ျမန္မာ - ကိုရီးယားစက္မွဳဇုန္ရင္းႏွီးျမွပ္နွံမွဳေနာက္ကြယ္

ျမန္မာ - ကိုရီးယားစက္မွဳဇုန္ရင္းႏွီးျမွပ္နွံမွဳေနာက္ကြယ္ - Property News in Myanmar from iMyanmarHouse.com
20 Sep 2019 11:07 am တွင် တင်ခဲ့သည်
27228 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မၾကာခင္စတင္ေတာ့မယ့္ ျမန္မာႏိုင္ငံက ကိုရီးယားစက္မွဳဇုန္ရင္းနွီးျမွပ္နွံမွဳရဲ႕ေနာက္ကြယ္မွာ စိတ္ဝင္စားဖြယ္ရာအက်ိဴးအေၾကာင္းအခ်က္အလက္မ်ားစြာပါဝင္လာပါတယ္။ KMIC စက္မႈဇုန္ ပႏၷက္တင္ပြဲမွာ ကိုရီးယားဘက္မွတာဝန္ရွိသူေတြ ေျပာၾကားတဲ့မိန္႔ခြန္းမ်ား ကို အထူးနားစိုက္ေထာင္မိပါတယ္။

ကိုရီးယားသမၼတႀကီးႏွင့္တကြ စီးပြားေရးအဖြဲ႕အစည္းေခါင္းေဆာင္မ်ားက မိန္႔ခြန္းေျပာၾကားရာမွာ ျမန္မာစကားပံုမ်ား၊ ျမန္မာ့ေရေျမအေနအထားနဲ႔ ယဥ္ေက်းမႈဓေလ့မ်ား၊ ဘာသာေရးအဆံုးအမမ်ားကိုပါ အံဝင္ခြင္က်ထည့္သြင္းၿပီး ကၽြမ္းက်င္လိမၼာစြာ ေျပာၾကားသြားတာ လြန္စြာနားေထာင္လို႔ေကာင္းပါတယ္။

ကိုရီးယားႏိုင္ငံတကာ ကုန္သြယ္ေရးအသင္းဥကၠ႒ရဲ႕ ေျပာစကားထဲမွာ အလြန္မွတ္သားဖြယ္ေကာင္းတဲ့ စကားတစ္ခြန္းကို ၾကားသိလိုက္ရပါတယ္။ ‘ေအး အတူ ပူအမွ်’ ဆိုတဲ့ ျမန္မာစကားအတိုင္း ႏွစ္ႏုိင္ငံအင္အားနဲ႔ပူးေပါင္းေဆာင္ရြက္ၿပီး အခက္အခဲမ်ားကို အတူရင္ဆိုင္၊ အက်ိဳးတရားကို အတူခံစားၾကရမွာျဖစ္ေၾကာင္း၊ ‘‘ေဝမွ်စားရင္ ႏွစ္ဆပြားတယ္’’ လို႔ ေျပာၾကားလိုေၾကာင္း၊ မိမိတစ္ဦးတည္းလုပ္ၿပီး တစ္ဦးတည္းခံစားတာထက္ ေဝမွ်ၿပီးလုပ္၊ ေဝမွ်ၿပီးစားရင္ အင္အားႏွစ္ဆ တိုးပြားမွာျဖစ္ေၾကာင္း ေျပာစကားေတြဟာ အလြန္အဖိုးတန္လွပါတယ္။ သူဆိုလိုတဲ့သေဘာက ကိုရီးယားနဲ႔ျမန္မာဟာ တစ္ဦးနဲ႔တစ္ဦး နည္းပညာေတြ ေဝငွျခင္း၊ သယံဇာတေတြေဝငွ ျခင္း၊ အတူယွဥ္တြဲၿပီး အက်ိဳးတူေဆာင္ရြက္ျခင္းေၾကာင့္အင္အားႏွစ္ဆတိုးၿပီး လုပ္ငန္းမ်ားပုိမိုေအာင္ျမင္မႈရရွိတဲ့ မိတ္ဖက္မ်ား ျဖစ္လာမယ္ဆိုတာပါပဲ။

