အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္ ေလလံတင္ေရာင္းခ်ရန္ ေစ်းကြက္ျပန္ဝင္လာ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္ ေလလံတင္ေရာင္းခ်ရန္ ေစ်းကြက္ျပန္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
23 Sep 2019 11:55 am တွင် တင်ခဲ့သည်
944 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္သည္ အေရာင္းေစ်းကြက္၊ အငွားေစ်းကြက္မ်ားသို႔ မၾကာခဏ ဝင္ခ်ည္ ထြက္ခ်ည္ျဖစ္ေနခဲ့သည့္ စံအိမ္တစ္လံုးျဖစ္ျပီး ယခုအခါ ေလလံတင္ေရာင္းခ်ရန္ ေစ်းကြက္တြင္းသို႔ ျပန္လည္ဝင္ေရာက္လာျပန္ျပီ ျဖစ္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေလလံတင္ ၾကမ္းခင္းေစ်းကိုမူ ေၾကညာထားျခင္း မရွိေခ်။

နယူးေယာက္ျပည္နယ္၊ နယူးေယာက္ျမိဳ႕၊ Queens အရပ္၊ ဂ်ေမကာအိမ္ရာတြင္ တည္ရွိျပီး တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ အုတ္၊ ေကာ္နစ္ပလာစတာ ေရာယွက္ေဆာက္လုပ္ထားေသာ ေနအိမ္ျဖစ္သည္။

ထရမ့္ေရးသားထားသည့္ Trump: The Art of the Deal စာအုပ္၊ ေဒၚနယ္ထရမ့္၏ အမွတ္ရဖြယ္ ဓာတ္ပံုမ်ား၊ ေနအိမ္ဧည့္ခန္းတြင္ ထရမ့္၏ ကိုယ္လံုးျပည့္ပံုစံ ျဖတ္ပိုင္းရုပ္ပံုတို႔ ယေန႔တိုင္ျပသထားသည္။

ထရမ့္၏ဖခင္ျဖစ္သူ ဖရက္ဒ္ထရမ့္က ၁၉၄၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ထရမ့္၏ ေမြးစာရင္းပါ လိပ္စာမွာ ယခုေနအိမ္ျဖစ္သည္။

Queens အရပ္၊ Jamaica Estates အိမ္ရာဝန္းတြင္ တည္ရွိေသာ အဝါေရာင္ ေနအိမ္အတြင္း အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း၊ မီးလင္းဖိုတစ္ခု၊ ေနစာလံႈခန္းတို႔ပါဝင္ျပီး ၾကမ္းျပင္ကို ဝက္သစ္ခ်သားမ်ားျဖင့္ ခင္းက်င္းထားသည္။

ေဒၚနယ္ထရမ့္သည္ အဆိုပါေနအိမ္တြင္ အသက္ ၄ ႏွစ္သားအရြယ္အထိသာ ေနထုိင္ခဲ့သည္။

၂၀၁၆ ခုႏွစ္၊ ဇူလိုင္လအတြင္း ပထမဆံုးအၾကိမ္ အေရာင္းေစ်းကြက္တင္ခဲ့ရာ အိမ္ျခံေျမလုပ္ငန္းရွင္ မိုက္ကယ္ေဒးဗစ္က ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ဝယ္ယူခဲ့သည္။ မိုက္ကယ္ေဒးဗစ္ဝယ္ယူခဲ့ေသာ အခ်ိန္ကား ေရြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္အႏိုင္ရျပီးစ ကာလျဖစ္သည္။

ယင္းေနာက္ Trump Birth House LLC က ကန္ေဒၚလာ ၂ ဒသမ ၁၄ သန္းျဖင့္ မိုက္ကယ္ေဒးဗစ္ထံမွ ျပန္လည္ဝယ္ယူခဲ့ရာ မိုက္ကယ္ေဒးဗစ္အဖို႔ ႏွစ္ဆနီးပါး အက်ဳိးရွိခဲ့သည့္ ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခု ျဖစ္ခဲ့သည္။

ကား ၂ စင္းဆံ့ ဂိုေဒါင္တစ္လံုးအျပင္ အျပီးသတ္တည္ေဆာက္ျပီးျဖစ္ေသာ ေျမေအာက္ခန္းတစ္ခုလည္း ပါဝင္သည္။

စက္တင္ဘာ ၁၇ ရက္တြင္ ေလလံတင္မႈ စတင္ခဲ့ျပီး ႏိုဝင္ဘာ ၁၄ ရက္အထိ ေလလံဖြင့္ေပးထားမည္ဟု သိရသည္။

