ကမၻာ့အေရာင္းရဆံုး စာအုပ္တြဲႏွင့္ ရုပ္ရွင္ဇာတ္လမ္းတြဲ ဟယ္ရီေပၚတာဝတၳဳ စာေရးဆရာမ ေဂ်ေက ရိုးလင္း၏ ေနအိမ္စည္းရိုး ဆိုက္ပရပ္စ္ပင္မ်ားမွာ လမ္းေပၚအရိပ္ထိုးေနေသာေၾကာင့္ ခုတ္ထြင္ပစ္ရန္ ျမိဳ႕ေတာ္ေကာင္စီက အမိန္႔ထုတ္

ကမၻာ့အေရာင္းရဆံုး စာအုပ္တြဲႏွင့္ ရုပ္ရွင္ဇာတ္လမ္းတြဲ ဟယ္ရီေပၚတာဝတၳဳ စာေရးဆရာမ ေဂ်ေက ရိုးလင္း၏ ေနအိမ္စည္းရိုး ဆိုက္ပရပ္စ္ပင္မ်ားမွာ လမ္းေပၚအရိပ္ထိုးေနေသာေၾကာင့္ ခုတ္ထြင္ပစ္ရန္ ျမိဳ႕ေတာ္ေကာင္စီက အမိန္႔ထုတ္ - Property News in Myanmar from iMyanmarHouse.com
26 Aug 2019 11:48 am တွင် တင်ခဲ့သည်
2213 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာ့အေရာင္းရဆံုး စာအုပ္တြဲမ်ားႏွင့္ ရုပ္ရွင္ဇာတ္လမ္းတြဲျဖစ္ေသာ ဟယ္ရီေပၚတာ ဝတၳဳမ်ားကို ေရးသားသည့္ စာေရးဆရာမ ေဂ်ေက ရိုးလင္း၏ ေနအိမ္စည္းရိုးအျဖစ္ စိုက္ထားေသာ Leylandii ဆိုက္ပရပ္စ္ပင္မ်ားမွာ လမ္းေပၚအရိပ္ထိုးေနသည့္အတြက္ ခုတ္ထြင္ပစ္ရန္ ျမိဳ႕ေတာ္ေကာင္စီက အမိန္႔ထုတ္ျခင္း ခံရသည္ဟု ျဗိတိန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပသည္။

ေဂ်ေကရိုးလင္းေနထုိင္သည့္ေနအိမ္မွာ စေကာ့တလန္ႏိုင္ငံ၊ အီဒင္ဘာ့ဂ်္ျမိဳ႕၊ အေဘာ့စ္ဖို႔ဒ္ပါ့ခ္လမ္း၊ အမွတ္ ၁ တြင္ တည္ရွိျပီး ယူရို ၂ ဒသမ ၈ သန္းခန္႔ တန္ေၾကးရွိသည့္ စံအိမ္ျဖစ္သည္။

ေဂ်ေကရိုးလင္းက “ဟယ္ရီေပၚတာႏွင့္ ေမွာ္ဖန္လံုး” အမည္ရွိ ဝတၳဳကို ၁၉၉၇ ခုႏွစ္၊ ဇြန္လ ၂၆ ရက္တြင္ စတင္ထုတ္ေဝခဲ့ျပီး အဆိုပါဝတၳဳမွာ ကမၻာတစ္ဝန္း အလြန္ေအာင္ျမင္သြားသည္။

ယင္းေနာက္ပိုင္း ဟယ္ရီေပၚတာဇာတ္လမ္းတြဲမ်ား အဆက္မျပတ္ေရးသားခဲ့ရာ ၂၀၁၈ ခုႏွစ္ ႏွစ္စပိုင္းအခ်က္အလက္မ်ားအရ ကမၻာတစ္ဝန္းတြင္ စာအုပ္ေပါင္း သန္း ၅၀၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္သည္။

