တရုတ္ရင္းႏွီးျမွဳပ္ႏွံသူမ်ားက ၾသစေတးလ်ရွိ ဟိုတယ္ ၂၃ လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၃၀၀ ျဖင့္ ဝယ္ယူ

တရုတ္ရင္းႏွီးျမွဳပ္ႏွံသူမ်ားက ၾသစေတးလ်ရွိ ဟိုတယ္ ၂၃ လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၃၀၀ ျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
20 Sep 2019 12:21 pm တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္အေျခစိုက္ asset manager ကုမၸဏီ iProsperity သည္ ၾသစေတးလ်ရွိ ဟိုတယ္ ၂၃ လံုးကို ၾသစေတးလ်ေဒၚလာ သန္း ၃၀၀ ျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

iProsperity သည္ အဆိုပါဟိုတယ္မ်ားကို ျပင္သစ္ဟိုတယ္ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ AccorInvest ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း Australian Financial Review သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

iProsperity သည္ ခ်မ္းသာၾကြယ္ဝေသာ ပုဂၢိဳလ္မ်ား၏ ဘ႑ာေရးက႑မ်ား စီမံခန္႔ခြဲမႈ ျပဳလုပ္ေပးသည့္ ကုမၸဏီျဖစ္ျပီး အထူးသျဖင့္ တရုတ္ႏိုင္ငံသားမ်ားအေပၚ ဦးတည္လုပ္ေဆာင္ေပးလ်က္ရွိသည္။

iProsperity က Ibis, Mercure ႏွင့္ Novotel အမွတ္တံဆိပ္ဟိုတယ္မ်ားကို ၾသစေတးလ်ေဒၚလာ သန္း ၃၀၀ (ကန္ေဒၚလာ ၂၀၄ သန္း) ျဖင့္ မၾကာေသးမီ ရက္သတၱပတ္အတြင္းက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုဝယ္ယူလိုက္မႈသည္ ၾသစေတးလ်တြင္ iProsperity ၏ အိမ္ျခံေျမဝယ္ယူမႈေျခလွမ္းမ်ားစြာတြင္ ေနာက္ဆံုးျဖစ္ေပၚခဲ့ေသာ ေျခလွမ္းျဖစ္ျပီး ျပီးခဲ့ေသာ သီတင္းပတ္မ်ားအတြင္းကလည္း Vanuatu ကၽြန္းေပၚရွိ ကာစီႏိုတစ္ခုကို ၾသစေတးလ်ေဒၚလာ သန္း ၃၀ ျဖင့္ ဝယ္ယူခဲ့ေသးသည္။

ယခုဝယ္ယူလိုက္ေသာ ဟိုတယ္မ်ားတြင္ အခန္းစုစုေပါင္း ၃၀၀၀ ေက်ာ္ ပါဝင္ျပီး ၾသစေတးလ်ႏိုင္ငံ၏ အထင္ကရျမိဳ႕ၾကီးမ်ားတြင္ ျဖန္႔က်က္တည္ရွိသည္။

ယင္းတို႔အနက္ စုစုေပါင္း အခန္း ၄၁၂ ခန္းပါဝင္ေသာ Ibis Brisbane ႏွင့္ Mercure Brisbane CBD ဟိုတယ္မ်ား၊ အခန္းေပါင္း ၂၉၆ ခန္းပါ Novotel Brisbane ဟိုတယ္၊ အခန္း ၂၅၀ ပါ Ibis Melbourne ဟိုတယ္၊ အခန္း ၂၀၀ ပါ Ibis Sydney Airport ဟိုတယ္ႏွင့္ အခန္း ၂၃၉ ခန္းပါ Mercure Perth ဟိုတယ္တို႔ ပါဝင္သည္။

အဆိုပါ ဟိုတယ္မ်ားအနက္ ၁၅ လံုးကို AccorInvest က အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ Abu Dhabi Investment Authority ထံမွ ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း ၾသစေတးလ်ေဒၚလာ သန္း ၂၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ယခုဟိုတယ္မ်ားကို ေရာင္းခ်ရာတြင္ ကမၻာတစ္ဝန္းမွ လုပ္ငန္းရွင္မ်ားစြာ စိတ္ဝင္စားမႈမ်ား ရွိခဲ့သည္။

