၂၀၂၃ ခုႏွစ္မကုန္မီ တ႐ုတ္ေဒတာစင္တာမ်ား ၾသစေၾတးလ်က့ဲသုိ႔ပင္ လွ်ပ္စစ္ဓာတ္အားမ်ားစြာ သံုးစြဲမည္

၂၀၂၃ ခုႏွစ္မကုန္မီ တ႐ုတ္ေဒတာစင္တာမ်ား ၾသစေၾတးလ်က့ဲသုိ႔ပင္ လွ်ပ္စစ္ဓာတ္အားမ်ားစြာ သံုးစြဲမည္ - Property News in Myanmar from iMyanmarHouse.com
19 Sep 2019 11:44 am တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ငါးႏွစ္တာအတြင္း တ႐ုတ္ႏုိင္ငံရွိ ေဒတာသိုေလွာင္စင္တာမ်ားသည္ ၆၆ ရာခုိင္ႏႈန္း ပိုတိုး၍ လွ်ပ္စစ္ဓာတ္အား ၂၆၇ တက္ထရာဝပ္ သံုးစြဲမည္ျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေရးဆိုင္ရာ အက်ဳိးအျမတ္အတြက္မဟုတ္ေသာအဖြဲ႕အစည္း Greenpeace ႏွင့္ တ႐ုတ္အမ်ဳိးသားတကၠသိုလ္ North China Electric Power University တို႔၏ ပူးတြဲသုေတသနတစ္ရပ္က ခန္႔မွန္းလိုက္သည္။

ယင္းပမာဏသည္ ၾသစေၾတးလ်၏ ၂၀၁၈ ခုႏွစ္ စုစုေပါင္းလွ်ပ္စစ္ထုတ္လုပ္မႈ ၂၆၁,၄၀၅ ဂစ္ဂါဝပ္ ထက္ပင္ ေက်ာ္လြန္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္က တ႐ုတ္ေဒတာစင္တာမ်ားသည္ ကာဗြန္ဒိုင္ေအာက္ဆိုက္ တန္ခ်ိန္ ၉၉ သန္း ထုတ္လႊတ္ခဲ့သည္။ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံရွိ ေဒတာစင္တာ ၇၃ ရာခုိင္ႏႈန္းသည္ ေက်ာက္မီးေသြးေလာင္စာမွ ရရွိေသာ လွ်ပ္စစ္ဓာတ္အားျဖင့္ လည္ပတ္လ်က္သျဖင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေရးဆုိင္ရာ ပုဂၢိဳလ္မ်ားက ေဒတာစင္တာမ်ား၏ သဘာဝပတ္ဝန္းက်င္အား မထိခိုက္ေစဘဲ ေရရွည္လည္ပတ္ႏုိင္စြမ္းႏွင့္ပတ္သက္၍ စိုးရိမ္ေနၾကသည္။

ေျမာက္ျမားစြာေသာ မီဒီယာ၊ အီးေမး၊ အြန္လိုင္းအေရာင္းအဝယ္ႏွင့္ အျခားမ်ားစြာေသာကိစၥရပ္မ်ား လည္ပတ္ေစရန္အတြက္ ပင္မေဆာင္ရြက္ေပးေသာ ကြန္ပ်ဴတာဆာဗာကြန္ရက္မ်ားကို ေဒတာစင္တာမ်ားဟု ေခၚသည္။

လာမည့္ငါးႏွစ္တာအတြင္း ေဒတာစင္တာမ်ား၏ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္သံုးစြဲမႈကို ခုနစ္ရာခုိင္ႏႈန္း တုိးလိုက္႐ံုျဖင့္ တ႐ုတ္ႏုိင္ငံသည္ ကာဗြန္ထုတ္လႊတ္မႈတန္ခ်ိန္ ၁၆ သန္း တားဆီးႏုိင္ေပမည္။

