ၾသစေတးလ်တြင္ ငွားရမ္းေနထိုင္ျခင္းမွာ ေနအိမ္ဝယ္ယူသည္ထက္ ကုန္က်စရိတ္ ပိုမိုမ်ားျပား

ၾသစေတးလ်တြင္ ငွားရမ္းေနထိုင္ျခင္းမွာ ေနအိမ္ဝယ္ယူသည္ထက္ ကုန္က်စရိတ္ ပိုမိုမ်ားျပား - Property News in Myanmar from iMyanmarHouse.com
2 Sep 2019 12:54 pm တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၾသစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီျမိဳ ႔၏ အခ်ဳိ ႔ေသာ ေနရာမ်ားတြင္ ငွားရမ္းေနထိုင္ျခင္းမွာ ေနအိမ္ဝယ္ယူသည္ထက္ ကုန္က်စရိတ္ပိုမိုမ်ားျပား ေနေၾကာင္း ၾသစေတးလ်အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းျခင္းႏွင့္ အတိုးႏႈန္းနည္းပါးမႈတို႔ေၾကာင့္ လူေနခန္းမ်ား ဝယ္ယူျခင္းမွာ ငွားရမ္းေနထိုင္မႈႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက တစ္လလွ်င္ ေဒၚလာ ၃၀၀ ခန္႔ သက္သာေနသည္ဟု ဆိုသည္။

ဆစ္ဒနီျမိဳ ႔ စီးပြားေရးအခ်က္အျခာေဒသ၏ ေတာင္ဘက္ႏွင့္ အေနာက္ေတာင္ဘက္ Parramatta ေဒသဝန္းက်င္တြင္ အလယ္အလတ္တန္း ေစ်းႏႈန္းရွိ လူေနခန္းတစ္ခန္းအတြက္ လစဥ္အိမ္ျခံေျမဝယ္ယူမႈ ျပန္ဆပ္ေငြ ေပးသြင္းရျခင္းမွာ ပွ်မ္းမွ် ငွားရမ္းႏႈန္းေအာက္ နည္းပါးသည္။

အဆိုပါေဒသတို႔တြင္ လူေနခန္းသစ္ ေရာင္းလိုအား မ်ားျပားေနေသာေၾကာင့္ အေရာင္းေစ်းမွာ အငွားေစ်းထက္ ေစ်းႏႈန္းက်ဆင္းမႈ လ်င္ျမန္ေနရာ ဝယ္ယူသူမ်ားအေနျဖင့္ ငွားရမ္းေနထိုင္သူမ်ားထက္ အခြင့္အလမ္းပိုမိုေကာင္းမြန္ေနျခင္းျဖစ္ေၾကာင္း အိမ္ျခံေျမ ကၽြမ္းက်င္ပုဂၢိဳလ္တို႔က ေျပာၾကားသည္။

သို႔အတြက္ပင္ Parramatta အရပ္၊ ဂရန္ဗီလီ၊ ရို ႔စ္ေဟးလ္၊ ဟာရစ္ပါ့ခ္ႏွင့္ ဂီးလ္ဒ္ဖို႔ဒ္အရပ္တို႔တြင္ ငွားရမ္းသူထက္ ဝယ္ယူသူပိုမိုမ်ားျပားေနေၾကာင္း CoreLogic ၏ သံုးသပ္ခ်က္တြင္ ေဖာ္ျပသည္။

ရို ႔စ္ေဟးအရပ္တြင္ အလယ္လတ္တန္းစား လူေနခန္းတစ္ခန္း၏ ငွားရမ္းခမွာ ေဒၚလာ ၁၉၅၀ ခန္႔ျဖစ္ေသာ္လည္း ေနအိမ္ဝယ္ယူမႈအတြက္ ျပန္လည္ေပးသြင္းရေငြမွာ ေဒၚလာ ၁၆၅၀ ေအာက္သာရွိရာ ေဒၚလာ ၃၀၀ နီးပါး သက္သာေနသည္။

