မစ္စစ္စပီမြစ်ပေါ်ရှိ ပင်လယ်ဓားပြသင်္ဘောကြီးတွင် တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်ပြီ
မစ္စစ္စပီမြစ်ပေါ်ရှိ ပင်လယ်ဓားပြသင်္ဘောကြီးတွင် တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
30 Aug 2019 12:55 pm တွင် တင်ခဲ့သည်
1603 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဂျက်စပဲရိုးနှင့် ကပ္ပတိန်ဟွတ်ခ်တို့သည် စိတ်ကူးယဉ် ပင်လယ်ဓားပြများဖြစ်ကြသည်။ ယခုအခါ ပင်လယ်ပြင်များတွင် လက်တွေ့ပင်လယ်အတွေ့အကြုံများ ရယူလိုသူများအနေဖြင့် အခွင့်အလမ်းပေါ်လာပြီ ဖြစ်သည်။
Minnesota Airbnb ဝက်ဘ်ဆိုက်က မစ္စစ္စပီမြစ်ပေါ်တွင် ရပ်နားထားသော ပင်လယ်ဓားပြသင်္ဘောကြီးကို အငှားဈေးကွက်တင်လာပြီး ဧည့်သည်များအနေဖြင့် တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀ ဖြင့် တည်းခိုနိုင်မည်ဖြစ်သည်။
မင်နီယာပိုလစ် စိန့်ပေါ နိုင်ငံတကာလေဆိပ်မှ ၄ မိနစ်ခရီးသာ ဝေးကွာသည်။
အလျား ၆၅ ပေရှိသော ပင်လယ်ဓားပြလှေကြီးသည် ရုပ်ရှင်ကားများတွင် တွေ့ရသည့် ပင်လယ်ဓားပြလှေကြီးများနှင့် တပုံစံတည်း ဖြစ်သည်။
ရွက်တိုင်တွင် ချိတ်ဆွဲထားသော အရိုးစုအတုကြီးတစ်ခု၊ သင်္ဘောပဲ့ထိန်းဘီးကြီး၊၊ သင်္ဘောပေါ်သို့ တက်သည့် ကုန်းဘောင်၊ ရှေးခေတ်ဝတ်စုံများ အစရှိသည်တို့က လာရောက်လည်ပတ်သူတို့ကို ပင်လယ်ဓားပြတို့၏ စွန့်စားခန်းခံစားချက် ခံစားရစေမည် ဖြစ်သည်။
လူ ၁ ဦးမှ ၅ ဦးအထိ တည်းခိုနေထိုင်မည်ဆိုလျှင် သင်္ဘောကြီးတစ်စင်းလုံးအတွက် တစ်ညလျှင် ဒေါ်လာ ၃၀၀ သာပေးရမည် ဖြစ်သောလည်း ၇ ဦးမှ ၂၀ ဦးအထိ ပါဝင်မည့် ပင်လယ်ဓားပြပါတီပွဲတစ်ခုအတွက်ဆိုလျှင် ဒေါ်လာ ၃၀၀ ထပ်မံပေးဆောင် ရမည်ဟု ဆိုသည်။
အငှားဈေးကွက်တင် ဓာတ်ပုံများတွင် ဖော်ပြထားချက်အရ အပေါ်ထပ် လေဟာပြင် သင်္ဘောကုန်းပတ်တွင် အပန်းဖြေထိုင်နားနိုင်မည့် နေရာ၊ အတွင်းပိုင်း သစ်သားနံရံများ၊ သစ်ကြမ်းခင်းများ၊ ကြိုးပုခက်၊ ရောင်စုံပုဝါနှင့် ဂျင်းဝတ်စုံ ခပ်စုတ်စုတ် ဝတ်ဆင်ထားသော ပင်လယ်ဓားပြ ရုပ်တုတစ်ခု၊ ဆေးသုတ်ထားသော မျက်နှာကြက်တွင် လူရိုးခေါင်းပုံစံတစ်ခု တွေ့ရပြီး “သတိထား” ဟု ရေးသားထားသည်ကို တွေ့ရသည်။
ယနေ့ခေတ်နှင့်အညီ ဝိုင်ဖိုင်၊ ရုပ်မြင်သံကြားနှင့် ရေခဲသေတ္တာတစ်လုံးတို့လည်း ထည့်သွင်းပေးထားသည်။
အငှားဈေးကွက်တင်ရာတွင် သတိပေးချက်အချို့လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
ပထမအချက်မှာ မြစ်ကြောင်းအတွင်း လှည့်လည်လုယက်တိုက်ခိုက်သည့် အတွေ့အကြုံမျိုး မျှော်လင့်မထားရန်၊ လှေကြီးမှာ လှေဆိပ်တွင်သာ ဆိုက်ကပ်ထားမည်ဖြစ်သည့်အချက် ဖြစ်သည်။
ပင်လယ်ဓားပြသင်္ဘောပေါ်တွင် လှည့်လည်ကြည့်ရှုမည်ဆိုလျှင် ကျဉ်းမြောင်းသည့် လျှောက်လမ်းများ၊ မတ်စောက်သည့် လှေကားများရှိနေခြင်းကြောင့် သွက်လက်ပေါ့ပါးမှု ရှိရန်လိုအပ်သည်။
ကာရီအမည်ရှိ ဧည့်သည်တစ်ဦးက ပြောကြားရာတွင် ယခုသင်္ဘောကြီးပေါ်တွင် တည်းခိုရခြင်းသည် မည်သည့်နေရာနှင့်မျှ မတူဘဲ ထူးခြားလှကြောင်း ပြောကြားသည်။
“တော်တော်လေး အသေးစိတ် တွေ့ရပါတယ်။ အရမ်းကြီးမားတဲ့ ပင်လယ်ဓားပြသင်္ဘောကြီးပေါ်မှာရှိရတဲ့ ဆန်းပြားတဲ့အတွေ့အကြုံ၊ ကိုယ့်ရဲ့ တန်ဖိုးထားတဲ့အရာတွေ၊ ဆန်းပြားတဲ့ စာကြည့်တိုက်၊ ကျောက်မျက် အဆင်တန်ဆာတွေနဲ့ အဝတ်အစားတွေ ဒါတွေအားလုံးကို စွန့်ပစ်ခဲ့တဲ့ ပင်လယ်ဓားပြသင်္ဘောသားတွေ။ ဒါတွေဟာ ကျွန်မတို့ ရှာဖွေနေတဲ့ ဆန်းပြားတဲ့ စွန့်စားခန်း အတွေ့အကြုံ ခံစားမှုဆီကို ပို့ဆောင်ပေးပါ သေချာပါတယ်”ဟု ကာရီက ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
Central Shop House
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service