ဒုတိယကမၻာစစ္ၾကီးအတြင္း ကမၻာၾကီးကို မီးေလာင္တိုက္သြင္းခဲ့သူ နာဇီေခါင္းေဆာင္ၾကီး ဟစ္တလာ ေမြးဖြားခဲ့သည့္ ေနအိမ္ကို ၾသစထရီးယားအစိုးရက ယူရိုေငြ ၈ သိန္းေက်ာ္ေပးကာ ပိုင္ရွင္ထံမွ ဝယ္ယူမည္

ဒုတိယကမၻာစစ္ၾကီးအတြင္း ကမၻာၾကီးကို မီးေလာင္တိုက္သြင္းခဲ့သူ နာဇီေခါင္းေဆာင္ၾကီး ဟစ္တလာ ေမြးဖြားခဲ့သည့္ ေနအိမ္ကို ၾသစထရီးယားအစိုးရက ယူရိုေငြ ၈ သိန္းေက်ာ္ေပးကာ ပိုင္ရွင္ထံမွ ဝယ္ယူမည္ - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 11:47 am တွင် တင်ခဲ့သည်
1553 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၾသစထရီးယားႏိုင္ငံ အထက္ပိုင္းတြင္ ဘေရာေနာင္း အမ္-အင္ (Braunau am Inn) အမည္ရွိ ျမိဳ႕ကေလးတစ္ျမိဳ႕ တည္ရွိသည္။

အဆိုပါ ျမိဳ႕ကေလးသည္ ကမၻာကိုကိုင္လႈပ္ခဲ့သူတစ္ဦးျဖစ္ေသာ နာဇီေခါင္းေဆာင္ အေဒါ့ဖ္ ဟစ္တလာ ေမြးဖြားခဲ့သည့္ ျမိဳ႕ကေလး ျဖစ္သည္။

ထိုျမိဳ႕ကေလးရွိ ဟစ္တလာေမြးဖြားခဲ့ရာ ေနအိမ္ႏွင့္ စပ္လ်ဥ္းျပီး ႏွစ္ေပါင္းမ်ားစြာ အျငင္းပြားေနခဲ့မႈအေပၚ ယခုအခါ ၾသစထရီးယား တရားလႊတ္ေတာ္ခ်ဳပ္က အဆံုးအျဖတ္ေပးလိုက္ျပီ ျဖစ္သည္။

ဘေရာေနာင္း အမ္ အင္ ျမိဳ႕ကေလးရွိ အေဆာက္အအံုၾကီးတစ္ခု၏ တိုက္ခန္းတစ္ခန္းတြင္ နာဇီအာဏာရွင္ ဟစ္တလာကို ၁၈၈၉ ခုႏွစ္၊ ဧျပီလ ၂၀ ရက္တြင္ ေမြးဖြားခဲ့သည္။

နာဇီတို႔ကို ဦးေဆာင္ကာ ၾသစထရီးယားကို သိမ္းယူျပီးေနာက္ ဟစ္တလာက ၎ေမြးဖြားခဲ့ရာ တိုက္ခန္းရွိေသာ အေဆာက္အအံုၾကီးကို ပါတီမွတဆင့္ ဝယ္ယူခဲ့ျပီး ဖက္ဆစ္ဝါဒျဖန္႔ခ်ိေရးဌာနအျဖစ္ အသံုးျပဳခဲ့သည္။

ဒုတိယကမၻာစစ္ၾကီး ျပီးဆံုးသြားခ်ိန္တြင္ မူလပိုင္ရွင္မ်ားထံ အေဆာက္အအံုၾကီး ျပန္လည္ေရာက္ရွိသြားသည္။

ယင္းေနာက္ပိုင္းတြင္ကား စာၾကည့္တိုက္၊ နည္းပညာရပ္ဆိုင္ရာ စာသင္ေက်ာင္း၊ မသန္စြမ္းမ်ားအတြက္ ေဂဟာအျဖစ္ အမ်ဳိးမ်ဳိး အသံုးျပဳခဲ့သည္။

ၾသစထရီးယားေျမာက္ပိုင္းတြင္ တည္ရွိကာ ဂ်ာမနီႏွင့္ နယ္စပ္ျဖစ္ေသာ ဘေရာေနာင္းျမိဳ႕ကေလးရွိ အဝါေရာင္အေဆာက္အအံုၾကီးကို ဂါလင္ဒီ ပြမ္မာ မိသားစုက ရာစုႏွစ္တစ္ခုနီးပါး ပိုင္ဆိုင္ခဲ့ၾကသည္။

ၾသစထရီးယား ပါလီမန္က အဆိုပါအေဆာက္အအံုကို သိမ္းယူရန္ ဆံုးျဖတ္ခ်က္တစ္ရပ္ကို ခ်မွတ္လိုက္ျပီးေနာက္ပိုင္း အေဆာက္အအံုၾကီးမွာ ၅ ႏွစ္ခန္႔ လူသူကင္းမဲ့သြားခဲ့သည္။