“တ႐ုတ္ေဒတာစင္တာမ်ားသည္ စြမ္းအင္အက်ဳိးျဖစ္ထြန္းမႈတြင္ သိသိသာသာတိုးတက္ေကာင္းမြန္မႈမ်ား ရွိလာစဥ္ သန္႔စင္ေသာ စြမ္းအင္ရင္းျမစ္မ်ားေပၚ မွီခိုမႈသည္လည္း တိုးတက္လာသည္။ တ႐ုတ္တြင္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္သံုး ေဒတာစင္တာမ်ား ပိုမိုမ်ားျပားလာကာ တီထြင္ဆန္းသစ္မႈရွိေသာ ကုမၸဏီမ်ားအတြက္ ဦးေဆာင္ရန္ အခြင့္အလမ္းရွိလာသည္” ဟု Greenpeace East Asia ၏ ရာသီဥတုႏွင့္ စြမ္းအင္ေရးရာစည္း႐ံုးလႈံ႕ေဆာင္သူ ယဲေရြ႕ခ်ီက အဆိုပါသုေတသနထုတ္ျပန္ခ်က္တြင္ ေျပာၾကားခဲ့သည္။

လက္ရွိတြင္ တ႐ုတ္ေဒတာစင္တာက႑၏ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္သံုးစြဲမႈမွာ ၂၃ ရာခုိင္ႏႈန္းသာ ရွိေသးသျဖင့္ ယင္းက႑သည္ ၂၀၂၃ ခုႏွစ္မကုန္မီ ကာဗြန္ဒိုင္ေအာက္ဆုိက္ တန္ခ်ိန္ ၁၆၃ တန္ ထုတ္လႊတ္ရန္ ရွိေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ငါးနှစ်တာအတွင်း တရုတ်နိုင်ငံရှိ ဒေတာသိုလှောင်စင်တာများသည် ၆၆ ရာခိုင်နှုန်း ပိုတိုး၍ လျှပ်စစ်ဓာတ်အား ၂၆၇ တက်ထရာဝပ် သုံးစွဲမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်း Greenpeace နှင့် တရုတ်အမျိုးသားတက္ကသိုလ် North China Electric Power University တို့၏ ပူးတွဲသုတေသနတစ်ရပ်က ခန့်မှန်းလိုက်သည်။

ယင်းပမာဏသည် သြစတြေးလျ၏ ၂၀၁၈ ခုနှစ် စုစုပေါင်းလျှပ်စစ်ထုတ်လုပ်မှု ၂၆၁,၄၀၅ ဂစ်ဂါဝပ် ထက်ပင် ကျော်လွန်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က တရုတ်ဒေတာစင်တာများသည် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၉၉ သန်း ထုတ်လွှတ်ခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံရှိ ဒေတာစင်တာ ၇၃ ရာခိုင်နှုန်းသည် ကျောက်မီးသွေးလောင်စာမှ ရရှိသော လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်လျက်သဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များက ဒေတာစင်တာများ၏ သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေဘဲ ရေရှည်လည်ပတ်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။

မြောက်မြားစွာသော မီဒီယာ၊ အီးမေး၊ အွန်လိုင်းအရောင်းအဝယ်နှင့် အခြားများစွာသောကိစ္စရပ်များ လည်ပတ်စေရန်အတွက် ပင်မဆောင်ရွက်ပေးသော ကွန်ပျူတာဆာဗာကွန်ရက်များကို ဒေတာစင်တာများဟု ခေါ်သည်။

လာမည့်ငါးနှစ်တာအတွင်း ဒေတာစင်တာများ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုကို ခုနစ်ရာခိုင်နှုန်း တိုးလိုက်ရုံဖြင့် တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၁၆ သန်း တားဆီးနိုင်ပေမည်။

“တရုတ်ဒေတာစင်တာများသည် စွမ်းအင်အကျိုးဖြစ်ထွန်းမှုတွင် သိသိသာသာတိုးတက်ကောင်းမွန်မှုများ ရှိလာစဉ် သန့်စင်သော စွမ်းအင်ရင်းမြစ်များပေါ် မှီခိုမှုသည်လည်း တိုးတက်လာသည်။ တရုတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဒေတာစင်တာများ ပိုမိုများပြားလာကာ တီထွင်ဆန်းသစ်မှုရှိသော ကုမ္ပဏီများအတွက် ဦးဆောင်ရန် အခွင့်အလမ်းရှိလာသည်” ဟု Greenpeace East Asia ၏ ရာသီဥတုနှင့် စွမ်းအင်ရေးရာစည်းရုံးလှုံ့ဆောင်သူ ယဲရွေ့ချီက အဆိုပါသုတေသနထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်ဒေတာစင်တာကဏ္ဍ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမှာ ၂၃ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် ယင်းကဏ္ဍသည် ၂၀၂၃ ခုနှစ်မကုန်မီ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁၆၃ တန် ထုတ်လွှတ်ရန် ရှိကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service