ယခုႏွစ္ အေစာပိုင္းက ကန္ေဒၚလာ ၂ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။ (အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ https://www.imyanmarhouse.com/news/read/803565 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္) ေလလံတင္ေပးလာသည္မွာ Paramount Realty USA မွ ျဖစ္သည္။

“ဒီစံအိမ္ရဲ႕ တန္ဖိုးက ေနအိမ္ကို ဘာေတြသံုးျပီး ေဆာက္လုပ္ထားလဲဆိုတဲ့အေပၚ မူတည္တာ မဟုတ္ပါဘူး။ အေမရိကန္ျပည္ေထာင္စုရဲ႕ သမၼတၾကီးနဲ႔ ဆက္ႏႊယ္မႈရွိေနတဲ့သမိုင္းအေပၚမွာ မွီတည္ေနတာျဖစ္ပါတယ္”ဟု Paramount Realty USA မွ အၾကီးအကဲ မီရွာ ဟာဂါနီက ေျပာၾကားသည္။

အဆိုပါ ေနအိမ္မွာ သာမန္ေနအိမ္တစ္လံုးသာဆိုပါက အက်ဳိးေဆာင္တစ္ဦးႏွင့္သာ ေစ်းကြက္တင္မည္ျဖစ္ျပီး တန္ေၾကးမွာလည္း ကန္ေဒၚလာ ၁ သန္းခန္႔သာ ရွိမည္ျဖစ္ေၾကာင္း ဟာဂါနီက ေျပာၾကားသည္။

မစၥတာ ဟာဂါနီက ခန္႔မွန္းရာတြင္ ကန္ေဒၚလာ ၂ သန္းမွ ၆ သန္းၾကား ရရွိဖြယ္ရွိေၾကာင္း ခန္႔မွန္းထားသည္။

ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္သည္ ၂၀၁၇ ခုႏွစ္အတြင္းက တစ္လလွ်င္ ေဒၚလာ ၄၀၀၀ ျဖင့္ လည္းေကာင္း၊ တစ္ညလွ်င္ ၇၂၅ ေဒၚလာျဖင့္ လည္းေကာင္း အငွားေစ်းကြက္သို႔ ဝင္ေရာက္ခဲ့ဖူးသည္။

(အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ https://www.imyanmarhouse.com/news/read/619414  အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္)

သမၼတ ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္ႏွင့္ စပ္လ်ဥ္းသည့္ အျခားသတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ (၁) https://www.imyanmarhouse.com/news/read/560665 (၂) https://www.imyanmarhouse.com/news/read/518788 လင့္ခ္မ်ားတြင္လည္း ဆက္စပ္ဖတ္ရႈႏိုင္ပါသည္။

ေဒၚနယ္ထရမ့္ကို ၁၉၄၆ ခုႏွစ္ ဇြန္လ ၁၄ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္တြင္ ဖြားျမင္သည္။

ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတေရြးေကာက္ပြဲသို႔ အေျခအတင္ျဖစ္ဖြယ္ရာ အဆိုျပဳခ်က္ ၂ ခုျဖင့္ ၀င္ေရာက္လာခဲ့သည္။

၎၏ ပထမအဆိုမွာအေမရိကန္-မကၠဆီကိုနယ္စပ္တြင္ တံတိုင္းခတ္ရန္ႏွင့္ အေမရိကန္ျပည္တြင္းသို႔ တရားမ၀င္ေရာက္ရွိေနသူ ၁၁ သန္းကိုေနရပ္ျပန္ပို႔ရန္ အဆုိမ်ား ျဖစ္သည္။ ေဒၚနယ္ထရမ့္သည္ အိမ္ေထာင္ ၃ ဆက္ရွိခဲ့ျပီးပထမဆံုးဇနီး မွာခ်က္ေမာ္ဒယ္ အိုင္ဗန္နာဇဲနစ္ကိုဗာျဖစ္သည္။

၁၉၇၇ ၊ ဧျပီ ၇ ရက္တြင္ လက္ထပ္ခဲ့ၾကျပီးသားသမီး ၃ ဦးထြန္းကားသည္။ ၁၉၉၀ ခုႏွစ္တြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မာလာေမပယ္လ္ႏွင့္ ေဒၚနယ္ထရမ့္တို႔၏ အခ်စ္ေရးသတင္းမ်ားမွာသတင္းမီဒီယာမ်ားတြင္ ပ်ံ ႔ႏွံ႔လာျပီးေနာက္ပိုင္းအိုင္ဗန္နာႏွင့္ ကြာရွင္းျပတ္စဲခဲ့သည္။