သိမ္းယူရန္ ဆံုးျဖတ္ရျခင္းမွာ နာဇီလက္သစ္တို႔က ဟစ္တလာေမြးဖြားခဲ့ရာ အေဆာက္အအံုၾကီးသို႔ သြားေရာက္ၾကည့္ရႈမႈမ်ားကို အဆံုးသတ္ႏိုင္ေစရန္အတြက္ တိုင္းျပည္၏ အထင္ကရ အေဆာက္အအံုအျဖစ္ အသိအမွတ္မျပဳဘဲထားရန္ ျဖစ္သည္။

ပြမ္မာ မိသားစုႏွင့္ ႏွစ္ေပါင္းမ်ားစြာ အမႈရင္ဆိုင္ခဲ့ျပီးေနာက္ ၾသစထရီးယားအစိုးရက ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ပ်က္စီးယိုယြင္းေနေသာ အေဆာက္အအံုၾကီးကို ထိန္းသိမ္းရယူခဲ့သည္။

ပိုင္ရွင္ျဖစ္သူ ဂါလင္ဒီ ပြမ္မာအား အေဆာက္အအံုၾကီးအတြက္ ယူရိုေငြ ၃၁၀၀၀၀ ေပးေလ်ာ္မည္ဟု အစိုးရက ကမ္းလွမ္းခဲ့သည္။ ပြမ္မာမိသားစုက Ried ရွိ တရားရံုးတြင္ ဆက္လက္တင္ျပရာ ပြမ္မာမိသားစုအေနျဖင့္ ယူရိုေငြ ၁ ဒသမ ၅ သန္း ရသင့္ေၾကာင္း ဆံုးျဖတ္ခ်က္ကို ရရွိခဲ့သည္။

သို႔ရာတြင္ အဆိုပါဆံုးျဖတ္ခ်က္ကို Linz ရွိ ခရိုင္တရားရံုးက ပယ္ခ်လိုက္ျပန္ရာ ေနာက္ဆံုးတြင္ တရားလႊတ္ေတာ္ခ်ဳပ္သို႔ ေရာက္ရွိသြားသည္။ တရားလႊတ္ေတာ္ခ်ဳပ္မွ ကၽြမ္းက်င္ပညာရွင္တစ္ခုက ဆံုးျဖတ္ရာတြင္ အေဆာက္အအံု၏ ေစ်းကြက္ေပါက္ေစ်းကို ယူရိုေငြ ၈၁၀၀၀၀ ဟု ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ပြမ္မာ မိသားစုသည္ မူလက အစိုးရကမ္းလွမ္းေငြထက္ ပိုမိုရရွိလာမည္ျဖစ္ေသာ္လည္း ၎တို႔ ေတာင္းဆိုခဲ့သည့္ ေငြေအာက္ကား နည္းပါးေနသည္။

“ေလ်ာ္ေၾကးနဲ႔ပတ္သက္ျပီး တရားလႊတ္ေတာ္ခ်ဳပ္က ဆံုးျဖတ္လိုက္ျပီးတဲ့ေနာက္ နာဇီေတြနဲ႔ ပတ္သက္တဲ့ ဘယ္လိုလႈပ္ရွားမႈမ်ဳိးကိုမဆို ကာကြယ္ႏိုင္ဖို႔အတြက္ ဟစ္တလာရဲ႕ ေမြးဖြားခဲ့ရာေနအိမ္ကို အနာဂတ္မွာ ဘယ္လိုအသံုးျပဳသြားမလဲဆိုတာ ဥပေဒေဘာင္အတြင္း ကေန စဥ္းစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္” ဟု ျပည္ထဲေရးဝန္ၾကီး ဝုဖ္ဂန္ ပက္စ္ခ်ဳန္က ေျပာၾကားသည္။

အာဏာပိုုင္တို႔အေနျဖင့္ အေဆာက္အအံုၾကီး၏ေနရာတြင္ ျပန္လည္ေဆာက္လုပ္မည့္ အေဆာက္အအံုဒီဇိုင္းအတြက္ ဗိသုကာပညာရွင္မ်ားကို ဖိတ္ေခၚသြားမည္ဟု ဆိုသည္။

ပြမ္မာမိသားစုသည္ စတုရန္းမီတာ ၈၀၀ ရွိသည့္ အေဆာက္အအံုၾကီးကို ျပည္ထဲေရးဝန္ၾကီးဌာနသို႔ ၁၉၇၀ ျပည့္လြန္ႏွစ္မ်ားကတည္းက ငွားရမ္းထားခဲ့ျခင္းျဖစ္သည္။

