ရန္ကုန္ျမိဳ႕ အေဆာက္အအံုမ်ား ေဆာက္လုပ္ခြင့္ကို အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္သည့္စနစ္ စမ္းသပ္က်င့္သံုးမည္

ရန္ကုန္ျမိဳ႕ အေဆာက္အအံုမ်ား ေဆာက္လုပ္ခြင့္ကို အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္သည့္စနစ္ စမ္းသပ္က်င့္သံုးမည္ - Property News in Myanmar from iMyanmarHouse.com
13 Aug 2019 10:03 am တွင် တင်ခဲ့သည်
3136 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္ျမိဳ႕ အေဆာက္အအံုမ်ား ေဆာက္လုပ္ခြင့္ကို အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္သည့္ စနစ္ စမ္းသပ္က်င့္သံုးမည့္ အစီအစဥ္ မိတ္ဆက္ျခင္း အခမ္းအနားကို ၾသဂုတ္လ ၉ ရက္၊ နံနက္(၉)နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္ရာ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း တက္ေရာက္၍ အမွာစကား ေျပာၾကားသည္။

အခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္က “ အေဆာက္အဦေတြ ေဆာက္လုပ္ေရးဟာ ရန္ကုန္ၿမိဳ႕ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္ေရး အတြက္ အေရးႀကီးတဲ့က႑တစ္ခု ျဖစ္ပါတယ္။ အေဆာက္အဦ ေဆာက္လုပ္တဲ ့ေနရာမွာ အခက္အခဲေတြရွိတယ္။ အေဆာက္အဦေတြကို ေဆာက္လုပ္ဖို႔ အတြက္ ရုန္းကန္ႀကိဳးပမ္းေဆာင္ရြက္တဲ့ ေနရာေတြမွာ အခ်ိန္ေတြ ၾကန္႔ၾကာေနတယ္ဆိုတဲ့ အေနအထားေတြ၊ အမ်ိဳးမ်ိဳးတင္ျပေနတ့ဲ အသံေတြကို ၾကားရမွာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီဘက္ကေန ေရးဆြဲျပဌာန္းထားတဲ့ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထံုးလုပ္နည္း ေတြကို ၾကည့္မယ္ဆိုရင္ အလြန္အင္မတန္ရိုးရွင္းပါတယ္။ အလြန္အင္မတန္လြန္ကူပါတယ္။ ဒါေတြအားလံုးကို စနစ္တက် လိုက္နာက်င့္သံုးေဆာင္ရြက္သြားမယ္ဆိုရင္ဘာမွ ခက္ခဲႏိုင္စရာမရွိပါဘူး။ ဒါဆိုရင္ ကၽြန္ေတာ္တို႔ ဘာေၾကာင့္ခက္ခဲေနတာလဲဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ ရထားတဲ့ေနရာေတြ၊ ဝယ္ယူထားတဲ့ ေျမေနရာေတြမွာ အေဆာက္အဦေတြ ေဆာက္လုပ္တဲ့ ေနရာတိုင္းမွာ ကိုယ္ျဖစ္ခ်င္တဲ့ ပံုသ႑ာန္ေတြ၊ ကိုယ္လုပ္ခ်င္တဲ့ ပံုသ႑ာန္ေတြကို ျဖစ္ႏိုင္ဖုိ႔အတြက္ ၿမိဳ႕ေတာ္စည္ပင္သာယာရဲ႕ ဥပေဒေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ျပင္လြယ္ေျပာင္းလြယ္ ျဖစ္ေအာင္လာေရာက္ ညွိႏိႈင္းေဆာင္ရြက္ေနတဲ့ ကိစၥေတြဟာ အဆိုးဆံုး ျဖစ္ပါတယ္။ ဒါဟာ ၿမိဳ႕ေတာ္စည္ပင္သာယာရဲ႕ ခြင့္ျပဳမိန္႔ေတြကို ေလွ်ာက္ထားတဲ့ ေနရာမွာအခက္အခဲဆံုး ကိစၥတစ္ခု ျဖစ္ပါတယ္။ ဒီေနရာမွာ အမ်ိဳးမိ်ဳး ေဝဖန္မႈေတြ ရွိပါတယ္။ ဒါေတြနဲ႔ ပတ္သက္ရင္ ကၽြန္ေတာ္တို႔ လူေတြနဲ႔ ေဆာင္ရြက္ရတဲ့ ကိစၥရပ္ ျဖစ္တဲ့အတြက္ ဝန္ထမ္းေတြရဲ႕ ဆက္ဆံမႈ၊ ဝန္ထမ္းေတြနဲ႔ အေျခအေန အေၾကာင္းေၾကာင္းေတြေၾကာင့္ မေျပလည္မႈ ကိစၥရပ္ေတြလည္း ရွိေကာင္းရွိႏုိင္ပါတယ္။ ဒါေပမယ့္ အဓိကျဖစ္ေပၚေနတဲဲ့ ကိစၥရပ္က ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထံုးလုပ္နည္းေတြနဲ႔အညီ ေဆာက္လုပ္ခြင့္ ပါမစ္ေတြကို ဝင္ေလွ်ာက္မယ္ဆိုရင္ ဘာမွ ခက္ခဲမႈမရွိႏိုင္ပါဘူး။ အခုေတာ့ ကၽြန္ေတာ္တို႔ ျပဳျပင္ေျပာင္းလဲမႈ တစ္ရပ္ကို ေဆာင္ရြက္ဖုိ႔ အတြက္ ကမာၻ႔ဘဏ္ေတြရဲ႕ အကူအညီ၊ (IFC) ရဲ႕ အကူအညီ၊ မိတ္ဘက္အဖြဲ႕အစည္းေတြရဲ႕ အကူအညီနဲ႔ အြန္လိုင္း စနစ္ကေန ေဆာက္လုပ္ခြင့္ကို ေဆာင္ရြက္မယ္ဆိုတာ ဒါ အလြန္ဝမ္းသာစရာ ေကာင္းတဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။” ဟု ေျပာၾကားသည္။

အေဆာက္အဦး ေဆာက္လုပ္ခြင့္ ပါမစ္မ်ား လြယ္ကူစြာ ေဆာင္ရြက္ႏိုင္ေရး အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ ပထမဦးဆံုး စမ္းသပ္ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း၊ အေဆာက္အဦ ေဆာက္လုပ္ခြင့္ ပါမစ္ရၿပီးသည့္ ေနာက္ပိုင္းတြင္လည္း အေဆာက္အဦမ်ား၏ ေဆာက္လုပ္ေနမႈ၊ အေဆာက္အဦၿပီးစီးမႈ၊ လူေနထုိုင္ခြင့္ရသည္ အထိ ဆက္လက္ လုပ္ေဆာင္ႏုိင္ရန္ ေဆာင္ရြက္ေပးသြားမွာ ျဖစ္ေၾကာင္း၊ ယင္းအေျခအေနမ်ား ေအာင္ျမင္ထေျမာက္ရန္ အတြက္ ရန္ကုန္ၿမိဳ႕၏ အေဆာက္အဦ ေဆာက္လုပ္ခြင့္ပါမစ္ စနစ္တစ္ခုအား ထုတ္ျပန္ေၾကညာျခင္းျဖစ္ေၾကာင္း၊ ယင္းစနစ္ကို pilot project တစ္ခုလို စမ္းသပ္က်င့္သံုးမွာျဖစ္ၿပီး စမ္းသပ္က်င့္သံုးမႈ ေအာင္ျမင္ခဲ့ပါက ေဆာင္ရြက္၍ရေသာ ေျပာင္းလဲသင့္ေသာ အေနအထားမ်ားကို စမ္းသပ္ကာလ အတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္မွာ ျဖစ္ေၾကာင္းလည္း ၀န္ၾကီးခ်ဳပ္က ေျပာၾကားသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့် စနစ် စမ်းသပ်ကျင့်သုံးမည့် အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို သြဂုတ်လ ၉ ရက်၊ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က “ အဆောက်အဦတွေ ဆောက်လုပ်ရေးဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အဆောက်အဦ ဆောက်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ အဆောက်အဦတွေကို ဆောက်လုပ်ဖို့ အတွက် ရုန်းကန်ကြိုးပမ်း ဆောင်ရွက်တဲ့ နေရာတွေမှာ အချိန်တွေ ကြန့်ကြာနေတယ်ဆိုတဲ့ အနေအထားတွေ၊ အမျိုးမျိုးတင်ပြနေတဲ့ အသံတွေကို ကြားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်စည်ပင်သာယာရေး ကော်မတီဘက်ကနေ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေကို ကြည့်မယ်ဆိုရင် အလွန်အင်မတန် ရိုးရှင်းပါတယ်။ အလွန်အင်မတန်လွန်ကူပါတယ်။ ဒါတွေအားလုံးကို စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်ဆိုရင် ဘာမှ ခက်ခဲနိုင်စရာမရှိပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ ဘာကြောင့် ခက်ခဲနေတာလဲဆိုရင်တော့ ကျွန်တော်တို့ ရထားတဲ့နေရာတွေ၊ ဝယ်ယူထားတဲ့ မြေနေရာတွေမှာ အဆောက်အဦတွေ ဆောက်လုပ်တဲ့ နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံသဏ္ဍာန်တွေ၊ ကိုယ်လုပ်ချင်တဲ့ ပုံသဏ္ဍာန်တွေကို ဖြစ်နိုင်ဖို့အတွက် မြို့တော်စည်ပင်သာယာရဲ့ ဥပဒေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြင်လွယ်ပြောင်းလွယ် ဖြစ်အောင် လာရောက် ညှိနှိုင်းဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ အဆိုးဆုံး ဖြစ်ပါတယ်။ ဒါဟာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုမိန့်တွေကို လျှောက်ထားတဲ့ နေရာမှာ အခက်အခဲဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးမျိုး ဝေဖန်မှုတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လူတွေနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ဆက်ဆံမှု၊ ဝန်ထမ်းတွေနဲ့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် မပြေလည်မှု ကိစ္စရပ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိကဖြစ်ပေါ်နေတဲ့ ကိစ္စရပ်က မြို့တော်စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောက်လုပ်ခွင့် ပါမစ်တွေကို ဝင်လျှောက်မယ်ဆိုရင် ဘာမှ ခက်ခဲမှုမရှိနိုင်ပါဘူး။ အခုတော့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဆောင်ရွက်ဖို့ အတွက် ကမ္ဘာ့ဘဏ်တွေရဲ့ အကူအညီ၊ (IFC) ရဲ့ အကူအညီ၊ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အွန်လိုင်း စနစ်ကနေ ဆောက်လုပ်ခွင့်ကို ဆောင်ရွက်မယ်ဆိုတာ ဒါ အလွန်ဝမ်းသာစရာ ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

အဆောက်အဦး ဆောက်လုပ်ခွင့် ပါမစ်များ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပထမဦးဆုံး စမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်ရပြီးသည့် နောက်ပိုင်းတွင်လည်း အဆောက်အဦများ၏ ဆောက်လုပ်နေမှု၊ အဆောက်အဦပြီးစီးမှု၊ လူနေထိုင်ခွင့်ရသည် အထိ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ယင်းအခြေအနေများ အောင်မြင်ထမြောက်ရန် အတွက် ရန်ကုန်မြို့၏ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ် စနစ်တစ်ခုအား ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း၊ ယင်းစနစ်ကို pilot project တစ်ခုလို စမ်းသပ်ကျင့်သုံးမှာဖြစ်ပြီး စမ်းသပ်ကျင့်သုံးမှု အောင်မြင်ခဲ့ပါက ဆောင်ရွက်၍ရသော ပြောင်းလဲသင့်သော အနေအထားများကို စမ်းသပ်ကာလ အတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service