ေရာင္းမထြက္ေသးေသာ ေနအိမ္မ်ားကို ဝယ္ယူရန္ တ႐ုတ္ဝယ္လက္မ်ားအား မေလးရွားေတာင္းဆို

ေရာင္းမထြက္ေသးေသာ ေနအိမ္မ်ားကို ဝယ္ယူရန္ တ႐ုတ္ဝယ္လက္မ်ားအား မေလးရွားေတာင္းဆို - Property News in Myanmar from iMyanmarHouse.com
18 Sep 2019 11:28 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မေလးရွားအိမ္ရာဝန္ႀကီးက ေဟာင္ေကာင္ႏွင့္ တ႐ုတ္ျပည္မႀကီးရွိ ရင္းႏွီးသူျမႇဳပ္ႏွံသူမ်ားအား ေရာင္းမထြက္ေသးသည့္ မေလးရွားအိမ္မ်ားကို ဝယ္ယူရန္ ေတာင္းဆိုလုိက္ေၾကာင္း သိရသည္။

မေလးရွားတြင္ အဆင့္ျမင့္အိမ္တစ္အိမ္အား ဝန္ႀကီးတစ္ဦးပင္ ဝယ္ယူရန္မတတ္ႏုိင္ဟု မေလးရွားအိမ္ရာႏွင့္ေဒသအစိုးရအဖြဲ႕ဝန္ႀကီး Zuraida Kamaruddin က ေဟာင္ေကာင္တြင္ စက္တင္ဘာ ၁၁ ၌ ျပဳလုပ္ခဲ့ေသာ ၂၀၁၉ ခုႏွစ္ စမတ္စီးတီးအာရွညီလာခံတြင္ ေျပာၾကားခဲ့ေၾကာင္း Malay Mail သတင္းစာက အစီရင္ခံခဲ့သည္။

အဆင့္ျမင့္အိမ္မ်ားဝယ္ယူရန္ မတတ္ႏုိင္သည့္ မေလးရွားႏုိင္ငံသားမ်ားအစား တ႐ုတ္ဝယ္လက္မ်ားသည္ မေလးရွားတြင္ ေရာင္းမထြက္ေသးေသာ ေနအိမ္မ်ားကိစၥကို ကူညီေျဖရွင္းေပးႏုိင္မည္ဟု ဝန္ႀကီးက ယံုၾကည္ေနသည္။

“မေလးရွားရင္းဂစ္ ၁၀၀ ဘီလ်ံ (အေမရိကန္ေဒၚလာ ၂၄ ဘီလ်ံ) ခန္႔ တန္ေၾကးရွိ ေရာင္းမထြက္ေသးတဲ့ မေလးရွားအိမ္ေတြဟာ တ႐ုတ္ဝယ္လက္ေတြနဲ႔ ထိုက္တန္တယ္လို႔ ကၽြန္မ စဥ္းစားမိပါတယ္။” ဟု ဝန္ႀကီးက ေျပာၾကားခဲ့သည္။

ဝန္ႀကီးက သူ၏ ထင္ျမင္ခ်က္အား အစိုးရအဖြဲ႕သို႔ တရားဝင္အဆိုတင္သြင္းရန္ ႀကံရြယ္ေနသည္။

တ႐ုတ္ဝယ္လက္မ်ားအတြက္ မေလးရွားရွိ အဆင့္ျမင့္အိမ္မ်ားသည္ ေဟာင္ေကာင္ရွိ တိုက္ခန္းမ်ားႏွင့္ယွဥ္လွ်င္ ပိုမိုတန္ဖိုးနည္းသည္ဟု သူမက ေျပာၾကားခဲ့သည္။ “ေျပာရမယ္ဆုိရင္ ေဟာင္ေကာင္မွာထက္ မေလးရွားမွာအိမ္ဝယ္ရတာ ေဈးပိုေတာ္ပါတယ္။ ခရီးစရိတ္ထည့္တြက္ရင္ေတာင္ ေဈးပိုေပါတုန္းပါပဲ။ မေလးရွားမွာ ၂၅၀ စတုရန္းေပက်ယ္တဲ့ တိုက္ခန္းတစ္ခန္းကို ရင္းဂစ္ ၃ သန္းက်ပါတယ္။ အဆင့္ျမင့္အိမ္တစ္အိမ္ဝယ္ယူဖို႔ဆိုတာ မေလးရွားမွာေတာ့ ဝန္ႀကီးတစ္ေယာက္အေနနဲ႔ပင္ မတတ္ႏုိင္ပါဘူး။” ဟု သူမက ေျပာၾကားခဲ့သည္။