အစိုးရက ပြမ္မာမိသားစု၏ အေမြဆက္ခံသူအမ်ဳိးသမီးၾကီး ပြမ္မာကို ငွားရမ္းခ တစ္လလွ်င္ ယူရို ၄၈၀၀ ေပးခဲ့ျပီး မသန္စြမ္းမ်ားအတြက္ ေဂဟာအျဖစ္ အသံုးျပဳခဲ့သည္။

ယင္းသို႔ ငွားရမ္းေနမႈမွာ ၂၀၁၁ ခုႏွစ္တြင္ ရပ္ဆိုင္းသြားခဲ့ရသည္။ ရပ္ဆိုင္းသြားျခင္း၏ အေၾကာင္းရင္းမွာ အေဆာက္အအံုၾကီးအတြက္ လိုအပ္သည့္ ျပဳျပင္မြမ္းမံမႈမ်ားလုပ္ရန္ႏွင့္ အစိုးရထံ ေရာင္းခ်ရန္တို႔ကို ပြမ္မာက လက္မခံခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

ယင္းေနာက္ပိုင္းကတည္းက အေဆာက္အအံုၾကီးတြင္ လူသူကင္းမဲ့သြားခဲ့သည္။

ႏွစ္စဥ္ႏွစ္တိုင္း ဟစ္တလာ၏ ေမြးေန႔သို႔ေရာက္လွ်င္ ဖက္ဆစ္ဆန္႔က်င္ေရး ဆႏၵျပသူမ်ားသည္ အဆိုပါအေဆာက္အအံုၾကီး၏ေရွ႕တြင္ စုရံုးေရာက္ရွိေလ့ရွိၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

သြစထရီးယားနိုင်ငံ အထက်ပိုင်းတွင် ဘရောနောင်း အမ်-အင် (Braunau am Inn) အမည်ရှိ မြို့ကလေးတစ်မြို့ တည်ရှိသည်။

အဆိုပါ မြို့ကလေးသည် ကမ္ဘာကို ကိုင်လှုပ်ခဲ့သူတစ်ဦးဖြစ်သော နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ မွေးဖွားခဲ့သည့် မြို့ကလေး ဖြစ်သည်။

ထိုမြို့ကလေးရှိ ဟစ်တလာမွေးဖွားခဲ့ရာ နေအိမ်နှင့် စပ်လျဉ်းပြီး နှစ်ပေါင်းများစွာ အငြင်းပွားနေခဲ့မှုအပေါ် ယခုအခါ သြစထရီးယား တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးလိုက်ပြီ ဖြစ်သည်။

ဘရောနောင်း အမ် အင် မြို့ကလေးရှိ အဆောက်အအုံကြီးတစ်ခု၏ တိုက်ခန်းတစ်ခန်းတွင် နာဇီအာဏာရှင် ဟစ်တလာကို ၁၈၈၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် မွေးဖွားခဲ့သည်။

နာဇီတို့ကို ဦးဆောင်ကာ သြစထရီးယားကို သိမ်းယူပြီးနောက် ဟစ်တလာက ၎င်းမွေးဖွားခဲ့ရာ တိုက်ခန်းရှိသော အဆောက်အအုံကြီးကို ပါတီမှတဆင့် ဝယ်ယူခဲ့ပြီး ဖက်ဆစ်ဝါဒဖြန့်ချိရေးဌာနအဖြစ် အသုံးပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန်တွင် မူလပိုင်ရှင်များထံ အဆောက်အအုံကြီး ပြန်လည်ရောက်ရှိသွားသည်။

ယင်းနောက်ပိုင်းတွင်ကား စာကြည့်တိုက်၊ နည်းပညာရပ်ဆိုင်ရာ စာသင်ကျောင်း၊ မသန်စွမ်းများအတွက် ဂေဟာအဖြစ် အမျိုးမျိုး အသုံးပြုခဲ့သည်။

သြစထရီးယားမြောက်ပိုင်းတွင် တည်ရှိကာ ဂျာမနီနှင့် နယ်စပ်ဖြစ်သော ဘရောနောင်းမြို့ကလေးရှိ အဝါရောင်အဆောက်အအုံကြီးကို ဂါလင်ဒီ ပွမ်မာ မိသားစုက ရာစုနှစ်တစ်ခုနီးပါး ပိုင်ဆိုင်ခဲ့ကြသည်။

သြစထရီးယား ပါလီမန်က အဆိုပါအဆောက်အအုံကို သိမ်းယူရန် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပြီးနောက်ပိုင်း အဆောက်အအုံကြီးမှာ ၅ နှစ်ခန့် လူသူကင်းမဲ့သွားခဲ့သည်။

