ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ရာတွင် လေဆိပ်နှင့် သက်ဆိုင်သည့် ပြေးလမ်း၊ယာဉ်ရပ်နားရာနှင့်ထောက်ပံ့ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရမည်

ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ရာတွင် လေဆိပ်နှင့် သက်ဆိုင်သည့် ပြေးလမ်း၊ယာဉ်ရပ်နားရာနှင့်ထောက်ပံ့ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရမည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2019 11:04 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###



ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမရှိရင်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျက်နှင့် မဖြစ်မနေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊လက်ရှိတွင် ကော့သောင်းလေဆိပ်ကိုအဆင့်မြှင့်တင်လိုသည့် ပုဂ္ဂလိက ကုမ္ပဏီ အချို့ရှိနေ၍ ပုဂ္ဂလိကနှင့်အဆင့်မြှင့်တင်ခြင်းလုပ်မှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကပြောထားသည်။




### Unicode Version ###

ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်း၊ ချိတ်ဆက်လမ်း၊ လေယာဉ်ရပ်နားရာ နေရာ၊ လေဆိပ်အဆောက်အအုံ၊ ထိန်းချုပ်စင်တာ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ ကားပါကင် စသည့်လေဆိပ်နှင့်သက်ဆိုင်သည့် ထောက်ပံ့ရေးလုပ်ငန်းများကို အသစ်ဆောက်လုပ်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံသားရှယ်ယာ ၆၅ ရာခိုင်နှုန်း ပါဝင်သည့် အထူးကုမ္ပဏီဖွဲ့စည်းထားရမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကော့သောင်းလေဆိပ်ကို နိုင်ငံတကာ စံနှုန်းအတိုင်း အဆင့်မြှင့်တင်ခြင်းကို PPP စနစ်ဖြင့် နှစ်ရှည်လုပ်ရန် လုပ်ငန်းအဆိုပြုလွှာ (Request for proposal ) တင်သွင်းရန် ဖိတ်ခေါ်ထားပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ နှစ်ရှည်လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပြီး လေဆိပ်ချဲ့ထွင်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများအတွက် စုစုပေါင်း နှစ် ၂၀ နှင့် ထပ်တိုး ၁၀ နှစ်အပါအဝင် စုစုပေါင်း နှစ် ၃၀ ဆောင်ရွက်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကရင်းနှီးမြှုုပ်နှံမှုမရှိရင်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျက်နှင့် မဖြစ်မနေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊လက်ရှိတွင် ကော့သောင်းလေဆိပ်ကိုအဆင့်မြှင့်တင်လိုသည့် ပုဂ္ဂလိက ကုမ္ပဏီ အချို့ရှိနေ၍ ပုဂ္ဂလိကနှင့်အဆင့်မြှင့်တင်ခြင်းလုပ်မှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကပြောထားသည်။

ယခုဒုတိယအကြိမ် တင်ဒါပြန်လည်ခေါ်ယူခြင်းဖြစ်ရာ ပြည်တွင်းလေဆိပ်များအား အစိုးရနှင့်ပုဂ္ဂလိကပူး ပေါင်းပါဝင်သည့် (PPP) စနစ်ဖြင့်ဆောင်ရွက်ရခြင်းမှာ ICAO Standard အရ Regulator ၏ Service Provider ကဏ္ဍ များခွဲထုတ်ကာ Regulator ၏ တာဝန်ဝတ္တရားအရ မြန်မာနိုင်ငံ၏ Transport Master Plan ရေးဆွဲပြီး Service Provider အပိုင်းဖြစ်သည့်လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လို၍ဖြစ်ကြောင်း၊ ကော့သောင်းလေဆိပ်ကိုအဆင့်မြှင့်တင်မှု လျှောက်ထားလိုသည့် ကုမ္ပဏီများအနေနှင့်နိုဝင်ဘာ ၂၉ ရက် နောက်ဆုံးလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service