ဂျာမနီကုမ္ပဏီကြီး Allianz Real Estate က အိန္ဒိယရှိ ရုံးခန်းဆောက်လုပ်ရေး စီမံကိန်းများတွင် ကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံ
ဂျာမနီကုမ္ပဏီကြီး Allianz Real Estate က အိန္ဒိယရှိ ရုံးခန်းဆောက်လုပ်ရေး စီမံကိန်းများတွင် ကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
4 Sep 2019 12:35 pm တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီးဖြစ်သော Allianz ၏ အိမ်ခြံမြေကုမ္ပဏီခွဲဖြစ်သော Allianz Real Estate သည် အိန္ဒိယကုမ္ပဏီကြီး ဖြစ်သော Godrej Group နှင့် ပူးပေါင်းကာ ရုံးခန်းစီမံကိန်းများဖော်ဆောင်ရန်အတွက် ကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံလိုက်သည်။
Allianz Real Estate သည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းနှင့် ဂါဂွန်တို့ရှိ ရုံးခန်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း အိန္ဒိယရှိ ထိပ်တန်းမြို့ကြီး ၇ ခုတွင် ရုံးခန်းငှားရမ်းလိုအားမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၂ ရာခိုင်နှုန်းမြင့်တက်လာသည့် အချိန်မျိုးတွင် ယခုပူးတွဲကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း Colliers ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Colliers ၏ ခန့်မှန်းချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ လာမည့် ၅ နှစ်အတွင်း ဈေးကွက်အတွင်းသို့ ရုံးခန်းအဆောက်အအုံသစ် များစွာ ဆက်လက်ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် ငှားရမ်းလိုအားမှာ နှေးကွေးသွားဖွယ်ရာရှိသည်ဟု ဆိုသည်။
ဂျာမနီနှင့် အိန္ဒိယတို့ ပူးပေါင်းထားသော Godrej BTC သည် ပထမတန်းစားအဆင့် မြို့ကြီးများရှိ Grade-A အဆင့် ရုံးခန်းစီမံကိန်း များတွင် ပစ်မှတ်ထားရန် စီစဉ်ထားသည်။
လက်ရှိအားဖြင့် မွမ်ဘိုင်းနှင့် ဂါဂွန်တို့ရှိ စုစုပေါင်း စတုရန်းပေ ၂ သန်းရှိသော စီမံကိန်း ၂ ခုတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ဆက်လက်၍လည်း ဘင်ဂလူရူရှိ စတုရန်းပေ ၁ ဒသမ ၃ သန်းရှိသော စီမံကိန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။
Allianz သည် အိန္ဒိယတွင် ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အိန္ဒိယစီးပွားရေးရဲ့ ရေရှည်ဖွံ့ဖြိုးမှု အလားအလားတွေအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ခိုင်မာတဲ့ demographic လားရာ၊ ပွင့်လင်းမြင်သာမှု တိုးတက်လာမှုတွေဟာ အိမ်ခြံမြေကဏ္ဍ၊ ရင်းနှီးမြှုပ်နှံသူတို့ရဲ့ ဝယ်လိုအား၊ အထူးသဖြင့် ရုံးခန်းကဏ္ဍတွေအပေါ် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ ဒါတွေဟာ Allianz လိုမျိုး ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ရတဲ့ အင်စတီကျူးရှင်းတွေအတွက် စံပြုရတဲ့ အချက်တွေဖြစ်ပါတယ်” ဟု ဒေဆိုင်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း အိန္ဒိယနိုင်ငံ၏ ထိပ်တန်းမြို့ကြီး ၇ ခုတွင် ရုံးခန်းနေရာ စတုရန်းပေ စုစုပေါင်း ၂၄ ဒသမ ၄ သန်း ငှားရမ်း၊ ဝယ်ယူမှုများ ရရှိခဲ့သည်။
ပထမနှစ်ဝက်ကာလအတွင်း အခန်းလွတ်ပမာဏ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
သို့ရာတွင် ရုံးခန်းသစ်များ ဈေးကွက်အတွင်းသို့ များစွာ ဝင်ရောက်လာဖွယ်ရှိရာ ယခုနှစ်ကုန်တွင်မူ ၁၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာဖွယ်ရှိနေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service