သိမ်းယူရန် ဆုံးဖြတ်ရခြင်းမှာ နာဇီလက်သစ်တို့က ဟစ်တလာမွေးဖွားခဲ့ရာ အဆောက်အအုံကြီးသို့ သွားရောက်ကြည့်ရှုမှုများကို အဆုံးသတ်နိုင်စေရန်အတွက် တိုင်းပြည်၏ အထင်ကရ အဆောက်အအုံအဖြစ် အသိအမှတ်မပြုဘဲထားရန် ဖြစ်သည်။

ပွမ်မာ မိသားစုနှင့် နှစ်ပေါင်းများစွာ အမှုရင်ဆိုင်ခဲ့ပြီးနောက် သြစထရီးယားအစိုးရက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ပျက်စီးယိုယွင်းနေသော အဆောက်အအုံကြီးကို ထိန်းသိမ်းရယူခဲ့သည်။

ပိုင်ရှင်ဖြစ်သူ ဂါလင်ဒီ ပွမ်မာအား အဆောက်အအုံကြီးအတွက် ယူရိုငွေ ၃၁၀၀၀၀ ပေးလျော်မည်ဟု အစိုးရက ကမ်းလှမ်းခဲ့သည်။ ပွမ်မာမိသားစုက Ried ရှိ တရားရုံးတွင် ဆက်လက်တင်ပြရာ ပွမ်မာမိသားစုအနေဖြင့် ယူရိုငွေ ၁ ဒသမ ၅ သန်း ရသင့်ကြောင်း ဆုံးဖြတ်ချက်ကို ရရှိခဲ့သည်။

သို့ရာတွင် အဆိုပါဆုံးဖြတ်ချက်ကို Linz ရှိ ခရိုင်တရားရုံးက ပယ်ချလိုက်ပြန်ရာ နောက်ဆုံးတွင် တရားလွှတ်တော်ချုပ်သို့ ရောက်ရှိသွားသည်။ တရားလွှတ်တော်ချုပ်မှ ကျွမ်းကျင်ပညာရှင်တစ်ခုက ဆုံးဖြတ်ရာတွင် အဆောက်အအုံ၏ ဈေးကွက်ပေါက်ဈေးကို ယူရိုငွေ ၈၁၀၀၀၀ ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ပွမ်မာ မိသားစုသည် မူလက အစိုးရကမ်းလှမ်းငွေထက် ပိုမိုရရှိလာမည်ဖြစ်သော်လည်း ၎င်းတို့ တောင်းဆိုခဲ့သည့် ငွေအောက်ကား နည်းပါးနေသည်။

“လျော်ကြေးနဲ့ပတ်သက်ပြီး တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် နာဇီတွေနဲ့ ပတ်သက်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ကာကွယ်နိုင်ဖို့အတွက် ဟစ်တလာရဲ့ မွေးဖွားခဲ့ရာနေအိမ်ကို အနာဂတ်မှာ ဘယ်လိုအသုံးပြုသွားမလဲဆိုတာ ဥပဒေဘောင်အတွင်း ကနေ စဉ်းစားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဝုဖ်ဂန် ပက်စ်ချုန်က ပြောကြားသည်။

အာဏာပိုင်တို့အနေဖြင့် အဆောက်အအုံကြီး၏နေရာတွင် ပြန်လည်ဆောက်လုပ်မည့် အဆောက်အအုံဒီဇိုင်းအတွက် ဗိသုကာပညာရှင်များကို ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။

ပွမ်မာမိသားစုသည် စတုရန်းမီတာ ၈၀၀ ရှိသည့် အဆောက်အအုံကြီးကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ငှားရမ်းထားခဲ့ခြင်းဖြစ်သည်။

အစိုးရက ပွမ်မာမိသားစု၏ အမွေဆက်ခံသူအမျိုးသမီးကြီး ပွမ်မာကို ငှားရမ်းခ တစ်လလျှင် ယူရို ၄၈၀၀ ပေးခဲ့ပြီး မသန်စွမ်းများအတွက် ဂေဟာအဖြစ် အသုံးပြုခဲ့သည်။

ယင်းသို့ ငှားရမ်းနေမှုမှာ ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ရသည်။ ရပ်ဆိုင်းသွားခြင်း၏ အကြောင်းရင်းမှာ အဆောက်အအုံကြီးအတွက် လိုအပ်သည့် ပြုပြင်မွမ်းမံမှုများလုပ်ရန်နှင့် အစိုးရထံ ရောင်းချရန်တို့ကို ပွမ်မာက လက်မခံခဲ့ခြင်းကြောင့် ဖြစ်သည်။

ယင်းနောက်ပိုင်းကတည်းက အဆောက်အအုံကြီးတွင် လူသူကင်းမဲ့သွားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ဟစ်တလာ၏ မွေးနေ့သို့ရောက်လျှင် ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြသူများသည် အဆိုပါအဆောက်အအုံကြီး၏ရှေ့တွင် စုရုံးရောက်ရှိလေ့ရှိကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service