ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်ဝယ်ယူ
ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
13 Sep 2019 12:01 pm တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
တည်နေရာ - အာဗင်တန်၊ နယူးယောက်
ဈေးနှုန်း- ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း
အရွယ်အစား- ၁၁၆၅၃ စတုရန်းပေ၊ အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း အပြည့် ၁၀ ခန်း၊ တဝက် ၂ ခန်း
ထပ်ဆင့်အော်စကာဆုရှင် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့သည် နယူးယောက်မြို့မြောက်ဘက်၊ ဝက်ချက်စ်တာခရိုင်ရှိ နေအိမ်ကို သြစတေးလျဘီလျံနာထံ ကန်ဒေါ်လာ ၁၅ သန်းဖြင့် ရောင်းချပြီးနောက် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သြစတေးလျဘီလျံနာထံ ရောင်းချခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ကာ https://www.imyanmarhouse.com/news/read/849254  အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
ကက်သရင်းဇီတာဂျုန်းတို့ တိတ်တဆိတ်ဝယ်ယူလိုက်သော အိမ်မှာ နယူးယောက်ပြည်နယ်တောင်ပိုင်း၊ နယူးယောက်မြို့ အရှေ့မြောက်ဘက် အာဗင်တန်အရပ်တွင် တည်ရှိသည်။
ခြံအကျယ်မှာ ၁၂ ဧကရှိပြီး ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် အဆိုပါစံအိမ်ကို မူလ ပိုင်ဆိုင်သူမှာ အိမ်ခြံမြေ developer မိုက်ကယ် ပတာနိုဖြစ်သည်။
စံအိမ်တွင် စွမ်းအင်အတွက် ဆိုလာနည်းပညာကို အသုံးပြုထားပြီး ဓာတ်အားပေးစက် အဆောက်အအုံလည်း ပါဝင်သည်။
မိုက်ကယ် ပတာနိုက အဆိုပါစံအိမ်ကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရာတွင် ကန်ဒေါ်လာ ၅ သန်းကျော် ကုန်ကျခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်းက ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ဖူးသေးပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၄၅ သန်း ဖြစ်သည်။
အဆိုပါဒေသတွင်ပင် တစ်ချိန်က ကန်ဒေါ်လာ ၁၀ သန်းနီးပါး ဈေးခေါ်ခဲ့ဖူးသော စံအိမ်ကြီးတစ်လုံးကို မူလဈေးအောက် ထက်ဝက်ဖြစ်သော ကန်ဒေါ်လာ ၄ ဒသမ ၉၉ သန်းဖြင့် ရောင်းချလာဖွယ်ရှိနေသည်ဟု ဆိုသည်။ အာဗင်တန်အရပ်၊ အယ်လ် ရီတီရို လိန်းလမ်း၊ အမှတ် ၂ တွင် တည်ရှိပြီး ၁၉၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်သည်။ ပင်မစံအိမ်မှာ စတုရန်းပေ ၁၁၃၅၇ အကျယ်အဝန်းရှိပြီး ဧည့်ဂေဟာအိမ်၊ ရေကူးကန်ဘေးအိမ်တစ်လုံးတို့လည်း ပါဝင်ကာ ခြံဝန်းအကျယ်မှာ ၂ ဒသမ ၂ ဧက ဖြစ်သည်။ လာမည့် အောက်တိုဘာ ၂၄ ရက်တွင် လေလံတင်မည်ဟု သိရသည်။
တခမ်းတနား နေထိုင်တတ်သည့် ကက်သရင်းဇီတာဂျုန်းတို့ ဝယ်ယူလိုက်သော ယခုနေအိမ်မှာ ယခင်စံအိမ်များနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ကျဉ်းမြောင်းလှသည်ဟု ဆိုရမည်ဖြစ်သော်လည်း အကုန်အကျမများလှသော လူနေ နေရာသစ်များ ပါဝင်သည်။
ဟတ်ဒ်ဆန်မြစ်အထိ ပေါက်ရောက်သည့် ထူထဲလှသော တောအုပ်မြေနေရာများလည်း ပါဝင်နေသည်။
နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်မှ ၂၅ မိုင်သာ ဝေးကွာပြီး ပင်မစံအိမ်ကို ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အခန်းပေါင်း ၂၂ ခန်းပါဝင်ပြီး ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ရှည်လျားသော ခြံတွင်းကားလမ်း၏ အဆုံးတွင် တွေ့ရမည်ဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း အပြည့် ၁၀ ခန်း၊ တဝက် ၂ ခန်း ပါဝင်သည်။
၃ ထပ်အဆောက်အအုံ ကျေးလက်စံအိမ်ကြီးတွုင် မီးလင်းဖို ၇ ခု၊ အပူအအေးပေးစနစ် ၁၁ ခု၊ ကား ၄ စင်းဆန့် ကားဂိုဒေါင်တစ်လုံးတို့ ပါဝင်ပြီး နှစ်စဉ်အခွန်အကောက်များအတွက် ကန်ဒေါ်လာ ၁၅၀၀၀၀ ခန့်အထိ ကုန်ကျသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service