One Direction မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင်က လန်ဒန်မြို့တွင် ပထမဝယ်ယူခဲ့သော နေအိမ်မှ ခဲတစ်ပစ်စာသာ ကွာဝေးသော နေရာ၌ နေအိမ်တစ်လုံးထပ်မံဝယ်ယူလိုက်ရာ ဟောလိဝုဒ်ကို ကျောခိုင်းပြီး ဇာတိမြေတွင် ခြေချလာမည်ဟု ခန့်မှန်းချက်များထွက်ပေါ်
One Direction မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင်က လန်ဒန်မြို့တွင် ပထမဝယ်ယူခဲ့သော နေအိမ်မှ ခဲတစ်ပစ်စာသာ ကွာဝေးသော နေရာ၌ နေအိမ်တစ်လုံးထပ်မံဝယ်ယူလိုက်ရာ ဟောလိဝုဒ်ကို ကျောခိုင်းပြီး ဇာတိမြေတွင် ခြေချလာမည်ဟု ခန့်မှန်းချက်များထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
19 Aug 2019 11:46 am တွင် တင်ခဲ့သည်
2243 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
(အဆိုပါသတင်းကိုလည်း iMyanmarHouse.com ဝက်ဆိုက်ကြီးတွင် https://www.imyanmarhouse.com/news/read/603825 အင်တာနက်လင့်ခ်၌ ပြန်လည်ဖတ်ရှုနိုင်ပါသည်)
### Unicode Version ###
ဟယ်ရီစတိုင်သည် နာမည်ကျော် လူငယ်ပေါ့ပ်ဂီတအဖွဲ့ One Direction ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် စတင်နာမည်ကျော်လာပြီးနောက် နေအိမ်ဝယ်ယူမှုများ စတင်ပြုလုပ်ခဲ့စဉ်က သူ၏အသက်မှာ ၁၈ နှစ်သာရှိသေးသည်။
တစ်ကိုယ်တော်ဂီတလမ်းကို လျှောက်လှမ်းရာတွင်လည်း အောင်မြင်မှုများ ဆက်လက်ရရှိနေသူ အသက် ၂၅ နှစ်ရှိပြီဖြစ်သော ဟယ်ရီစတိုင်သည် လန်ဒ်မြို့တွသင် ဒုတိယမြောက်နေအိမ်တစ်လုံးကို ပေါင် ၈ သန်းဖြင့် ထပ်မံဝယ်ယူလိုက်ပြန်ပြီ ဖြစ်သည်။
ယခုကဲ့သို့ ဝယ်ယူမှုများအရ ခန့်မှန်းနိုင်သည့်အချက်တစ်ခုမှာ ဟယ်ရီစတိုင်သည် ဟောလိဝုဒ်ထက် သူ၏ဇာတိဗြိတိန်တွင် ပိုမိုအချိန်ကုန်ဆုံးသွားဖွယ်ရာရှိသည်ဟု ခန့်မှန်းနိုင်သည်။
ဟယ်ရီစတိုင်ထပ်မံဝယ်ယူလိုက်သော စံအိမ်မှာ ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၅ ခန်းပါဝင်ကာ လှပသော ပရိဘောဂများစွာ ပါဝင်သည့်စံအိမ်တစ်လုံးဖြစ်သည်။
အဆိုပါစံအိမ်သည် ပြီးခဲ့သော ဆောင်းဦးပေါက်က ပေါင် ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာခဲ့သည်။
မူရင်းလက်ရာ Original fanlights များက ရှေးဟောင်းဟန်ခံစားရစေမည့်နည်းတူ ခမ်းနားလှသော မီးပန်းဆိုင်းများ၊ အနုစိတ်ကောနစ်လက်ရာများက တင့်တယ်လှသော ခံစားချက်ကို ပေးစွမ်းမည် ဖြစ်သည်။
ယခုစံအိမ်သည် ပေါင် သန်း ၆၀ ကြွယ်ဝသော ဟယ်ရီစတိုင်အတွက် သူ၏မိတ်ဆွေများကို ဧည့်ခံရန် ပြီးပြည့်စုံသည့်နေရာတစ်ခုဖြစ်ပြီး ကျယ်ဝန်းသော ဧည့်ခန်းများ၊ အိပ်ခန်းများကို အလှဆင် လိုက်ကာများဖြင့် မွမ်းမံထားသည်။