ကမၻာ့သမိုင္းတြင္ အေရာင္းရဆံုး စာအုပ္တြဲျဖစ္လာသည့္အျပင္ ကမၻာတစ္ဝန္းတြင္ ဘာသာစကားေပါင္း ၈၀ သို႔ ဘာသာျပန္ဆိုထားျပီးလည္း ျဖစ္သည္။ ဟယ္ရီေပၚတာ ဇာတ္လမ္းတြဲမ်ားကို Warner Bros. Pictures ရုပ္ရွင္ကုမၸဏီက ရုပ္ရွင္အျဖစ္ ရိုက္ကူးခဲ့ရာတြင္လည္း ဝင္ေငြ ကန္ေဒၚလာ ၂၅ ဘီလီယံခန္႔အထိ ရရွိထားသည္။

ေဂ်ေကရိုးလင္း၏ ဘဝမွာ ျခံဳၾကားမွ ဘံုဖ်ားသို႔ ေရာက္ရွိခဲ့သည့္ ဘဝမ်ဳိးျဖစ္သည္။

အလြန္ဆင္းရဲလွေသာ ဘဝမ်ဳိးမွ ကမၻာ့ပထမဆံုး ဘီလ်ံနာစာေရးဆရာမအျဖစ္သို႔ ေရာက္ရွိခဲ့ျခင္းလည္း ျဖစ္သည္။

ေဂ်ေကရိုးလင္း၏ အီဒင္ဘာ့ဂ်္စံအိမ္တြင္ ျခံစည္းရိုးအျဖစ္စိုက္ပ်ဳိးထားေသာ ဆိုက္ပရပ္စ္မ်ဳိးႏႊယ္ Leylandii အပင္မ်ားသည္ ေပ ၃၀ ေက်ာ္ ျမင့္မားကာ လမ္း၏ အလင္းကို ပိတ္ဆီးထားေနသည္ဟုဆိုကာ ခုတ္ထြင္ပစ္ရန္ ျမိဳ႕ေတာ္ေကာင္စီအၾကီးအကဲမ်ားက ေျပာၾကားထားသည္ဟု ဆိုသည္။

(ေဂ်ေကရိုးလင္း၏ အီဒင္ဘာ့ဂ်္ စံအိမ္အေၾကာင္းကို iMyanmarHouse.com အိမ္ျခံေျမဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/773900 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္) ဆိုက္ပရပ္စ္ပင္မ်ားသည္ လူသြားစၾကၤန္ႏွင့္ လမ္းမ်ားအေပၚ အုပ္မိုးေနသည္ကို ေတြ႔ရသည္။

အဆိုပါအပင္မ်ားကို အေဆာတလ်င္ ခုတ္ခ်ဳိင္ေပးရန္ ျမိဳ႕ေတာ္ေကာင္စီအၾကီးအကဲမ်ားက စာေရးသားလမ္းညႊန္ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ လူသြားစၾကၤန္ေပၚရွိ လမ္းမီးတိုင္းမ်ားမွ မီးအလင္းကိုလည္း သစ္ပင္မ်ားက ပိတ္ဆီးထားသည္ဟု ဆိုသည္။

“သင္၏ အေဆာက္အအံုႏွင့္ ကပ္လ်က္ လူသြားလမ္းေပၚသို႔ အုပ္ဆိုင္းေနေသာ သစ္ရြက္မ်ားသည္ လမ္းမီးတိုင္မ်ား၏ အလင္းကို ကာဆီးထားေၾကာင္း ေတြ႔ရသည္။ ေက်းဇူးျပဳျပီး ထိုသစ္ရြက္သစ္ကိုင္းမ်ားကို ခုတ္ထြင္ရန္ႏွင့္ လူသြားလမ္းေနာက္သို႔ ေရာက္ေအာင္ ခုတ္ထြင္ထိန္းသိမ္း မြမ္းမံပါရန္။ ေက်းဇူးျပဳျပီး အဆိုပါလုပ္ငန္းကို အေဆာတလ်င္လုပ္ေဆာင္ေပးရန္။ ထိုသို႔ လုပ္ေဆာင္မႈမ်ား မျပဳလုပ္ပါက ဥပေဒအရသတိေပးခ်က္တစ္ရပ္ ထုတ္ျပန္သြားမည္ျဖစ္သည္။”ဟု ျမိဳ႕ေတာ္ေကာင္စီ၏ အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

