အင္ဒိုနီးရွားႏိုင္ငံ၏ ျမိဳ႕ေတာ္ကို ေျပာင္းေရႊ႕မည့္ေနရာ သမၼတက ေၾကညာျပီးေနာက္ပိုင္း အိမ္ျခံေျမ developer မ်ားႏွင့္ ေဆာက္လုပ္ေရးကုမၸဏီမ်ား၏ ရွယ္ယာေစ်းႏႈန္းမ်ား ျမင့္တက္လာ

အင္ဒိုနီးရွားႏိုင္ငံ၏ ျမိဳ႕ေတာ္ကို ေျပာင္းေရႊ႕မည့္ေနရာ သမၼတက ေၾကညာျပီးေနာက္ပိုင္း အိမ္ျခံေျမ developer မ်ားႏွင့္ ေဆာက္လုပ္ေရးကုမၸဏီမ်ား၏ ရွယ္ယာေစ်းႏႈန္းမ်ား ျမင့္တက္လာ - Property News in Myanmar from iMyanmarHouse.com
30 Aug 2019 12:30 pm တွင် တင်ခဲ့သည်
1563 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အင္ဒိုနီးရွားႏိုင္ငံ၏ ျမိဳ႕ေတာ္ကို ဂ်ကာတာမွ အျခားေနရာသစ္တစ္ခုတြင္ ေျပာင္းေရႊ႕တည္ေဆာက္သတ္မွတ္သြားရန္ ယခုႏွစ္ ေမလအတြင္း စတင္စီမံခ်က္ေရးဆြဲခဲ့ျပီး အလုပ္အကိုင္ေပါင္း ၅၀၀၀၀၀ ခန္႔ ဖန္တီးေပးႏိုင္မည္ဟု ေမွ်ာ္မွန္းထားသည္။

(အဆိုပါသတင္းကို https://www.imyanmarhouse.com/news/read/824881 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္။)

မၾကာေသးမီက အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက အင္ဒိုနီးရွား၏ ျမိဳ႕ေတာ္အျဖစ္ အေရွ႕ ကာလီမန္တန္ျပည္နယ္တြင္ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။

သမၼတေၾကညာခ်က္ထြက္ေပၚအျပီး ေနာက္တစ္ရက္တြင္ အိမ္ျခံေျမ developer ကုမၸဏီ Agung Podomoro Land က ႏိုင္ငံပိုင္ သတင္းစာတစ္ေစာင္တြင္ စာမ်က္ႏွာျပည့္ ေၾကာ္ျငာတစ္ခု ထည့္သြင္းခဲ့ျပီး ျမိဳ႕ေတာ္သစ္ၾကီးရွိ လူေနခန္းသစ္မ်ား၊ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အေဆာက္အအံုမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ၾကရန္ ကမ္းလွမ္းခဲ့သည္။

ေၾကာ္ျငာတြင္ ေဖာ္ျပခ်က္အရ “Borneo Bay City ၊ ကမၻာ့အဆင့္မီ အပန္းေျဖစခန္း၊ အေရွ႕ကာလီမန္တန္ရွိ ျမိဳ႕ေတာ္သစ္ၾကီးတြင္ အေကာင္းဆံုးေသာ ရင္းႏွီးျမွဳပ္ႏွံမႈ”ဟု Kompas သတင္းစာတြင္ ေဖာ္ျပထားသည္။

Agung Podomoro Land က အင္ဒိုနီးရွားျမိဳ႕ေတာ္သစ္တြင္ ပါဝင္ေဆာက္လုပ္သြားမည့္ အပန္းေျဖစခန္းတစ္ခု အေၾကာင္း ေၾကာ္ျငာခဲ့ျခင္းျဖစ္သည္။

အဆိုပါ အပန္းေျဖစခန္းတြင္ ဇိမ္ခံလူေနခန္း တာဝါ အေဆာက္အအံုမ်ား၊ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္တစ္လံုး၊ ေစ်းဝယ္စင္တာမ်ားႏွင့္ အျခားေသာ facilities မ်ား ပါဝင္မည္ ျဖစ္သည္။

ျမိဳ႕ေတာ္သစ္ၾကီးႏွင့္ မိနစ္ ၂၀ ခရီးသာ ေဝးကြာမည္ဟုလည္း ဆိုသည္။ အဆိုပါေၾကာ္ျငာတင္သည့္ေန႔တြင္ပင္ Agung Podomoro Land ကုမၸဏီ၏ ရွယ္ယာမ်ားမ်ာ ၈ ရာခိုင္ႏႈန္း ေစ်းတက္သြားခဲ့သည္။

အင္ဒိုနီးရွား၏ ျမိဳ႕ေတာ္အျဖစ္ ဂ်ကာတာမွ အျခားေနရာသို႔ ေရႊ႕ေျပာင္းရန္ စီစဥ္ေနသည္မွာ ၾကာျမင့္ျပီျဖစ္ေသာ္လည္း ေနရာအတိအက် မသတ္မွတ္ခဲ့ရေသးဘဲ ခန္႔မွန္းခ်က္ အမ်ဳိးမ်ဳိးသာ ထြက္ေပၚခဲ့သည္။