KMIC စက္မႈဇုန္ကို လွည္းကူးၿမိဳ႕နယ္ ရန္ကုန္-မႏၲေလး အျမန္လမ္းရဲ႕ အေနာက္ဘက္ ေျမဧက ၅၅၀ မွာ အေကာင္အထည္ေဖာ္မွာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံက သယံဇာတအရင္းအျမစ္ကို ရင္းႏွီးျမႇဳပ္ႏွံမွာျဖစ္သလို စက္မႈဇုန္အတြက္ ျပင္ပမွ ေရနဲ႔မီးနဲ႔ ဆက္စပ္လမ္းမ်ားစတဲ့အေျခခံအေဆာက္အအံုမ်ားဖန္တီးေပးမွာျဖစ္ပါတယ္။ လူသားအရင္းအျမစ္မွာလည္း ျမန္မာႏုိင္ငံဟာလုပ္အားခႏႈန္းထားသက္သာစြာ ျဖည့္ဆည္းေပးႏိုင္တဲ့အေနအထားရွိေနပါတယ္။

၂၀၁၈ ခုႏွစ္မွာ LH ေကာ္ပိုေရးရွင္းရဲ႕ ေလ့လာခ်က္အရ ျမန္မာႏိုင္ငံမွာ အေျခခံပညာအထက္တန္းေအာင္ျမင္သူတစ္ဦးကို လုပ္အားခတစ္လအတြက္ အေမရိကန္ေဒၚလာ ၁၀၀ မွ်နဲ႔ ရရွိႏိုင္ေပမယ့္ ထိုင္းႏိုင္ငံမွာ ၃၅၉ ေဒၚလာ၊ ကေမၻာဒီးယားမွာ ၂၂၀ ေဒၚလာ၊ ဖိလစ္ပိုင္မွာ ၂၈၇ ေဒၚလာ၊ အင္ဒိုနီးရွားမွာ ၂၇၁ ေဒၚ လာနဲ႔ ဗီယက္နမ္မွာ ၃၅၀ ေဒၚ လာေပးရမွာျဖစ္ေၾကာင္း သိရွိရပါတယ္။ သင္ယူတဲ့ေနရာမွာလည္း ျမန္မာအလုပ္သမားေတြဟာ လြန္စြာအတတ္ျမန္တယ္ဆို တဲ့အခ်က္ကို ႏိုင္ငံတကာမွလက္ခံထားၾကပါတယ္။

ဒါေၾကာင့္ ျမန္မာဘက္မွ အဖိုးတန္လူ႔စြမ္းအားအရင္းအျမစ္ကိုပါမွ်ေဝမွာ ျဖစ္သလို ကိုရီးယားႏိုင္ငံဘက္မွ ေငြေၾကးနဲ႔နည္းပညာ အရင္းအႏွီး ေဝမွ်ၿပီး အက်ိဳးတူပူးေပါင္း ေဆာင္ရြက္မႈတစ္ရပ္လို႔ဆိုရမွာ ျဖစ္ပါတယ္။ ရင္းႏွီးမႈအခ်ိဳးမွာ ကိုရီးယားဘက္မွ ၆၀ ရာခိုင္ႏႈန္း၊ ျမန္မာဘက္မွ ၄၀ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္မွာ စက္မႈဇုန္ရဲ႕ အသီးအပြင့္ေတြ စတင္ေပၚထြန္းၿပီး ႏွစ္ႏုိင္ငံစလံုး ေအာင္ျမင္တဲ့မိတ္ဖက္မ်ားအျဖစ္ ခ်မ္းသာႂကြယ္ဝမႈကို ခြဲေဝခံစားႏိုင္မွာျဖစ္ပါတယ္။ မိမိတို႔ရဲ႕ အရင္းအႏွီးတန္ဖိုးမ်ားဟာလည္း ပို၍ပို၍တိုးပြားရရွိလာမွာျဖစ္လို႔ ေဝမွ်စားရင္ အင္အားႏွစ္ဆပြားတယ္ဆိုတာ အမွန္ပါပဲ။ ဒီေနရာမွာ ကိုရီး ယားႏိုင္ငံဘက္မွ ဦးေဆာင္ရင္းႏွီး ျမႇဳပ္ႏွံမယ့္ LH ေကာ္ပိုေရးရွင္းရဲ႕ အေၾကာင္းကို အနည္းငယ္ေျပာၾကားလိုပါတယ္။