ညစာစားခန်းမှာ သဘာဝအလင်းကောင်းမွန်လှပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများ တပ်ဆင်ပေးထားသည်။
ရုပ်ရှင်ပြခန်းနှင့် မြေအောက်ခန်းတွင် ဂိမ်းကစားခန်းများ၊ အနုစိတ်လက်ရာများဖြင့် ပြုလုပ်ထားသော ကော်ဇောများ၊ များပြားလှသော မီးအိမ်များ၊ နေအိမ်တစ်ဝန်းပြန့်ကျဲထားရှိသော သစ်ပင်ပန်းမန်များက ကမ္ဘာကျော်ကြယ်ပွင့်တစ်ဦး နေထိုင်ရန် ပြီးပြည့်စုံသည့်နေရာ တစ်ခု ဖြစ်လာစေသည်။
နေအိမ်ပြင်ပ ကားရပ်နားရန် နေရာများစွာ ပါဝင်သည့်နည်းတူ ယာဉ်အများအပြား ထားသိုနိုင်သည့် ဂိုဒေါင်တစ်ခုလည်း ပါဝင်သေးသည်။
ဟယ်ရီစတိုင်သည် လန်ဒန်တွင် ပထမဆုံးနေအိမ်တစ်လုံးစတင်ဝယ်ယူခဲ့သည်မှာ ၂၀၁၂ ခုနှစ်ကဖြစ်ပြီး ပေါင် ၃ သန်း ပေးခဲ့ရသည်။
ဟယ်ရီစတိုင်သည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ပြီး ၂ နှစ်ခန့်ကြာသည့်တိုင် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ အကြိမ်ကြိမ်ဈေးကွက်တင် ရောင်းချပြီးနောက် လန်ဒန်စံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/498925 (၂) https://www.imyanmarhouse.com/news/read/843829 (၃) https://www.imyanmarhouse.com/news/read/778339 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်)
ဟယ်ရီစတိုင်က အဆိုပါဟောလိဝုဒ်ဟေးလ်စံအိမ်ကို ၂၀၁၇ ခုနှစ်၊ မေလအတွင်း ဈေးကွက်တင်ခဲ့ရာတွင် ကန်ဒေါ်လာ ၈ ဒသမ ၄၉၅ သန်း ဈေးခေါ်ခဲ့သည်။
နယူးယောက်တွင်လည်း ၂၀၁၇ ခုနှစ်အတွင်းက တန်ဖိုးကြီးလူနေခန်းတစ်ခု ဝယ်ယူထားခဲ့သေးပြီး ပေါင် ၆ ဒသမ ၉ သန်း ပေးခဲ့ရသည်။
(အဆိုပါသတင်းကိုလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် https://www.imyanmarhouse.com/news/read/603825  အင်တာနက်လင့်ခ်၌ ပြန်လည်ဖတ်ရှုနိုင်ပါသည်)
ဟယ်ရီစတိုင်သည် The X Factor သီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှ နာမည်ကျော်လာပြီးနောက် One Direction လူငယ်တေးဂီတအဖွဲ့ကို လီယမ်ပိန်း၊ လူးဝစ် တွမ်လင်ဆန်၊ ဇန်မလစ်၊ နီအဲလ် ဟိုရန်တို့နှင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
One Direction အဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် ပြိုကွဲသွားပြီးနောက် ဟယ်ရီစတိုင်က တစ်ကိုယ်တော်ဂီတခရီးကို ဖြတ်သန်းလျက်ရှိသည့်အပြင် အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားဖြစ်သော Dunkirk တွင်လည်း ရုပ်ရှင်လောက ပွဲဦးထွက်ခြေလှမ်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service