အေမရိကန္ျပည္၊ ဂ်က္ဖာဆင္ျမိဳ႕မွ သရဲအလြန္ေျခာက္ေသာ ေနအိမ္ၾကီးတစ္လံုးအေၾကာင္းကို Travel Channel ရုပ္သံလိုင္းမွ ထုတ္လႊင့္ျပသလိုက္ျပီျဖစ္ကာ ပိုင္ရွင္မ်ားမွာလည္း မေနရဲေတာ့ဘဲ ပရေလာက စူးစမ္းသူမ်ား တည္းခိုေလ့လာႏိုင္ရန္ အငွားေစ်းကြက္တင္လာ

အေမရိကန္ျပည္၊ ဂ်က္ဖာဆင္ျမိဳ႕မွ သရဲအလြန္ေျခာက္ေသာ ေနအိမ္ၾကီးတစ္လံုးအေၾကာင္းကို Travel Channel ရုပ္သံလိုင္းမွ ထုတ္လႊင့္ျပသလိုက္ျပီျဖစ္ကာ ပိုင္ရွင္မ်ားမွာလည္း မေနရဲေတာ့ဘဲ ပရေလာက စူးစမ္းသူမ်ား တည္းခိုေလ့လာႏိုင္ရန္ အငွားေစ်းကြက္တင္လာ - Property News in Myanmar from iMyanmarHouse.com
4 Sep 2019 12:52 pm တွင် တင်ခဲ့သည်
1926 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ မစ္ဇူရီျပည္နယ္၊ ဂ်က္ဖာဆင္ျမိဳ႕တြင္ တည္ရွိေသာ ေနအိမ္ၾကီးတစ္လံုးမွာ သရဲအလြန္ေျခာက္ေသာေၾကာင့္ ေနအိမ္ဝယ္ယူခဲ့သည့္ ပိုင္ရွင္မ်ားမွာ မေနရဲေတာ့ဘဲ ပရေလာက စူးစမ္းသူမ်ား တည္းခိုေလ့လာသည့္ေနရာအျဖစ္ အသံုးျပဳၾကရန္ အငွားေစ်းကြက္တင္လာရေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အာရြန္ႏွင့္ အီရင္ ကလာ့ခ္တို႔ ဇနီးေမာင္ႏွံသည္ ဂ်က္ဖာဆင္ျမိဳ႕ရွိ ၁၀၉ ႏွစ္ သက္တမ္းရွိ ေနအိမ္အိုၾကီးတစ္လံုးကို ဝယ္ယူကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ေအးခ်မ္းစြာေနႏိုင္ေတာ့မည္ဟု မွတ္ထင္ခဲ့ၾကသည္။

သုိ႔ရာတြင္ ေအးခ်မ္းစြာေနထိုင္မည္ဆိုသည့္ အိပ္မက္မွာ ေျခာက္ျခားဖြယ္အိပ္မက္တစ္ခုအျဖစ္ ေျပာင္းလဲသြားခဲ့သည္။

အာရြန္တို႔ ဇနီးေမာင္ႏွံသည္ ဂ်က္ဖာဆင္ျမိဳ႕၊ မီလာလမ္း၊ အမွတ္ ၅၀၀ (E) ရွိ Hobo Hill House ဟု လူသိမ်ားေသာ ေရွးေဟာင္း စံအိမ္ၾကီးကို ဝယ္ယူခဲ့ၾကသည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၅၀၀၀ ရွိျပီး ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဝယ္ယူျပီးေနာက္ ျပန္လည္ျပဳျပင္မြမ္းမံခ်ိန္တြင္ ဆန္းၾကယ္ေသာ၊ ေျခာက္ျခားဖြယ္ေကာင္းေသာ၊ သိပၸံနည္းအရ ရွင္းျပရန္ မျဖစ္ႏိုင္ေသာ ျဖစ္ရပ္မ်ား စတင္ၾကံဳေတြ႔လာခဲ့ရသည္။

“ငါတို႔ ပရေလာက လႈပ္ရွားမႈေတြနဲ႔ ရင္ဆိုင္ေနရတာပဲလို႔ ကၽြန္ေတာ္တို႔ ေတြးခဲ့မိတယ္”ဟု အာရြန္က ေျပာၾကားသည္။