၁၉၉၃ ခုႏွစ္ ေအာက္တိုဘာ ၃ ရက္တြင္ မာလာေမပယ္လ္ႏွင့္ ေဒၚနယ္ထရမ့္တို႔၏ သမီးဦးတစ္ဖ္နီဖြားျမင္သည္။

သမီးငယ္ေမြးဖြားအျပီး ၂ လအၾကာ ၁၉၉၃ ၊ ဒီဇင္ဘာ ၂၀ တြင္ လက္ထပ္ခဲ့ၾကသည္။

၁၉၉၇ ၊ ေမလတြင္ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

၁၉၉၈ ခုႏွစ္တြင္ ဆလိုေဗးနီးယားသူ၊ ဖက္ရွင္ေမာ္ဒယ္ မီလာနီယာကေနာ့စ္ႏွင့္ ခ်စ္ကၽြမ္း၀င္ခဲ့ကာ ၂၀၀၄ ဧျပီတြင္ ေစ့စပ္ခဲ့ျပီး ၂၀၀၅ ဇန္န၀ါရီ ၂၂ တြင္ လက္ထပ္ခဲ့ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်သည် အရောင်းဈေးကွက်၊ အငှားဈေးကွက်များသို့ မကြာခဏ ဝင်ချည် ထွက်ချည်ဖြစ်နေခဲ့သည့် စံအိမ်တစ်လုံးဖြစ်ပြီး ယခုအခါ လေလံတင်ရောင်းချရန် ဈေးကွက်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြန်ပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေလံတင် ကြမ်းခင်းဈေးကိုမူ ကြေညာထားခြင်း မရှိချေ။

နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့၊ Queens အရပ်၊ ဂျမေကာအိမ်ရာတွင် တည်ရှိပြီး တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထား ကာ အုတ်၊ ကော်နစ်ပလာစတာ ရောယှက်ဆောက်လုပ်ထားသော နေအိမ်ဖြစ်သည်။

ထရမ့်ရေးသားထားသည့် Trump: The Art of the Deal စာအုပ်၊ ဒေါ်နယ်ထရမ့်၏ အမှတ်ရဖွယ် ဓာတ်ပုံများ၊ နေအိမ်ဧည့်ခန်းတွင် ထရမ့်၏ ကိုယ်လုံးပြည့်ပုံစံ ဖြတ်ပိုင်းရုပ်ပုံတို့ ယနေ့တိုင်ပြသထားသည်။

ထရမ့်၏ဖခင်ဖြစ်သူ ဖရက်ဒ်ထရမ့်က ၁၉၄၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထရမ့်၏ မွေးစာရင်းပါ လိပ်စာမှာ ယခုနေအိမ်ဖြစ်သည်။

Queens အရပ်၊ Jamaica Estates အိမ်ရာဝန်းတွင် တည်ရှိသော အဝါရောင် နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ မီးလင်းဖိုတစ်ခု၊ နေစာလှုံခန်းတို့ပါဝင်ပြီး ကြမ်းပြင်ကို ဝက်သစ်ချသားများဖြင့် ခင်းကျင်းထားသည်။

ဒေါ်နယ်ထရမ့်သည် အဆိုပါနေအိမ်တွင် အသက် ၄ နှစ်သားအရွယ်အထိသာ နေထိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ရာ အိမ်ခြံမြေလုပ်ငန်းရှင် မိုက်ကယ်ဒေးဗစ်က ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့သည်။ မိုက်ကယ်ဒေးဗစ်ဝယ်ယူခဲ့သော အချိန်ကား ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပြီးစ ကာလဖြစ်သည်။

ယင်းနောက် Trump Birth House LLC က ကန်ဒေါ်လာ ၂ ဒသမ ၁၄ သန်းဖြင့် မိုက်ကယ်ဒေးဗစ်ထံမှ ပြန်လည်ဝယ်ယူခဲ့ရာ မိုက်ကယ်ဒေးဗစ်အဖို့ နှစ်ဆနီးပါး အကျိုးရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့သည်။

ကား ၂ စင်းဆံ့ ဂိုဒေါင်တစ်လုံးအပြင် အပြီးသတ်တည်ဆောက်ပြီးဖြစ်သော မြေအောက်ခန်းတစ်ခုလည်း ပါဝင်သည်။

စက်တင်ဘာ ၁၇ ရက်တွင် လေလံတင်မှု စတင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်အထိ လေလံဖွင့်ပေးထားမည်ဟု သိရသည်။

