ကေနဒါတြင္ ေတာအုပ္ၾကီးအတြင္းရွိ ဧက ၄၀၀ နီးပါးက်ယ္ဝန္းေသာ ျခံၾကီးႏွင့္ စတုရန္းေပ ၁၀၀၀၀ ခန္႔ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ေလလံတင္ေရာင္းခ်မည္

ကေနဒါတြင္ ေတာအုပ္ၾကီးအတြင္းရွိ ဧက ၄၀၀ နီးပါးက်ယ္ဝန္းေသာ ျခံၾကီးႏွင့္ စတုရန္းေပ ၁၀၀၀၀ ခန္႔ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ေလလံတင္ေရာင္းခ်မည္ - Property News in Myanmar from iMyanmarHouse.com
10 Sep 2019 11:32 am တွင် တင်ခဲ့သည်
1147 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကေနဒါတြင္ ေတာအုပ္ၾကီးအတြင္းရွိ ဧက ၄၀၀ နီးပါးက်ယ္ဝန္းေသာ ျခံၾကီးႏွင့္ စတုရန္းေပ ၁၀၀၀၀ ခန္႔ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ေလလံတင္ေရာင္းခ်ရန္ စီစဥ္လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

River House Estate ဟု အမည္ရျပီး ကေနဒါႏိုင္ငံ၏ အေနာက္ဘက္စြန္း British Columbia ျပည္နယ္၏ ၾကမ္းတမ္းလွေသာ ေတာၾကီးမ်က္မည္းအတြင္း တည္ရွိျပီး ျခံဝန္းၾကီး၏ အက်ယ္အဝန္းမွာ ၃၈၄ ဧကခန္႔အထိရွိသည္။

ေလလံတင္ေရာင္းခ်မႈကို အြန္လိုင္းမွတဆင့္ျပဳလုပ္သြားမည္ျဖစ္ျပီး လာမည့္ စက္တင္ဘာ ၁၀ ရက္မွ ၁၃ ရက္အၾကား ျပဳလုပ္သြားမည္ ျဖစ္သည္။

ၾကမ္းခင္းေစ်း ကေနဒါ ေဒၚလာ ၃ ဒသမ ၅ သန္း (ကန္ေဒၚလာ ၂ ဒသမ ၆၅ သန္း) သတ္မွတ္ထားျပီး Concierge Auctions ေလလံအဖြဲ႔က Faith Wilson Realty Group မွ ဖိတ္သ္ဝီလ္ဆင္ႏွင့္ ပူးေပါင္းကာ ေလလံတင္မည္ ျဖစ္သည္။

အဆိုပါျခံဝန္းၾကီးသည္ ယခုႏွစ္အေစာပိုင္းက ကေနဒါေဒၚလာ ၁၀ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသးသည္။

(ကေနဒါႏွင့္ စပ္လ်ဥ္းသည့္ စိတ္ဝင္စားဖြယ္ သတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ https://bit.ly/2lBTNPg အင္တာနက္လင့္ခ္မွ ဝင္ေရာက္ဖတ္ရႈႏိုင္ပါသည္)

ပိုင္ရွုင္မွာ အေမရိကန္ျပည္၊ ဆန္ဖရန္စစၥကို Bay area တြင္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနေသာ အက္ဒ္ရိုက္ထ္ႏွင့္ ဂ်ဴးဒစ္ရိုက္ထ္တို႔ ဇနီးေမာင္ႏွံ ျဖစ္ျပီး ၂၀၀၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ၾကျခင္း ျဖစ္သည္။

အက္ဒ္ရိုက္ထ္တို႔ ဇနီးေမာင္ႏွံက ၂၉၆ ဧက ပထမဆံုး ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္ ၈၈ ဧက ထပ္မံ ဝယ္ယူခဲ့သည္။“ဒီေနရာမွာ ကၽြန္ေတာ္တို႔ဟာ ၁၇ ႏွစ္ေလာက္ ေဆာက္လုပ္မြမ္းမံမႈေတြလုပ္ခဲ့တယ္။ တစ္ႏွစ္ကို ဒီမွာ ၆ လ ေလာက္လာေနၾကတယ္။ ဒါဟာ ကၽြန္ေတာ္တို႔ အမ်ားဆံုးေနႏိုင္တဲ့ ကာလပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔က အေမရိကန္ကပါ။ ကေနဒါႏိုင္ငံသားေတြ မဟုတ္ပါဘူး”ဟု မစၥတာ အက္ဒ္ရိုက္က ေျပာၾကားသည္။

