ကမာၻ႕ေဘးကင္းလံုၿခံဳမႈအရွိဆံုးၿမိဳ႕ျပစာရင္းသစ္တြင္ စကၤာပူ (၂) ႏွင့္ ရန္ကုန္ (၅၈) တို႔ ေဖာ္ျပခံရ

ကမာၻ႕ေဘးကင္းလံုၿခံဳမႈအရွိဆံုးၿမိဳ႕ျပစာရင္းသစ္တြင္ စကၤာပူ (၂) ႏွင့္ ရန္ကုန္ (၅၈) တို႔ ေဖာ္ျပခံရ - Property News in Myanmar from iMyanmarHouse.com
3 Sep 2019 11:59 am တွင် တင်ခဲ့သည်
12438 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၿဗိတိန္အေျခစိုက္ ကမာၻ႕ထိပ္တန္းသုေတသနႏွင့္အႀကံေပးကုမၸဏီ Economist Intelligence Unit (EIU) မွ ၾသဂုတ္ ၂၉ တြင္ ထုတ္ျပန္လိုက္သည့္ ေဘးကင္းလံုၿခံဳေသာၿမိဳ႕ျပမ်ားအညႊန္းကိန္းစာရင္းဆုိင္ရာ ၂၀၁၉ ခုႏွစ္အစီရင္ခံစာ၌ စကၤာပူသည္ ကမာၻ႕ဒုတိယေဘးကင္းလံုၿခံဳမႈအရွိဆံုးၿမိဳ႕ျပအျဖစ္ ေဖာ္ျပခံလိုက္ရျပန္ၿပီျဖစ္သည္။

ကမာၻ႕ေဘးကင္းလံုၿခံဳမႈအရွိဆံုးၿမိဳ႕ျပအျဖစ္ကို တိုက်ဳိက သံုးႀကိမ္ဆက္တိုက္ဆြတ္ခူးထားၿပီး အုိဆာကာက ကမာၻ႕တတိယေဘးကင္းလံုၿခံဳမႈအရွိဆံုးၿမိဳ႕ျပအျဖစ္ ဆက္လက္ရပ္တည္ခဲ့သည္။ စာရင္း၏ ထိပ္ဆံုးဆယ္ေနရာတြင္ မဲလ္ဘုန္း (နံပါတ္ ၁၀)၊ ဆိုးလ္ (နံပါတ္ ၈) ႏွင့္ ဆစ္ဒနီ (နံပါတ္ ၅) တို႔အပါအဝင္ အာရွပစိဖိတ္ (APAC) ၿမိဳ႕ျပေျခာက္ခု ပါဝင္ေၾကာင္း ေတြ႕ရသည္။

စကၤာပူ၏ ယင္းကဲ့သို႔ ေယဘုယ်ေဘးကင္းလံုၿခံဳမႈတြင္ ကမာၻ႕ဒုတိယအဆင့္ရပ္တည္ခဲ့ျခင္းမွာ စကၤာပူသည္ ၎တို႔၏ အခ်ိတ္အဆက္မွန္မွန္စီမံခန္႔ခြဲမႈအစီအစဥ္မ်ား၊ အဖြဲ႕အစည္းဆုိင္ရာလုပ္ႏုိင္စြမ္း၊ သဘာဝေဘးအႏၱရာယ္အေျချပဳဆံုးျဖတ္ခ်က္လုပ္ငန္းစဥ္ျဖစ္ေသာ disaster-risk informed development ႏွင့္ ေျခက်င္ေလွ်ာက္သူလမ္းသြားလမ္းလာမ်ား ေဘးကင္းေအးခ်မ္းစြာသြားလာႏုိင္ရန္စီမံထားမႈတို႔အတြက္ စံထားေလာက္ေသာရမွတ္ေကာင္းမ်ား ရရွိခဲ့ျခင္းေၾကာင့္ျဖစ္သည္။

ထုိ႔အျပင္ စကၤာပူ၏ ကမာၻ႕ဒုတိယအဆင့္ရပ္တည္ခဲ့ျခင္းက စကၤာပူတြင္ ခိုင္မာေသာလံုၿခံဳေရးစြမ္းအားအခ်က္အလက္ျဖည့္သြင္းမႈကို ရွိသည္ကိုလည္း ညႊန္ျပေနသည္။

