လန္ဒန္၏ အခ်မ္းသာဆံုးရပ္ကြက္တစ္ခုမွ အိမ္ရာမဲ့ ေရႊ႕ေျပာင္းေနထိုင္သူမ်ား ေနထိုင္သည့္ေနရာကို ရဲတပ္ဖြဲ႕က ဖယ္ရွား

လန္ဒန္၏ အခ်မ္းသာဆံုးရပ္ကြက္တစ္ခုမွ အိမ္ရာမဲ့ ေရႊ႕ေျပာင္းေနထိုင္သူမ်ား ေနထိုင္သည့္ေနရာကို ရဲတပ္ဖြဲ႕က ဖယ္ရွား - Property News in Myanmar from iMyanmarHouse.com
24 Sep 2019 11:58 am တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕ေတာ္ရွိ အခ်မ္းသာဆံုးသူမ်ားေနထုိင္သည့္ ရပ္ကြက္တစ္ခုအတြင္း အိမ္ရာမဲ့ ေရႊ႕ေျပာင္းေနထိုင္သူမ်ား ေနထိုင္သည့္ ယာယီတဲမ်ားကို ရဲတပ္ဖြဲ႔က ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

မၾကာေသးမီကာလမ်ားအတြင္း အဆိုပါလူကံုထံရပ္ကြက္တြင္ ရာဇဝတ္မႈမ်ား ျဖစ္ပြားမႈ ျမင့္တက္လာေသာေၾကာင့္ ယခုကဲ့သို႔ ရွင္းလင္းျခင္းျဖစ္သည္ဟု ဆိုသည္။ လန္ဒန္၏ လူကံုထံရပ္ကြက္မ်ားျဖစ္ေသာ Marble Arch ႏွင့္ Mayfair တို႔တြင္ Transport for London က ပိုင္ဆိုင္သည့္ ေျမေနရာမ်ားမွ ထြက္ခြာေပးရန္ အိမ္ရာမဲ့မ်ားကို ရဲတပ္ဖြဲ႔ဝင္တို႔က အမိန္႔ထုတ္ခဲ့သည္။

အိမ္ရာမဲ့အမ်ားစုမွာ ရိုေမးနီးယားႏွင့္ ဘူလ္ေဂးရီးယားႏိုင္ငံသားမ်ားျဖစ္ျပီး ၎တို႔၏ ကတ္ထူျပားအိပ္ရာမ်ား၊ တဲမ်ားကို အနီးရွိ Park Lane သို႔ ေရႊ႕ေျပာင္းခဲ့ၾကရသည္။

လုယက္ျခင္း၊ ေတာင္းရမ္းျခင္း၊ ခါးပိုက္ႏႈိက္ျခင္း၊ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳလုပ္ျခင္း၊ လူမႈအသိုင္းအဝန္းႏွင့္ ဆန္႔က်င္ေသာ အျပဳအမူမ်ား ျပဳမူျခင္း အစရွိသည္တို႔ ျဖစ္ပြားေနသည့္သတင္းမ်ား မ်ားျပားလာမႈေၾကာင့္ ယခုကဲ့သို႔ ရွင္းလင္းရျခင္းျဖစ္သည္။

သို႔ရာတြင္ ေဒသတြင္း ေကာင္စီဝင္တို႔ကမူ ျဖစ္ပြားေနသည့္ ရာဇဝတ္မႈမ်ားႏွင့္ စပ္လ်ဥ္းျပီး ယာယီတဲမ်ားတြင္ ေနထိုင္သူတို႔အေပၚ လက္ညွိဳးထိုးအျပစ္တင္ျခင္းမ်ား မျပဳလုပ္ရန္ သတိေပးထားသည္။

ျဗိတိန္ တရားရံုးခ်ဳပ္က ၂၀၁၇ ခုႏွစ္တြင္ ဆံုးျဖတ္ခဲ့သည့္ က်င့္ထံုးတစ္ခုေၾကာင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ျပန္လည္ေပးပို႔ျခင္းကား ခံရမည္ မဟုတ္ေခ်။