ပင္မစံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၀၀၀၀ ရွိျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္း ပါဝင္ကာ ဇိမ္ခံေက်းလက္စံအိမ္ၾကီး အသြင္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ေရာင္းခ်ရန္ ဆံုးျဖတ္လိုက္ရျခင္း၏ အေၾကာင္းမွာ ၎တို႔ဇနီးေမာင္ႏွံသည္ အသက္ ၇၀ ေက်ာ္အရြယ္မ်ားျဖစ္ေနျပီျဖစ္ျပီး သားသမီးမ်ားကလည္း အျခားႏိုင္ငံတြင္ ေနအိမ္တစ္လံုးပိုင္ဆိုင္ရန္ စိတ္မဝင္စားၾကေသာေၾကာင့္ျဖစ္ေၾကာင္း မစၥတာ အက္ဒ္ရိုက္က ေျပာၾကားသည္။

ယခုအခါ အက္ဒ္ရိုက္တို႔ဇနီးေမာင္ႏွံသည္ လြန္ခဲ့ေသာ ၄၅ ႏွစ္ခန္႔က ေနထိုင္ခဲ့သည့္ေနရာျဖစ္ေသာ အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ျပည္နယ္၊ ဝါလာဝါလာျမိဳ႕သို႔ ေျပာင္းေရႊ႕ေနထုိင္လ်က္ရွိသည္။

ကေနဒါျခံဝန္းၾကီးသည္ ေတာထူလွကာ သမင္၊ဆတ္ အစရွိေသာ သားေကာင္မ်ား ေပါမ်ားလွသည္။

တယ္လ္ကြာေတာင္တန္းမ်ားႏွင့္ ေဘာ့ကေလျမစ္တိုိ႔ကို စီးမိုးေတြ႔ျမင္ေနရသည့္ေနရာတြင္ တည္ရွိသည္။ ေဘာ့ကေလျမစ္သည္ steelhead ငါးမ်ား မွ်ားရန္ ေကာင္းမြန္သည့္ေနရာအျဖစ္ နာမည္ေက်ာ္သည့္ျမစ္တစ္စင္းျဖစ္သည္။

မစၥတာရိုက္ထ္က ၎သည္ ငါးမွ်ားအလြန္ဝါသနာပါသူျဖစ္ျပီး ယခုစံအိမ္ၾကီးတည္ရွိရာေနရာသို႔ ၁၉၈၆ ခုႏွစ္အတြင္း ငါးမွ်ားရန္သြားေရာက္ရင္း ေရာက္ဖူးခဲ့ျခင္း ျဖစ္သည္ဟု ေျပာၾကားသည္။

“ျမစ္ၾကီးဟာ ပဥၥလက္ဆန္လြန္းတယ္။ ညတိုင္းမွာ ကၽြန္ေတာ္တို႔ဇနီးေမာင္ႏွံဟာ ေလးဘီးဆိုင္ကယ္နဲ႔ အနီးဝန္းက်င္ပတ္ၾကည့္ၾကတယ္။ မေန႔ညကေတာ့ မိခင္နဲ႔ ကြဲေနတဲ့ ဝက္ဝံေပါက္ကေလးတစ္ေကာင္ ေတြ႔ခဲ့ပါတယ္”ဟု မစၥတာရိုက္ထ္က ေျပာၾကားသည္။

ပင္မေနအိမ္အတြင္း ဘိလိယက္ခံု၊ ဝိုင္သိုေလွာင္ခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ ရံုးခန္း၊ စာဖတ္ရန္ ဆိတ္ျငိမ္ေသာေနရာ၊ အရက္ဘားတို႔ ပါဝင္ျပီး ပရိေဘာဂအျပည့္အစံုျဖင့္ ေစ်းကြက္တင္လာျခင္း ျဖစ္သည္။

ျခံဝန္းၾကီးအတြင္း ၁၅ ဧကခန္႔က်ယ္ဝန္းေသာ ေရကန္ၾကီးတစ္ခု၊ တစ္မိုင္ခန္႔ ရွည့္လ်ားေသာ ေဘာ့ကေလျမစ္ကမ္း၊ ၁၅ မိုင္ခန္႔ ရွည္လ်ားေသာ လမ္းၾကမ္းမ်ား၊ ေလွဆိပ္ ၇ ခု၊ ဟင္းလင္းျပင္ မီးဖိုေနရာတစ္ခု၊ စတုရန္းေပ ၃၂၀၀ က်ယ္ဝန္းေသာ ပန္းဥယ်ာဥ္၊ ေရတံခြန္တို႔ ပါဝင္သည္။