ထုိ႔ေၾကာင့္လည္း စကၤာပူသည္ ထိုစာရင္း၏ တစ္ကိုယ္ေရေဘးကင္းလံုၿခံဳမႈႏွင့္ အေျခခံအေဆာက္အအံုေဘးကင္းစိတ္ခ်ရမႈတို႔ႏွင့္ပတ္သက္၍ သီးျခားအဆင့္သတ္မွတ္ခ်က္မ်ားတြင္မူ ပထမအဆင့္၌ ရပ္တည္ခဲ့ၿပီး ဒစ္ဂ်စ္တယ္ေဘးကင္းလံုၿခံဳမႈတြင္ ဒုတိယေနရာ၌ ေဖာ္ျပခံခဲ့ရသည္။ သို႔ေသာ္လည္း က်န္းမာေရးေဘးကင္းလံုၿခံဳမႈွတြင္မူ နံပါတ္ ၈ ေနရာ၌သာ ရပ္တည္ခဲ့သည္။

EIU သည္ ကမာၻ႕ၿမိဳ႕ျပ ၆၀ ၏ ဒစ္ဂ်စ္တယ္ေဘးကင္းလံုၿခံဳမႈ၊ က်န္းမာေရးေဘးကင္းလံုၿခံဳမႈွ၊ အေျခခံအေဆာက္အအံုေဘးကင္းစိတ္ခ်ရမႈႏွင့္ တစ္ကိုယ္ေရေဘးကင္းလံုၿခံဳမႈဟူေသာ က႑ ၄ ရပ္ကို ၂၀၁၉ ခုႏွစ္ ေဖေဖာဝါရီလမွ ဧၿပီလအၾကား စာရင္းေကာက္ယူခဲ့ေသာ အခ်က္အလက္မ်ားကို ေလ့လာဆန္းစစ္၍ အဆုိပါအစီရင္ခံစာကို ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံျဖစ္ေသာ္လည္း ၿမိဳ႕အရြယ္အစားသာ ရွိသည့္ စကၤာပူသည္ ကြန္ပ်ဴတာဗုိငး္ရပ္စ္မ်ားကူးစက္မႈအဆင့္လည္း နိမ့္ကာ အရည္အေသြးျမင့္ၿပီး ေဘကင္းေသာ အစားအစာ၊ ေရႏွင့္ေလတို႔ အလြယ္တကူရရွိႏုိင္မႈ၊ အခ်ိန္ႏွင့္တစ္ေျပးညီအေရးေပၚဝန္ေဆာင္မႈမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈတို႔ ေပးစြမ္းႏိုင္ျခင္းႏွင့္ပတ္သက္၍လည္း ေက်ာ္ၾကားသည္။

၎စာရင္းအရဆိုရေသာ္ အာရွပစိဖိတ္ၿမိဳ႕ျပမ်ားသည္ အေျခခံအေဆာက္အအံုေဘးကင္းစိတ္ခ်ရမႈ၊ တစ္ကိုယ္ေရေဘးကင္းလံုၿခံဳမႈႏွင့္ က်န္းမာေရးေဘးကင္းလံုၿခံဳမႈတို႔တြင္ ေယဘုယ်အားျဖင့္ စြမ္းေဆာင္ရည္ေကာင္းမြန္သည္ဟု ဆုိရေပမည္။ မည္သို႔ပင္ျဖစ္ေစ ေျမာက္အေမရိကၿမိဳ႕ျပမ်ားသည္ ဒစ္ဂ်စ္တယ္ေဘးကင္းလံုၿခံဳမႈတြင္ အေတာ္ေလးသာလြန္ေကာင္းမြန္ကာ ထိပ္တန္းဆယ္ေနရာတြင္ ခုနစ္ေနရာကို သိမ္းပိုက္ခဲ့သည္။

“တိုက်ဳိ (၁)၊ စကၤာပူ (၂) နဲ႔ အိုဆာကာ (၃) ဆိုတဲ့ အာရွပစိဖိတ္ၿမိဳ႕ျပေတြက ညႊန္းကိန္းစာရင္းရဲ႕ ေယဘုယ်ေဘးကင္းလံုၿခံဳမႈအရွိဆံုးထိပ္တန္းၿမိဳ႕ျပေနရာသံုးခုမွာ ဆက္လက္ပါဝင္ခဲ့ေပမဲ့လည္း ရန္ကုန္ (၅၈)၊ ကရာခ်ိ (၅၇) နဲ႔ ဒါကာ (၅၆) ဆုိတဲ့ အာရွပစိဖိတ္ၿမိဳ႕ျပေတြကလည္း စာရင္းရဲ႕ ေအာက္ေျခေနရာေတြမွာ အနိမ့္ဆံုးအမွတ္ေတြနဲ႔ ေနရာယူလို႔ထားပါတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ ၿမိဳ႕ျပတစ္ခုရဲ႕ လံုၿခံဳေရးစြမ္းေဆာင္ခ်က္ဟာ သူတည္ရွိရာေဒသနဲ႔ ဘယ္လိုမွမသက္ဆိုင္ဘူးဆုိတာကို ေတြ႕ရပါတယ္” ဟု EIU ၏ အႀကီးတန္းအယ္ဒီတာ နာကာကြန္ဒိုက အစီရင္ခံစာတြင္ ေျပာၾကားခဲ့သည္။