ရုပ္ျမင္သံၾကားစက္၊ မီးလံုးမ်ား၊ အပူေပးစက္မ်ား၊ မီးဖိုေဆာင္ေဘစင္မွ ေရပိုက္ေခါင္းမ်ားသည္ အလိုအေလ်ာက္ ပြင့္လာေလ့ရွိသည္ဟု ဆိုသည္။

အာရြန္၏ ေခြးကေလးသည္ ေလွကား အပါအဝင္ အခ်ဳိ႕ေသာ ေနရာမ်ားကို မည္သည့္အခါမွ သြားေလ့မရွိ။

က်ယ္ေလာင္ေသာ ထုႏွက္သံမ်ား၊ တကၽြီကၽြီျမည္သံမ်ား မၾကာခဏၾကားရေလ့ရွိျပီး ေနအိမ္တြင္းသို႔ ဝင္လိုက္လွ်င္ “ဟိုင္း” ဟု ေျပာလိုက္သံမ်ား ၾကားရေလ့ရွိသည္။ ေျခာက္ျခားဖြယ္ အေကာင္းဆံုးျဖစ္ရပ္မွာ အာရြန္တို႔ ဇနီးေမာင္ႏွံ၏ ၈ ႏွစ္အရြယ္ သမီးေလး ျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္ ျဖစ္သည္။

အာရြန္၏ သမီးေလးသည္ ေနအိမ္ၾကီးသို႔ ေျပာင္းေရြ႕လာျပီးေနာက္ ညဘက္တြင္ အိပ္ေပ်ာ္ရင္းလမ္းေလွ်ာက္လာျခင္းမ်ား ျဖစ္ပြားလာသည္။

“သမီးေလးက အိပ္ယာေဘးမွာ မတ္တပ္ရပ္ရင္း ျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္ေနတယ္။ ကေလးက တရႈိက္ရႈိက္ငိုေနတယ္။ သူ႔ပုခံုးေတြက နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတာ ကၽြန္ေတာ္ေတြ႔ရတယ္။ ….ေရနာ ။ ဘာျဖစ္လို႔လဲ။ သမီးေလး..လုိ႔ သူ႔ကို ေမးခဲ့တယ္။ ကၽြန္ေတာ္ေမးလိုက္ေတာ့ သူကကၽြန္ေတာ့္ဘက္ လွည့္လာတယ္။ အဲဒီမွာ ကၽြန္ေတာ္လည္း လိပ္ျပာလြင့္မတတ္ျဖစ္သြားတယ္။ ဘာလို႔လဲဆိုေတာ့ သမီးေလးက ခုနရႈိက္ၾကီးတငင္ ငိုေနရာကေန ကၽြန္ေတာ့္ဘက္လွည့္လိုက္ေတာ့ ျပံဳးျပံဳးၾကီးျဖစ္ေနတယ္။”

အာရြန္က ေျပာၾကားရာတြင္ သမီးငယ္သည္ မ်က္လံုးျပဴးေနျပီး တစ္ကိုယ္လံုးတုန္ေနကာ သရဲဝင္ပူးသကဲ့သို႔ ျဖစ္ေနသည္ဟု ဆိုသည္။

အျခားျဖစ္ရပ္တစ္ခုမွာလည္း တစ္ခါက အာရြန္၏ မ်က္လံုးေထာင့္တြင္ ဦးထုပ္ရွည္ၾကီးေဆာင္းထားေသာ အရပ္ရွည္ရွည္ လူတစ္ဦးကို ေတြ႔လိုက္ရသည္ဟု ဆိုသည္။

အထက္ပါျဖစ္ရပ္မ်ားေၾကာင့္ ေျပာင္းေရႊ႕ေနထိုင္ျပီး ၇ လအၾကာတြင္ ေနအိမ္ကို ေက်ာခိုင္းစြန္႔ခြာရန္ ဆံုးျဖတ္လိုက္ၾကျခင္းလည္း ျဖစ္သည္။