အျခားဆင္ေျခဖံုးေဒသ ၃ ခုရွိ အလတ္တန္းစား လူေနခန္းမ်ား၏ ငွားရမ္းခမွာ ဝယ္ယူမႈအတြက္ ေပးသြင္းရေငြႏွင့္ ႏႈိင္းယွဥ္လွ်င္ ေဒၚလာ ၄၀ မွ ၅၀ ၾကား ပိုမိုကုန္က်ေနသည္ဟု ဆိုသည္။

Lakemba အရပ္တြင္လည္း အလားတူ အေျခအေနမ်ဳိးေတြ႔ရျပီး ေနအိမ္ခန္းဝယ္ယူသူတို႔သည္ ငွားရမ္းသူႏွင့္ ႏႈိင္းယွဥ္လွ်င္ ေဒၚလာ ၁၂၀ ခန္႔သက္သာေနကာ အနီးရွိ Wiley Park အရပ္တြင္မူ ေဒၚလာ ၁၀၀ ခန္႔ သက္သာသည္။

အဆိုပါတြက္ခ်က္မႈတြင္ တံဆိပ္ေခါင္းခြန္၊ ဝယ္ယူျပီးေနာက္ပိုင္း ကုန္က်မည့္ အေထြေထြစရိတ္ (ေရဖိုး၊ မီးဖိုး၊ အေဆာက္အအံု ထိန္းသိမ္းခ အစရွိသျဖင့္) ၊ ေနအိမ္ဝယ္ယူမႈႏွင့္ စပ္လ်ဥ္းေသာ အျခားကုန္က်စရိတ္မ်ားကိုမူ ထည့္သြင္းတြက္ခ်က္ထားျခင္း မရွိေသးေခ်။

စတီဗင္ ပိုပိုဗစ္ခ်္ႏွင့္ နစ္မိုးလ္အမည္ရွိေသာ စံုတြဲသည္ မူလက ေနအိမ္တစ္လံုး ငွားရမ္းရန္ ရွာေဖြခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ေနအိမ္ဝယ္ယူျခင္းက ပိုမိုကုန္က်စရိတ္သက္သာေၾကာင္း ေတြ႔လာခဲ့ၾကသည္။

ထို႔ေၾကာင့္ ၎တို႔စံုတြဲက Sekisui House ကုမၸဏီ၏ အိမ္ျခံေျမစီမံကိန္းျဖစ္ေသာ The Hermitage မွ ေဒၚလာ ၁ သန္းေအာက္တန္ေၾကးရွိသည့္ ေနအိမ္ခန္းတစ္ခန္းဝယ္ယူခဲ့သည္။

ယခုကဲ့သို႔ ေနအိမ္ဝယ္ယူရန္ ေကာင္းမြန္သည့္ အေျခအေနမ်ဳိးသည္ ကာလၾကာရွည္စြာ ျဖစ္တည္ေနမည္ မဟုတ္ေၾကာင္း စီးပြားေရးပညာရွင္တို႔က သတိေပးထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ အချို့သော နေရာများတွင် ငှားရမ်းနေထိုင်ခြင်းမှာ နေအိမ်ဝယ်ယူသည်ထက် ကုန်ကျစရိတ် ပိုမိုများပြား နေကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်းနှင့် အတိုးနှုန်းနည်းပါးမှုတို့ကြောင့် လူနေခန်းများ ဝယ်ယူခြင်းမှာ ငှားရမ်းနေထိုင်မှုနှင့် နှိုင်းယှဉ်မည်ဆိုပါက တစ်လလျှင် ဒေါ်လာ ၃၀၀ ခန့် သက်သာနေသည်ဟု ဆိုသည်။

ဆစ်ဒနီမြို့ စီးပွားရေးအချက်အခြာဒေသ၏ တောင်ဘက်နှင့် အနောက်တောင်ဘက် Parramatta ဒေသဝန်းကျင်တွင် အလယ်အလတ်တန်း ဈေးနှုန်းရှိ လူနေခန်းတစ်ခန်းအတွက် လစဉ်အိမ်ခြံမြေဝယ်ယူမှု ပြန်ဆပ်ငွေ ပေးသွင်းရခြင်းမှာ ပျှမ်းမျှ ငှားရမ်းနှုန်းအောက် နည်းပါးသည်။