အဆိုပါအဖြဲ႕အစည္းဟာကိုရီးယားႏိုင္ငံမွာ ႏွစ္ ေပါင္း ၅၀ ေက်ာ္ကာလအတြင္း ျပည္သူ႔အိမ္ရာအငွားနဲ႔ အေရာင္း စုစုေပါင္း အိမ္ခန္း ၂ ဒသမ ၇ သန္း တည္ေဆာက္ခဲ့ေၾကာင္း သိရွိရပါတယ္။ စမတ္စီးတီးမ်ား၊ စက္မႈဇုန္မ်ား၊ စီးပြားေရးဇုန္မ်ားနဲ႔ ၿမိဳ႕ျပျပန္လည္ဖြံ႕ၿဖိဳးမႈလုပ္ငန္းမ်ားမွာ အေတြ႕အႀကံဳရင့္က်က္တဲ့ အဖြဲ႕အစည္းႀကီးျဖစ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ ဒလၿမိဳ႕သစ္စီမံကိန္းအႀကိဳ ဆန္းစစ္ေလ့လာမႈ လုပ္ငန္းကိုပါ တာဝန္ယူေဆာင္ရြက္မယ့္ အဖြဲ႕အစည္းျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

ကိုရီးယားႏိုင္ငံ သမၼတႀကီး မြန္ေဂ်အင္က မိန္႔ခြန္းေျပာၾကားရာမွာ ကိုရီးယားႏိုင္ငံမွာ စီးပြားေရးတိုးတက္မႈမ်ားမွသည္ ‘ဟန္ျမစ္၏ ထူးျခားေအာင္ျမင္မႈ’ ကို ဖန္တီးသကဲ့သို႔ ျမန္မာႏုိင္ငံမွာ KMIC က ‘ ဧရာဝတီရဲ႕ထူးျခားေအာင္ျမင္မႈ’ ဖန္တီးရာမွ ေလွကားထစ္ျဖစ္ေစမည္လို႔ ကဗ်ာဆန္ဆန္တင္စား ေျပာဆိုခဲ့ျပန္ပါတယ္။စီမံကိန္းရဲ႕ပထမအဆင့္ Phase 1 ကို ၂၀၁၉-၂၀၂၁ အတြင္း အၿပီးသတ္ေဆာင္ရြက္သြားမွာျဖစ္ၿပီး Phase-2 ကိုေတာ့ ၂၀၂၂ ကေန ၂၀၂၄ အထိ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ယခုအေကာင္အထည္ေဖာ္မယ့္ စက္မႈဇုန္ ထဲမွာ ေတာင္ကုိရီးယားႏုိင္ငံက ေမာ္ေတာ္ကားတပ္ဆင္ ထုတ္လုပ္မႈစက္ရုံေတြအပါအ၀င္ အျခားကုန္ထုတ္လုပ္မႈလုပ္ငန္းေတြ လာေရာက္ရင္းႏွီးဖို႔ ရွိတယ္လို႕ သိရပါတယ္။

ကိုရီးယားႏိုင္ငံဟာ ျမန္မာႏုိင္ငံအတြင္း ထုတ္လုပ္မႈက႑နဲ႕ အေျခခံအေဆာက္အအံုက႑ေတြမွာ အဓိကရင္းနွီးျမွဳပ္ႏွံေနတဲ့ႏိုင္ငံျဖစ္ၿပီး ယခုႏွစ္ ဇူလိုင္လ စာရင္းေတြအရ အဆင့္ ေျခာက္ေနရာမွာ ရပ္တည္ေနတာပါ။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မကြာခင်စတင်တော့မယ့် မြန်မာနိုင်ငံက ကိုရီးယားစက်မှုဇုန်ရင်းနှီးမြှပ်နှံမှုရဲ့နောက်ကွယ်မှာ စိတ်ဝင်စားဖွယ်ရာအကျိူးအကြောင်းအချက်အလက်များစွာပါဝင်လာပါတယ်။ KMIC စက်မှုဇုန် ပန္နက်တင်ပွဲမှာ ကိုရီးယားဘက်မှ တာဝန်ရှိ သူတွေ ပြောကြားတဲ့မိန့်ခွန်းများ ကို အထူးနားစိုက်ထောင်မိပါတယ်။