မေလးရွားတြင္ တည္ေဆာက္ၿပီးစီးထားေသာ္လည္း ၂၀၁၈ ခုႏွစ္အထိ ေရာင္းမထြက္ေသးသည့္ လူေနအိမ္ေပါင္း ၄ ေသာင္းခြဲေက်ာ္ ရွိေနေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မလေးရှားအိမ်ရာဝန်ကြီးက ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးရှိ ရင်းနှီးသူမြှုပ်နှံသူများအား ရောင်းမထွက်သေးသည့် မလေးရှားအိမ်များကို ဝယ်ယူရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

မလေးရှားတွင် အဆင့်မြင့်အိမ်တစ်အိမ်အား ဝန်ကြီးတစ်ဦးပင် ဝယ်ယူရန်မတတ်နိုင်ဟု မလေးရှားအိမ်ရာနှင့်ဒေသအစိုးရအဖွဲ့ဝန်ကြီး Zuraida Kamaruddin က ဟောင်ကောင်တွင် စက်တင်ဘာ ၁၁ ၌ ပြုလုပ်ခဲ့သော ၂၀၁၉ ခုနှစ် စမတ်စီးတီးအာရှညီလာခံတွင် ပြောကြားခဲ့ကြောင်း Malay Mail သတင်းစာက အစီရင်ခံခဲ့သည်။

အဆင့်မြင့်အိမ်များဝယ်ယူရန် မတတ်နိုင်သည့် မလေးရှားနိုင်ငံသားများအစား တရုတ်ဝယ်လက်များသည် မလေးရှားတွင် ရောင်းမထွက်သေးသော နေအိမ်များကိစ္စကို ကူညီဖြေရှင်းပေးနိုင်မည်ဟု ဝန်ကြီးက ယုံကြည်နေသည်။

“မလေးရှားရင်းဂစ် ၁၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ) ခန့် တန်ကြေးရှိ ရောင်းမထွက်သေးတဲ့ မလေးရှားအိမ်တွေဟာ တရုတ်ဝယ်လက်တွေနဲ့ ထိုက်တန်တယ်လို့ ကျွန်မ စဉ်းစားမိပါတယ်။” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးက သူ၏ ထင်မြင်ချက်အား အစိုးရအဖွဲ့သို့ တရားဝင်အဆိုတင်သွင်းရန် ကြံရွယ်နေသည်။

တရုတ်ဝယ်လက်များအတွက် မလေးရှားရှိ အဆင့်မြင့်အိမ်များသည် ဟောင်ကောင်ရှိ တိုက်ခန်းများနှင့်ယှဉ်လျှင် ပိုမိုတန်ဖိုးနည်းသည်ဟု သူမက ပြောကြားခဲ့သည်။ “ပြောရမယ်ဆိုရင် ဟောင်ကောင်မှာထက် မလေးရှားမှာအိမ်ဝယ်ရတာ ဈေးပိုတော်ပါတယ်။ ခရီးစရိတ်ထည့်တွက်ရင်တောင် ဈေးပိုပေါတုန်းပါပဲ။ မလေးရှားမှာ ၂၅၀ စတုရန်းပေကျယ်တဲ့ တိုက်ခန်းတစ်ခန်းကို ရင်းဂစ် ၃ သန်းကျပါတယ်။ အဆင့်မြင့်အိမ်တစ်အိမ်ဝယ်ယူဖို့ဆိုတာ မလေးရှားမှာတော့ ဝန်ကြီးတစ်ယောက်အနေနဲ့ပင် မတတ်နိုင်ပါဘူး။” ဟု သူမက ပြောကြားခဲ့သည်။

မလေးရှားတွင် တည်ဆောက်ပြီးစီးထားသော်လည်း ၂၀၁၈ ခုနှစ်အထိ ရောင်းမထွက်သေးသည့် လူနေအိမ်ပေါင်း ၄ သောင်းခွဲကျော် ရှိနေကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service