ယခုအခါ သမၼတ၏ ေနရာအတည္ျပဳ ေၾကညာခ်က္ထြက္ေပၚလာျပီးေနာက္ စီးပြားေရးလုပ္ငန္း အၾကီးအကဲမ်ားစြာ ဝမ္းေျမာက္ခဲ့ၾကသည္။

ျမိဳ႕ေတာ္သစ္ ေဆာက္လုပ္မည့္ေနရာမွာ ေဘာ္နီယိုကၽြန္းေပၚမွ အေရွ႕ ကာလီမန္တန္ျပည္နယ္၊ ပီနာဂ်န္ ပါဆာ ယူတာရာႏွင့္ ကူတိုင္ ကာတာနီဂါရာ ခရိုင္မ်ားတြင္ ျဖန္႔က်က္တည္ရွိမည္ျဖစ္ျပီး ေျမေနရာအက်ယ္အဝန္း ၁၈၀၀ စတုရန္းကီလိုမီတာ ေပၚတြင္ ေဆာက္လုပ္သြားမည္ ျဖစ္သည္။

လက္ရွိ ျမိဳ႕ေတာ္ ဂ်ကာတာမွာ ဂ်ာဗားကၽြန္းေပၚတြင္ တည္ရွိျပီး ျမိဳ႕ေတာ္သစ္ေဆာက္လုပ္မည့္ တည္ေနရာႏွင့္ ၁၄၀၀ ကီလိုမီတာခန္႔ ေဝးကြာသည္။

ယခုစီမံကိန္းမွာ ၅ ႏွစ္မွ ၁၀ ႏွစ္အထိ ၾကာျမင့္ႏိုင္ျပီး လူေပါင္း ၁ ဒသမ ၅ သန္းခန္႔ ေနထိုင္ႏိုင္မည္ျဖစ္ကာ တည္ေဆာက္မႈ ကုန္က် စရိတ္မွာ အင္ဒိုနီးရွား ရူပီးယားေငြ ၄၆၆ ထရီလီယံ (ကန္ေဒၚလာ ၃၃ ဘီလီယံ) ခန္႔ရွိႏိုင္သည္ဟု ဆိုသည္။

တိုင္းျပည္၏ အစြန္အဖ်ားေဝးကြာေသာ ေဒသမ်ားတြင္ စီးပြားေရးထြန္းေတာက္လာေစရန္ ရည္ရြယ္ျခင္းႏွင့္ ဂ်ကာတာ၏ ယာဥ္ေၾကာပိတ္ဆို႔မႈျပႆနာကို ေျဖရွင္းႏိုင္ရန္လည္း ရည္ရြယ္ကာ ျမိဳ႕ေတာ္ေျပာင္းေရႊ႕ရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။

အေရွ႕ေတာင္အာရွရွိႏိုင္ငံမ်ားသည္ ျမိဳ႕ေတာ္ကို စီးပြားေရး (သို႔မဟုတ္) အမ်ဳိးသားလံုျခံဳေရး အေၾကာင္းရင္းမ်ားျဖင့္ ေရႊ႕ေျပာင္းခဲ့ၾကသည့္ လမ္းစဥ္ကို အင္ဒိုနီးရွားက ရယူပံုေဖာ္ရန္ ၾကိဳးပမ္းလာျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ျမိဳ႕ေတာ္ကို ရန္ကန္မွ ေနျပည္ေတာ္သို႔ ၂၀၀၆ ခုႏွစ္တြင္ ေရႊ႕ေျပာင္းခဲ့သည္။

မေလးရွားသည္လည္း အစိုးရအဖြဲ႔ကို မူလက ကြာလာလမ္ပူတြင္ အေျခစိုက္ရာမွ ၁၉၉၀ ျပည့္လြန္အလယ္ပိုင္း ကာလမ်ားတြင္ ပုထရာဂ်ာယားသို႔ ေျပာင္းေရႊ႕ခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ### အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကို ဂျကာတာမှ အခြားနေရာသစ်တစ်ခုတွင် ပြောင်းရွှေ့တည်ဆောက်သတ်မှတ်သွားရန် ယခုနှစ် မေလအတွင်း စတင်စီမံချက်ရေးဆွဲခဲ့ပြီး အလုပ်အကိုင်ပေါင်း ၅၀၀၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

(အဆိုပါသတင်းကို https://www.imyanmarhouse.com/news/read/824881 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)

