စပိုက်ဒါမန်း ရုပ်ရှင်မင်းသမီး ခဲစတန် ဒန့်စ်က လော့စ်အိန်ဂျလိမြို့ရှိ နေအိမ်ကို Ghostbusters ဇာတ်ကားများဖြင့် နာမည်ကျော်သည့် မင်းသမီး အင်နီပေါ့ထ်စ်ထံ ရောင်းချ
စပိုက်ဒါမန်း ရုပ်ရှင်မင်းသမီး ခဲစတန် ဒန့်စ်က လော့စ်အိန်ဂျလိမြို့ရှိ နေအိမ်ကို Ghostbusters ဇာတ်ကားများဖြင့် နာမည်ကျော်သည့် မင်းသမီး အင်နီပေါ့ထ်စ်ထံ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
24 Sep 2019 11:11 am တွင် တင်ခဲ့သည်
1300 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စပိုက်ဒါမန်း Spider-Man ရုပ်ရှင်ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်သည့် ရုပ်ရှင်မင်းသမီး ခဲစတန် ဒန့်စ်သည် လော့စ်အိန်ဂျလိမြို့၊ Toluca Lake အရပ်ရှိ နေအိမ်ကို Ghostbusters ဇာတ်ကားများဖြင့် နာမည်ကျော်သည့် မင်းသမီး အင်နီပေါ့ထ်စ်ထံ ရောင်းချလိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ရုပ်ရှင်မင်းသမီး ခဲစတန် ဒန့်စ်၏ အမည်ရင်းမှာ ခဲစတန် ကာရိုလင်း ဒန့်စ်ဖြစ်ပြီး ၁၉၈၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် မွေးဖွားသည်။
ခဲစတန် ဒန့်စ်သည် အသက် ၁၂ နှစ်သမီးအရွယ်ကတည်းကပင် Interview with the Vampire (၁၉၉၄ ခုနှစ်) ဇာတ်ကားတွင် ကလော်ဒီယာအဖြစ် ပါဝင်သရုပ်ဆောင်ကာ လူသိများလာခဲ့သည်။
အဆိုပါဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆုအတွက် ဇကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
ခဲစတန် ဒန့်စ်သည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၂ မှ ၂၀၀၇ အကြား ထုတ်လုပ်ခဲ့သည့် စပိုက်ဒါမန်း ဇာတ်လမ်းတွဲများတွင် မေရီ ဂျိန်း ဝပ်ဆန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်သည်။
၂၀၁၁ ခုနှစ်တွင်လည်း ကိန်းရုပ်ရှင်ပွဲတော်တွင် Melancholia ဇာတ်ကားအတွက် အကောင်းဆုံးမင်းသမီးဆု ရရှိခဲ့သည်။
ယခုအခါ ခဲစတန် ဒန့်စ်၏ လော့စ်အိန်ဂျလိနေအိမ် ရောင်းထွက်သွားပြီဖြစ်သော်လည်း ဟောလိဝုဒ် အသိုင်းအဝိုင်း၏ လက်တွင်သာ ဆက်လက်တည်ရှိမည် ဖြစ်သည်။
ခဲစတန် ဒန့်စ်၏ နှစ်ထပ်နေအိမ်ကို ရုပ်ရှင်မင်းသမီး အင်နီပေါ့ထ်စ်က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အင်နီပေါ့ထ်စ်သည် Ghostbusters ရုပ်ရှင်ဇာတ်ကားများတွင် အတွင်းရေးမှူး ဂျနင်း မဲလ်နစ်ဇ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သူ ဖြစ်သည်။
ခဲစတန် ဒန့်စ်၏ နေအိမ်သည် ကန်ဒေါ်လာ ၄ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာပြီး ၉ ရက်မျှအကြာတွင် အရောင်းအဝယ်ဖြစ်သွားခြင်းလည်း ဖြစ်သည်။ Toluca Lake ရေကန်ကြီး၏ ကမ်းစပ်တွင်ရှိသော စံအိမ်အတွင်း ဆွဲဆောင်မှုအားကောင်းလှသော အိမ်ရှေ့ကွင်းပြင်၊ ရှုခင်းကြည့် အဆောက်အအုံ၊ ရေကူးကန်နှင့် သီးသန့်ဆိပ်ကမ်းတစ်ခုတို့ ပါဝင်သော အိမ်နောက်ဖက်နေရာတို့ ပါဝင်သည်။
စံအိမ်တွင် မှန်နံရံများ၊ မှန်ပြတင်းများ ပေါများစွာ ထည့်သွင်းပေးထားရာ လူနေ နေရာများကို အနုပညာရသမြောက်စေမည့် စိမ်းလန်းသော သဘာဝ သစ်ရိပ်ဝါးရိပ်များ ထင်ဟပ်နေစေသည်။
ဧည့်ခန်းနှင့် ညစာစားခန်းများတွင် မျက်စိပသာဒဖြစ်ဖွယ် မီးဆိုင်းများ တပ်ဆင်ပေးထားပြီး မီးဖိုဆောင်တွင် သမားရိုးကျ အံဆွဲများ ထည့်သွင်းပေးထားကာ စကျင်ကျောက်မျက်နှာပြင်များကို အသုံးပြုထားသည်။
အဝင်ခန်းမတွင် ခမ်းနားထည်ဝါသော လှေကားအဝိုက်တစ်ခုရှိပြီး ပြင်သစ်တံခါးများ အပြည့်တပ်ဆင်ထားသည့် မိသားစုနားနေခန်းမှ တဆင့် နောက်ဘက်အုတ် ပေါ်တီကိုသို့ ဆယ်သွယ်ထားပြီး ဟင်းလင်းပြင်မီးဖိုဆောင်နှုင့် မီးလင်းဖိုနေရာတို့သို့ ရောက်ရှိနိုင်သည်။
နေအိမ်အကျယ်အဝန်းမှာ ၄၃၃၃ စတုရန်းပေရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းခွဲ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service