ကေမၻာဒီးယား အိမ္ျခံေျမေလာကသားမ်ားက တရုတ္အစိုးရ၏ အရင္းအႏွီးမ်ားစီးထြက္မႈတင္းက်ပ္လာျခင္းအေပၚ ရတက္မေအးျဖစ္လ်က္ရွိ

ကေမၻာဒီးယား အိမ္ျခံေျမေလာကသားမ်ားက တရုတ္အစိုးရ၏ အရင္းအႏွီးမ်ားစီးထြက္မႈတင္းက်ပ္လာျခင္းအေပၚ ရတက္မေအးျဖစ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
17 Sep 2019 11:49 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္အစိုးရက တရုတ္ျပည္တြင္းလုပ္ငန္းရွင္မ်ား၏ အရင္းအႏွီးမ်ား ျပည္ပသို႔ စီးထြက္မႈ တင္းၾကပ္လာျခင္းမ်ားသည္ ကေမၻာဒီးယားႏိုင္ငံအိမ္ျခံေျမေစ်းကြက္အေပၚ ရိုက္ခတ္မႈမ်ားရွိလာမည္ကို ကေမၻာဒီးယား အိမ္ျခံေျမေလာကသားမ်ားက ရတက္မေအး ျဖစ္ေနၾကသည္။

လြန္ခဲ့ေသာ ၂ ႏွစ္က တရုတ္အစိုးရသည္ ျပည္ပသို႔ စီးထြက္မည့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ကန္႔သတ္သည့္ မူဝါဒမ်ား ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ျပည္ပသို႔ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား အလံုးအရင္းျပဳလုပ္လာျခင္းသည္ တရုတ္ျပည္ ဘ႑ာေရးစနစ္အေပၚ အႏၱရာယ္ျဖစ္လာေစႏိုင္သည္ဟု တရုတ္အစိုးရ ရႈျမင္လာျခင္း ျဖစ္သည္။

ကေမၻာဒီးယားတြင္ တရုတ္ျပည္မွ ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမွာ ကေမၻာဒီးယားတြင္ စုစုေပါင္းႏိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ၏ ၄၀ ရာခိုင္ႏႈန္းခန္႔ရွိရာ တရုတ္အစိုးရ၏ မူဝါဒေၾကာင့္ ကေမၻာဒီးယားအိမ္ျခံေျမက႑ ဖြံ႔ျဖိဳးမႈအေပၚ အထိနာေစေၾကာင္း ျပည္တြင္းအိမ္ျခံေျမ ေလာကသားတို႔က သံုးသပ္ၾကသည္။

အက်ဳိးေဆာင္ဝန္ထမ္းဦးေရအရဆိုလွ်င္ ကမၻာ့အၾကီးမားဆံုးအိမ္ျခံေျမကုမၸဏီျဖစ္ေသာ Keller Williams Cambodia မွ ေဒသတြင္း အၾကီးအကဲတစ္ဦးျဖစ္သူ ကင္းဟီရန္၏ ေျပာၾကားခ်က္အရ တရုတ္အစိုးရ၏ ရင္းႏွီးျမွဳပ္ႏံွမႈတင္းၾကပ္သည့္မူဝါဒေၾကာင့္ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ကေမၻာဒီးယားတြင္ ကြန္ဒိုခန္းမ်ား ေရာင္းခ်ရမႈ က်ဆင္းသြားေၾကာင္း ေျပာၾကားသည္။

ကင္းဟီရန္က ဆက္လက္ေျပာၾကားရာတြင္ တရုတ္အစိုးရက အရင္းအႏွီးမ်ားစီးထြက္မႈတင္းက်ပ္လာျခင္းမွာ တနည္းတဖံုအားျဖင့္လည္း ေကာင္းမြန္ေၾကာင္း၊ ျပည္တြင္းအိမ္ျခံေျမေစ်းကြက္ကို တည္ျငိမ္ေအာင္ ေဆာင္ရြက္ရာတြင္ အေထာက္အကူတစ္ခုျဖစ္လာႏိုင္ေၾကာင္း၊ တရုတ္ရင္းႏွီးျမွဳပ္ႏွံမႈမ်ား အလံုးအရင္းစီးဝင္လာမႈေၾကာင့္ ျပည္တြင္းေျမေစ်းမ်ား ေခါင္ခိုက္လာေၾကာင္း၊ ႏိုင္ငံတစ္ခုတည္းမွ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအေပၚ မွီခိုေနရျခင္းမ်ား ေလ်ာ့ပါးသြားႏိုင္ေၾကာင္း သံုးသပ္သည္။

Freer Properties (Cambodia) မွ မန္ေနဂ်ာ ေပါလ္ အယ္လန္ဒါက ေျပာၾကားရာတြင္လည္း တရုတ္အစိုးရ၏ တင္းက်ပ္လာသည့္ မူဝါဒမ်ားေၾကာင့္ ဂယက္ရိုက္မႈမ်ားရွိလာသည္ကို ေတြ႔ရေၾကာင္း၊ တရုတ္ႏိုင္ငံသည္ ကေမၻာဒီးယားတြင္ အၾကီးမားဆံုးရင္းႏွီးျမွဳပ္ႏွံသည့္ ႏိုင္ငံျဖစ္ရာ ယခုကဲ့သို႔ အိမ္ျခံေျမေရာင္းခ်ရမႈမ်ား ေႏွးေကြးလာျခင္းသည္ ကေမၻာဒီးယားအတြက္ အခက္ၾကံဳေစႏိုင္ေၾကာင္း၊ အျခားလမ္းေၾကာင္းမ်ားလည္း ၎အေနျဖင့္ မေတြ႔မိေၾကာင္း သံုးသပ္သည္။