မစၥရိုးလင္းက ျခံစည္းရိုးကိစၥႏွင့္ စပ္လ်ဥ္းျပီး တစံုတရာ မွတ္ခ်က္ေျပာၾကားရန္ ျငင္းဆန္ခဲ့ေသာ္လည္း သူ၏ ကုိယ္စားလွယ္တစ္ဦးက ေျပာၾကားရာတြင္ သစ္ပင္မ်ား ခုတ္ခ်ဳိင္ရန္ လုပ္ငန္းမ်ား စတင္အေကာင္အထည္ေဖာ္ေနျပီျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါသစ္ပင္မ်ားသည္ “Tree Preservation Order” အဖြဲ႔က ကာကြယ္ထားသည့္ သစ္ပင္အမ်ဳိးအစားျဖစ္သည့္အျပင္ ေဂ်ေကရိုးလင္း၏ ေနအိမ္မွာလည္း ထိန္းသိမ္းသည့္ ေဒသနယ္ပယ္အတြင္း ပါဝင္ေနရာ သစ္ပင္မ်ား ခုတ္ထြင္လိုပါက ထိုအဖြဲ႔သို႔လည္း ခြင့္ျပဳခ်က္ေလွ်ာက္ထားရန္ လိုအပ္ေနသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာ့အရောင်းရဆုံး စာအုပ်တွဲများနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်သော ဟယ်ရီပေါ်တာ ဝတ္ထုများကို ရေးသားသည့် စာရေးဆရာမ ဂျေကေ ရိုးလင်း၏ နေအိမ်စည်းရိုးအဖြစ် စိုက်ထားသော Leylandii ဆိုက်ပရပ်စ်ပင်များမှာ လမ်းပေါ်အရိပ်ထိုးနေသည့်အတွက် ခုတ်ထွင်ပစ်ရန် မြို့တော်ကောင်စီက အမိန့်ထုတ်ခြင်း ခံရသည်ဟု ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။

ဂျေကေရိုးလင်းနေထိုင်သည့်နေအိမ်မှာ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂျ်မြို့၊ အဘော့စ်ဖို့ဒ်ပါ့ခ်လမ်း၊ အမှတ် ၁ တွင် တည်ရှိပြီး ယူရို ၂ ဒသမ ၈ သန်းခန့် တန်ကြေးရှိသည့် စံအိမ်ဖြစ်သည်။

ဂျေကေရိုးလင်းက “ဟယ်ရီပေါ်တာနှင့် မှော်ဖန်လုံး” အမည်ရှိ ဝတ္ထုကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး အဆိုပါဝတ္ထုမှာ ကမ္ဘာတစ်ဝန်း အလွန်အောင်မြင်သွားသည်။

ယင်းနောက်ပိုင်း ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများ အဆက်မပြတ်ရေးသားခဲ့ရာ ၂၀၁၈ ခုနှစ် နှစ်စပိုင်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် စာအုပ်ပေါင်း သန်း ၅၀၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် အရောင်းရဆုံး စာအုပ်တွဲဖြစ်လာသည့်အပြင် ကမ္ဘာတစ်ဝန်းတွင် ဘာသာစကားပေါင်း ၈၀ သို့ ဘာသာပြန်ဆိုထားပြီးလည်း ဖြစ်သည်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများကို Warner Bros. Pictures ရုပ်ရှင်ကုမ္ပဏီက ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာတွင်လည်း ဝင်ငွေ ကန်ဒေါ်လာ ၂၅ ဘီလီယံခန့်အထိ ရရှိထားသည်။