ကိုရီးယားသမ္မတကြီးနှင့်တကွ စီးပွားရေးအဖွဲ့အစည်းခေါင်းဆောင်များက မိန့်ခွန်းပြောကြားရာမှာ မြန်မာစကားပုံများ၊ မြန်မာ့ရေမြေအနေအထားနဲ့ ယဉ် ကျေးမှုဓလေ့များ၊ ဘာသာရေးအဆုံးအမများကိုပါ အံဝင်ခွင်ကျထည့်သွင်းပြီး ကျွမ်းကျင်လိမ္မာစွာ ပြောကြားသွားတာ လွန်စွာနားထောင်လို့ကောင်းပါတယ်။ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌရဲ့ ပြောစကားထဲမှာ အလွန်မှတ်သားဖွယ်ကောင်းတဲ့ စကားတစ်ခွန်းကို ကြားသိလိုက်ရပါတယ်။ ‘အေး အတူ ပူအမျှ’ ဆိုတဲ့ မြန်မာစကားအတိုင်း နှစ်နိုင်ငံအင်အားနဲ့ပူးပေါင်းဆောင်ရွက်ပြီး အခက်အခဲများကို အတူရင်ဆိုင်၊ အကျိုးတရားကို အတူခံစားကြရမှာဖြစ်ကြောင်း၊ ‘‘ဝေမျှစားရင် နှစ်ဆပွားတယ်’’ လို့ ပြောကြားလိုကြောင်း၊ မိမိတစ်ဦးတည်းလုပ်ပြီး တစ်ဦးတည်းခံစားတာထက် ဝေမျှပြီးလုပ်၊ ဝေမျှပြီးစားရင် အင်အားနှစ်ဆ တိုးပွားမှာဖြစ်ကြောင်း ပြောစကားတွေဟာ အလွန်အဖိုးတန်လှပါတယ်။ သူဆိုလိုတဲ့သဘောက ကိုရီးယားနဲ့မြန်မာဟာ တစ်ဦးနဲ့တစ်ဦး နည်းပညာတွေ ဝေငှခြင်း၊ သယံဇာတတွေဝေငှ ခြင်း၊ အတူယှဉ်တွဲပြီး အကျိုးတူဆောင်ရွက်ခြင်းကြောင့်အင်အားနှစ်ဆတိုးပြီး လုပ်ငန်းများ ပိုမိုအောင်မြင်မှုရရှိတဲ့ မိတ်ဖက်များ ဖြစ်လာမယ်ဆိုတာပါပဲ။

KMIC စက်မှုဇုန်ကို လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းရဲ့ အနောက်ဘက် မြေဧက ၅၅၀ မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံက သယံဇာတအရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံမှာဖြစ်သလို စက်မှုဇုန်အတွက် ပြင်ပမှ ရေနဲ့မီးနဲ့ ဆက်စပ်လမ်းများစတဲ့အခြေခံအဆောက်အအုံများ ဖန်တီးပေး မှာဖြစ်ပါတယ်။ လူသားအရင်းအမြစ်မှာလည်း မြန်မာနိုင်ငံဟာလုပ်အားခနှုန်းထားသက်သာစွာ ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားရှိနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ LH ကော်ပိုရေးရှင်းရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံမှာ အခြေခံပညာအထက်တန်းအောင်မြင်သူတစ်ဦးကို လုပ်အားခတစ်လအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မျှနဲ့ ရရှိနိုင်ပေမယ့် ထိုင်းနိုင်ငံမှာ ၃၅၉ ဒေါ်လာ၊ ကမ္ဘောဒီးယားမှာ ၂၂၀ ဒေါ်လာ၊ ဖိလစ်ပိုင်မှာ ၂၈၇ ဒေါ်လာ၊ အင်ဒိုနီးရှားမှာ ၂၇၁ ဒေါ် လာနဲ့ ဗီယက်နမ်မှာ ၃၅၀ ဒေါ် လာပေးရမှာဖြစ်ကြောင်း သိရှိရပါတယ်။ သင်ယူတဲ့နေရာမှာလည်း မြန်မာအလုပ်သမားတွေဟာ လွန်စွာအတတ်မြန်တယ်ဆို တဲ့အချက်ကို နိုင်ငံတကာမှလက်ခံထားကြပါတယ်။