သို႔ရာတြင္ ေနအိမ္ၾကီးကို ေရာင္းခ်မည့္အစား ပရေလာကျဖစ္ရပ္ဆန္း ေလ့လာသူမ်ား ေခတၱတည္းခို ေလ့လာႏိုင္ရန္ ရည္ရြယ္ကာ Airbnb အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ အငွားေၾကာ္ျငာတင္လိုက္ျခင္းလည္း ျဖစ္သည္။

ငွားရမ္းခမွာ တစ္ညလွ်င္ ကန္ေဒၚလာ ၂၇၅ ျဖစ္သည္ဟု ဆိုသည္။

အာရြန္၏ ေနအိမ္ၾကီးကို Travel Channel ရုပ္သံလိုင္း၏ “The Dead Files” ဟူေသာအစီအစဥ္တြင္ ျပီးခဲ့ေသာ ၾသဂုတ္လ ၁ ရက္က “Not My Child” ဟူေသာအမည္ျဖင့္ ထုတ္လႊင့္ျပသခဲ့ျပီး ေနအိမ္ၾကီး၏ ေျခာက္ျခားဖြယ္ေကာင္းေသာ ပရေလာက ျဖစ္ရပ္ဆန္းမ်ားကို တင္ျပခဲ့သည္။

အာရြန္၏ သရဲအလြန္ေျခာက္သည့္ စံအိမ္ၾကီးအေၾကာင္း သတင္းဗြီဒီယိုကို Youtube တြင္ https://youtu.be/ZOfMXcDtILE အင္တာနက္လင့္ခ္မွတဆင့္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ ဂျက်ဖာဆင်မြို့တွင် တည်ရှိသော နေအိမ်ကြီးတစ်လုံးမှာ သရဲအလွန်ခြောက်သောကြောင့် နေအိမ်ဝယ်ယူခဲ့သည့် ပိုင်ရှင်များမှာ မနေရဲတော့ဘဲ ပရလောက စူးစမ်းသူများ တည်းခိုလေ့လာသည့်နေရာအဖြစ် အသုံးပြုကြရန် အငှားဈေးကွက်တင်လာရကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အာရွန်နှင့် အီရင် ကလာ့ခ်တို့ ဇနီးမောင်နှံသည် ဂျက်ဖာဆင်မြို့ရှိ ၁၀၉ နှစ် သက်တမ်းရှိ နေအိမ်အိုကြီးတစ်လုံးကို ဝယ်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး အေးချမ်းစွာနေနိုင်တော့မည်ဟု မှတ်ထင်ခဲ့ကြသည်။

သို့ရာတွင် အေးချမ်းစွာနေထိုင်မည်ဆိုသည့် အိပ်မက်မှာ ခြောက်ခြားဖွယ်အိပ်မက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

အာရွန်တို့ ဇနီးမောင်နှံသည် ဂျက်ဖာဆင်မြို့၊ မီလာလမ်း၊ အမှတ် ၅၀၀ (E) ရှိ Hobo Hill House ဟု လူသိများသော ရှေးဟောင်း စံအိမ်ကြီးကို ဝယ်ယူခဲ့ကြသည်။ စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၀၀၀ ရှိပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံချိန်တွင် ဆန်းကြယ်သော၊ ခြောက်ခြားဖွယ်ကောင်းသော၊ သိပ္ပံနည်းအရ ရှင်းပြရန် မဖြစ်နိုင်သော ဖြစ်ရပ်များ စတင်ကြုံတွေ့လာခဲ့ရသည်။

“ငါတို့ ပရလောက လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်နေရတာပဲလို့ ကျွန်တော်တို့ တွေးခဲ့မိတယ်”ဟု အာရွန်က ပြောကြားသည်။

ရုပ်မြင်သံကြားစက်၊ မီးလုံးများ၊ အပူပေးစက်များ၊ မီးဖိုဆောင်ဘေစင်မှ ရေပိုက်ခေါင်းများသည် အလိုအလျောက် ပွင့်လာလေ့ရှိသည်ဟု ဆိုသည်။

အာရွန်၏ ခွေးကလေးသည် လှေကား အပါအဝင် အချို့သော နေရာများကို မည်သည့်အခါမှ သွားလေ့မရှိ။

