တစ္ခန္းလွ်င္ ေဒၚလာ ၁၀ သန္းႏွင့္အထက္ တန္ဖိုးရွိ စကၤာပူကြန္ဒိုေရာင္းအား ၁၁ ႏွစ္ဆက္တုိက္ ျမင့္တက္

တစ္ခန္းလွ်င္ ေဒၚလာ ၁၀ သန္းႏွင့္အထက္ တန္ဖိုးရွိ စကၤာပူကြန္ဒိုေရာင္းအား ၁၁ ႏွစ္ဆက္တုိက္ ျမင့္တက္ - Property News in Myanmar from iMyanmarHouse.com
24 Sep 2019 12:19 pm တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူတြင္ ေဒၚလာ ၁၀ သန္းထက္မနည္း တန္ဖိုးရွိ ကြန္ဒိုေရာင္းအား ျမင့္တက္လာသည္မွာ ၁၁ ႏွစ္တိုင္ခဲဲ့ၿပီျဖစ္ေၾကာင္း၊ ယင္းသည္ ပိုင္ဆိုင္မႈရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ခ်ခိုင္မာေသာေနရာ ရွာေဖြၾကေသာ တ႐ုတ္သန္းႂကြယ္သူေဌးမ်ား၏ ဝယ္လိုအား ျမင့္တက္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း Thomson Reuters မီဒီယာက OrangeTee & Tie အိမ္ၿခံေျမစီမံခန္႔ခြဲေရးကုမၸဏီ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ေဖာ္ျပခဲ့သည္။

ဖြံ႕ၿဖိဳးမႈပိုမိုနည္းပါးေသာ အျခားအေရွ႕ေတာင္အာရွအိမ္နီးခ်င္းႏုိင္ငံမ်ားထက္ စကၤာပူက တ႐ုတ္သန္းႂကြယ္သူေဌးမ်ားကုိ ဆြဲေဆာင္သည့္ တည္ၿငိမ္ေအးခ်မ္းေသာေနရာတစ္ေနရာအျဖစ္ ကာလရွည္ၾကာ႐ႈျမင္ခံလာရသည္။

ယခုႏွစ္ ပထမရွစ္လတာအတြင္း စကၤာပူတြင္ တစ္ခန္းလွ်င္ ေဒၚလာ ၁၀ သန္းထက္မနည္း တန္ဖိုးရွိ ကြန္ဒိုမီနီယံ ၆၈ ခန္း ေရာင္းခ်ခဲ့ရေၾကာင္း၊ ယင္းသည္ ၂၀၀၈ ခုႏွစ္ ကာလတူကတည္းက အမ်ားျပားဆံုးအေရအတြက္ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ႏွင့္ ကုန္သြယ္ေရးစစ္ပြဲအတြင္း တန္ဖိုးေလ်ာ့က်ခဲ့သည့္ ေငြေၾကးမ်ားကုိ တ႐ုတ္မွ ေရႊ႕ေျပာင္းရန္ ရည္ရြယ္ခ်က္ျဖင့္ စကၤာပူအိမ္ၿခံေျမမ်ားကို ဝယ္လာၾကသည့္ ဝယ္လက္မ်ား ရွိလာသကဲ့သို႔ ႏုိင္ငံေရးဆႏၵျပမႈမ်ားျဖစ္ပြားေနျခင္းေၾကာင့္ ေဟာင္ေကာင္အစား အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံစရာေနရာသစ္အျဖစ္ စကၤာပူအိမ္ၿခံေျမမ်ားကုိ ရွာေဖြဝယ္ယူသူမ်ားလည္း ရွိလာၾကသည္။

“အထူးသျဖင့္ တ႐ုတ္ျပည္မႀကီးမွအပါအဝင္ ႏုိင္ငံျခားဝယ္လက္ေတြ စကၤာပူကို အခုေနာက္ပိုင္း ဘာေၾကာင့္ပိုဝင္ေရာက္လာၾကတယ္ဆုိတာ အဲ့ဒီျဖစ္ရပ္ေတြက အေျဖပါပဲ။” ဟု OrangeTee & Tie ၏ သုေတသနႏွင့္အတိုင္ပင္ခံေခါင္းေဆာင္ ခရစၥတင္းဆန္းက ေျပာၾကားခဲ့သည္။

သူေဌးရပ္ကြက္မ်ားရွိ အဆင့္ျမင့္ကြန္ဒိုမ်ားကို အဓိကအားျဖင့္ ႏိုင္ငံျခားသားမ်ားမွ ဝယ္ယူၾကျခင္းမွာ ႏုိင္ငံသားမ်ားအတြက္မူ အလားတူေဈးႏႈန္းျမင့္ျမင့္ေပးဝယ္ႏုိင္ပါက လံုးခ်င္းအိမ္ကဲ့သို႔ေသာ ေျမေပၚအိမ္မ်ား ေရြးခ်ယ္ဝယ္ယူခြင့္ရွိျခင္းေၾကာင့္ျဖစ္သည္။

