စစ္ေတြၿမိဳ႕သစ္စီမံကိန္းေဖာ္ေဆာင္မည့္ မေလးရွားကုမၸဏီ Gold Coast KTMG Development ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ တင္ျပျခင္းမရွိေသး

စစ္ေတြၿမိဳ႕သစ္စီမံကိန္းေဖာ္ေဆာင္မည့္ မေလးရွားကုမၸဏီ Gold Coast KTMG Development ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ တင္ျပျခင္းမရွိေသး - Property News in Myanmar from iMyanmarHouse.com
14 Aug 2019 10:16 am တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စစ္ေတြၿမိဳ႕သစ္စီမံကိန္းေဖာ္ေဆာင္မည့္ မေလးရွားကုမၸဏီ Gold Coast KTMG Development ကို ျပည္နယ္အစိုးရႏွင့္ လႊတ္ေတာ္က ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံတင္ျပရန္ညႊန္ၾကားထားေသာ္လည္း တင္ျပျခင္းမရွိေသး ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန ေခတၱၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ေျပာသည္။

စစ္ေတြၿမိဳ႕ သစ္စီမံကိန္းကို ၂၀၂၀တြင္ စတင္ေဆာင္ရြက္ႏိုင္ရန္ ျပည္နယ္လႊတ္ေတာ္ႏွင့္ အစိုးရထံ မေလးရွားကုမၸဏီက ဒုတိယအႀကိမ္ တင္ျပခဲ့ၿပီး ျပည္နယ္အစိုးရက ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ ခြင့္ျပဳခ်က္ယူရန္ ၫႊန္ၾကားခဲ့ေၾကာင္းသိရသည္။

အဆိုပါကုမၸဏီက ေျမဧက ၇,၀၀၀ တြင္ စစ္ေတြၿမိဳ႕သစ္စီမံကိန္း (New Sittwe Myanmar City 2030) ကို အေကာင္အထည္ေဖာ္ရန္ ျပည္နယ္အစိုးရထံ ၂၀၁၈ တြင္ စတင္ တင္ျပခဲ့ကာ ရင္းႏွီးျမႇဳပ္ႏွံမႈအေနႏွင့္ အေမရိကန္ေဒၚလာ ၃၈ ဘီလီ ယံတန္ဖိုးရွိေၾကာင္း သိရသည္။

ျပည္နယ္အစိုးရထံ ယင္းကုမၸဏီက လာေရာက္ရွင္းျပစဥ္ အဆုိပါ စီမံကိန္း၌ အိမ္ရာစီမံကိန္း၊ စီးပြားေရးဇုန္၊ အႀကီးစားစက္မႈလုပ္ငန္း၊ ဆိပ္ကမ္းႏွင့္ ေရနံလုပ္ငန္းမ်ား ပါဝင္ၿပီး ၂၀၃၀ အထိ ေဆာင္ရြက္မည့္ အႀကီးစားစီမံကိန္းျဖစ္ေၾကာင္း၊Gold Coast သည္ ဩစေၾတးလ် ကုမၸဏီႀကီးတစ္ခုျဖစ္ေသာ္လည္း ကုမၸဏီ၏ ဝက္ဆိုက္စာမ်က္ႏွာတြင္ Gold Coast KTMG Development ကုမၸဏီ ႏွင့္ ခ်ိတ္ဆက္ပတ္သက္မႈကို မေတြ႕ရေၾကာင္း၊မေလးရွားအမ်ိဳးသမီး YEAP POH HOOI က ဒါ႐ိုက္တာအျဖစ္အမည္ စာရင္းသြင္းထားကာ ႏုိင္ငံျခားပိုင္ကုမၸဏီအမည္ျဖင့္ မွတ္ပံုတင္ထားေၾကာင္း သိရသည္။

စီမံကိန္းျဖစ္ႏိုင္ေျခ ေလ့လာျခင္းႏွင့္ အလြတ္သေဘာစစ္တမ္း ေကာက္ယူျခင္းမ်ားကို ၂၀၁၈ ခုႏွစ္တြင္ လုပ္ေဆာင္ခဲ့ၿပီး စီမံကိန္းအတြက္ ကုမၸဏီကေရြးခ်ယ္ထားသည့္ေျမေနရာမွာ စစ္ေတြၿမိဳ႕ အနီး ဆတ္႐ိုးက်ေခ်ာင္းတစ္ဖက္ ေရႊမင္းဂံႏွင့္ ေက်းေတာ ေက်းရြာတို႔ျဖစ္ေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

စစ်တွေမြို့သစ် စီမံကိန်းဖော်ဆောင်မည့် မလေးရှားကုမ္ပဏီ Gold Coast KTMG Development ကို ပြည်နယ်အစိုးရနှင့် လွှတ်တော်က ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတင်ပြရန်ညွှန်ကြားထားသော်လည်း တင်ပြခြင်း မရှိသေး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

စစ်တွေမြို့သစ်စီမံကိန်းကို ၂၀၂၀တွင် စတင်ဆောင်ရွက်နိုင်ရန် ပြည်နယ်လွှတ်တော်နှင့် အစိုးရထံ မလေးရှားကုမ္ပဏီက ဒုတိယအကြိမ် တင်ပြခဲ့ပြီး ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ခွင့်ပြုချက်ယူရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါကုမ္ပဏီက မြေဧက ၇,၀၀၀ တွင် စစ်တွေမြို့သစ်စီမံကိန်း (New Sittwe Myanmar City 2030)ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရထံ ၂၀၁၈ တွင် စတင် တင်ပြခဲ့ကာ ရင်းနှီးမြှုပ်နှံမှုအနေနှင့် အမေရိကန်ဒေါ်လာ ၃၈ ဘီလီ ယံတန်ဖိုးရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရထံ ယင်းကုမ္ပဏီက လာရောက်ရှင်းပြစဉ် အဆိုပါ စီမံကိန်း၌ အိမ်ရာစီမံကိန်း၊ စီးပွားရေးဇုန်၊ အကြီးစားစက်မှုလုပ်ငန်း၊ ဆိပ်ကမ်းနှင့် ရေနံလုပ်ငန်းများ ပါဝင်ပြီး ၂၀၃၀ အထိ ဆောင်ရွက်မည့် အကြီးစားစီမံကိန်းဖြစ်ကြောင်း၊Gold Coast သည် ဩစတြေးလျ ကုမ္ပဏီကြီးတစ်ခုဖြစ်သော်လည်း ကုမ္ပဏီ၏ ဝက်ဆိုက်စာမျက်နှာတွင် Gold Coast KTMG Development ကုမ္ပဏီ နှင့် ချိတ်ဆက်ပတ်သက်မှုကို မတွေ့ရကြောင်း၊မလေးရှားအမျိုးသမီး YEAP POH HOOI က ဒါရိုက်တာအဖြစ်အမည် စာရင်းသွင်းထားကာ နိုင်ငံခြားပိုင်ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားကြောင်း သိရသည်။

စီမံကိန်းဖြစ်နိုင်ခြေ လေ့လာခြင်းနှင့် အလွတ်သဘောစစ်တမ်း ကောက်ယူခြင်းများကို ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပြီး စီမံကိန်းအတွက် ကုမ္ပဏီကရွေးချယ်ထားသည့်မြေနေရာမှာ စစ်တွေမြို့ အနီး ဆတ်ရိုးကျချောင်းတစ်ဖက် ရွှေမင်းဂံနှင့် ကျေးတော ကျေးရွာတို့ဖြစ်ကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service