ကျယ်လောင်သော ထုနှက်သံများ၊ တကျွီကျွီမြည်သံများ မကြာခဏကြားရလေ့ရှိပြီး နေအိမ်တွင်းသို့ ဝင်လိုက်လျှင် “ဟိုင်း” ဟု ပြောလိုက်သံများ ကြားရလေ့ရှိသည်။ ခြောက်ခြားဖွယ် အကောင်းဆုံးဖြစ်ရပ်မှာ အာရွန်တို့ ဇနီးမောင်နှံ၏ ၈ နှစ်အရွယ် သမီးလေး ဖြစ်ပွားခဲ့သော ဖြစ်ရပ် ဖြစ်သည်။

အာရွန်၏ သမီးလေးသည် နေအိမ်ကြီးသို့ ပြောင်းရွေ့လာပြီးနောက် ညဘက်တွင် အိပ်ပျော်ရင်းလမ်းလျှောက်လာခြင်းများ ဖြစ်ပွားလာသည်။

“သမီးလေးက အိပ်ယာဘေးမှာ မတ်တပ်ရပ်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေတယ်။ ကလေးက တရှိုက်ရှိုက်ငိုနေတယ်။ သူ့ပုခုံးတွေက နိမ့်ချည်မြင့်ချည်ဖြစ်နေတာ ကျွန်တော်တွေ့ရတယ်။ ….ရေနာ ။ ဘာဖြစ်လို့လဲ။ သမီးလေး..လို့ သူ့ကို မေးခဲ့တယ်။ ကျွန်တော်မေးလိုက်တော့ သူကကျွန်တော့်ဘက် လှည့်လာတယ်။ အဲဒီမှာ ကျွန်တော်လည်း လိပ်ပြာလွင့်မတတ်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ သမီးလေးက ခုနရှိုက်ကြီးတငင် ငိုနေရာကနေ ကျွန်တော့်ဘက်လှည့်လိုက်တော့ ပြုံးပြုံးကြီးဖြစ်နေတယ်။”

အာရွန်က ပြောကြားရာတွင် သမီးငယ်သည် မျက်လုံးပြူးနေပြီး တစ်ကိုယ်လုံးတုန်နေကာ သရဲဝင်ပူးသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

အခြားဖြစ်ရပ်တစ်ခုမှာလည်း တစ်ခါက အာရွန်၏ မျက်လုံးထောင့်တွင် ဦးထုပ်ရှည်ကြီးဆောင်းထားသော အရပ်ရှည်ရှည် လူတစ်ဦးကို တွေ့လိုက်ရသည်ဟု ဆိုသည်။

အထက်ပါဖြစ်ရပ်များကြောင့် ပြောင်းရွှေ့နေထိုင်ပြီး ၇ လအကြာတွင် နေအိမ်ကို ကျောခိုင်းစွန့်ခွာရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။

သို့ရာတွင် နေအိမ်ကြီးကို ရောင်းချမည့်အစား ပရလောကဖြစ်ရပ်ဆန်း လေ့လာသူများ ခေတ္တတည်းခို လေ့လာနိုင်ရန် ရည်ရွယ်ကာ Airbnb အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် အငှားကြော်ငြာတင်လိုက်ခြင်းလည်း ဖြစ်သည်။

ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၇၅ ဖြစ်သည်ဟု ဆိုသည်။

အာရွန်၏ နေအိမ်ကြီးကို Travel Channel ရုပ်သံလိုင်း၏ “The Dead Files” ဟူသောအစီအစဉ်တွင် ပြီးခဲ့သော သြဂုတ်လ ၁ ရက်က “Not My Child” ဟူသောအမည်ဖြင့် ထုတ်လွှင့်ပြသခဲ့ပြီး နေအိမ်ကြီး၏ ခြောက်ခြားဖွယ်ကောင်းသော ပရလောက ဖြစ်ရပ်ဆန်းများကို တင်ပြခဲ့သည်။

အာရွန်၏ သရဲအလွန်ခြောက်သည့် စံအိမ်ကြီးအကြောင်း သတင်းဗွီဒီယိုကို Youtube တွင် https://youtu.be/ZOfMXcDtILE အင်တာနက်လင့်ခ်မှတဆင့်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service