စကၤာပူကြန္ဒိုမ်ား၏ ႏုိင္ငံျခားဝယ္လက္မ်ားအနက္ တ႐ုတ္ျပည္မႀကီးမွဝယ္လက္မ်ားက အမ်ားဆံုးျဖစ္သည္။

ဇန္နဝါရီမွ ၾသဂုတ္အထိ ယခုႏွစ္ပထမရွစ္လတာအတြင္း တ႐ုတ္ႏိုင္ငံသားမ်ားသည္ စကၤာပူသူေဌးရပ္ကြက္မ်ားရွိ တစ္ခန္းလွ်င္ ေဒၚလာ ၅ သန္းေက်ာ္ တန္ဖိုးရွိ တိုက္ခန္း ၇၈ ခန္းကို ဝယ္ယူခဲ့သည္။ ထိုကာလအတြင္း စကၤာပူႏုိင္ငံသားမ်ားမွာမူ ၇၅ ခန္း ဝယ္ယူခဲ့သည္။

စကၤာပူသည္ ႏုိင္ငံျခားသားမ်ားအား ဆန္တိုဆာအပန္းေျဖကၽြန္းေပၚမွအပ က်န္စကၤာပူေျမမ်ားတြင္ တိုက္ခန္းႏွင့္ကြန္ဒိုမ်ားကိုသာ ဝယ္ယူခြင့္ျပဳထားသည္။

“အိမ္ဝယ္တံဆိပ္ေခါင္းခြန္ႏႈန္းထားေတြ တိုးျမႇင့္လိုက္တာေတာင္ အဲ့ဒီတိုက္ခန္းေတြမွာ ေငြေတြအမ်ားႀကီးရင္းႏွီးျမႇဳပ္ႏွံေနၾကဆဲဆိုတာတာကို ေတြ႕ျမင္ရပါတယ္။ ဒါဟာ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းသာယာမႈေၾကာင့္ဆိုတာ အထင္အရွားပါပဲ။” ဟု List Sotheby ၏ ႏုိင္ငံတကာအိမ္ၿခံေျမက႑မွ စီအိုအိုျဖစ္သူ လီယြန္ဘြန္းဟိုးက ေျပာၾကားခဲ့သည္။

စကၤာပူတြင္ အိမ္ၿခံေျမေဈးကြက္တည္ၿငိမ္ေစရန္ ရည္ရြယ္၍ ယမန္ႏွစ္ကစတင္လိုက္ေသာ အိမ္ၿခံေျမစည္းမ်ဥ္းတင္းက်ပ္မ်ားအနက္ ႏိုင္ငံျခားသားမ်ား၏ အိမ္ဝယ္ယူမႈအတြက္ တံဆိပ္ေခါင္းခြန္ႏႈန္းထားမ်ားအား ၁၅ ရာခုိင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းသို႔ တုိးျမႇင့္မႈလည္း ပါဝင္ခဲ့သည္။

“သူတို႔ေတြက သူတို႔ေငြေတြကို စကၤာပူအိမ္ၿခံေျမမွာ ရင္းႏွီးျမႇဳပ္ႏွံေနၾကတယ္။ စကၤာပူေဒၚလာက ေန႔ခ်င္းညခ်င္း တန္ဖိုးေလ်ာ့သြားမွာမဟုတ္ဘူးဆိုတာကို သူတို႔သိၾကတယ္ေလ။” ဟုလည္း လီယြန္က ျဖည့္စြက္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူတွင် ဒေါ်လာ ၁၀ သန်းထက်မနည်း တန်ဖိုးရှိ ကွန်ဒိုရောင်းအား မြင့်တက်လာသည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းသည် ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံရန် စိတ်ချခိုင်မာသောနေရာ ရှာဖွေကြသော တရုတ်သန်းကြွယ်သူဌေးများ၏ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း Thomson Reuters မီဒီယာက OrangeTee & Tie အိမ်ခြံမြေစီမံခန့်ခွဲရေးကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဖွံ့ဖြိုးမှုပိုမိုနည်းပါးသော အခြားအရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများထက် စင်္ကာပူက တရုတ်သန်းကြွယ်သူဌေးများကို ဆွဲဆောင်သည့် တည်ငြိမ်အေးချမ်းသောနေရာတစ်နေရာအဖြစ် ကာလရှည်ကြာရှုမြင်ခံလာရသည်။

