ၾသစေၾတးလ်ကိုေက်ာ္၍ ကမာၻ႕ေနေပ်ာ္ဖြယ္အေကာင္းဆံုးရာထူးအား ၾသစႀတီးယား ရယူ

ၾသစေၾတးလ်ကိုေက်ာ္၍ ကမာၻ႕ေနေပ်ာ္ဖြယ္အေကာင္းဆံုးရာထူးအား ၾသစႀတီးယား ရယူ - Property News in Myanmar from iMyanmarHouse.com
9 Sep 2019 11:42 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၾသစႀတီးယားႏုိင္ငံၿမိဳ႕ေတာ္ ဗီယင္နာသည္ ကမာၻ႕ေနေပ်ာ္ဖြယ္အေကာင္းဆံုးၿမိဳ႕အျဖစ္ ႏွစ္ႏွစ္ဆက္တိုက္သိမ္းပိုက္ႏုိင္လိုက္ျပန္ၿပီျဖစ္သည္။

ဗီယင္နာသည္ ကမာၻ႕ေနေပ်ာ္ဖြယ္ေကာင္းမႈအညႊန္းကိန္းစာရင္းမ်ား၏ ပိုင္ရွင္ေဟာင္း မဲလ္ဘုန္းၿမိဳ႕ကို ေက်ာ္တက္၍ ယခုႏွစ္စာရင္းတြင္ထိပ္ဆံုးေနရာကို ရယူႏုိင္ခဲ့ျခင္းျဖစ္သည္။

ၿဗိတိန္အေျခစိုက္ ကမာၻ႕ထိပ္တန္းသုေတသနႏွင့္အႀကံေပးကုမၸဏီ Economist Intelligence Unit (EIU) မွ ႏွစ္စဥ္ျပဳလုပ္ေသာ ထိုစစ္တမ္းက ၾသစေၾတးလ်၏ ဒုတိယအႀကီးဆံုးၿမိဳ႕ မဲလ္ဘုန္းသည္ ရမွတ္ ၁၀၀ တြင္ ၉၈ ဒသမ ၄ ရရွိခဲ့ကာ ဗီယင္နာက ၉၉ ဒသမ ၁ ရရွိခဲ့ေၾကာင္း ေတြ႕ရွိခဲ့သည္။ ၂၀၁၈ ခုႏွစ္မတုိင္မီ ခုနစ္ႏွစ္တာၾကာ မဲလ္ဘုန္းက ၎အညႊန္းကိန္းစာရင္းမ်ား၏ ထိ္ပ္ဆံုးမွ ရပ္တည္ခဲ့သည္။ ၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္စာရင္းတုိ႔တြင္မူ မဲလ္ဘုန္းက ယဥ္ေက်းမႈႏွင့္သဘာဝပတ္ဝန္းက်င္ေရးရာတို႔၌ ဗီယင္နာကို ႐ႈံးနိမ့္ခဲ့ၿပီး ထိပ္ဆံုးမွ ဒုတိယေနရာသို႔ ေလွ်ာက်ခဲ့ျခင္းျဖစ္သည္။

မဲလ္ဘုန္းသည္ ၿမိဳ႕ ၁၄၀ အား စစ္တမ္းေကာက္တြက္ခ်က္ေသာ ထိုအညႊြန္းကိန္းစာရင္းတြင္ ၂၀၁၈ က ပၪၥမေနရာမွ ယခုႏွစ္စာရင္းတြင္ တတိယေနရာသို႔ ခုန္တက္လာေသာ ဆစ္ဒနီႏွင့္လည္း ရင္ဆုိင္ေနရသည္။

“သို႔ေသာ္လည္း ဆစ္ဒနီသည္ ၎၏ ၿပိဳင္ဘက္ေကာင္း မဲလ္ဘုန္း၏ ေနာက္တြင္ က်န္ေနဆဲျဖစ္သည္။ က႑အားလံုးတြင္ အလြန္ျမင့္မားေသာ ရမွတ္မ်ား အသီးသီးရရွိထားၾကသည့္ မဲလ္ဘုန္းႏွင့္ ဗီယင္နာတို႔အား ေက်ာ္တက္ရန္ ဆစ္ဒနီတြင္ အလားအလာအနည္းအက်ဥ္းသာ ရွိေပသည္။”

ရမွတ္ ၉၇ ဒသမ ၇ ရရွိခဲ့သည့္ အိုဆာကာက ကမာၻ႕စတုတၳအဆင့္ရပ္တည္ခဲ့ကာ အာရွ၏ ေနေပ်ာ္ဖြယ္အေကာင္းဆံုးၿမိဳ႕ျဖစ္သည္။ တိုက်ဳိႏွင့္ တိုရန္တုိၿမိဳ႕တို႔က သတၱမေနရာတြင္ ပူးတြဲေဖာ္ျပခံခဲ့ရသည္။ (သို႔ျဖစ္ရာ ယခုႏွစ္စာရင္းတြင္ ထိပ္တန္းဆယ္ၿမိဳ႕၌ အ႒မေျမာက္ၿမိဳ႕မရွိေတာ့ေပ။)

ကယ္လ္ဂါရီက ရမွတ္ ၉၇ ဒသမ ၅ ျဖင့္ ကမာၻ႕ပၪၥမအဆင့္ရပ္တည္ခဲ့ကာ ေျမာက္အေမရိက၏ ေနေပ်ာ္ဖြယ္အေကာင္းဆံုးၿမိဳ႕ျဖစ္ခဲ့သည္။ ဗန္ကူးဗားက ရမွတ္ ၉၇ ဒသမ ၃ ျဖင့္ ကမာၻ႕ဆ႒မအဆင့္တြင္ ေဖာ္ျပခံခဲ့ရသည္။

ကိုပင္ေဟဂင္က ရမွတ္ ၉၆ ဒသမ ၈ ျဖင့္ နဝမေနရာတြင္ ရပ္တည္ခဲ့ကာ အဒယ္ေလ့ၿမိဳ႕က ရမွတ္ ၉၆ ဒသမ ၆ ျဖင့္ ဒသမေနရာကို သိမ္းပိုက္ခဲ့သည္။

ထိပ္ဆံုးဆယ္ၿမိဳ႕တြင္ အေမရိကန္ႏွင့္ ၿဗိတိန္တုိ႔မွ ၿမိဳ႕မ်ား မပါဝင္ခဲ့ေပ။ လန္ဒန္ႏွင့္ နယူးေယာက္စီးတီးကဲ့သို႔ေသာ စီးပြားေရးအဆင့္ျမင့္သည့္ ကမာၻ႕ၿမိဳ႕ႀကီးမ်ားသည္ ယဥ္ေက်းမႈႏွင့္ သဘာဝပတ္ဝန္းက်င္တြင္ ဗီယင္နာႏွင့္ မဲလ္ဘုန္းတို႔ကို ယွဥ္ႏိုင္ သို႔မဟုတ္ သာလြန္ႏုိင္ေသာ္လည္း တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ အေျခခံအေဆာက္အအံုေရးရာတုိ႔တြင္မူ ဗီယင္နာႏွင့္ မဲလ္ဘုန္းတို႔ေအာက္ ရမွတ္နိမ့္ခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာသည် ကမ္ဘာ့နေပျော်ဖွယ်အကောင်းဆုံးမြို့အဖြစ် နှစ်နှစ်ဆက်တိုက်သိမ်းပိုက်နိုင်လိုက်ပြန်ပြီဖြစ်သည်။

ဗီယင်နာသည် ကမ္ဘာ့နေပျော်ဖွယ်ကောင်းမှုအညွှန်းကိန်းစာရင်းများ၏ ပိုင်ရှင်ဟောင်း မဲလ်ဘုန်းမြို့ကို ကျော်တက်၍ ယခုနှစ်စာရင်းတွင်ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းသုတေသနနှင့်အကြံပေးကုမ္ပဏီ Economist Intelligence Unit (EIU) မှ နှစ်စဉ်ပြုလုပ်သော ထိုစစ်တမ်းက သြစတြေးလျ၏ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းသည် ရမှတ် ၁၀၀ တွင် ၉၈ ဒသမ ၄ ရရှိခဲ့ကာ ဗီယင်နာက ၉၉ ဒသမ ၁ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်မတိုင်မီ ခုနစ်နှစ်တာကြာ မဲလ်ဘုန်းက ၎င်းအညွှန်းကိန်းစာရင်းများ၏ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်စာရင်းတို့တွင်မူ မဲလ်ဘုန်းက ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ရေးရာတို့၌ ဗီယင်နာကို ရှုံးနိမ့်ခဲ့ပြီး ထိပ်ဆုံးမှ ဒုတိယနေရာသို့ လျှောကျခဲ့ခြင်းဖြစ်သည်။

