တရုတ်အမျိုးသားတစ်ဦး ခေါက်ဆွဲထုပ် ၂,၀၀၀ ဖြင့် ကလေးကစားအိမ်တည်ဆောက်
တရုတ်အမျိုးသားတစ်ဦး ခေါက်ဆွဲထုပ် ၂,၀၀၀ ဖြင့် ကလေးကစားအိမ်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
23 Sep 2019 10:38 am တွင် တင်ခဲ့သည်
1225 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
မကြာခင်မှာ ဖခင်ဖြစ်တော့မယ့် တရုတ်နိုင်ငံသားတစ်ဦးက သူ့ရဲ့မမွေးဖွားလာသေးတဲ့ သားဖြစ်သူအတွက် သက်တမ်းလွန်နေတဲ့ အသင့်စားခေါက်ဆွဲထုတ် ၂,၀၀၀ သုံးပြီး ကလေးကစားတဲ့အိမ်လေးတစ်လုံး တည်ဆောက်ပေးလိုက်တဲ့သတင်းဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေထက်မှာ မကြာသေးမီကပဲ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။
တမျိုးဆန်းနေတဲ့ အဲ့ဒီအိမ်လေးရဲ့ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ဟွာသျန်ကောင်တီနေ အဆိုပါဖခင်လောင်း မစ္စတာကျန်းကိုယ်တိုင် လူမှုကွန်ယက်မှာ တင်လိုက်ပြီးတဲ့နောက် လျင်မြန်စွာပဲ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူ့ထံကို တရုတ်သတင်းထောက်တွေ ဆက်သွယ်မေးမြန်းခဲ့ကြတဲ့အခါ သူက သူဟာ သက်တမ်းလွန်နေတဲ့ ခေါက်ဆွဲထုပ်ထောင်ချီကို ကော်နဲ့ပူးကပ်ပြီး အဲ့ဒီအိမ်ကလေးကို အချိန် ၄ ရက်ကြာ တည်ဆောက်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
“ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အစားအစာလက်ကားရောင်းတဲ့သူလေ။ သူက သူ့ကုန်လှောင်ရုံထဲကနေ သက်တမ်းလွန်နေတဲ့ အသင့်စားခေါက်ဆွဲထုပ်တစ်ပုံတစ်ခေါင်းကြီးကို လွှင့်ပစ်မယ်ဆိုတာ သိရတော့ နှမြောစရာကြီးလို့ ကျွန်တော်စိတ်ထဲခံစားရပါတယ်။ ဒါကြောင့် ကျွန်တော် အဲ့ဒီခေါက်ဆွဲထုပ်တွေကို သွားသယ်လာခဲ့ပြီး အခုလိုစိတ်ကူးလေးရခဲ့တာပါ။” ဟု ကျန်းက ပြောကြားခဲ့သည်။
“အသင့်စားခေါက်ဆွဲအိမ်” လေးဟာ သူ့ရဲ့ မွေးဖွားလာမယ့်သားလေးရဲ့ အရုပ်တွေ ထားရှိနိုင်ရုံ၊ ဝင်ရောက်ဆော့ကစားနိုင်ရုံတင်မကဘဲ အရွယ်ရောက်ပြီးလူကြီးတစ်ယောက်အတွက် တစ်ယောက်အိပ်မွေ့ယာတစ်လုံး ထားရှိနိုင်လောက်တဲ့အထိ ကျယ်ပါတယ်။ အတိအကျအားဖြင့်ဆိုရင်တော့ အနံတစ်မီတာ၊ အလျားနှစ်မီတာရှိတဲ့ ၎င်းအိမ်လေးဟာ စုစုပေါင်း စတုရန်းမီတာ ၄ မီတာ ကျယ်ဝန်းပါတယ်။ ၎င်းအိမ်လေးမှာ အလင်းရောင်ဝင်နိုင်ဖို့ ပြတင်းပေါက်တွေလည်း ရှိပါတယ်။
ကလေးကစားတဲ့ ဒီခေါက်ဆွဲအိမ်ကလေးဟာ အွန်လိုင်းမှာ တုံ့ပြန်ချက်မျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ အချို့သော လူမှုကွန်ရက်အသုံးပြုသူတွေကတော့ မစ္စတာကျန်းရဲ့ မမွေးသေးတဲ့သားလေးအတွက် ဆန်းဆန်းပြားပြားစိတ်ကူးဖန်တီးမှုအတွက် ချီးကျူးကြသလို အချို့ကလည်း ခေါက်ဆွဲအိမ်နဲ့ ထိတွေ့လို့ ကလေးအတွက် မလိုလားအပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး သူ့ကို ဆင်ခြင်ဉာဏ်နည်းတယ်လို့ ပြောဆိုနေကြပါတယ်။
“မဟုတ်တာပဲ။ ကလေးက အဲဒီခေါက်ဆွဲတွေ၊ ကော်တွေကို စားမိရင် ဘယ့်နှယ်လုပ်မလဲ?” ဟု တစ်ဦးက Weibo တွင် ရေးသားခဲ့သည်။
ကော်တွေအများကြီးသုံးပြီး ဆောက်ထားတဲ့ ဒီခေါက်ဆွဲအိမ်မှာ ကလေးကို ဆော့ကစားစေမယ်ဆိုတာဟာ အရမ်းကို ဆင်ခြင်ဉာဏ်နည်းပြီး တာဝန်မဲ့တယ်လို့ အခြားသူတွေကလည်း ဝေဖန်ကြကြောင်း သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service