၂၀၁၉ ခုႏွစ္ ကမၻာ့လည္ပတ္ရန္အေကာင္းဆံုးႏိုင္ငံမ်ားစာရင္းကို ကမၻာ့စီးပြားေရးဖိုရမ္က ထုတ္ျပန္လိုက္ရာတြင္ ျမန္မာႏိုင္ငံပါဝင္လာျခင္းမရွိ

၂၀၁၉ ခုႏွစ္ ကမၻာ့လည္ပတ္ရန္အေကာင္းဆံုးႏိုင္ငံမ်ားစာရင္းကို ကမၻာ့စီးပြားေရးဖိုရမ္က ထုတ္ျပန္လိုက္ရာတြင္ ျမန္မာႏိုင္ငံပါဝင္လာျခင္းမရွိ - Property News in Myanmar from iMyanmarHouse.com
10 Sep 2019 11:48 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာ့စီးပြားေရးဖိုရမ္သည္ ၂၀၁၉ ခုႏွစ္ ကမၻာ့လည္ပတ္ရန္အေကာင္းဆံုးေနရာမ်ားညြန္းကိန္းကို ထုတ္ျပန္လိုက္သည္။

အဆိုပါ စာရင္းတြင္ ပါဝင္ေသာ ႏိုင္ငံမ်ား၏ ပင္လယ္ကမ္းရိုးတန္း စုစုေပါင္းအလ်ားမွာ မိုင္ေပါင္း ၃၀၀၀ ေက်ာ္ရွိျပီး ကမၻာ့အေမြအႏွစ္ စာရင္းဝင္ေနရာေပါင္း ၄၈ ေနရာထက္မနည္း ပါဝင္ေနသည္။

အဆိုပါညႊန္းကိန္းအရ စပိန္သည္ ကမၻာေပၚတြင္ လည္ပတ္ရန္ အေကာင္းဆံုးႏိုင္ငံအျဖစ္ သတ္မွတ္ခံလိုက္ရျပီ ျဖစ္သည္။

ဘာစီလိုနာ၊ မက္ဒရစ္ရွိ ကမၻာေက်ာ္ ရိုမန္ကက္သလစ္ဘုရားေက်ာင္းၾကီး Sagrada Família၊ ပရာဒို အႏုပညာျပတိုက္ႏွင့္ စပိန္ေတာင္ပိုင္း Costa del Sol ကမ္းေျခေဒသရွိ ကမၻာေက်ာ္ ပင္လယ္ကမ္းေျခမ်ား အစရွိသည္တို႔ကို ၾကည့္လွ်င္ စပိန္သည့္ ကမၻာ့ထိပ္တန္းေနရာတြင္ ရပ္တည္ႏိုင္ခဲ့သည္မွာ အံ့အားသင့္ဖြယ္မရွိေခ်။ ကမၻာ့စီးပြားေရးဖိုရမ္သည္ အထက္ပါညြန္းကိန္းကို ဆံုးျဖတ္ရာတြင္ အေျခခံအေဆာက္အအံု၊ လံုျခံဳေရး၊ စဥ္ဆက္မျပတ္ဖြံ႔ျဖိဳးေနေသာ ခရီးသြားလုပ္ငန္းဆိုင္ရာ ေျခလွမ္းမ်ား အပါအဝင္ အခ်က္ေပါင္း ၉၀ ကို ၾကည့္ရႈကာ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

ေနရာထိုင္ခင္းႏွင့္ ေငြတန္ဖိုးတို႔သည္လည္း ထည့္သြင္းတြက္ခ်က္သည့္အခ်က္မ်ားတြင္ ပါဝင္သည္။

ထိပ္တန္း ၁၀ ႏိုင္ငံစာရင္းတြင္ အာရွမွ ဂ်ပန္ႏွင့္ ၾသစေတးလ် ၂ ႏိုင္ငံသာ ပါဝင္သည္။

ျမန္မာ၏ အိမ္နီးခ်င္းမ်ား၏ ရပ္တည္မႈကို ၾကည့္မည္ဆိုလွ်င္ ဘဂၤလားေဒ့ရွ္ (၁၂၀) ၊ အိႏိၵယ (၃၄) ၊ တရုတ္ (၁၃) ၊ လာအို (၉၇) ၊ ထိုင္း (၃၁) တို႔ျဖစ္ၾကသည္။

အဆိုပါစာရင္းတြင္ ျမန္မာႏိုင္ငံ ပါဝင္ျခင္းမရွိသည္ကို ေတြ႔ရေသာေၾကာင့္ iMyanmarHouse.com မွ ကမၻာ့စီးပြားေရးဖိုရမ္ (WWF)သို႔ အီးေမးျဖင့္ ဆက္သြယ္ေမးျမန္းရာတြင္ မၾကာမီ ျပန္လည္ဆက္သြယ္ေျဖၾကားေပးပါမည္ဟု ျပန္စာရရွိထားေသာ္လည္း ၄ ရက္ၾကာသည့္တိုင္ ေျဖၾကားခ်က္ တစံုတရာ မရရွိေသးပါ။