မဲလ်ဘုန်းသည် မြို့ ၁၄၀ အား စစ်တမ်းကောက်တွက်ချက်သော ထိုအညွှွန်းကိန်းစာရင်းတွင် ၂၀၁၈ က ပဉ္စမနေရာမှ ယခုနှစ်စာရင်းတွင် တတိယနေရာသို့ ခုန်တက်လာသော ဆစ်ဒနီနှင့်လည်း ရင်ဆိုင်နေရသည်။

“သို့သော်လည်း ဆစ်ဒနီသည် ၎င်း၏ ပြိုင်ဘက်ကောင်း မဲလ်ဘုန်း၏ နောက်တွင် ကျန်နေဆဲဖြစ်သည်။ ကဏ္ဍအားလုံးတွင် အလွန်မြင့်မားသော ရမှတ်များ အသီးသီးရရှိထားကြသည့် မဲလ်ဘုန်းနှင့် ဗီယင်နာတို့အား ကျော်တက်ရန် ဆစ်ဒနီတွင် အလားအလာအနည်းအကျဉ်းသာ ရှိပေသည်။”

ရမှတ် ၉၇ ဒသမ ၇ ရရှိခဲ့သည့် အိုဆာကာက ကမ္ဘာ့စတုတ္ထအဆင့်ရပ်တည်ခဲ့ကာ အာရှ၏ နေပျော်ဖွယ်အကောင်းဆုံးမြို့ဖြစ်သည်။ တိုကျိုနှင့် တိုရန်တိုမြို့တို့က သတ္တမနေရာတွင် ပူးတွဲဖော်ပြခံခဲ့ရသည်။ (သို့ဖြစ်ရာ ယခုနှစ်စာရင်းတွင် ထိပ်တန်းဆယ်မြို့၌ အဋ္ဌမမြောက်မြို့မရှိတော့ပေ။)

ကယ်လ်ဂါရီက ရမှတ် ၉၇ ဒသမ ၅ ဖြင့် ကမ္ဘာ့ပဉ္စမအဆင့်ရပ်တည်ခဲ့ကာ မြောက်အမေရိက၏ နေပျော်ဖွယ်အကောင်းဆုံးမြို့ဖြစ်ခဲ့သည်။ ဗန်ကူးဗားက ရမှတ် ၉၇ ဒသမ ၃ ဖြင့် ကမ္ဘာ့ဆဋ္ဌမအဆင့်တွင် ဖော်ပြခံခဲ့ရသည်။

ကိုပင်ဟေဂင်က ရမှတ် ၉၆ ဒသမ ၈ ဖြင့် နဝမနေရာတွင် ရပ်တည်ခဲ့ကာ အဒယ်လေ့မြို့က ရမှတ် ၉၆ ဒသမ ၆ ဖြင့် ဒသမနေရာကို သိမ်းပိုက်ခဲ့သည်။

ထိပ်ဆုံးဆယ်မြို့တွင် အမေရိကန်နှင့် ဗြိတိန်တို့မှ မြို့များ မပါဝင်ခဲ့ပေ။ လန်ဒန်နှင့် နယူးယောက်စီးတီးကဲ့သို့သော စီးပွားရေးအဆင့်မြင့်သည့် ကမ္ဘာ့မြို့ကြီးများသည် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်တွင် ဗီယင်နာနှင့် မဲလ်ဘုန်းတို့ကို ယှဉ်နိုင် သို့မဟုတ် သာလွန်နိုင်သော်လည်း တည်ငြိမ်အေးချမ်းမှုနှင့် အခြေခံအဆောက်အအုံရေးရာတို့တွင်မူ ဗီယင်နာနှင့် မဲလ်ဘုန်းတို့အောက် ရမှတ်နိမ့်ခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service