သို႔ရာတြင္ တရုတ္အစိုးရ၏ ခါးပတ္တစ္ကြင္း၊ လမ္းတစ္စင္းမဟာဗ်ဴဟာအတြက္ ကေမၻာဒီးယားသည္ အေရးပါသည့္ မဟာဗ်ဴဟာေျမာက္ထြက္ေပါက္ေနရာတြင္ရွိရာ တရုတ္ျပည္၏ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဆက္လက္ဝင္ေရာက္လာမည္ဟု ယံုၾကည္ေၾကာင္း ေပါလ္ အယ္လန္ဒါက ခန္႔မွန္းထားသည္။

ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္အရ တရုတ္အစိုးရ၏ မူဝါဒေၾကာင့္ ၂၀၁၈ ခုႏွစ္အတြင္း ျပည္ပသို႔ တိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈမွာ ၉ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ျပီး ၁၄၃ ဒသမ ၀၄ ဘီလီယံသာရွိခဲ့သည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်အစိုးရက တရုတ်ပြည်တွင်းလုပ်ငန်းရှင်များ၏ အရင်းအနှီးများ ပြည်ပသို့ စီးထွက်မှု တင်းကြပ်လာခြင်းများသည် ကမ္ဘောဒီးယားနိုင်ငံအိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်မှုများရှိလာမည်ကို ကမ္ဘောဒီးယား အိမ်ခြံမြေလောကသားများက ရတက်မအေး ဖြစ်နေကြသည်။

လွန်ခဲ့သော ၂ နှစ်က တရုတ်အစိုးရသည် ပြည်ပသို့ စီးထွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် မူဝါဒများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ပသို့ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းပြုလုပ်လာခြင်းသည် တရုတ်ပြည် ဘဏ္ဍာရေးစနစ်အပေါ် အန္တရာယ်ဖြစ်လာစေနိုင်သည်ဟု တရုတ်အစိုးရ ရှုမြင်လာခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားတွင် တရုတ်ပြည်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများမှာ ကမ္ဘောဒီးယားတွင် စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိရာ တရုတ်အစိုးရ၏ မူဝါဒကြောင့် ကမ္ဘောဒီးယားအိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးမှုအပေါ် အထိနာစေကြောင်း ပြည်တွင်းအိမ်ခြံမြေ လောကသားတို့က သုံးသပ်ကြသည်။

အကျိုးဆောင်ဝန်ထမ်းဦးရေအရဆိုလျှင် ကမ္ဘာ့အကြီးမားဆုံးအိမ်ခြံမြေကုမ္ပဏီဖြစ်သော Keller Williams Cambodia မှ ဒေသတွင်း အကြီးအကဲတစ်ဦးဖြစ်သူ ကင်းဟီရန်၏ ပြောကြားချက်အရ တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နံှမှုတင်းကြပ်သည့်မူဝါဒကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ကမ္ဘောဒီးယားတွင် ကွန်ဒိုခန်းများ ရောင်းချရမှု ကျဆင်းသွားကြောင်း ပြောကြားသည်။

ကင်းဟီရန်က ဆက်လက်ပြောကြားရာတွင် တရုတ်အစိုးရက အရင်းအနှီးများစီးထွက်မှုတင်းကျပ်လာခြင်းမှာ တနည်းတဖုံအားဖြင့်လည်း ကောင်းမွန်ကြောင်း၊ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်အောင် ဆောင်ရွက်ရာတွင် အထောက်အကူတစ်ခုဖြစ်လာနိုင်ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းစီးဝင်လာမှုကြောင့် ပြည်တွင်းမြေဈေးများ ခေါင်ခိုက်လာကြောင်း၊ နိုင်ငံတစ်ခုတည်းမှ ရင်းနှီးမြှုပ်နှံသူများအပေါ် မှီခိုနေရခြင်းများ လျော့ပါးသွားနိုင်ကြောင်း သုံးသပ်သည်။

Freer Properties (Cambodia) မှ မန်နေဂျာ ပေါလ် အယ်လန်ဒါက ပြောကြားရာတွင်လည်း တရုတ်အစိုးရ၏ တင်းကျပ်လာသည့် မူဝါဒများကြောင့် ဂယက်ရိုက်မှုများရှိလာသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ရာ ယခုကဲ့သို့ အိမ်ခြံမြေရောင်းချရမှုများ နှေးကွေးလာခြင်းသည် ကမ္ဘောဒီးယားအတွက် အခက်ကြုံစေနိုင်ကြောင်း၊ အခြားလမ်းကြောင်းများလည်း ၎င်းအနေဖြင့် မတွေ့မိကြောင်း သုံးသပ်သည်။

သို့ရာတွင် တရုတ်အစိုးရ၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်းမဟာဗျူဟာအတွက် ကမ္ဘောဒီးယားသည် အရေးပါသည့် မဟာဗျူဟာမြောက်ထွက်ပေါက်နေရာတွင်ရှိရာ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်လာမည်ဟု ယုံကြည်ကြောင်း ပေါလ် အယ်လန်ဒါက ခန့်မှန်းထားသည်။

ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်အရ တရုတ်အစိုးရ၏ မူဝါဒကြောင့် ၂၀၁၈ ခုနှစ်အတွင်း ပြည်ပသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၉ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၁၄၃ ဒသမ ၀၄ ဘီလီယံသာရှိခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service