ကမာၻ႕လည္ပတ္မႈအမ်ားဆံုးၿမိဳ႕ျဖစ္ဆဲ ဘန္ေကာက္

ကမာၻ႕လည္ပတ္မႈအမ်ားဆံုးၿမိဳ႕ျဖစ္ဆဲ ဘန္ေကာက္ - Property News in Myanmar from iMyanmarHouse.com
17 Sep 2019 10:47 am တွင် တင်ခဲ့သည်
985 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၿပီးခဲ့သည့္ႏွစ္က ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြား ၂၂ သန္းေက်ာ္ ဝင္ေရာက္လည္ပတ္မႈေၾကာင့္ ဘန္ေကာက္သည္ ယခုေနာက္ဆံုးထြက္ရွိလာေသာ ကမာၻ႕ခရီးထြက္လည္ပတ္စရာၿမိဳ႕မ်ားအညႊန္းကိန္းစာရင္းတြင္ နံပါတ္ ၁ ၿမိဳ႕အျဖစ္ ရပ္တည္လိုက္ျပန္ၿပီျဖစ္သည္။

ဘ႑ာေရးဝန္ေဆာင္မႈကုမၸဏီ Mastercard မွ ကမာၻ႕ခရီးသြားအခ်က္အခ်ာၿမိဳ႕ ၂၀၀ ၏ ၂၀၁၈ ခုႏွစ္ တရားဝင္ကိန္းဂဏန္းမ်ားကို အေျခခံ၍ ဆန္းစစ္ေလ့လာထုတ္ျပန္ခဲ့ေသာ ၎အညႊန္းကိန္းစာရင္းတြင္ ပဲရစ္က ကိန္းဂဏန္းကြာဟခ်က္ႀကီးမားစြာျဖင့္ ဒုတိယေနရာကို ရရွိခဲ့သည္။ ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြား ၁၉ ဒသမ ၁၀ သန္းရွိခဲ့သည့္ ျပင္သစ္ၿမိဳ႕ေတာ္ႀကီးသည္ ၿပီးခဲ့သည့္ႏွစ္က ဒုတိယေနရာရရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြား ၁၉ ဒသမ ၀၉ သန္းျဖင့္ တတိယေနရာသို႔ ေလွ်ာက်သြားသည့္ လန္ဒန္အား ခရီးသြားဦးေရ ဒသမ ၀၁ ျဖင့္ သာလြန္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ခုနစ္ႏွစ္အတြင္း ေျခာက္ႏွစ္တုိင္ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ခဲ့သည့္ ဘန္ေကာက္သည္ ကမာၻ႕ခရီးသြားေဒၚလာသံုးစြဲမႈႏွင့္ပတ္သက္၍လည္း တတိယအမ်ားဆံုးၿမိဳ႕ျဖစ္သည္။ ထုိင္းၿမိဳ႕ေတာ္ႀကီးတြင္ ၿပီးခဲ့သည့္ႏွစ္အတြင္း ညဥ္႔အိပ္ညဥ္႔ေန ႏိုင္ငံျခားသားခရီးသြားမ်ားက အေမရိကန္ေဒၚလာ ၂၀ ဒသမ ၀၃ ဘီလ်ံ သံုးစြဲခဲ့သည္။ ဒူဘိုင္းတြင္ ပထမအမ်ားဆံုးအျဖစ္ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၈၂ ဘီလ်ံ သံုးစြဲခဲ့ၾကကာ ေဆာ္ဒီအာေရဗ်ႏုိင္ငံ မကၠာၿမိဳ႕တြင္ ဒုတိယအမ်ားဆံုးအျဖစ္ အေမရိကန္ေဒၚလာ ၂၀ ဒသမ ၀၉ ဘီလ်ံ သံုးစြဲခဲ့ၾကေၾကာင္း သိရသည္။

စကၤာပူက အေရွ႕ေတာင္အာရွတြင္ ဒုတိယလည္ပတ္မႈအမ်ားဆံုးၿမိဳ႕ျဖစ္ကာ ကမာၻ႕အဆင့္တြင္ နံပါတ္ ၅ ျဖစ္သည္။ ၂၀၁၈ ခုႏွစ္အတြင္း စကၤာပူသို႔ ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြား ၁၄ ဒသမ ၆၇ သန္းခန္႔ လာေရာက္လည္ပတ္ခဲ့ၾကသည္။ အိမ္နီးခ်င္းကြာလာလမ္ပူသို႔လည္း ၁၃ ဒသမ ၇၉ သန္း လာေရာက္လည္ပတ္ခဲ့ၾကၿပီး ကမာၻ႕အဆင့္တြင္ နံပါတ္ ၆ ေနရာ၌ ေဖာ္ျပခံခဲ့ရသည္။

