အနာဂတ်၌ အာရှတွင် ဘက်စုံသုံးစီမံကိန်းများ လွှမ်းမိုးမည်
အနာဂတ်၌ အာရှတွင် ဘက်စုံသုံးစီမံကိန်းများ လွှမ်းမိုးမည် - Property News in Myanmar from iMyanmarHouse.com
10 Sep 2019 10:27 am တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အာရှတစ်လွှား အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များသည် တစ်မျိုးတည်းအသုံးပြုရန်ရည်ရွယ်သော စီမံကိန်းများအစား နေအိမ်ခန်း၊ ရုံးခန်းနှင့် အရောင်းဆိုင် စသည့် နေရာများပါဝင်သော ဘက်စုံသုံးစီမံကိန်းများကို အင်တိုက်အားတိုက်စီစဉ်လာကြသည်မှာ ဒေသအတွင်း မကြာသေးမီက စီမံကိန်းကြီးများက သက်သေပင်ဖြစ်သည်။
ဘက်စုံသုံးစီမံကိန်းများ၏ အကျိုးကျေးဇူးများသည် စီးပွားရေးအကျိုးအမြတ်ရှိရုံသက်သက်သာ မဟုတ်ပေ။ developer အား အဆောက်အအုံများ တစ်ခုတည်းမကသုံးလေးမျိုးခွဲ၍ ဆောက်လုပ်ခွင့်ပေးရုံမကဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများကိုလည်း ဖြစ်စေသည်။ ဘက်စုံသုံးစီမံကိန်းများသည် သမားရိုးလုံးချင်းအိမ်များနှင့်ယှဉ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို များစွာလျှော့ချပေးသည်။ အချိန်တိုအတွင်းထိရောက်အကျိုးရှိသော အများပြည်သူပို့ဆောင်ရေးစနစ်ကိုပါထည့်တွက်ပါက ပုဂ္ဂလိကမော်တော်ယာဉ်လိုအပ်ချက်ကိုလည်း လျော့ကျစေသည်။ စားသောက်ဆိုင်၊ စူပါမားကတ်၊ ရှော့ပင်းမောလ် စသည်တို့သည် မိနစ်ပိုင်းအတွင်း လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့် အနေအထားဖြစ်သည်။
ဘက်စုံသုံးမြို့ငယ်များတွင် နေထိုင်သူများသည် ကျေးလက်တွင်နေထိုင်သူများထက်ပင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Institute for Environment and Development (IIED) မှ ၂၀၀၉ ခုနှစ်ကတည်းက ဆက်တိုက်ပြုလုပ်လာသော လေ့လာမှုများက တွေ့ရှိခဲ့သည်မှာ ၁ စတုရန်းကီလိုမီတာလျှင် နေထိုင်သူ ၂၈,၀၀၀ နှုန်းဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်သည့် နယူးယောက်စီးတီး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှုသည် အမေရိကန်၏ပျမ်းမျှကာဗွန်ထုတ်လွှတ်မှုနှုန်းအောက် ရာခိုင်နှုန်း ၃၀ ခန့် လျော့နည်းဆဲဖြစ်သည်။
တရုတ်တောင်ပိုင်း၊ မကာအိုနှင့် ဟောင်ကောင်တို့တွင် Skypark apartment and clubhouse complex ၊ Zhuhai International Convention Centre တို့ကဲ့သို့သော စီမံကိန်းများသည် မြေကွက်များကို အကောင်းဆုံးအသုံးချနေကြသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် Sudirman ဗဟိုစီးပွားရေးခရိုင်၏ မြေဟက်တာ ၄ ဒသမ ၈ အကျယ်အဝန်းတွင် တာဝါ ၁၁ ခု ပါဝင်သည့် complex ဖြစ်သော District 8 သည် တည်ဆောက်မှုပြီးစီးသွားပြီဖြစ်သည်။ Agung Sedayu Group မှ ဖော်ဆောင်သည့် ၎င်း complex သည် လူနေအိမ်ခန်းများနှင့် အများပြည်သူဆိုင်ရာဥယျာဉ်ကြီးကို တောင်ဂျာကာတာ၏ ဘဏ္ဍာရေးဇုံအချက်အချာသို့ ဆောင်ကြဉ်ပေးပါသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် TCC Group က Golden Land and Frasers Property Limited နှင့် ပူးပေါင်းဖော်ဆောင်နေသော နိုင်ငံ့အကြီးဆုံးဘက်စုံစီမံကိန်း One Bangkok သည် လူနေအိမ်ခန်းအဆောက်အအုံများ၊ ရုံးခန်းတာဝါများ၊ လက်လီအရောင်းဇုံများ၊ အများပြည်သူဝင်ထွက်နိုင်သော ဥယျာဉ်များ ပါဝင်မည်ဖြစ်ပြီး လူခြောက်သောင်းအား နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံတန် စီမံကိန်းကို ကပ်လျက်ရှိ Lumphini Park အရွယ်အစား၏ သုံးပုံတစ်ပုံသော ဧရိယာတစ်ခုပေါ်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။
JLL အရှေ့တောင်အာရှ၏ ငွေကြေးဈေးကွက်သုတေသနခေါင်းဆောင် ရီဂျီနာလင်မ်က “မြို့ပြတွေ ပိုမိုဖွံ့ဖြိုးလာပြီး လူဦးရေပိုမိုထူထပ်လာတာကြောင့် ဘက်စုံသုံးစီမံကိန်းတွေပိုမိုဖော်ဆောင်တာဟာ ဖြစ်သင့်ပါတယ်။” ဟု developer များအနေဖြင့် ဘက်စုံသုံးစီမံကိန်းများသို့ အလွန်ဓာတ်ကျလာမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service