
ရန်ကုန်မြေပုံရေးဆွဲပြီးမြောက်ခြင်းနှင့်စဉ်ဆက်မပြတ် တိုင်းတာလျက်ရှိသော မြေတိုင်း ရည်ညွှန်းမှတ်တိုင်များ (CORS) နှင့်ပတ်သက်သည့် မှတ်တမ်းများ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံလွှဲပြောင်းပေး - Property News in Myanmar from iMyanmarHouse.com
29 Aug 2019 1:46 pm တွင် တင်ခဲ့သည်
3623 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###











### Unicode Version ###

ရန်ကုန်မြေပုံရေးဆွဲပြီးမြောက်ခြင်းနှင့်စဉ်ဆက်မပြတ် တိုင်းတာလျက်ရှိသော မြေတိုင်း ရည်ညွှန်းမှတ်တိုင်များ (CORS) နှင့်ပတ်သက်သည့် မှတ်တမ်းများ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ် ၂၈ ရက်က ရန်ကုန်မြို့ ပါခ်ရိုင်ရယ်ဟိုတယ်၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင်” မြေပုံရပြီဆိုရင် မြေပုံမှာပါဝင်ရမယ့် အချက်အလက်တွေ အကုန်လုံးကို ဌာနဆိုင် ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေရှိပါတယ်။မြို့တော်စည်ပင်သာယာဘက်ကတော့ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာရှိနေတဲ့ အချက်အလက်တွေကို စပြီးထည့်မှာဖြစ်သလို ဌာနဆိုင်ရာတိုင်မှာ အချက်အ လက်တွေ ရှိမှာဖြစ်ပါတယ်။ဥပမာ-ပညာရေး၊ကျန်းမာရေး၊အခြားသော ဝန်ကြီးဌာနတွေ တစ်ခုချင်းစီအလိုက်ပိုပြီးပြည့်စုံအောင်ထည့်သွင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောထားသည်။

ရန်ကုန်မြေပုံရေးဆွဲရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့ပြီး၊၂၀၁၉ ဩဂုတ်လတွင် စီမံကိန်းပြီးဆုံးခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်တွင် စီမံချက်ဧရိယာနှစ်မျိုးသတ်မှတ်ပြီး စကေးနှစ်မျိုးဖြင့်ရေးဆွဲထားကာ ယင်း၌ ၂၀၄၀ မဟာရန်ကုန်ဖွံ့ဖြိုးတိုးတတ်ရေး မဟာဗျူဟာ စီမံကိန်းတွင် ရန်ကုန်မြို့ပြင် မြို့ပတ်လမ်းလမ်းဟူ၍ လျာထားချက်ရှိပြီး ၎င်းအတွက်ပါဝင်သော မြို့နယ် ၃၃ မြို့နယ်နှင့် ရန်ကုန်အနောက်တောင်ဧရိယာဖြစ်သော တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း မြို့နယ်တို့တွင် မြေပုံရေးဆွဲခြင်း လုပ်ငန်းများပါဝင်ကြောင်းသိရသည်။

ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတတ်မှုတွင် မြေပုံကိုအခြေခံပြီး စနစ်တကျ ပြန်လည်သုံးသပ်နိုင်ရန်နှင့်အနာဂတ် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များကို မြေပုံအခြေခံ ၍ ရနိုင်ရန်အတွက် ရန်ကုန်မြေပုံရေးဆွဲရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြေပုံကိုကြည့်ခြင်းအားဖြင့် မြေအသုံးအသုံးချမှုများနှင့် မြို့ပြစီမံကိန်းရေးဆွဲမှုများတွင် လူနေသိပ်သည်းမှုများ အထပ်မြင့်အဆောက်အအုံများပြားနေမှုများကို သိရှိနိုင်ပြီး နောက်ပိုင်း အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရာတွင် မြေပုံကိုအသုံးချ၍ရနိုင်မည်ဖြစ်သည်။မြေပြင်တွင်ရှိသော လူမှုဆိုင်ရာအဆောက်အအုံများ၊လူနေအဆောက်အအုံများစသည့် မြေပြင်တွင်ရှိသော အဆောက်အအုံဆိုင်ရာအခြေခံအချက်အလက်များကို မြေပုံမှထုတ်ယူနိုင်မည်ဖြစ်သည်။

နေ့စဉ်ပြောင်းလဲနေသော မြေမျက်နှာသွင်ပြင်ပြောင်းလဲမှု အခြေအနေများကို CORS (စဉ်ဆက်မပြတ် တိုင်းတာနေသော မြေတိုင်းအညွှန်းမှတ်တိုင်) များဖြင့် တိုင်းတာမည်ဖြစ်ပြီး ရန်ကုန်မြို့ကိုခြုံငုံမိသောနေရာများဖြစ်သည့် ငွေယားတောင်နေရာ၊လှည်းကူးမြို့နယ် စည်ပင်သာယာရုံးဝင်းအတွင်း၊ထန်းတပင်မြို့နယ် အားကစားကွင်း အတွင်း၊သန်လျင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့်တွံတေးမြို့နယ် စည်ပင်သာယာဝင်းအတွင်းနေရာများတွင် CORS စတေရှင်ငါးခု တည်ထောင်ထားကြောင်း သိရသည်။

ဂြိုလ်တုမှထုတ်လွှင့်လိုက်သော အချက်အလက်များကို အဆိုပါ စတေရှင်များကဖမ်းယူပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံမြေတိုင်းရုံးဝင်းအတွင်းရှိ ဒေတာစင်တာသို့ပေးပို့ပြီး ၎င်းမှရရှိသည့်အချက်အလက်များကို အခြေခံ၍ မြေပုံပြောင်းလဲမှုများကို ပြင်ဆင်ရေးဆွဲမည်ဖြစ်ပြီး မြေပုံများကို GIS နည်းပညာဖြင့် အချက်အလက်ရေးသွင်း ခြင်း လုပ်ဆောင်မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှုမှ ရလာ သောအကူအညီဖြင့် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်းဖြစ်လာကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service