ထို႔အျပင္ ကား ၁၆ စင္းထားသိုႏိုင္သည့္ ဂိုေထာင္၊ ရဟတ္ယာဥ္ကြင္း၊ ေလးဘီးဆိုင္ကယ္၊ အေပ်ာ္စီးေလွႏွင့္ ကုန္တင္ယာဥ္တို႔လည္း ပါဝင္ေသးသည္။ ကေနဒါ အေနာက္ဘက္စြန္း ျဗိတိသွ်ကိုလံဘီယာ ျပည္နယ္၊ စမစ္သားစ္ျမိဳ႕ကေလးရွိ ေလဆိပ္ႏွင့္ ၇ မိုင္ခန္႔၊ တယ္လ္ကြာေက်းရြာမွ မိုင္ ၂၀၊ အေမရိကန္ပိုင္ အလက္စကားျပည္နယ္ ေတာင္ဘက္စြန္းႏွင့္ မ်ဥ္းေျဖာင့္တိုင္းလွ်င္ မိုင္ ၇၀ ေဝးကြာေသာအရပ္တြင္ တည္ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကနေဒါတွင် တောအုပ်ကြီးအတွင်းရှိ ဧက ၄၀၀ နီးပါးကျယ်ဝန်းသော ခြံကြီးနှင့် စတုရန်းပေ ၁၀၀၀၀ ခန့် ကျယ်ဝန်းသော စံအိမ်ကြီးကို လေလံတင်ရောင်းချရန် စီစဉ်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

River House Estate ဟု အမည်ရပြီး ကနေဒါနိုင်ငံ၏ အနောက်ဘက်စွန်း British Columbia ပြည်နယ်၏ ကြမ်းတမ်းလှသော တောကြီးမျက်မည်းအတွင်း တည်ရှိပြီး ခြံဝန်းကြီး၏ အကျယ်အဝန်းမှာ ၃၈၄ ဧကခန့်အထိရှိသည်။

လေလံတင်ရောင်းချမှုကို အွန်လိုင်းမှတဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အကြား ပြုလုပ်သွားမည် ဖြစ်သည်။ ကြမ်းခင်းဈေး ကနေဒါ ဒေါ်လာ ၃ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်း) သတ်မှတ်ထားပြီး Concierge Auctions လေလံအဖွဲ့က Faith Wilson Realty Group မှ ဖိတ်သ်ဝီလ်ဆင်နှင့် ပူးပေါင်းကာ လေလံတင်မည် ဖြစ်သည်။

အဆိုပါခြံဝန်းကြီးသည် ယခုနှစ်အစောပိုင်းက ကနေဒါဒေါ်လာ ၁၀ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်။

(ကနေဒါနှင့် စပ်လျဉ်းသည့် စိတ်ဝင်စားဖွယ် သတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် https://bit.ly/2lBTNPg အင်တာနက်လင့်ခ်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)

ပိုင်ရှုင်မှာ အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကို Bay area တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော အက်ဒ်ရိုက်ထ်နှင့် ဂျူးဒစ်ရိုက်ထ်တို့ ဇနီးမောင်နှံ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

အက်ဒ်ရိုက်ထ်တို့ ဇနီးမောင်နှံက ၂၉၆ ဧက ပထမဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၈၈ ဧက ထပ်မံ ဝယ်ယူခဲ့သည်။ “ဒီနေရာမှာ ကျွန်တော်တို့ဟာ ၁၇ နှစ်လောက် ဆောက်လုပ်မွမ်းမံမှုတွေလုပ်ခဲ့တယ်။ တစ်နှစ်ကို ဒီမှာ ၆ လ လောက်လာနေကြတယ်။ ဒါဟာ ကျွန်တော်တို့ အများဆုံးနေနိုင်တဲ့ ကာလပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အမေရိကန်ကပါ။ ကနေဒါနိုင်ငံသားတွေ မဟုတ်ပါဘူး”ဟု မစ္စတာ အက်ဒ်ရိုက်က ပြောကြားသည်။

ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်ကာ ဇိမ်ခံကျေးလက်စံအိမ်ကြီး အသွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ရောင်းချရန် ဆုံးဖြတ်လိုက်ရခြင်း၏ အကြောင်းမှာ ၎င်းတို့ဇနီးမောင်နှံသည် အသက် ၇၀ ကျော်အရွယ်များဖြစ်နေပြီဖြစ်ပြီး သားသမီးများကလည်း အခြားနိုင်ငံတွင် နေအိမ်တစ်လုံးပိုင်ဆိုင်ရန် စိတ်မဝင်စားကြသောကြောင့်ဖြစ်ကြောင်း မစ္စတာ အက်ဒ်ရိုက်က ပြောကြားသည်။

ယခုအခါ အက်ဒ်ရိုက်တို့ဇနီးမောင်နှံသည် လွန်ခဲ့သော ၄၅ နှစ်ခန့်က နေထိုင်ခဲ့သည့်နေရာဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဝါလာဝါလာမြို့သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ကနေဒါခြံဝန်းကြီးသည် တောထူလှကာ သမင်၊ဆတ် အစရှိသော သားကောင်များ ပေါများလှသည်။

တယ်လ်ကွာတောင်တန်းများနှင့် ဘော့ကလေမြစ်တို့ကို စီးမိုးတွေ့မြင်နေရသည့်နေရာတွင် တည်ရှိသည်။ ဘော့ကလေမြစ်သည် steelhead ငါးများ မျှားရန် ကောင်းမွန်သည့်နေရာအဖြစ် နာမည်ကျော်သည့်မြစ်တစ်စင်းဖြစ်သည်။

မစ္စတာရိုက်ထ်က ၎င်းသည် ငါးမျှားအလွန်ဝါသနာပါသူဖြစ်ပြီး ယခုစံအိမ်ကြီးတည်ရှိရာနေရာသို့ ၁၉၈၆ ခုနှစ်အတွင်း ငါးမျှားရန်သွားရောက်ရင်း ရောက်ဖူးခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

“မြစ်ကြီးဟာ ပဉ္စလက်ဆန်လွန်းတယ်။ ညတိုင်းမှာ ကျွန်တော်တို့ဇနီးမောင်နှံဟာ လေးဘီးဆိုင်ကယ်နဲ့ အနီးဝန်းကျင်ပတ်ကြည့်ကြတယ်။ မနေ့ညကတော့ မိခင်နဲ့ ကွဲနေတဲ့ ဝက်ဝံပေါက်ကလေးတစ်ကောင် တွေ့ခဲ့ပါတယ်”ဟု မစ္စတာရိုက်ထ်က ပြောကြားသည်။

ပင်မနေအိမ်အတွင်း ဘိလိယက်ခုံ၊ ဝိုင်သိုလှောင်ခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ရုံးခန်း၊ စာဖတ်ရန် ဆိတ်ငြိမ်သောနေရာ၊ အရက်ဘားတို့ ပါဝင်ပြီး ပရိဘောဂအပြည့်အစုံဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ခြံဝန်းကြီးအတွင်း ၁၅ ဧကခန့်ကျယ်ဝန်းသော ရေကန်ကြီးတစ်ခု၊ တစ်မိုင်ခန့် ရှည့်လျားသော ဘော့ကလေမြစ်ကမ်း၊ ၁၅ မိုင်ခန့် ရှည်လျားသော လမ်းကြမ်းများ၊ လှေဆိပ် ၇ ခု၊ ဟင်းလင်းပြင် မီးဖိုနေရာတစ်ခု၊ စတုရန်းပေ ၃၂၀၀ ကျယ်ဝန်းသော ပန်းဥယျာဉ်၊ ရေတံခွန်တို့ ပါဝင်သည်။

ထို့အပြင် ကား ၁၆ စင်းထားသိုနိုင်သည့် ဂိုထောင်၊ ရဟတ်ယာဉ်ကွင်း၊ လေးဘီးဆိုင်ကယ်၊ အပျော်စီးလှေနှင့် ကုန်တင်ယာဉ်တို့လည်း ပါဝင်သေးသည်။ ကနေဒါ အနောက်ဘက်စွန်း ဗြိတိသျှကိုလံဘီယာ ပြည်နယ်၊ စမစ်သားစ်မြို့ကလေးရှိ လေဆိပ်နှင့် ၇ မိုင်ခန့်၊ တယ်လ်ကွာကျေးရွာမှ မိုင် ၂၀၊ အမေရိကန်ပိုင် အလက်စကားပြည်နယ် တောင်ဘက်စွန်းနှင့် မျဉ်းဖြောင့်တိုင်းလျှင် မိုင် ၇၀ ဝေးကွာသောအရပ်တွင် တည်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service