အညႊန္းကိန္းစာရင္း၏ နံပါတ္ ၁ မွ ၁၀ အထိ လန္ဒန္မွအပ ထိပ္ဆံုး ၁၀ ၿမိဳ႕စလံုးတြင္ ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြားအေရအတြက္ တိုးတက္မႈမ်ားကို ျမင္ေတြ႕ခဲ့ရသည္။ လန္ဒန္တြင္မူ ၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။ လန္ဒန္၊ ပဲရစ္ႏွင့္ ဘန္ေကာက္တို႔သည္ ထိပ္ဆံုးသံုးေနရာတြင္ ၂၀၁၀ ျပည့္ႏွစ္ကတည္းက ေဖာ္ျပခံလာခဲ့ၾကရျခင္းျဖစ္သည္။ ဒူဘုိင္းက ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြားဦးေရ ၁၅ ဒသမ ၉၃ သန္းျဖင့္ လက္ရွိတြင္ နံပါတ္ ၄ ေနရာ၌ ရပ္တည္ေနသည္။

ထိပ္ဆံုး ၁၀ ၿမိဳ႕တြင္ တစိုက္မတ္မတ္ပါဝင္လာခဲ့သည့္ ေနာက္ထပ္တစ္ၿမိဳ႕ျဖစ္ေသာ နယူးေယာက္သို႔ ၂၀၁၈ ခုႏွစ္အတြင္း ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြား ၁၃ ဒသမ ၆ သန္း ဝင္ေရာက္ခဲ့သည္။ လတ္တေလာ၌ နံပါတ္ ၉ ေနရာတြင္ ေဖာ္ျပခံထားရေသာ္လည္း တိုက်ဳိသည္ ၿပီးခဲ့သည့္ႏွစ္အတြင္း ၁၂ ဒသမ ၉၃ သန္းမွ ၂၀၁၉ ခုႏွစ္တြင္ ၁၀ ဒသမ ၀၂ ရာခိုင္ႏႈန္း ျမင့္တက္သြားၿပီး ညဥ္႔အိပ္ညဥ္႔ေန ျပည္ပခရီးသြားအေရအတြက္ အမ်ားဆံုးျမင့္တက္မည္ဟု ခန္႔မွန္းခံထားရသည္။

တူရကီၿမိဳ႕ႏွစ္ၿမိဳ႕ကလည္း ထိပ္ဆံုး ၁၀ ၿမိဳ႕တြင္ ပါဝင္လာခဲ့သည္။ အစၥတန္ဘူလ္သို႔ ၁၃ ဒသမ ၄ သန္း ဝင္ေရာက္ခဲ့ၿပီး နံပါတ္ ၈ ေနရာႏွင့္ အန္တယ္လ္ယာသို႔ ၁၂ ဒသမ ၄၁ သန္း ဝင္ေရာက္ခဲ့ကာ နံပါတ္ ၁၀ ေနရာကို ဆြတ္ခူးခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ပြီးခဲ့သည့်နှစ်က ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွား ၂၂ သန်းကျော် ဝင်ရောက်လည်ပတ်မှုကြောင့် ဘန်ကောက်သည် ယခုနောက်ဆုံးထွက်ရှိလာသော ကမ္ဘာ့ခရီးထွက်လည်ပတ်စရာမြို့များအညွှန်းကိန်းစာရင်းတွင် နံပါတ် ၁ မြို့အဖြစ် ရပ်တည်လိုက်ပြန်ပြီဖြစ်သည်။

ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Mastercard မှ ကမ္ဘာ့ခရီးသွားအချက်အချာမြို့ ၂၀၀ ၏ ၂၀၁၈ ခုနှစ် တရားဝင်ကိန်းဂဏန်းများကို အခြေခံ၍ ဆန်းစစ်လေ့လာထုတ်ပြန်ခဲ့သော ၎င်းအညွှန်းကိန်းစာရင်းတွင် ပဲရစ်က ကိန်းဂဏန်းကွာဟချက်ကြီးမားစွာဖြင့် ဒုတိယနေရာကို ရရှိခဲ့သည်။ ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွား ၁၉ ဒသမ ၁၀ သန်းရှိခဲ့သည့် ပြင်သစ်မြို့တော်ကြီးသည် ပြီးခဲ့သည့်နှစ်က ဒုတိယနေရာရရှိခဲ့သော်လည်း ယခုနှစ်တွင် ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွား ၁၉ ဒသမ ၀၉ သန်းဖြင့် တတိယနေရာသို့ လျှောကျသွားသည့် လန်ဒန်အား ခရီးသွားဦးရေ ဒသမ ၀၁ ဖြင့် သာလွန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ခုနစ်နှစ်အတွင်း ခြောက်နှစ်တိုင် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့သည့် ဘန်ကောက်သည် ကမ္ဘာ့ခရီးသွားဒေါ်လာသုံးစွဲမှုနှင့်ပတ်သက်၍လည်း တတိယအများဆုံးမြို့ဖြစ်သည်။ ထိုင်းမြို့တော်ကြီးတွင် ပြီးခဲ့သည့်နှစ်အတွင်း ညဉ့်အိပ်ညဉ့်နေ နိုင်ငံခြားသားခရီးသွားများက အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၀၃ ဘီလျံ သုံးစွဲခဲ့သည်။ ဒူဘိုင်းတွင် ပထမအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈၂ ဘီလျံ သုံးစွဲခဲ့ကြကာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ဒုတိယအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၀၉ ဘီလျံ သုံးစွဲခဲ့ကြကြောင်း သိရသည်။

စင်္ကာပူက အရှေ့တောင်အာရှတွင် ဒုတိယလည်ပတ်မှုအများဆုံးမြို့ဖြစ်ကာ ကမ္ဘာ့အဆင့်တွင် နံပါတ် ၅ ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူသို့ ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွား ၁၄ ဒသမ ၆၇ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြသည်။ အိမ်နီးချင်းကွာလာလမ်ပူသို့လည်း ၁၃ ဒသမ ၇၉ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး ကမ္ဘာ့အဆင့်တွင် နံပါတ် ၆ နေရာ၌ ဖော်ပြခံခဲ့ရသည်။

အညွှန်းကိန်းစာရင်း၏ နံပါတ် ၁ မှ ၁၀ အထိ လန်ဒန်မှအပ ထိပ်ဆုံး ၁၀ မြို့စလုံးတွင် ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွားအရေအတွက် တိုးတက်မှုများကို မြင်တွေ့ခဲ့ရသည်။ လန်ဒန်တွင်မူ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လန်ဒန်၊ ပဲရစ်နှင့် ဘန်ကောက်တို့သည် ထိပ်ဆုံးသုံးနေရာတွင် ၂၀၁၀ ပြည့်နှစ်ကတည်းက ဖော်ပြခံလာခဲ့ကြရခြင်းဖြစ်သည်။ ဒူဘိုင်းက ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွားဦးရေ ၁၅ ဒသမ ၉၃ သန်းဖြင့် လက်ရှိတွင် နံပါတ် ၄ နေရာ၌ ရပ်တည်နေသည်။

ထိပ်ဆုံး ၁၀ မြို့တွင် တစိုက်မတ်မတ်ပါဝင်လာခဲ့သည့် နောက်ထပ်တစ်မြို့ဖြစ်သော နယူးယောက်သို့ ၂၀၁၈ ခုနှစ်အတွင်း ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွား ၁၃ ဒသမ ၆ သန်း ဝင်ရောက်ခဲ့သည်။ လတ်တလော၌ နံပါတ် ၉ နေရာတွင် ဖော်ပြခံထားရသော်လည်း တိုကျိုသည် ပြီးခဲ့သည့်နှစ်အတွင်း ၁၂ ဒသမ ၉၃ သန်းမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၀၂ ရာခိုင်နှုန်း မြင့်တက်သွားပြီး ညဉ့်အိပ်ညဉ့်နေ ပြည်ပခရီးသွားအရေအတွက် အများဆုံးမြင့်တက်မည်ဟု ခန့်မှန်းခံထားရသည်။

တူရကီမြို့နှစ်မြို့ကလည်း ထိပ်ဆုံး ၁၀ မြို့တွင် ပါဝင်လာခဲ့သည်။ အစ္စတန်ဘူလ်သို့ ၁၃ ဒသမ ၄ သန်း ဝင်ရောက်ခဲ့ပြီး နံပါတ် ၈ နေရာနှင့် အန်တယ်လ်ယာသို့ ၁၂ ဒသမ ၄၁ သန်း ဝင်ရောက်ခဲ့ကာ နံပါတ် ၁၀ နေရာကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service