အကယ္၍ ကမၻာ့စီးပြားေရးဖိုရမ္က အဆိုပါစာရင္းတြင္ ျမန္မာႏိုင္ငံကို အဘယ္ေၾကာင့္ ထည့္သြင္းတြက္ခ်က္ျခင္းမရွိသည့္အေၾကာင္းရင္း ႏွင့္စပ္လ်ဥ္းျပီး iMyanmarHouse.com သုိ႔ အေၾကာင္းျပန္ေျဖၾကားခ်က္ ေပးပို႔လာပါက iMyanmarHouse.com မွ သတင္းေရးသား တင္ျပေပးသြားပါမည္။

ႏိုင္ငံေပါင္း ၁၄၀ အနက္ ယီမင္မွာ ေအာက္ဆံုးတြင္ ရပ္တည္ေနသည္။

ယခုစာရင္း၏ ထိပ္တန္း ၁၀ ႏိုင္ငံမွာ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္ စာရင္းႏွင့္ႏႈိင္းယွဥ္လွ်င္ အမ်ားအားျဖင့္ ရပ္တည္မႈ မေျပာင္းလဲဘဲ ျဗိတိန္သည္သာ ယခင္ႏွစ္က နံပါတ္ ၅ ေနရာတြင္ ရပ္တည္ခဲ့ရာမွ ယခုႏွစ္တြင္ နံပါတ္ ၆ သို႔ က်ဆင္းသြားမႈရွိသည္။

ကမၻာ့စီးပြားေရးဖိုရမ္သည္ ယခုညႊန္းကိန္းကို သံုးသပ္အေျဖထုတ္ရာတြင္ ခရီးသြားလုပ္ငန္းဆိုင္ရာ က႑ၾကီး ၄ ခုကို သံုးသပ္ျခင္းျဖစ္ျပီး သဘာဝႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ရင္းျမစ္မ်ား၊ အေျခခံအေဆာက္အအံု၊ အမ်ဳိးသားခရီးသြားႏွင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္းဆိုင္ရာ မူဝါဒ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စီမံခန္႔ခြဲေရး ေကာင္းမြန္မႈ (လံုျခံဳေရး၊ သန္႔ရွင္းမႈႏွင့္ အလုပ္သမားေစ်းကြက္အထိ ပါဝင္) တို႔ကို အေျခခံသည္။

ကမၻာ့စီးပြားေရးဖိုရမ္၏ ညႊန္းကိန္းအခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္ လည္ပတ္ရန္ အေကာင္းဆံုး ကမၻာ့ထိပ္တန္းႏိုင္ငံ ၁၀ ခုမွာ-

၁။ စပိန္

၂။ ျပင္သစ္

၃။ ဂ်ာမနီ

၄။ ဂ်ပန္

၅။ အေမရိကန္ျပည္ေထာင္စု

၆။ ျဗိတိန္

၇။ ၾသစေတးလ်

၈။ အီတလီ

၉။ ကေနဒါ

၁၀။ ဆြစ္ဇာလန္ တို႔ျဖစ္ၾကသည္။

အဆိုပါစာရင္း၏ ေအာက္ဆံုးတြင္ရွိေနေသာ ၁၀ ႏိုင္ငံမွာ

၁။ ယီမင္

၂။ ခ်က္ဒ္

၃။ လိုင္ေဘးရီးယား

၄။ ဘူရြန္ဒီ

၅။ ကြန္ဂို

၆။ ေမာ္ရီေတးနီးယား

၇။ အင္ဂိုလာ

၈။ ေဟတီ

၉။ ဘာကီနာ ဖာဆို

၁၀။ ဆီယာ လီယြန္ တို႔ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် ၂၀၁၉ ခုနှစ် ကမ္ဘာ့လည်ပတ်ရန်အကောင်းဆုံးနေရာများညွန်းကိန်းကို ထုတ်ပြန်လိုက်သည်။

အဆိုပါ စာရင်းတွင် ပါဝင်သော နိုင်ငံများ၏ ပင်လယ်ကမ်းရိုးတန်း စုစုပေါင်းအလျားမှာ မိုင်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာပေါင်း ၄၈ နေရာထက်မနည်း ပါဝင်နေသည်။

အဆိုပါညွှန်းကိန်းအရ စပိန်သည် ကမ္ဘာပေါ်တွင် လည်ပတ်ရန် အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်သည်။

