တညင်းကုန်းဈေးသစ် တည်ဆောက်သည့်ကုမ္ပဏီ ၂ဝ၂ဝ နှစ်ဆန်းတွင် စတော့အိတ်ချိန်းဝင်မည်

တညင်းကုန်းဈေးသစ် တည်ဆောက်သည့်ကုမ္ပဏီ ၂ဝ၂ဝ နှစ်ဆန်းတွင် စတော့အိတ်ချိန်းဝင်မည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2019 11:39 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###





၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တည်ထောင်ခဲ့သည့် ၄င်းကုမ္ပဏီသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းမှု (Public Private Partnership PPP) အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တညင်းကုန်းမြို့နယ်တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။






 

### Unicode Version ###

မြန်မာအက်ဂရို အိတ်စ်ချိန်းပတ်ဘလစ်လီမီတက် (MAEX) ကို လာမည့် ၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် ရန်ကုန်စတော့အိတ်စ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်လာရန် မျှော်မှန်းထားသည်ဟု ကုမ္ပဏီမှသိရသည်။

''YSX ရဲ့ စံညွှန်းသတ်မှတ်တာက ၁၈ ချက်ရှိတယ်။ ဒါကို ကုမ္ပဏီရဲ့ ပြင်ဆင်မှုပိုင်းကတော့ အားလုံးပြီးသွားပါပြီ။ စာရင်းဝင်အဖြစ်လုပ်ဖို့က စတော့အိတ်စ်ချိန်းမှာ နိုင်ငံခြားသားတွေလည်း အစုရှယ်ယာအရောင်းအဝယ် တကယ်လုပ်လို့ရမယ်ဆိုတဲ့ အချိန်ကောင်းကို ချိန်ပြီးစောင့်နေတာပါ''ဟု အဆိုပါကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

စတော့အိတ်စ်ချိန်းစာရင်းဝင်ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များအနက် အများပိုင်ကုမ္ပဏီတစ်ခုသည် အနည်းဆုံး အမြတ်အစွန်းရရှိမှု နှစ်နှစ်ရှိရမည်ဟူသည့်အချက်ပါဝင်သည်။ MAEX ကုမ္ပဏီကမူ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၊ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် သုံးနှစ်စာအတွက် အမြတ်စွန်းရရှိမှုများကို စတော့အိတ်ချိန်းသို့ တင်ပြထားပြီးဖြစ်သည်ဟု သိရသည်။

၎င်းကုမ္ပဏီသည် မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်လီမီတက် (MTSH) ၏ဥက္ကဌဖြစ်သူ တည်ထောင်ထားသည့် အခြားကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တည်ထောင်ခဲ့သည့် ၎င်းကုမ္ပဏီသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းမှု (Public Private Partnership PPP) အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တညင်းကုန်းမြို့နယ်တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

လက်ကားဈေးစီမံကိန်း ပထမအဆင့်အဖြစ် ဈေးရုံကြီး သုံးရုံ၊ အရောင်းဆိုင်၊ အိမ်အဆောက်အအုံများ၊ ဘဏ်များ၊ ဈေးရုံပတ်လည် ကားရပ်နားရန်နေရာနှင့် ပင်မလမ်းမကြီးများကို တည်ဆောက်ပြီးစီးခဲ့သည်။

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်တွင် ဈေးရုံစတင်ဖွင့်လှစ်ထားခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဆိုင်ခန်းငှားရမ်းခနှင့် အရောင်းဆိုင်၊ အိမ်အဆောက်အအုံရောင်းချခြင်းတို့က အမြတ်ငွေများကို ရရှိထားသည်။

ကုမ္ပဏီကို သတ်မှတ်မတည်ရင်းနှီးငွေ ကျပ် ၂၅ ဘီလျံဖြင့် တည်ထောင်ခဲ့သည်။ ယင်းနောက် ကုမ္ပဏီကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းသတ်မှတ်၍ အစုရှယ်ယာ ၂၅ သန်းရှိ ကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် အများပြည်သူများထံသို့ ရှယ်ယာတစ်စုလျှင် ၁ဝ,၅ဝဝ ကျပ်နှုန်းဖြင့် သတ်မှတ်၍ အစုရှယ်ယာအရေအတွက် ငါးသိန်းကို ကမ်းလှမ်းရောင်းချထားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service