ႏွစ္ႏွစ္တစ္ႀကိမ္ ဆန္းစစ္ထုတ္ျပန္ေလ့ရွိေသာ ထိုအညႊန္းကိန္းစာရင္းတြင္ တိုက်ဳိ၊ စကၤာပူႏွင့္ အိုဆာကာတို႔က ပထမ၊ ဒုတိယႏွင့္ တတိယေနရာတို႔တြင္ သံုးႏွစ္ဆက္တိုက္ မေျပာင္းမလဲအစဥ္အတုိင္းသိမ္းပိုက္လာခဲ့ၿပီး ရန္ကုန္၊ ကရာခ်ိႏွင့္ ဒါကာတို႔က ၂၀၁၇ စာရင္း၌ ထပ္တိုးဆန္းစစ္ေလ့လာခဲ့ေသာ ၿမိဳ႕ျပဆယ္ခုတြင္ ပါဝင္လာခဲ့ျခင္းျဖစ္သည္။ ၂၀၁၇ စာရင္းတြင္မူ ရန္ကုန္၊ ကရာခ်ိႏွင့္ ဒါကာတို႔က နံပါတ္ ၅၉၊ ၆၀ ႏွင့္ ၅၈ တို႔၌ အသီးသီးရပ္တည္ခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းသုတေသနနှင့်အကြံပေးကုမ္ပဏီ Economist Intelligence Unit (EIU) မှ သြဂုတ် ၂၉ တွင် ထုတ်ပြန်လိုက်သည့် ဘေးကင်းလုံခြုံသောမြို့ပြများအညွှန်းကိန်းစာရင်းဆိုင်ရာ ၂၀၁၉ ခုနှစ်အစီရင်ခံစာ၌ စင်္ကာပူသည် ကမ္ဘာ့ဒုတိယဘေးကင်းလုံခြုံမှုအရှိဆုံးမြို့ပြအဖြစ် ဖော်ပြခံလိုက်ရပြန်ပြီဖြစ်သည်။

ကမ္ဘာ့ဘေးကင်းလုံခြုံမှုအရှိဆုံးမြို့ပြအဖြစ်ကို တိုကျိုက သုံးကြိမ်ဆက်တိုက်ဆွတ်ခူးထားပြီး အိုဆာကာက ကမ္ဘာ့တတိယဘေးကင်းလုံခြုံမှုအရှိဆုံးမြို့ပြအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ စာရင်း၏ ထိပ်ဆုံးဆယ်နေရာတွင် မဲလ်ဘုန်း (နံပါတ် ၁၀)၊ ဆိုးလ် (နံပါတ် ၈) နှင့် ဆစ်ဒနီ (နံပါတ် ၅) တို့အပါအဝင် အာရှပစိဖိတ် (APAC) မြို့ပြခြောက်ခု ပါဝင်ကြောင်း တွေ့ရသည်။

စင်္ကာပူ၏ ယင်းကဲ့သို့ ယေဘုယျဘေးကင်းလုံခြုံမှုတွင် ကမ္ဘာ့ဒုတိယအဆင့်ရပ်တည်ခဲ့ခြင်းမှာ စင်္ကာပူသည် ၎င်းတို့၏ အချိတ်အဆက်မှန်မှန်စီမံခန့်ခွဲမှုအစီအစဉ်များ၊ အဖွဲ့အစည်းဆိုင်ရာလုပ်နိုင်စွမ်း၊ သဘာဝဘေးအန္တရာယ်အခြေပြုဆုံးဖြတ်ချက်လုပ်ငန်းစဉ်ဖြစ်သော disaster-risk informed development နှင့် ခြေကျင်လျှောက်သူလမ်းသွားလမ်းလာများ ဘေးကင်းအေးချမ်းစွာသွားလာနိုင်ရန်စီမံထားမှုတို့အတွက် စံထားလောက်သောရမှတ်ကောင်းများ ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် စင်္ကာပူ၏ ကမ္ဘာ့ဒုတိယအဆင့်ရပ်တည်ခဲ့ခြင်းက စင်္ကာပူတွင် ခိုင်မာသောလုံခြုံရေးစွမ်းအားအချက်အလက်ဖြည့်သွင်းမှုကို ရှိသည်ကိုလည်း ညွှန်ပြနေသည်။