ျဗိတိန္၏ ျပည္ထဲေရးမူဝါဒအရ ဥေရာပသမဂၢအဖြဲ႔ဝင္ႏိုင္ငံသား အိမ္ရာမဲ့မ်ားကို မိခင္ႏိုင္ငံျပန္ပို႔ျခင္းမွာ တရားမဝင္၊ လြတ္လပ္စြာ သြားလာခြင့္ စည္းမ်ဥ္းမ်ားႏွင့္ ေသြဖည္ေနသည္ဟု သတ္မွတ္ထားသည္။

အိမ္ရာမဲ့တို႔သည္ ၎တို႔ပိုင္ဆိုင္ေသာ ပစၥည္းမ်ားကို ေစ်းဝယ္တြန္းလွည္းမ်ားျဖင့္ သယ္ယူေရႊ႕ေျပာင္းခဲ့ၾကေၾကာင္း “ဒန္” အမည္ရွိ အမ်ဳိးသားတစ္ဦးက တယ္လီဂရပ္ဖ္သတင္းစာသို႔ ေျပာၾကားသည္။

“ဒန္” က ၃၂ လက္မ ပလပ္စမာ ရုပ္ျမင္သံၾကားစက္တစ္လံုးကို သယ္ယူေရႊ႕ေျပာင္းေနခဲ့ျပီး အဆိုပါ ရုပ္သံစက္ကို ေပါင္ ရာဂဏန္း ပမာဏျဖင့္ ေရာင္းခ်ရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။

ျဗိတိန္တြင္ ေငြ၊ အစားအစာ၊ အလုပ္အကိုင္ မရွိဘဲ ေနထိုင္ေနရေသာ္လည္း ရိုေမးနီးယားႏိုင္ငံသို႔မူ မျပန္လိုေၾကာင္း “ဒန္” က ေျပာၾကားသည္။

Transport for London က ေျပာၾကားရာတြင္ တရားရံုးအမိန္႔အတိုင္း ယခုကဲ့သို႔ မဖယ္ရွားမီက အိမ္ရာမဲ့မ်ားကို အျခားေနရာတြင္ ေနထိုင္ခြင့္ေပးမည္ဟု ကမ္းလွမ္းမႈမ်ား အၾကိမ္ၾကိမ္ျပဳလုပ္ခဲ့ေသးေၾကာင္း ေျပာၾကားသည္။

ရဲတပ္ဖြဲ႔ မွတ္တမ္းမ်ားအရ လြန္ခဲ့ေသာ ၁၂ လတာကာလအတြင္း အၾကမ္းဖက္မႈႏွင့္ လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈေပါင္း ၈၇၂ မႈျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ၂ မႈေက်ာ္ျဖစ္ပြားႏႈန္းရွိေနသည္။

ရက္သတၱ တစ္ပတ္လွ်င္ ေစ်းဆိုင္မ်ားမွ ခိုးယူမႈေပါင္း ၈၀ ေက်ာ္ျဖစ္ပြားေနျပီး တစ္ရက္လွ်င္ လုယူမႈတစ္ၾကိမ္ခန္႔ ပွ်မ္းမွ်ေပၚေပါက္ေနသည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ အချမ်းသာဆုံးသူများနေထိုင်သည့် ရပ်ကွက်တစ်ခုအတွင်း အိမ်ရာမဲ့ ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်သည့် ယာယီတဲများကို ရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မကြာသေးမီကာလများအတွင်း အဆိုပါလူကုံထံရပ်ကွက်တွင် ရာဇဝတ်မှုများ ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်ဟု ဆိုသည်။ လန်ဒန်၏ လူကုံထံရပ်ကွက်များဖြစ်သော Marble Arch နှင့် Mayfair တို့တွင် Transport for London က ပိုင်ဆိုင်သည့် မြေနေရာများမှ ထွက်ခွာပေးရန် အိမ်ရာမဲ့များကို ရဲတပ်ဖွဲ့ဝင်တို့က အမိန့်ထုတ်ခဲ့သည်။