ဒါကြောင့် မြန်မာဘက်မှ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ကိုပါမျှဝေမှာ ဖြစ်သလို ကိုရီးယားနိုင်ငံဘက်မှ ငွေကြေးနဲ့နည်းပညာ အရင်းအနှီး ဝေမျှပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ရင်းနှီးမှုအချိုးမှာ ကိုရီးယားဘက်မှ ၆၀ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၄၀ ရာခိုင်နှုန်းဖြစ် ပါတယ်။ ၂၀၂၄ ခုနှစ်မှာ စက်မှုဇုန်ရဲ့ အသီးအပွင့်တွေ စတင်ပေါ်ထွန်းပြီး နှစ်နိုင်ငံစလုံး အောင်မြင်တဲ့မိတ်ဖက်များအဖြစ် ချမ်းသာကြွယ်ဝမှုကို ခွဲဝေခံစားနိုင်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီးတန်ဖိုးများဟာလည်း ပို၍ပို၍တိုးပွားရရှိလာမှာဖြစ်လို့ ဝေမျှစားရင် အင်အားနှစ်ဆပွားတယ်ဆိုတာ အမှန်ပါပဲ။ ဒီနေရာမှာ ကိုရီး ယားနိုင်ငံဘက်မှ ဦးဆောင်ရင်းနှီး မြှုပ်နှံမယ့် LH ကော်ပိုရေးရှင်းရဲ့ အကြောင်းကို အနည်းငယ်ပြောကြားလိုပါတယ်။

အဆိုပါအဖွဲ့အစည်းဟာကိုရီးယားနိုင်ငံမှာ နှစ် ပေါင်း ၅၀ ကျော်ကာလအတွင်း ပြည်သူ့အိမ်ရာအငှားနဲ့ အရောင်း စုစုပေါင်း အိမ်ခန်း ၂ ဒသမ ၇ သန်း တည်ဆောက်ခဲ့ကြောင်း သိရှိရပါတယ်။ စမတ်စီးတီးများ၊ စက်မှုဇုန်များ၊ စီးပွားရေးဇုန်များနဲ့ မြို့ပြပြန်လည်ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ အတွေ့အကြုံရင့်ကျက်တဲ့ အဖွဲ့အစည်းကြီးဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒလမြို့သစ်စီမံကိန်းအကြို ဆန်းစစ်လေ့လာမှု လုပ်ငန်းကိုပါ တာဝန်ယူဆောင်ရွက်မယ့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ကိုရီးယားနိုင်ငံ သမ္မတကြီး မွန်ဂျေအင်က မိန့်ခွန်းပြောကြားရာမှာ ကိုရီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်မှုများမှသည် ‘ဟန်မြစ်၏ ထူးခြားအောင်မြင်မှု’ ကို ဖန်တီးသကဲ့သို့ မြန်မာနိုင်ငံမှာ KMIC က ‘ ဧရာဝတီရဲ့ထူးခြားအောင်မြင်မှု’ ဖန်တီးရာမှ လှေကားထစ်ဖြစ်စေမည်လို့ ကဗျာဆန်ဆန်တင်စား ပြောဆိုခဲ့ပြန်ပါတယ်။ စီမံကိန်းရဲ့ပထမအဆင့် Phase 1 ကို ၂၀၁၉-၂၀၂၁ အတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပြီး Phase-2 ကိုတော့ ၂၀၂၂ ကနေ ၂၀၂၄ အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုအကောင်အထည်ဖော်မယ့် စက်မှုဇုန်ထဲမှာ တောင်ကိုရီးယားနိုင်ငံက မော်တော်ကားတပ်ဆင် ထုတ်လုပ်မှုစက်ရုံတွေအပါအဝင် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ လာရောက်ရင်းနှီးဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ အဓိကရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံဖြစ်ပြီး ယခုနှစ် ဇူလိုင်လ စာရင်းတွေအရ အဆင့် ခြောက်နေရာမှာ ရပ်တည်နေတာပါ။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service