ဂျေကေရိုးလင်း၏ ဘဝမှာ ခြုံကြားမှ ဘုံဖျားသို့ ရောက်ရှိခဲ့သည့် ဘဝမျိုးဖြစ်သည်။

အလွန်ဆင်းရဲလှသော ဘဝမျိုးမှ ကမ္ဘာ့ပထမဆုံး ဘီလျံနာစာရေးဆရာမအဖြစ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဂျေကေရိုးလင်း၏ အီဒင်ဘာ့ဂျ်စံအိမ်တွင် ခြံစည်းရိုးအဖြစ်စိုက်ပျိုးထားသော ဆိုက်ပရပ်စ်မျိုးနွှယ် Leylandii အပင်များသည် ပေ ၃၀ ကျော် မြင့်မားကာ လမ်း၏ အလင်းကို ပိတ်ဆီးထားနေသည်ဟုဆိုကာ ခုတ်ထွင်ပစ်ရန် မြို့တော်ကောင်စီအကြီးအကဲများက ပြောကြားထားသည်ဟု ဆိုသည်။

(ဂျေကေရိုးလင်း၏ အီဒင်ဘာ့ဂျ် စံအိမ်အကြောင်းကို iMyanmarHouse.com အိမ်ခြံမြေဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/773900 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်) ဆိုက်ပရပ်စ်ပင်များသည် လူသွားစြင်္ကန်နှင့် လမ်းများအပေါ် အုပ်မိုးနေသည်ကို တွေ့ရသည်။

အဆိုပါအပင်များကို အဆောတလျင် ခုတ်ချိုင်ပေးရန် မြို့တော်ကောင်စီအကြီးအကဲများက စာရေးသားလမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူသွားစြင်္ကန်ပေါ်ရှိ လမ်းမီးတိုင်းများမှ မီးအလင်းကိုလည်း သစ်ပင်များက ပိတ်ဆီးထားသည်ဟု ဆိုသည်။

“သင်၏ အဆောက်အအုံနှင့် ကပ်လျက် လူသွားလမ်းပေါ်သို့ အုပ်ဆိုင်းနေသော သစ်ရွက်များသည် လမ်းမီးတိုင်များ၏ အလင်းကို ကာဆီးထားကြောင်း တွေ့ရသည်။ ကျေးဇူးပြုပြီး ထိုသစ်ရွက်သစ်ကိုင်းများကို ခုတ်ထွင်ရန်နှင့် လူသွားလမ်းနောက်သို့ ရောက်အောင် ခုတ်ထွင်ထိန်းသိမ်း မွမ်းမံပါရန်။ ကျေးဇူးပြုပြီး အဆိုပါလုပ်ငန်းကို အဆောတလျင်လုပ်ဆောင်ပေးရန်။ ထိုသို့ လုပ်ဆောင်မှုများ မပြုလုပ်ပါက ဥပဒေအရသတိပေးချက်တစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်သည်။”ဟု မြို့တော်ကောင်စီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မစ္စရိုးလင်းက ခြံစည်းရိုးကိစ္စနှင့် စပ်လျဉ်းပြီး တစုံတရာ မှတ်ချက်ပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း သူ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် သစ်ပင်များ ခုတ်ချိုင်ရန် လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသစ်ပင်များသည် “Tree Preservation Order” အဖွဲ့က ကာကွယ်ထားသည့် သစ်ပင်အမျိုးအစားဖြစ်သည့်အပြင် ဂျေကေရိုးလင်း၏ နေအိမ်မှာလည်း ထိန်းသိမ်းသည့် ဒေသနယ်ပယ်အတွင်း ပါဝင်နေရာ သစ်ပင်များ ခုတ်ထွင်လိုပါက ထိုအဖွဲ့သို့လည်း ခွင့်ပြုချက်လျှောက်ထားရန် လိုအပ်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service