ထို့ကြောင့်လည်း စင်္ကာပူသည် ထိုစာရင်း၏ တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုနှင့် အခြေခံအဆောက်အအုံဘေးကင်းစိတ်ချရမှုတို့နှင့်ပတ်သက်၍ သီးခြားအဆင့်သတ်မှတ်ချက်များတွင်မူ ပထမအဆင့်၌ ရပ်တည်ခဲ့ပြီး ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံမှုတွင် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ သို့သော်လည်း ကျန်းမာရေးဘေးကင်းလုံခြုံမှုှတွင်မူ နံပါတ် ၈ နေရာ၌သာ ရပ်တည်ခဲ့သည်။

EIU သည် ကမ္ဘာ့မြို့ပြ ၆၀ ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးဘေးကင်းလုံခြုံမှုှ၊ အခြေခံအဆောက်အအုံဘေးကင်းစိတ်ချရမှုနှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုဟူသော ကဏ္ဍ ၄ ရပ်ကို ၂၀၁၉ ခုနှစ် ဖေဖောဝါရီလမှ ဧပြီလအကြား စာရင်းကောက်ယူခဲ့သော အချက်အလက်များကို လေ့လာဆန်းစစ်၍ အဆိုပါအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံဖြစ်သော်လည်း မြို့အရွယ်အစားသာ ရှိသည့် စင်္ကာပူသည် ကွန်ပျူတာဗိုင်းရပ်စ်များကူးစက်မှုအဆင့်လည်း နိမ့်ကာ အရည်အသွေးမြင့်ပြီး ဘေကင်းသော အစားအစာ၊ ရေနှင့်လေတို့ အလွယ်တကူရရှိနိုင်မှု၊ အချိန်နှင့်တစ်ပြေးညီအရေးပေါ်ဝန်ဆောင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ပေးစွမ်းနိုင်ခြင်းနှင့်ပတ်သက်၍လည်း ကျော်ကြားသည်။

၎င်းစာရင်းအရဆိုရသော် အာရှပစိဖိတ်မြို့ပြများသည် အခြေခံအဆောက်အအုံဘေးကင်းစိတ်ချရမှု၊ တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးဘေးကင်းလုံခြုံမှုတို့တွင် ယေဘုယျအားဖြင့် စွမ်းဆောင်ရည်ကောင်းမွန်သည်ဟု ဆိုရပေမည်။ မည်သို့ပင်ဖြစ်စေ မြောက်အမေရိကမြို့ပြများသည် ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံမှုတွင် အတော်လေးသာလွန်ကောင်းမွန်ကာ ထိပ်တန်းဆယ်နေရာတွင် ခုနစ်နေရာကို သိမ်းပိုက်ခဲ့သည်။

“တိုကျို (၁)၊ စင်္ကာပူ (၂) နဲ့ အိုဆာကာ (၃) ဆိုတဲ့ အာရှပစိဖိတ်မြို့ပြတွေက ညွှန်းကိန်းစာရင်းရဲ့ ယေဘုယျဘေးကင်းလုံခြုံမှုအရှိဆုံးထိပ်တန်းမြို့ပြနေရာသုံးခုမှာ ဆက်လက်ပါဝင်ခဲ့ပေမဲ့လည်း ရန်ကုန် (၅၈)၊ ကရာချိ (၅၇) နဲ့ ဒါကာ (၅၆) ဆိုတဲ့ အာရှပစိဖိတ်မြို့ပြတွေကလည်း စာရင်းရဲ့ အောက်ခြေနေရာတွေမှာ အနိမ့်ဆုံးအမှတ်တွေနဲ့ နေရာယူလို့ထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြို့ပြတစ်ခုရဲ့ လုံခြုံရေးစွမ်းဆောင်ချက်ဟာ သူတည်ရှိရာဒေသနဲ့ ဘယ်လိုမှမသက်ဆိုင်ဘူးဆိုတာကို တွေ့ရပါတယ်” ဟု EIU ၏ အကြီးတန်းအယ်ဒီတာ နာကာကွန်ဒိုက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

နှစ်နှစ်တစ်ကြိမ် ဆန်းစစ်ထုတ်ပြန်လေ့ရှိသော ထိုအညွှန်းကိန်းစာရင်းတွင် တိုကျို၊ စင်္ကာပူနှင့် အိုဆာကာတို့က ပထမ၊ ဒုတိယနှင့် တတိယနေရာတို့တွင် သုံးနှစ်ဆက်တိုက် မပြောင်းမလဲအစဉ်အတိုင်းသိမ်းပိုက်လာခဲ့ပြီး ရန်ကုန်၊ ကရာချိနှင့် ဒါကာတို့က ၂၀၁၇ စာရင်း၌ ထပ်တိုးဆန်းစစ်လေ့လာခဲ့သော မြို့ပြဆယ်ခုတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ စာရင်းတွင်မူ ရန်ကုန်၊ ကရာချိနှင့် ဒါကာတို့က နံပါတ် ၅၉၊ ၆၀ နှင့် ၅၈ တို့၌ အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service