မကြာသေးမီက အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အင်ဒိုနီးရှား၏ မြို့တော်အဖြစ် အရှေ့ ကာလီမန်တန်ပြည်နယ်တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သမ္မတကြေညာချက်ထွက်ပေါ်အပြီး နောက်တစ်ရက်တွင် အိမ်ခြံမြေ developer ကုမ္ပဏီ Agung Podomoro Land က နိုင်ငံပိုင် သတင်းစာတစ်စောင်တွင် စာမျက်နှာပြည့် ကြော်ငြာတစ်ခု ထည့်သွင်းခဲ့ပြီး မြို့တော်သစ်ကြီးရှိ လူနေခန်းသစ်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ကမ်းလှမ်းခဲ့သည်။

ကြော်ငြာတွင် ဖော်ပြချက်အရ “Borneo Bay City ၊ ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်း၊ အရှေ့ကာလီမန်တန်ရှိ မြို့တော်သစ်ကြီးတွင် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု”ဟု Kompas သတင်းစာတွင် ဖော်ပြထားသည်။

Agung Podomoro Land က အင်ဒိုနီးရှားမြို့တော်သစ်တွင် ပါဝင်ဆောက်လုပ်သွားမည့် အပန်းဖြေစခန်းတစ်ခု အကြောင်း ကြော်ငြာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အပန်းဖြေစခန်းတွင် ဇိမ်ခံလူနေခန်း တာဝါ အဆောက်အအုံများ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ ဈေးဝယ်စင်တာများနှင့် အခြားသော facilities များ ပါဝင်မည် ဖြစ်သည်။

မြို့တော်သစ်ကြီးနှင့် မိနစ် ၂၀ ခရီးသာ ဝေးကွာမည်ဟုလည်း ဆိုသည်။ အဆိုပါကြော်ငြာတင်သည့်နေ့တွင်ပင် Agung Podomoro Land ကုမ္ပဏီ၏ ရှယ်ယာများမျာ ၈ ရာခိုင်နှုန်း ဈေးတက်သွားခဲ့သည်။

အင်ဒိုနီးရှား၏ မြို့တော်အဖြစ် ဂျကာတာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း နေရာအတိအကျ မသတ်မှတ်ခဲ့ရသေးဘဲ ခန့်မှန်းချက် အမျိုးမျိုးသာ ထွက်ပေါ်ခဲ့သည်။

ယခုအခါ သမ္မတ၏ နေရာအတည်ပြု ကြေညာချက်ထွက်ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်း အကြီးအကဲများစွာ ဝမ်းမြောက်ခဲ့ကြသည်။

မြို့တော်သစ် ဆောက်လုပ်မည့်နေရာမှာ ဘော်နီယိုကျွန်းပေါ်မှ အရှေ့ ကာလီမန်တန်ပြည်နယ်၊ ပီနာဂျန် ပါဆာ ယူတာရာနှင့် ကူတိုင် ကာတာနီဂါရာ ခရိုင်များတွင် ဖြန့်ကျက်တည်ရှိမည်ဖြစ်ပြီး မြေနေရာအကျယ်အဝန်း ၁၈၀၀ စတုရန်းကီလိုမီတာ ပေါ်တွင် ဆောက်လုပ်သွားမည် ဖြစ်သည်။

လက်ရှိ မြို့တော် ဂျကာတာမှာ ဂျာဗားကျွန်းပေါ်တွင် တည်ရှိပြီး မြို့တော်သစ်ဆောက်လုပ်မည့် တည်နေရာနှင့် ၁၄၀၀ ကီလိုမီတာခန့် ဝေးကွာသည်။

ယခုစီမံကိန်းမှာ ၅ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်နိုင်ပြီး လူပေါင်း ၁ ဒသမ ၅ သန်းခန့် နေထိုင်နိုင်မည်ဖြစ်ကာ တည်ဆောက်မှု ကုန်ကျ စရိတ်မှာ အင်ဒိုနီးရှား ရူပီးယားငွေ ၄၆၆ ထရီလီယံ (ကန်ဒေါ်လာ ၃၃ ဘီလီယံ) ခန့်ရှိနိုင်သည်ဟု ဆိုသည်။

တိုင်းပြည်၏ အစွန်အဖျားဝေးကွာသော ဒေသများတွင် စီးပွားရေးထွန်းတောက်လာစေရန် ရည်ရွယ်ခြင်းနှင့် ဂျကာတာ၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်လည်း ရည်ရွယ်ကာ မြို့တော်ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှရှိနိုင်ငံများသည် မြို့တော်ကို စီးပွားရေး (သို့မဟုတ်) အမျိုးသားလုံခြုံရေး အကြောင်းရင်းများဖြင့် ရွှေ့ပြောင်းခဲ့ကြသည့် လမ်းစဉ်ကို အင်ဒိုနီးရှားက ရယူပုံဖော်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် မြို့တော်ကို ရန်ကန်မှ နေပြည်တော်သို့ ၂၀၀၆ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့သည်။

မလေးရှားသည်လည်း အစိုးရအဖွဲ့ကို မူလက ကွာလာလမ်ပူတွင် အခြေစိုက်ရာမှ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်း ကာလများတွင် ပုထရာဂျာယားသို့ ပြောင်းရွှေ့ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service