေရသည်။
၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုခန်းများ ဝယ်ရန်အတွက် ပြည်ပမှ လွှဲပြောင်းပေးပို့လိုက်သော ငွေပမာဏ ကန်ဒေါ်လာ ၃ ဘီလီယံအထိ ရှိခဲ့ပြီး ယင်းအနက် ၄၃ ရာခိုင်နှုန်းမှာ တရုတ်ပြည်မှ ဖြစ်သည်။
သို့ရာတွင် ယနေ့တွင် တရုတ်တို့၏ငွေများမှာ ထိုင်းမှ ပြန်လည်စီးထွက်နေပြီ ဖြစ်သည်။
ယနေ့အချိန်တွင် တရုတ်ယွမ်ငွေ အားပျော့နေပြီး ထိုင်းဘတ်ငွေ ဈေးခိုင်နေမှုကြောင့် ထိုင်းနိုင်ငံရှိ အိမ်ခြံမြေများမှာ တန်ဖိုးကြီးမားသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။
ထိုင်းဗဟိုဘဏ်၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း လစဉ် ထိုင်းဘတ်ငွေအားဖြင့် ၂ ဘီလီယံခန့် တရုတ်ပြည်မှ လွှဲပြောင်းဝင်ရောက်နေကြောင်း ဖော်ပြသည်။
အဆိုပါပမာဏမှာ ၂၀၁၈ ခုနှစ် အလားတူကာလတွင် ဘတ်ငွေ ၃ ဘီလီယံကျော် ပေးပို့ခဲ့မှုနှင့် နှိုင်းယှဉ်လျှင် များစွာကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
တရုတ်စီးပွားရေးနှေးကွေးခြင်းနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတို့ကြောင်း ယွမ်ငွေမှာ တန်ဖိုးကျသွားခဲ့သည်။
တချိန်တည်းမှာပင် ထိုင်းဘက်ကို ကြည့်မည်ဆိုလျှင် ပိုငွေများစွာပြမှုကြောင့် ထိုင်းဘတ်ငွေမှာ တန်ဖိုးတက်လာနေသည်။
တရုတ်- အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ပေါ်ပေါက်ပြီးနောက်ပိုင်း အာရှရှိ ငွေကြေးများမှ ထိုင်းဘတ်ငွေနှင့် ဖလှယ်မှုနှုန်း ကျဆင်းမှု အများဆုံးဖြစ်ပြီး ၁၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)