ေရာင္းခ်လိုက္သည့္ဟိုတယ္အားလံုးကို AccorInvest ၏ ကုမၸဏီခြဲျဖစ္ေသာ AccorHotels က ၾကီးၾကပ္လည္ပတ္ျခင္းျဖစ္ျပီး ၾကမ္းခင္းဧရိယာစုစုေပါင္း ၅၄၅၀၀ စတုရန္းမီတာ ( ၅၈၆၆၃၃ စတုရန္းေပ) ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်အခြေစိုက် asset manager ကုမ္ပဏီ iProsperity သည် သြစတေးလျရှိ ဟိုတယ် ၂၃ လုံးကို သြစတေးလျဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

iProsperity သည် အဆိုပါဟိုတယ်များကို ပြင်သစ်ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ AccorInvest ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Australian Financial Review သတင်းတစ်ရပ်တွင် ဖော်ပြသည်။

iProsperity သည် ချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များ၏ ဘဏ္ဍာရေးကဏ္ဍများ စီမံခန့်ခွဲမှု ပြုလုပ်ပေးသည့် ကုမ္ပဏီဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံသားများအပေါ် ဦးတည်လုပ်ဆောင်ပေးလျက်ရှိသည်။

iProsperity က Ibis, Mercure နှင့် Novotel အမှတ်တံဆိပ်ဟိုတယ်များကို သြစတေးလျဒေါ်လာ သန်း ၃၀၀ (ကန်ဒေါ်လာ ၂၀၄ သန်း) ဖြင့် မကြာသေးမီ ရက်သတ္တပတ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုဝယ်ယူလိုက်မှုသည် သြစတေးလျတွင် iProsperity ၏ အိမ်ခြံမြေဝယ်ယူမှုခြေလှမ်းများစွာတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ခြေလှမ်းဖြစ်ပြီး ပြီးခဲ့သော သီတင်းပတ်များအတွင်းကလည်း Vanuatu ကျွန်းပေါ်ရှိ ကာစီနိုတစ်ခုကို သြစတေးလျဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့သေးသည်။

ယခုဝယ်ယူလိုက်သော ဟိုတယ်များတွင် အခန်းစုစုပေါင်း ၃၀၀၀ ကျော် ပါဝင်ပြီး သြစတေးလျနိုင်ငံ၏ အထင်ကရမြို့ကြီးများတွင် ဖြန့်ကျက်တည်ရှိသည်။

ယင်းတို့အနက် စုစုပေါင်း အခန်း ၄၁၂ ခန်းပါဝင်သော Ibis Brisbane နှင့် Mercure Brisbane CBD ဟိုတယ်များ၊ အခန်းပေါင်း ၂၉၆ ခန်းပါ Novotel Brisbane ဟိုတယ်၊ အခန်း ၂၅၀ ပါ Ibis Melbourne ဟိုတယ်၊ အခန်း ၂၀၀ ပါ Ibis Sydney Airport ဟိုတယ်နှင့် အခန်း ၂၃၉ ခန်းပါ Mercure Perth ဟိုတယ်တို့ ပါဝင်သည်။

အဆိုပါ ဟိုတယ်များအနက် ၁၅ လုံးကို AccorInvest က အာရပ်စော်ဘွားများပြည်ထောင်စု၏ Abu Dhabi Investment Authority ထံမှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သြစတေးလျဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယခုဟိုတယ်များကို ရောင်းချရာတွင် ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းရှင်များစွာ စိတ်ဝင်စားမှုများ ရှိခဲ့သည်။

ရောင်းချလိုက်သည့်ဟိုတယ်အားလုံးကို AccorInvest ၏ ကုမ္ပဏီခွဲဖြစ်သော AccorHotels က ကြီးကြပ်လည်ပတ်ခြင်းဖြစ်ပြီး ကြမ်းခင်းဧရိယာစုစုပေါင်း ၅၄၅၀၀ စတုရန်းမီတာ ( ၅၈၆၆၃၃ စတုရန်းပေ) ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service