ယခုနှစ် ပထမရှစ်လတာအတွင်း စင်္ကာပူတွင် တစ်ခန်းလျှင် ဒေါ်လာ ၁၀ သန်းထက်မနည်း တန်ဖိုးရှိ ကွန်ဒိုမီနီယံ ၆၈ ခန်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ၂၀၀၈ ခုနှစ် ကာလတူကတည်းက အများပြားဆုံးအရေအတွက်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲအတွင်း တန်ဖိုးလျော့ကျခဲ့သည့် ငွေကြေးများကို တရုတ်မှ ရွှေ့ပြောင်းရန် ရည်ရွယ်ချက်ဖြင့် စင်္ကာပူအိမ်ခြံမြေများကို ဝယ်လာကြသည့် ဝယ်လက်များ ရှိလာသကဲ့သို့ နိုင်ငံရေးဆန္ဒပြမှုများဖြစ်ပွားနေခြင်းကြောင့် ဟောင်ကောင်အစား အိမ်ခြံမြေရင်းနှီးမြှုပ်နှံစရာနေရာသစ်အဖြစ် စင်္ကာပူအိမ်ခြံမြေများကို ရှာဖွေဝယ်ယူသူများလည်း ရှိလာကြသည်။

“အထူးသဖြင့် တရုတ်ပြည်မကြီးမှအပါအဝင် နိုင်ငံခြားဝယ်လက်တွေ စင်္ကာပူကို အခုနောက်ပိုင်း ဘာကြောင့်ပိုဝင်ရောက်လာကြတယ်ဆိုတာ အဲ့ဒီဖြစ်ရပ်တွေက အဖြေပါပဲ။” ဟု OrangeTee & Tie ၏ သုတေသနနှင့်အတိုင်ပင်ခံခေါင်းဆောင် ခရစ္စတင်းဆန်းက ပြောကြားခဲ့သည်။

သူဌေးရပ်ကွက်များရှိ အဆင့်မြင့်ကွန်ဒိုများကို အဓိကအားဖြင့် နိုင်ငံခြားသားများမှ ဝယ်ယူကြခြင်းမှာ နိုင်ငံသားများအတွက်မူ အလားတူဈေးနှုန်းမြင့်မြင့်ပေးဝယ်နိုင်ပါက လုံးချင်းအိမ်ကဲ့သို့သော မြေပေါ်အိမ်များ ရွေးချယ်ဝယ်ယူခွင့်ရှိခြင်းကြောင့်ဖြစ်သည်။

စင်္ကာပူကွန်ဒိုများ၏ နိုင်ငံခြားဝယ်လက်များအနက် တရုတ်ပြည်မကြီးမှဝယ်လက်များက အများဆုံးဖြစ်သည်။

ဇန်နဝါရီမှ သြဂုတ်အထိ ယခုနှစ်ပထမရှစ်လတာအတွင်း တရုတ်နိုင်ငံသားများသည် စင်္ကာပူသူဌေးရပ်ကွက်များရှိ တစ်ခန်းလျှင် ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိ တိုက်ခန်း ၇၈ ခန်းကို ဝယ်ယူခဲ့သည်။ ထိုကာလအတွင်း စင်္ကာပူနိုင်ငံသားများမှာမူ ၇၅ ခန်း ဝယ်ယူခဲ့သည်။

စင်္ကာပူသည် နိုင်ငံခြားသားများအား ဆန်တိုဆာအပန်းဖြေကျွန်းပေါ်မှအပ ကျန်စင်္ကာပူမြေများတွင် တိုက်ခန်းနှင့်ကွန်ဒိုများကိုသာ ဝယ်ယူခွင့်ပြုထားသည်။

“အိမ်ဝယ်တံဆိပ်ခေါင်းခွန်နှုန်းထားတွေ တိုးမြှင့်လိုက်တာတောင် အဲ့ဒီတိုက်ခန်းတွေမှာ ငွေတွေအများကြီးရင်းနှီးမြှုပ်နှံနေကြဆဲဆိုတာတာကို တွေ့မြင်ရပါတယ်။ ဒါဟာ နိုင်ငံတည်ငြိမ်အေးချမ်းသာယာမှုကြောင့်ဆိုတာ အထင်အရှားပါပဲ။” ဟု List Sotheby ၏ နိုင်ငံတကာအိမ်ခြံမြေကဏ္ဍမှ စီအိုအိုဖြစ်သူ လီယွန်ဘွန်းဟိုးက ပြောကြားခဲ့သည်။

စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ရည်ရွယ်၍ ယမန်နှစ်ကစတင်လိုက်သော အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်များအနက် နိုင်ငံခြားသားများ၏ အိမ်ဝယ်ယူမှုအတွက် တံဆိပ်ခေါင်းခွန်နှုန်းထားများအား ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ တိုးမြှင့်မှုလည်း ပါဝင်ခဲ့သည်။

“သူတို့တွေက သူတို့ငွေတွေကို စင်္ကာပူအိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံနေကြတယ်။ စင်္ကာပူဒေါ်လာက နေ့ချင်းညချင်း တန်ဖိုးလျော့သွားမှာမဟုတ်ဘူးဆိုတာကို သူတို့သိကြတယ်လေ။” ဟုလည်း လီယွန်က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service