အိမ်ရာမဲ့အများစုမှာ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံသားများဖြစ်ပြီး ၎င်းတို့၏ ကတ်ထူပြားအိပ်ရာများ၊ တဲများကို အနီးရှိ Park Lane သို့ ရွှေ့ပြောင်းခဲ့ကြရသည်။

လုယက်ခြင်း၊ တောင်းရမ်းခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခြင်း၊ လူမှုအသိုင်းအဝန်းနှင့် ဆန့်ကျင်သော အပြုအမူများ ပြုမူခြင်း အစရှိသည်တို့ ဖြစ်ပွားနေသည့်သတင်းများ များပြားလာမှုကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်သည်။

သို့ရာတွင် ဒေသတွင်း ကောင်စီဝင်တို့ကမူ ဖြစ်ပွားနေသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး ယာယီတဲများတွင် နေထိုင်သူတို့အပေါ် လက်ညှိုးထိုးအပြစ်တင်ခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။

ဗြိတိန် တရားရုံးချုပ်က ၂၀၁၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည့် ကျင့်ထုံးတစ်ခုကြောင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပေးပို့ခြင်းကား ခံရမည် မဟုတ်ချေ။

ဗြိတိန်၏ ပြည်ထဲရေးမူဝါဒအရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသား အိမ်ရာမဲ့များကို မိခင်နိုင်ငံပြန်ပို့ခြင်းမှာ တရားမဝင်၊ လွတ်လပ်စွာ သွားလာခွင့် စည်းမျဉ်းများနှင့် သွေဖည်နေသည်ဟု သတ်မှတ်ထားသည်။

အိမ်ရာမဲ့တို့သည် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ဈေးဝယ်တွန်းလှည်းများဖြင့် သယ်ယူရွှေ့ပြောင်းခဲ့ကြကြောင်း “ဒန်” အမည်ရှိ အမျိုးသားတစ်ဦးက တယ်လီဂရပ်ဖ်သတင်းစာသို့ ပြောကြားသည်။

“ဒန်” က ၃၂ လက်မ ပလပ်စမာ ရုပ်မြင်သံကြားစက်တစ်လုံးကို သယ်ယူရွှေ့ပြောင်းနေခဲ့ပြီး အဆိုပါ ရုပ်သံစက်ကို ပေါင် ရာဂဏန်း ပမာဏဖြင့် ရောင်းချရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဗြိတိန်တွင် ငွေ၊ အစားအစာ၊ အလုပ်အကိုင် မရှိဘဲ နေထိုင်နေရသော်လည်း ရိုမေးနီးယားနိုင်ငံသို့မူ မပြန်လိုကြောင်း “ဒန်” က ပြောကြားသည်။

Transport for London က ပြောကြားရာတွင် တရားရုံးအမိန့်အတိုင်း ယခုကဲ့သို့ မဖယ်ရှားမီက အိမ်ရာမဲ့များကို အခြားနေရာတွင် နေထိုင်ခွင့်ပေးမည်ဟု ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သေးကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ မှတ်တမ်းများအရ လွန်ခဲ့သော ၁၂ လတာကာလအတွင်း အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုပေါင်း ၈၇၂ မှုဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ၂ မှုကျော်ဖြစ်ပွားနှုန်းရှိနေသည်။

ရက်သတ္တ တစ်ပတ်လျှင် ဈေးဆိုင်များမှ ခိုးယူမှုပေါင်း ၈၀ ကျော်ဖြစ်ပွားနေပြီး တစ်ရက်လျှင် လုယူမှုတစ်ကြိမ်ခန့် ပျှမ်းမျှပေါ်ပေါက်နေသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service