အဆိုပါဒေသတို့တွင် လူနေခန်းသစ် ရောင်းလိုအား များပြားနေသောကြောင့် အရောင်းဈေးမှာ အငှားဈေးထက် ဈေးနှုန်းကျဆင်းမှု လျင်မြန်နေရာ ဝယ်ယူသူများအနေဖြင့် ငှားရမ်းနေထိုင်သူများထက် အခွင့်အလမ်းပိုမိုကောင်းမွန်နေခြင်းဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်ပုဂ္ဂိုလ်တို့က ပြောကြားသည်။

သို့အတွက်ပင် Parramatta အရပ်၊ ဂရန်ဗီလီ၊ ရို့စ်ဟေးလ်၊ ဟာရစ်ပါ့ခ်နှင့် ဂီးလ်ဒ်ဖို့ဒ်အရပ်တို့တွင် ငှားရမ်းသူထက် ဝယ်ယူသူ ပိုမိုများပြားနေကြောင်း CoreLogic ၏ သုံးသပ်ချက်တွင် ဖော်ပြသည်။

ရို့စ်ဟေးအရပ်တွင် အလယ်လတ်တန်းစား လူနေခန်းတစ်ခန်း၏ ငှားရမ်းခမှာ ဒေါ်လာ ၁၉၅၀ ခန့်ဖြစ်သော်လည်း နေအိမ်ဝယ်ယူမှုအတွက် ပြန်လည်ပေးသွင်းရငွေမှာ ဒေါ်လာ ၁၆၅၀ အောက်သာရှိရာ ဒေါ်လာ ၃၀၀ နီးပါး သက်သာနေသည်။

အခြားဆင်ခြေဖုံးဒေသ ၃ ခုရှိ အလတ်တန်းစား လူနေခန်းများ၏ ငှားရမ်းခမှာ ဝယ်ယူမှုအတွက် ပေးသွင်းရငွေနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၄၀ မှ ၅၀ ကြား ပိုမိုကုန်ကျနေသည်ဟု ဆိုသည်။

Lakemba အရပ်တွင်လည်း အလားတူ အခြေအနေမျိုးတွေ့ရပြီး နေအိမ်ခန်းဝယ်ယူသူတို့သည် ငှားရမ်းသူနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁၂၀ ခန့်သက်သာနေကာ အနီးရှိ Wiley Park အရပ်တွင်မူ ဒေါ်လာ ၁၀၀ ခန့် သက်သာသည်။

အဆိုပါတွက်ချက်မှုတွင် တံဆိပ်ခေါင်းခွန်၊ ဝယ်ယူပြီးနောက်ပိုင်း ကုန်ကျမည့် အထွေထွေစရိတ် (ရေဖိုး၊ မီးဖိုး၊ အဆောက်အအုံ ထိန်းသိမ်းခ အစရှိသဖြင့်) ၊ နေအိမ်ဝယ်ယူမှုနှင့် စပ်လျဉ်းသော အခြားကုန်ကျစရိတ်များကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးချေ။

စတီဗင် ပိုပိုဗစ်ချ်နှင့် နစ်မိုးလ်အမည်ရှိသော စုံတွဲသည် မူလက နေအိမ်တစ်လုံး ငှားရမ်းရန် ရှာဖွေခဲ့ကြသော်လည်း နောက်ပိုင်းတွင် နေအိမ်ဝယ်ယူခြင်းက ပိုမိုကုန်ကျစရိတ်သက်သာကြောင်း တွေ့လာခဲ့ကြသည်။

ထို့ကြောင့် ၎င်းတို့စုံတွဲက Sekisui House ကုမ္ပဏီ၏ အိမ်ခြံမြေစီမံကိန်းဖြစ်သော The Hermitage မှ ဒေါ်လာ ၁ သန်းအောက် တန်ကြေးရှိသည့် နေအိမ်ခန်းတစ်ခန်းဝယ်ယူခဲ့သည်။

ယခုကဲ့သို့ နေအိမ်ဝယ်ယူရန် ကောင်းမွန်သည့် အခြေအနေမျိုးသည် ကာလကြာရှည်စွာ ဖြစ်တည်နေမည် မဟုတ်ကြောင်း စီးပွားရေးပညာရှင်တို့က သတိပေးထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service