ဘာစီလိုနာ၊ မက်ဒရစ်ရှိ ကမ္ဘာကျော် ရိုမန်ကက်သလစ်ဘုရားကျောင်းကြီး Sagrada Família၊ ပရာဒို အနုပညာပြတိုက်နှင့် စပိန်တောင်ပိုင်း Costa del Sol ကမ်းခြေဒေသရှိ ကမ္ဘာကျော် ပင်လယ်ကမ်းခြေများ အစရှိသည်တို့ကို ကြည့်လျှင် စပိန်သည့် ကမ္ဘာ့ထိပ်တန်းနေရာတွင် ရပ်တည်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိချေ။ ကမ္ဘာ့စီးပွားရေးဖိုရမ်သည် အထက်ပါညွန်းကိန်းကို ဆုံးဖြတ်ရာတွင် အခြေခံအဆောက်အအုံ၊ လုံခြုံရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေသော ခရီးသွားလုပ်ငန်းဆိုင်ရာ ခြေလှမ်းများ အပါအဝင် အချက်ပေါင်း ၉၀ ကို ကြည့်ရှုကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နေရာထိုင်ခင်းနှင့် ငွေတန်ဖိုးတို့သည်လည်း ထည့်သွင်းတွက်ချက်သည့်အချက်များတွင် ပါဝင်သည်။

ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ဂျပန်နှင့် သြစတေးလျ ၂ နိုင်ငံသာ ပါဝင်သည်။

မြန်မာ၏ အိမ်နီးချင်းများ၏ ရပ်တည်မှုကို ကြည့်မည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ် (၁၂၀) ၊ အိန္ဒိယ (၃၄) ၊ တရုတ် (၁၃) ၊ လာအို (၉၇) ၊ ထိုင်း (၃၁) တို့ဖြစ်ကြသည်။

အဆိုပါစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသောကြောင့် iMyanmarHouse.com မှ ကမ္ဘာ့စီးပွားရေးဖိုရမ် (WWF)သို့ အီးမေးဖြင့် ဆက်သွယ်မေးမြန်းရာတွင် မကြာမီ ပြန်လည်ဆက်သွယ်ဖြေကြားပေးပါမည်ဟု ပြန်စာရရှိထားသော်လည်း ၄ ရက်ကြာသည့်တိုင် ဖြေကြားချက် တစုံတရာ မရရှိသေးပါ။ အကယ်၍ ကမ္ဘာ့စီးပွားရေးဖိုရမ်က အဆိုပါစာရင်းတွင် မြန်မာနိုင်ငံကို အဘယ်ကြောင့် ထည့်သွင်းတွက်ချက်ခြင်းမရှိသည့်အကြောင်းရင်း နှင့်စပ်လျဉ်းပြီး iMyanmarHouse.com သို့ အကြောင်းပြန်ဖြေကြားချက် ပေးပို့လာပါက iMyanmarHouse.com မှ သတင်းရေးသား တင်ပြပေးသွားပါမည်။

နိုင်ငံပေါင်း ၁၄၀ အနက် ယီမင်မှာ အောက်ဆုံးတွင် ရပ်တည်နေသည်။

ယခုစာရင်း၏ ထိပ်တန်း ၁၀ နိုင်ငံမှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ် စာရင်းနှင့်နှိုင်းယှဉ်လျှင် အများအားဖြင့် ရပ်တည်မှု မပြောင်းလဲဘဲ ဗြိတိန်သည်သာ ယခင်နှစ်က နံပါတ် ၅ နေရာတွင် ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် နံပါတ် ၆ သို့ ကျဆင်းသွားမှုရှိသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် ယခုညွှန်းကိန်းကို သုံးသပ်အဖြေထုတ်ရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍကြီး ၄ ခုကို သုံးသပ်ခြင်းဖြစ်ပြီး သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်များ၊ အခြေခံအဆောက်အအုံ၊ အမျိုးသားခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေး ကောင်းမွန်မှု (လုံခြုံရေး၊ သန့်ရှင်းမှုနှင့် အလုပ်သမားဈေးကွက်အထိ ပါဝင်) တို့ကို အခြေခံသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ညွှန်းကိန်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် လည်ပတ်ရန် အကောင်းဆုံး ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၁၀ ခုမှာ-

၁။ စပိန်

၂။ ပြင်သစ်

၃။ ဂျာမနီ

၄။ ဂျပန်

၅။ အမေရိကန်ပြည်ထောင်စု

၆။ ဗြိတိန်

၇။ သြစတေးလျ

၈။ အီတလီ

၉။ ကနေဒါ

၁၀။ ဆွစ်ဇာလန် တို့ဖြစ်ကြသည်။

အဆိုပါစာရင်း၏ အောက်ဆုံးတွင်ရှိနေသော ၁၀ နိုင်ငံမှာ

၁။ ယီမင်

၂။ ချက်ဒ်

၃။ လိုင်ဘေးရီးယား

၄။ ဘူရွန်ဒီ

၅။ ကွန်ဂို

၆။ မော်ရီတေးနီးယား

၇။ အင်ဂိုလာ

၈။ ဟေတီ

၉။ ဘာကီနာ ဖာဆို

၁၀။ ဆီယာ လီယွန် တို့ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service