ယခုနှစ် အစောပိုင်းက ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။ (အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/803565 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်) လေလံတင်ပေးလာသည်မှာ Paramount Realty USA မှ ဖြစ်သည်။

“ဒီစံအိမ်ရဲ့ တန်ဖိုးက နေအိမ်ကို ဘာတွေသုံးပြီး ဆောက်လုပ်ထားလဲဆိုတဲ့အပေါ် မူတည်တာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးနဲ့ ဆက်နွှယ်မှုရှိနေတဲ့သမိုင်းအပေါ်မှာ မှီတည်နေတာဖြစ်ပါတယ်”ဟု Paramount Realty USA မှ အကြီးအကဲ မီရှာ ဟာဂါနီက ပြောကြားသည်။

အဆိုပါ နေအိမ်မှာ သာမန်နေအိမ်တစ်လုံးသာဆိုပါက အကျိုးဆောင်တစ်ဦးနှင့်သာ ဈေးကွက်တင်မည်ဖြစ်ပြီး တန်ကြေးမှာလည်း ကန်ဒေါ်လာ ၁ သန်းခန့်သာ ရှိမည်ဖြစ်ကြောင်း ဟာဂါနီက ပြောကြားသည်။

မစ္စတာ ဟာဂါနီက ခန့်မှန်းရာတွင် ကန်ဒေါ်လာ ၂ သန်းမှ ၆ သန်းကြား ရရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်သည် ၂၀၁၇ ခုနှစ်အတွင်းက တစ်လလျှင် ဒေါ်လာ ၄၀၀၀ ဖြင့် လည်းကောင်း၊ တစ်ညလျှင် ၇၂၅ ဒေါ်လာဖြင့် လည်းကောင်း အငှားဈေးကွက်သို့ ဝင်ရောက်ခဲ့ဖူးသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/619414 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)

သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်နှင့် စပ်လျဉ်းသည့် အခြားသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် (၁) https://www.imyanmarhouse.com/news/read/560665 (၂) https://www.imyanmarhouse.com/news/read/518788 လင့်ခ်များတွင်လည်း ဆက်စပ်ဖတ်ရှုနိုင်ပါသည်။

ဒေါ်နယ်ထရမ့်ကို ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ဖွားမြင်သည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲသို့ အခြေအတင်ဖြစ်ဖွယ်ရာ အဆိုပြုချက် ၂ ခုဖြင့် ဝင်ရောက်လာခဲ့သည်။

၎င်း၏ ပထမအဆိုမှာအမေရိကန်-မက္ကဆီကိုနယ်စပ်တွင် တံတိုင်းခတ်ရန်နှင့် အမေရိကန်ပြည်တွင်းသို့ တရားမဝင်ရောက်ရှိနေသူ ၁၁ သန်းကိုနေရပ်ပြန်ပို့ရန် အဆိုများ ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် အိမ်ထောင် ၃ ဆက်ရှိခဲ့ပြီးပထမဆုံးဇနီး မှာချက်မော်ဒယ် အိုင်ဗန်နာဇဲနစ်ကိုဗာဖြစ်သည်။

၁၉၇၇ ၊ ဧပြီ ၇ ရက်တွင် လက်ထပ်ခဲ့ကြပြီးသားသမီး ၃ ဦးထွန်းကားသည်။ ၁၉၉၀ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ အချစ်ရေးသတင်းများမှာသတင်းမီဒီယာများတွင် ပျံ့နှံ့လာပြီးနောက်ပိုင်းအိုင်ဗန်နာနှင့် ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၉၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မာလာမေပယ်လ်နှင့် ဒေါ်နယ်ထရမ့်တို့၏ သမီးဦးတစ်ဖ်နီဖွားမြင်သည်။

သမီးငယ်မွေးဖွားအပြီး ၂ လအကြာ ၁၉၉၃ ၊ ဒီဇင်ဘာ ၂၀ တွင် လက်ထပ်ခဲ့ကြသည်။

၁၉၉၇ ၊ မေလတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

၁၉၉၈ ခုနှစ်တွင် ဆလိုဗေးနီးယားသူ၊ ဖက်ရှင်မော်ဒယ် မီလာနီယာကနော့စ်နှင့် ချစ်ကျွမ်းဝင်ခဲ့ကာ ၂၀၀၄ ဧပြီတွင် စေ့စပ်ခဲ့ပြီး ၂၀၀၅ ဇန်နဝါရီ ၂၂ တွင် လက်ထပ်ခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service